SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

လက်ယာစွန်း ဝါဒီများကို သောင်းနှင့် ချီကာ တန်ပြန် ဆန္ဒပြနေသည့်အမေရိကန်

Monday, 21 August 2017 13:12 Written by  font size decrease font size decrease font size increase font size increase font size

လူမည်းနှင့် ခွေးများ   မဝင်ရဟူသော အမေရိကန်၏ ဈေးဆိုင်များတွင် ချိတ်ဆွဲ ထား သော ဆိုင်း ဘုတ်များ ပျောက်ကွယ်သွားသည်မှာ   နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။

ထိုနည်းတူ ကျား၊ မလိင်ခွဲခြားမှုကြောင့်  အလုပ်မရဆိုသည့်ပြဿနာများ  ပျောက်ကွယ် နေ သည်မှာလည်း အမေရိကန်သမိုင်းတွင် ဆယ်စုနှစ်နှင့်ချီကြာမြင့်နေပြီဖြစ်သည်။

ပျောက်ကွယ် အောင်လည်း အမေရိကန် သမ္မတ အဆက်ဆက်က အက်ဥပဒေများပြဋ္ဌာန်း၍ အသား အရောင်ခွဲခြားမှုမရှိစေရေး၊  ကျား၊ မ တန်းတူအခွင့်အရေးရရှိရေးဆိုသည့် အချက်တို့ ကို  အလေးထားခဲ့ကြသည်။ ခွဲခြားဆက်ဆံသူများတွေ့ရှိလျှင် လူဖြူဖြစ်ဖြစ်၊လူမည်းဖြစ်ဖြစ် ဥပဒေအရ အရေးယူထောင်ချသည်အထိ တန်းတူအခွင့်အရေးရစေရန်အမေရိကန်တို့  ဆောင် ရွက် ခဲ့ကြသော်လည်းယခုအမေရိကန်သမိုင်းတွင် ခွဲခြားမှုများက တစ်ဖန်ပြန် လည်နိုး ထ လာပြီဖြစ်သည်။

နောက်ဆုံး  နာဇီအလံကိုင်ဆန္ဒပြသူများပင်ရှိလာကာ လွတ်လပ်စွာပြောဆိုခွင့်ဟူ၍  အသား အရောင် ခွဲခြားမှုကို  အပြစ်တင်ခြင်း၊ အမုန်းတရားစကားလုံးများကိုနှိုးဆွခြင်းနှင့် လူမျိုးရေး မုန်းတီး မှု၊ ဘာသာရေး မုန်းတီးမှုများကို    တစ်ဖန်ပြန်လည် အသက်သွင်းလာကြသည်။ ထိုသူအများစုက  အစ္စလာမ်မစ် ဆန့်ကျင်ရေးဆိုသည့် သမ္မတထရမ့်ကို ထောက်ခံသော ရှေးရိုးစွဲ ဝါဒီ များဖြစ်ကြ သည်။

သြဂုတ်ဒုတိယပတ်ကလွတ်လပ်စွာပြောဆိုခွင့်ဟူသည့်ခေါင်းစဉ်အောက်တွင် အမုန်း တရားပွား စေပြီး ပဋိပက္ခဖြစ်စေမည့် စကားလုံးများကို အသုံးပြု၍  အမေရိကန်လက်ယာစွန်းဝါဒီတို့ ရာနှင့်ချီ ဆန္ဒပြ ခဲ့ကြသည်။ သို့သော် လက်ယာ အစွန်းရောက်တို့၏ အယူဝါဒကို လက်မခံနိုင်သည့် အမေရိကန်နိုင်ငံသားတို့က တန်ပြန် ဆန္ဒပြရန် လမ်းပေါ်သို့ထပ် ရောက်လာပြန် တော့သည်။

တန်ပြန်ဆန္ဒပြမှုဖြစ်ပွားခဲ့သည့် ဗာဂျီးနီးယားပြည်နယ် ရှားလော့ဗေးမြို့၌ လက်ယာစွန်းတို့အား တန်ပြန်ဆန္ဒပြသည့် အထဲတွင် ပါဝင်သည့် အသက် ၃၂ နှစ် အရွယ် အမျိုး သမီးဟေသာ ဟေ ယာ ကိုသေ ဆုံးစေပြီး လူပေါင်း ၁၉ ဦးခန့် ဒဏ်ရာရစေခဲ့သည်။ တန်ပြန် ဆန္ဒပြသူ လူအုပ် ထဲသို့ မော်တော်ယာဉ်ဖြင့် မောင်းဝင် တိုက်ခဲ့ခြင်းဖြစ်ပြီး လက်ယာစွန်းတို့၏ လုပ်ရပ်ကြောင့် သောင်း ချီနေသည့် အမေရိကန်နိုင်ငံသားများကို   လမ်းမများပေါ်သို့  နောက်ထပ် ရောက် လာစေခဲ့သည်။

သြဂုတ် ၁၉ ရက်က နောက်တစ်ကြိမ်လက်ယာစွန်းတို့၏  ဘော်စတွန်ဆန္ဒပြပွဲတွင် လက်ယာ စွန်းလူဦးရေ ၃ဝဝ ကျော်နှင့် တန်ပြန်ဆန္ဒပြသူဦးရေ ၄ဝဝဝဝ တို့ ထိပ်တိုက်တွေ့ခဲ့ကြသည်။ တန်ပြန် ဆန္ဒပြသူတို့က သေဆုံးသွားခဲ့သည့်  ဟေသာဟေယာ၏ပုံများကိုကိုင်စွဲကာ  ဘာသာရေးခွဲခြားမှု  အလိုမရှိ၊ လူမျိုးရေးခွဲခြားမှုအလိုမရှိ၊ အသားအရောင်ခွဲခြားမှု အလိုမရှိဟူ၍ အော် ဟစ်ခဲ့ကြကာ အမေရိကန်က အားလုံးနှင့်  တစ်သွေးတည်းတစ်သားတည်း  အားလုံး အတွက်ဖြစ်သည်ဟု ကြွေးကြော်ခဲ့ကြသည်။

ဘော်စတွန်တစ်နေရာတည်း၌ မဟုတ်ဘဲလက်ယာစွန်းဝါဒီတို့ကို တန်ပြန်ဆန္ဒပြမှု များက အမေရိ ကန်၏  တခြားမြို့များဖြစ်သည့် အော်စ်တင်၊ တက္ကဆက်၊ ဒါဟမ်၊နယူးအော်ရီလန်းနှင့် တခြားမြို့ များ၌ပါဖြစ်ပွားခဲ့သည်။  သမ္မတဒေါ်နယ်ထရမ့်ကဆန္ဒပြပွဲအတွက် နှစ်ဖက်စလုံး ကိုအပြစ် တင်ခဲ့ပြီး အမေရိကန်အဖို့ စည်းလုံးမှုပြိုကွဲနေသည်မှာကြာပြီဖြစ်၍ ယခုပြန်လည် စ စည်းကြ ရန်အချိန်တန်ပြီဟု၎င်း၏တွစ်တာ စာမျက်နှာတွင် တင်ခဲ့သည်။သို့သော်ထိရောက်သည့် စကားတစ်ခွန်းမှ မပါဝင်ဘဲ  အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမား၏ တွစ်တာ Post  ကတော့ Like သုံးသန်းကျော်ဖြင့် တွစ်တာ သမိုင်းတွင် စံချိန်တင်ခဲ့သည်။

တောင်အာဖရိကသမ္မတဟောင်း နယ်ဆင်မင်ဒဲလား၏ Long Walk to Freedom  စာအုပ်ထဲမှလူသားတိုင်းမွေးတကည်းက လူမျိုး၊ ဘာသာ၊အသား အရောင်ကိုကြည့်ပြီး မမုန်းတီးခဲ့ကြဘူး။ မုန်းတီးမှု ကိုအဲဒီအရာတွေနဲ့ခိုင်းနှိုင်းပြီးမှ မွေးပေးခဲ့ကြတာ။ ဒါပေမဲ့ လူသား တွေ ရဲ့နှလုံးသားမှာ ဖြူစင်တဲ့ စိတ်တွေ ရှင်သန်ဖို့က လွယ်ကူပါတယ်။ ဒါကြောင့် သန့်ရှင်းစင်ကြယ်တဲ့စိတ် ကလေး ကို မွေးမြူပြီး ပြုစုပျိုးထောင်ပေးကြပါဆိုသည့် စာသားလေးဖြစ်သည်။

ထိုစာသားနှင့် အတူအိုဘားမားက အသားအရောင်၊ ဘာသာမတူသည့် ကလေးငယ်များ နှင့်အတူတွဲရိုက်ထားသည့်ဓာတ် ပုံကိုပါ  တွဲတင်ထားခဲ့ပြီး လူမျိုးရေး၊ ဘာသာ ရေးပဋိ ပက္ခ စိတ်များ ကိန်းအောင်းကာ  လမ်းပေါ်ပင်ရောက်လာနေကြသည့် အမေရိ ကန် လက်ယာစွန်းတို့၏ အပြုအမူကိုထိစေသည့်အတွက် လူတိုင်း၏နှလုံးသား ကိုထိစေခဲ့သည်။

တန်ပြန် ဆန္ဒပြမှု သောင်းချီရှိနေသည့်အတွက် ဘော်စတွန်ဆန္ဒပြပွဲတွင် ပထမတစ်ကြိမ် ဗာဂျီးနီး ယားအဖြစ်မျိုး ထပ်မဖြစ်စေရန် ဘော်စတွန်မြို့တော်ဝန်က ရဲဝန်ထမ်းအင်အား ၅ဝဝ ကျော်ချ ထားပြီးလုံခြုံရေးယူခဲ့ရသည်။တစ်ဖက်နှင့်တစ်ဖက်အကြမ်း ဖက်တိုက်ခိုက်မှုများ မဖြစ် ပွားခဲ့သော်လည်းရေသန့်ဘူးနှင့်ပစ်ပေါက်ခြင်း၊ စကားများခြင်းများဖြစ်ပွားခဲ့ကာ နောက် ဆုံးငြိမ်း ချမ်းစွာဖြင့် ဆန္ဒပြပွဲပြီး ဆုံးသွားသည်။

ထိခိုက်ဒဏ်ရာရသူ တစ်ဦးမျှမရှိခဲ့ဘဲလုံခြုံရေးအရ ထိန်းသိမ်းခဲ့ရသူ ၃၃ ဦးသာရှိခဲ့သည်။ ယင်း ဆန္ဒပြမှုများက လူမျိုးရေး၊ဘာသာရေးခွဲခြားမှုမရှိဆိုသည့် အမေရိကန် တို့ကြွေးကြော်နေသော  ကြွေးကြော် ချက်ရာနှုန်းပြည့်မမှန်သေးသည်ကို ညွှန်ပြနေသည်။အများစုမဟုတ်သော်လည်း ရှေးရိုး စွဲ အစွန်းရောက်စုန်းပြူးများက ဖွံ့ဖြိုးပြီးစူပါပါဝါအကြီးဆုံးဆိုသည့် အမေရိကန်နိုင်ငံ ၌ ပင် ရှိနေသေးသည်။

ယခင်အမေရိကန်အစိုးရအဆက်ဆက်က ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုများကို ပြင်းပြင်း ထန် ထန်တားမြစ်ခဲ့သည့်အတွက်ထိုသူများလမ်းပေါ်မထွက်ရဲခဲ့ပေ။ သို့သော်ယခု ၎င်းတို့၏သမ္မတ   ဒေါ် နယ်ထရမ့်က မွတ်စလင်ဆန့်ကျင်ရေးဝါဒီတစ်ဦးလုံးလုံးဖြစ်နေသောကြာင့် ရင်ထဲတွင် ပုန်း အောင်းနေသော ¤င်းတို့၏ဆန္ဒများကို အပြင်ဘက်ဆီသို့ချပြလာခြင်းဖြစ်သည်။

အစောပိုင်း ထရမ့်၏တွစ်တာ Post  တစ်ခုက လက်ယာစွန်းတို့ကို ထောက်ခံဟန်နှင့် တန်ပြန် သူတို့ကို အပြစ်ဖို့ချင်သယောင်ရေးသားခဲ့သော်လည်း မကြာမီ ထရမ့်က ၎င်း၏စာသားများကို  ပြန် လည်ပြင် ဆင်ခဲ့သည်။ ထရမ့်ကမထင်လျှင်မထင်သလို ညသန်းခေါင်ယံတွင်လည်း ၎င်း၏တွစ်တာတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးတို့ကို ဝင်ရေးသူဖြစ်သည်။ ထို့ကြောင့် မီဒီယာ တို့က ထရမ့်၏ တွစ်တာအကောင့်ကိုအမြဲတမ်းစောင့်ကြည့်နေကြရသည်။

ထို့ကြောင့် လူမှုမီဒီယာကို စွဲမြဲစွာအသုံးပြုသည့် သမ္မတတစ်ဦးအဖြစ် သတ်မှတ်ခံထားရကာ အမေရိကန် သမိုင်းတွင် ပထမဆုံး အကြီးအကျယ် ဆန္ဒပြခံထားရသည့် သမ္မတလည်းဖြစ်သည်။   တန်ပြန် ဆန္ဒပြသည့်ဘော်စတွန်  လူဦးရေ  ၄ဝဝဝဝ  ကျော်အင်အားတွင် ထရမ့်မလို လားသူ အများဆုံးပါဝင်ပြီး သြွှမကာစ ဆိုသည့်  ဆိုင်းဘုတ်များပင် ကိုင်ဆောင်ကာ  အော်ဟစ်ခဲ့ကြသည်။

သူတို့က လက်ယာစွန်းနှင့်  ထရမ့်ကိုတစ်တန်းတည်းသတ်မှတ်ကာ လက်ယာစွန်း တို့ကို ထောက်ခံသူ အဖြစ်ပင်  မြင်နေကြသောကြောင့်ဖြစ်သည်။ လူမျိုးရေးခွဲခြားမှုပြဿနာများက ဤ နေရာ တွင် ပြီးဆုံးသွားလျှင်ကိစ္စမဟုတ်။ အကယ်၍နောက်ထပ် ဆန္ဒပြမှုများ ထပ်၍ဖြစ် ပေါ်လာပါက အမေရိကန်သမိုင်းတွင်လူမျိုးရေးခွဲခြားမှုဖြင့် နောက်ထပ် သမိုင်း ဝင်ပဋိ ပက္ခ တစ်ခု ပင်ဖြစ် လာနိုင် ပါကြောင်း တင်ပြ လိုက်ရပါသည်။ 

ရှိန်းထက်

Read 425 times
Rate this item
(0 votes)
Last modified on Tuesday, 22 August 2017 08:02

Latest from