SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကုန်ဆုံးခဲ့ပြီဖြစ်သည့် နျူကလီးယား ဖယ်ရှားရေးခေတ်

Tuesday, 22 August 2017 11:17 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်၌ ဟီရိုရှီးမားနှင့် နာဂါဆာကီနျူကလီးယား  ဗုံးကြဲခံရပြီးနောက်ပိုင်း ကမ္ဘာ့အင် အားကြီး နိုင်ငံတိုင်း လိုချင်တသသဖြစ်လာသည့် အရာမှာ   နုကလီးယား လက်နက်ဖြစ်သည်။

နျူကလီးယား လက်နက်ရှိမှ ကမ္ဘာ့သြဇာအာဏာ အကြီးဆုံးနိုင်ငံဖြစ်မည်၊ ပြောသမျှကို လက်ခံကြမည်ဆိုသည့် ပုံစံမျိုးနှင့် အနောက်အုပ်စုတို့ နုကလီးယားကို အပြိုင် အဆိုင် တီထွင် ထုတ်လုပ် လာခဲ့ကြသည်။

၁၉၅ဝ ပြည့်နှစ်ကာလများတွင် အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံကာ နုကလီးယား လက်နက်ပေါင်း  သောင်းချီ ထုတ်လုပ်ကြပြီး စစ်အေးခေတ်ကာလမှာပင် ရုရှားနှင့်အမေရိ ကန် တို့ နျူ ကလီး ယားဗုံးကြဲချရန် အနေအထားအထိရောက်ခဲ့သည်။သို့သော် ကံကောင်းထောက်မစွာ စစ်အေးခေတ်ကာလပြီးဆုံးပြီး  နျူကလီးယားဗုံး တစ်လုံး တလေမျှ  ကမ္ဘာ မြေပေါ်သို့ ထပ်မံ မကျရောက် ခဲ့တော့ပေ။

ထိုကာလအတောအတွင်း ကုလသမဂ္ဂ၏ နျူကလီး ယားမပြန့်ပွားရေး ထိန်းချုပ်မှု စာချုပ် သည်လည်း အားကောင်းကောင်းဖြင့်ပျံ့နှံကာ နျူကလီးယားလက်နက် အများဆုံးပိုင် ဆိုင် ထားကြသည့် အမေရိကန်နှင့် ရုရှားတို့ဆီက လက်နက်များကို လျော့ကျအောင်ဆောင်ရွက် နိုင်ခဲ့သည်။

ကုလသမဂ္ဂ၏ရည်ရွယ်ချက်က ကမ္ဘာပေါ်၌ နောက်ထပ်နုကလီးယားပိုင် ဆိုင်သည့်နိုင်ငံ တစ်နိုင်ငံမျှ မပေါ်စေရေးနှင့် နုကလီးယားရယူရန် မကြိုးစားပါဆိုသည့် စာချုပ်ပေါ်၌  စီးပွား ရေး ကဏ္ဍ အချုပ် အနှောင်များဖြင့်   လက်မှတ်ရေးထိုးစေခဲ့သည်။

သို့သော် ယခုကုလသမဂ္ဂ၏နျူကလီးယားမပြန့်ပွားရေးစာချုပ်(NPT )၏ နေဝင်ချိန်က စတင် နေပြီ လား ဟုပင်သံသယဝင်လာစရာဖြစ်နေသည်။ NPT ၏အခြေစိုက်ရုံးစိုက်ရာ   အမေရိ ကန်ပြည် ထောင် စု၏   သမ္မတ ကိုယ်တိုင်ကပင် နုကလီးယား လက်နက်လျှော့ချရမည့် အစား တိုးမြှင့် ထုတ်လုပ်မည်ဟုဆိုနေသည်။

ဒေါ်နယ် ထရမ့်သမ္မတဖြစ်ပြီးနောက်ပိုင်း သူပြောခဲ့သည့်စကားလုံးများထဲတွင် လူတိုင်းလန့်ခဲ့ရသည့် စကားက  အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာသြဇာအာဏာကြီးမားလာစေရေးအတွက် နျူ က လီး ယား အရေ အတွက်ကို ပိုမိုတိုးမြှင့်ထုတ်လုပ်မည်ဆိုသည့်စကားပင်ဖြစ်သည်။

ထို့ပြင်   ထရမ့်၏လုပ်ရပ်များက  NPT စာချုပ်ကို ဆန့်ကျင်ဘက်နေရာမှ လုပ်ကိုင်နေသည့် လုပ်ရပ်ဖြစ်သည်။  အီရန်ကဲ့သို့ နျူကလီးယားရရှိရန်  ကြိုးစားနေသည့်နိုင်ငံမျိုးကို နျူကလီး ယား မပြန့် ပွားရေး သဘောတူညီချက်အရ ဖြစ်နိုင်သည့်နည်းလမ်းဖြင့် တားဆီးရမည်ဖြစ်သည်။

ထို့ကြောင့် အိုဘားမားဒုံးပျံအရေးကို နောက်ပေါက်က တစ်ဖက်သတ်ဖွင့်ပေးပြီး နျူကလီးယား သဘောတူညီချက်ကိုအရယူခဲ့သည်။ယခု ထရမ့်ကတော့ နိုင်ငံတစ်နိုင်ငံ နျူကလီးယားရရှိရန် အ တတ်နိုင် ဆုံးတားဆီးရမည့်အစား  အီရန်ကိုအရေးယူပိတ်ဆို့မှုများချမှတ်ပြီး  အရောက် တွန်း ပို့နေသကဲ့သို့ဖြစ်နေသည်။ ထရမ့်၏ နျူကလီးယား အရေအတွက် တိုးမြှင့် ထုတ်လုပ်မည် ဆိုသည့် စကားကြောင့် သူ၏ပြိုင် ဘက်ရုရှားနှင့်တရုတ်တို့ကလည်း ထပ်မံတိုးမြှင့် ထုတ်လုပ်ကြ မည်ဖြစ်သည်။

ထို့ကြောင့် ကုလသမဂ္ဂ၏နျူကလီးယားမပြန့်ပွားရေးစာချုပ်(NPT) နိဂုံးချုပ်တော့မည်ဖြစ်သည်။ ယခုအချိန်ထိ ရုရှား၌  အမေရိကန်ထက် ပိုမိုများပြားသည့်နုကလီးယား ထိပ်ဖူး အရေ အတွက် ရှိနေသည်။ထို့ပြင် အာရှ၌  ဘုရင်ဖြစ်လာနေသည့် တရုတ်ကလည်းနျူကလီးယားအရေးနှင့်ပတ်သက်လျှင်  လျှို့ဝှက်ပြီးနျူကလီးယား ထိပ်ဖူးများကို တိုးမြှင့်ထုတ် လုပ်နေသည်။ တစ်ပြိုင်တည်း မှာပင်ကိုရီးယားကျွန်း ဆွယ်အရေး အခင်းကလည်း နုကလီးယားစစ်ပွဲတစ်ခုဆီသို့ခေါ်ဆောင်သွားမည့် အရိပ် အယောင်များပြနေသည်။ဟီရိုရှီးမားနှင့်နာဂါဆာကီပြီးလျှင် ပြုံယမ်းသည် နောက်ထပ် နု ကလီးယား ကျရောက်မည့်နေ ရာလား ဟုပင် မေးခွန်းထုတ်နေရသည်။

ထို့ပြင်  ပင်တဂွန်ကလည်း ထရမ့် မြောက်ကိုရီးယားကို နျူကလီးယားဗုံးကြဲခိုင်းမည့်အရေး စိုးရိမ်နေပြီး ကမ္ဘာမြေပေါ်သို့    နောက်တစ်ကြိမ် နျူကလီးယား လက်နက်တစ်ခု ကျရောက် သည်နှင့် ကုလသမဂ္ဂ၏ ၁၉၇ဝ ပြည့်နှစ်က စတင်အသက်ဝင်ခဲ့သည့် နျူကလီးယား မပြန့်ပွားရေး စာချုပ် နိဂုံးချုပ်ကာ လူတိုင်းစိုးရိမ်နေသည့် တတိယကမ္ဘာစစ်ဆီသို့ ဦးတည်ခေါ်ဆောင် မည်ဖြစ် သည်။

တတိယကမ္ဘာစစ်က ကမ္ဘာကြီး၏အဆုံးသတ်ဖြစ်မည်မှာသေချာသည်။ တတိယကမ္ဘာစစ်ဖြစ်ပြီဆိုသည်နှင့်နျူကလီးယားလက်နက်က မပါမပြီးဖြစ်ကာ ရုရှားသမ္မတပူတင်ကပင် အမေရိ ကန်နှင့်ရု ရှား စစ်ဖြစ်လျှင် မည်သူမျှအကျိုးအမြတ်မရဘဲ နောက်ဆုံး တစ်ကမ္ဘာလုံးဆုံးရှုံးရ မည်ဟုဆို ထားသည်။ ရုရှားနှင့်မှမဟုတ်၊ နျူကလီးယားပိုင်ဆိုင်သည့်နိုင်ငံချင်းစစ်ဖြစ်ခဲ့လျှင်ပင် အဆုံးသတ်သည်

ကမ္ဘာမြေပေါ်၌ လူသားတို့နေထိုင်ရန် အခက်ခဲဆုံးဖြစ်လာမည်ဖြစ်သည်။ လက်ရှိ NPT တွင်လက်မှတ် မရေးထိုးထားသည့် အိန္ဒိယနှင့် ပါကစ္စတန်စစ်ဖြစ်ပါက တစ်ကမ္ဘာလုံး ကိုဖျက်ပစ်နိုင် သည့်နု ကလီးယားလက်နက်များ သူတို့ထံတွင်ရှိနေသေးသည်။

ထို့ပြင် NPTက နုတ်ထွက်ခဲ့သည့်   မြောက်ကိုရီးယား၌ နိုင်ငံတစ်နိုင်ငံကို ကမ္ဘာမြေပေါ်မှပျောက် ကွယ်အောင်  လုပ်နိုင်စွမ်းရှိသည့် နုကလီးယားလက်နက်အရေအတွက်ရှိနေသည်။ အမေရိ ကန် တို့၏ ခန့်မှန်းချက်အရ မြောက်ကိုရီးယား၌  လက်ရှိနျုကလီးယား ထိပ်ဖူး အရေ အတွက် ၃ဝ ခန့်ရှိကာနျူကလီးယားဗုံးအလုံးပေါင်း ၅ဝ ခန့်ရှိသည်။

လက်ရှိနျု ကလီးယားစစ်ပွဲဆီသို့  ခေါ်ဆောင်သွားနိုင်ဆုံးသူမှာ မြောက်ကိုရီးယားဖြစ်သည်။ ၁၉၉ဝပြည့်နှစ်ကတည်းက ကလီးယားကို  စတင်ပိုင်ဆိုင်ခဲ့သည့် မြောက်ကိုရီးယားသည် နျူကလီး ယားဗုံးမှ တစ်ဆင့် ဒုံးပျံတွင် တပ်ဆင်သည့် နည်းပညာ ထုတ်လုပ်နိုင်စွမ်းအားတို့ကို အလုံး စုံမြှင့်တင်ခဲ့သည်။ ယခုအချိန်ထိနျူကလီးယားအရေအတွက်ကို တိုးမြှင့်ထုတ် လုပ်နေ ဆဲ ပင်ဖြစ် သည်။

ထရမ့်ကတော့ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အမှန်တကယ်ဖြစ်လာမည်ဟုရာ နှုန်းပြည့် ယုံကြည် နေသည်။ထရမ့်ဆိုသည်မှာလည်းပြောတိုင်းဖြစ်အောင်လုပ်တတ်သည့်  သမ္မတ၊ ကုလ သမဂ္ဂလည်း ဂရုမစိုက်၊ နျုကလီးယားမပြန့်ပွားရေးစာချုပ် (NPT)ဆိုလျှင်ရှိသည်ဟု ပင်ထင်သူမဟုတ်။ထို့ကြောင့်ထရမ့်လက်ထက်တွင်ကုလသမဂ္ဂ၏နုကလီးယားမပြန့် ပွားရေး စာချုပ်အသက် ဝင်ရန် မဖြစ်နိုင်ပေ။ အသက်မဝင်သည်ထက် ပိုဆိုးသည်က ကမ္ဘာပေါ်၌ စစ်အေးတိုက်ပွဲခေတ်တုန်းကကဲ့သို့ နုကလီးယား လက်နက်အရေ အတွက်များစွာ တိုးပွားလာမည့် အရေးဖြစ်သည်။

ယခု ထရမ့်၏ လုပ်ရပ်က နျုကလီးယား ပိုင်ဆိုင်သည့်နိုင်ငံများကို အရေ အတွက်ထပ်မံ တိုးမြှင့်ရန် နှိုးဆော်နေသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် ယနေ့ခေတ်သည် နုကလီးယားဖယ်ရှားရှင်း လင်းရေး ခေတ်ထက် နုကလီးယား တိုးမြှင့် ထုတ်လုပ်သည့် ခေတ်တစ်ခေတ်ဖြစ်နေပါကြောင်း  ရေးသား တင်ပြ လိုက်ရပါသည်။  

Read 512 times
Rate this item
(0 votes)
Last modified on Tuesday, 22 August 2017 11:34

Latest from