SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အကြီးမားဆုံး ပူးပေါင်း စစ်ရေး လေ့ကျင့်မှုပြုလုပ်မည့် ရုရှားနှင့် အိန္ဒိယံ

Wednesday, 23 August 2017 10:56 Written by  font size decrease font size decrease font size increase font size increase font size

အာရှ၌ မြောက်ကိုရီးယားအရေးပြီးလျှင် စစ်ရေးအရ လှုပ်ရှားမှုအမြင့်မား ဆုံးသည် အိန္ဒိယဖြစ်သည်။

အိန္ဒိယသည်၂ဝ၁၇ ခုနှစ်တွင် တစ်ဖန်ပြန်လည်ထကြွလာသည့် တရုတ်နှင့်နယ်စပ်အရေး အ ခင်းပြ ဿနာများကို ရင်ဆိုင်နေရသည်။ထို့ပြင် ပါကစ္စတန်၏  ကက်ရှ်မီးယား နောက်ကွယ် အကြမ်းဖက်ခြိမ်းခြောက်မှုများကိုလည်း ခံနေရသောကြောင့် အပြင်ဘက်တွင်   ငြိမ်သက် နေသည်ဟု ထင်နေရသည့် အိန္ဒိယစစ်တပ်အတွင်းပိုင်း၌ မဟာဗျူ ဟာများကို ချမှတ်ရင်း အလုပ် ရှုပ်နေမည်ဖြစ်သည်။

တရုတ်နှင့်စစ်ဖြစ်လျှင်တိုက်ခိုက်ရမည့် ဗျူဟာများ၊ပါကစ္စတန်နှင့်စစ်ဖြစ်လျှင် တိုက်ခိုက်ရ မည့် ဗျူဟာများ၊ ထို့ပြင်ယင်း နှစ်နိုင်ငံစလုံးက   အရင်းနှီးဆုံး မဟာ မိတ် များဖြစ်နေ သည့် အတွက် ပူးပေါင်း ခဲ့လျှင် အဆိုးဆုံးဖြစ်လာနိုင်သည့်အနေအထားများ စသည်ဖြင့် ဗျာများနေကြ မည်ဖြစ်သည်။

အငြင်းပွားနေဆဲဟိမဝန္တာနယ်ခြားစည်းမျဉ်းကိုစောင့်နေသည့်အိန္ဒိယစစ်တပ်အား တရုတ်က ၎င်းနယ်ဘက်ကိုကျော်လာသည်ဟု စွပ်စွဲပြီး အိန္ဒိယစစ်သားများ အမြန်ဆုံးထွက် ခွာရန်ထို သို့ မဟုတ်ပါက စစ်ရေးအရ  တုံ့ပြန်မည်ဆိုသည့်ရာဇသံအထိပင် တရုတ်ဘက်က ပေးခဲ့ သည်။ ထို့ကြောင့် နယ်စပ်၌ အားနည်းသည့် အိန္ဒိယ အစိုးရ က   အမေရိကန်ဒေါ်လာ သန်းရာ ချီအ ကုန်အကျခံပြီး တရုတ်နယ်စပ်၌ စစ်ရေးကို လျင်မြန်စွာပြောင်းရွှေ့သွားလာနိုင်ရန်  စီမံကိန်း များဆွဲရပြန်သည်။

ထို့ပြင်  ကာကွယ်ရေးကဏ္ဍအမြင့်မားဆုံးပူးပေါင်းထားသည့်  ရုရှားနှင့်စစ်ရေးအရ   ပူးပေါင်းတိုက်ပွဲ ဝင်မည့်  ခံစစ်ထိုးစစ်များကိုစီစဉ်ရသည်။  ထိုအထဲမှ နောက်ဆုံးဖြစ် လာခဲ့ သည့် သ ဘော တူညီချက်က  နှစ်စဉ်ပုံမှန်ကျင်းပနေကျ   ရုရှားနှင့် အိန္ဒိယပူးတွဲစစ်ရေးလေ့ကျင့်မှုကို  အကြီး မားဆုံးအသွင်ပြောင်းလဲမည့်စစ်ရေးလေ့ကျင့်မှုပင်ဖြစ်သည်။

နိုင်ငံအတွင်းရှိသမျှကုန်းကြောင်းသာမက ရေကြောင်းနှင့် လေကြောင်းပါ နှစ်နိုင်ငံ စလုံး ပူး ပေါင်းစစ် ရေးလေ့ကျင့်မည်ဖြစ်ကာ  ရုရှားတစ်နိုင်ငံထဲ၌ နေရာ သုံးနေရာခွဲပြီး    တောင်တန်း များကြား၌ အခက်ခဲဆုံးအပိုင်းများဖြင့် လေ့ကျင့်မည်ဖြစ်သည်။စစ်ဆင်ရေးကို   အင် ဒရာဟုအမည်ပေးထားပြီး   ယခင်အချိန်တုန်းက  ပုံမှန်အသေးစား    စစ် ရေး လေ့ကျင့် မှုသက်သက်သာဖြစ်သည်။

ယခုတော့ အမှန်တကယ်စစ်ပွဲတစ်ပွဲ၏လက်တွေ့ကျကျ ကြည်း၊ ရေ၊ လေ အင်အား အလုံး အရင်းနှင့်လေ့ကျင့်သည့်ပုံစံမျိုးစုံဖြင့် ပူးပေါင်းလေ့ကျင့်မည်ဖြစ်ကာ အကောင်းမွန်ဆုံး  ကာ ကွယ်ရေးသဘောတူညီချက်နှင့်ဆက်ဆံရေးရှိသည့်ရုရှား-အိန္ဒိယဆက်ဆံရေးကို သမ္မတမိုဒီ နှင့် ပူတင်တို့ ထပ်မံမြှင့်တင်လိုက်ခြင်းဖြစ်သည်။

ထိုသဘောတူညီချက်ကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ရုရှားကိုသွားရောက် ခဲ့သည့် အချိန်က ဆွေးနွေးခဲ့ခြင်းဖြစ်ပြီးနှစ်နိုင်ငံစီးပွားရေးထက် စစ်ရေးကိုသာ ပိုမိုအလေး ထား ဆွေး နွေးခဲ့ကြသည်။  ရုရှားနည်းပညာဖြင့်အိန္ဒိယကာကွယ်ရေးစစ်လက်နက်များကို အိန္ဒိယ၌ ပိုမို ပူး ပေါင်းထုတ်လုပ်ရေး၊  ပူးပေါင်းစစ်ရေးဖွံ့ဖြိုးမှုနည်းပညာများကို  သုတေ သနပြုလုပ်ရေးနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ  အဆင့်မြှင့်တင်ရေးတို့ဖြစ်သည်။

အပြင်ပိုင်းကြည့်လျှင် ရုရှားနှင့်တရုတ်တို့က မဟာမိတ်များဖြစ်ကြသော်လည်း စစ်ရေးအရ အတွင်းပိုင်းတွင် ပြိုင်ဘက်များဖြစ် သည်။ ရုရှားတို့ကလည်း တရုတ်စစ်တပ်ကိုအကျော် မခံ သကဲ့သို့ တရုတ်ကလည်းရုရှားကိုကျော်ပြီး အမေရိကန်ကို  ကျော်တက်ချင်နေသူဖြစ်သည်။

တရုတ် တို့ရည်ရွယ်ချက်က ကမ္ဘာ့ပထမဖြစ်ရေးဆိုသည့်နေရာကို  ရယူချင်နေခြင်းဖြစ်သည်။ သို့ သော် နျူကလီးယားလက်နက်အင်အားကို ထည့်မတွက် သည့် အဆင့် တွင် တရုတ် ၏   ကမ္ဘာ့ စစ်အင်အားအဆင့်က ရုရှား၏အောက်တွင်ရှိနေသေးသည်။

ကမ္ဘာပေါ်၌ စစ်အင်အားအသုံးစရိတ်အမေရိကန်ဒေါ်လာ၂ဝဝ ဘီလီယံရှိနေသော်လည်း ရုရှား ၏ ၄၈ ဘီလီယံကိုမမီသည့် တရုတ်တို့၏ စစ်အင်အားဖြစ်သည်။

ရုရှားတို့က တရုတ်ထက်နှစ်ပေါင်းများစွာစောပြီး စစ်ရေးတွင်ဘီလီယံရာနှင့်ချီ ရင်းနှီးမြှုပ် နှံသော ကြောင့်ဖြစ်သည်။ ယခုရုရှား၏စစ်ရေးကို တစ်ဖက်တစ်လမ်းက   ကူညီနေ သူကအိန္ဒိယဖြစ်သည်။အိန္ဒိယကရုရှားနည်းပညာများကိုရရှိရေးအတွက် စရိတ်များစိုက်ထုတ်ပြီး   ၎င်း ၏နိုင် ငံ၌  ကိုယ်ပိုင်စစ်လက်နက်များကို တပ်ဆင် ထုတ် လုပ် လိုသောကြောင့်   အနစ်နာခံပြီးပူးပေါင်းနေ သည်။

ထို့ကြောင့် တရုတ်တို့ကဲ့သို့ ကိုယ်ပိုင်စရိတ် ဘီလီယံနှင့်ချီကုန်စရာမလိုဘဲ အိန္ဒိယ နှင့်ပူး ပေါင်းပြီး  သုတေသနပြုနေရင်းမှပင်ရုရှားတို့နည်းပညာသစ်များကို ရလာသည်။

ထိုအချက်က ရုရှားတို့အတွက် အဆင်ပြေနေသည်။ ထို့ပြင် တရုတ်တို့သည် ရုရှားကိုမီနိုင်ရန်နောက် ထပ်ဆယ်စုနှစ်နှင့်ချီကြိုးစားရဦးမည်ဖြစ်သည်။   ယခုအချိန်ထိ ရုရှား၏ ဂျက် တိုက် လေ ယာဉ်များနှင့်လေကြောင်းရန်ကာကွယ်ရေး စနစ်များကိုဝယ်ယူကာ ပုံတူကူးနေရဆဲဖြစ်ပြီး စစ် ရေးနည်းပညာပိုင်းတွင် ယှဉ်ပြိုင်ရဆုံးသူများဖြစ်သည့် အမေရိ ကန်နှင့် ရုရှားတို့လောကထဲသို့ တရုတ် ဝင်ရောက်မလာနိုင်သေးပေ။

သို့သော် ဓနအင်အားကောင်းနေသည့်တရုတ်တို့ စစ်ရေးကိုပထမဖြစ်အောင်တစ် လမ်းသွား စနစ်ဖြင့် မောင်းနှင်နေပြီး၂ဝ၂ဝပြည့်နှစ်တွင်  တရုတ် စစ်အသုံး စရိတ်က အမေရိ ကန် ဒေါ် လာ၂၃၃ဘီလီယံကျော်အထိဖြစ်လာမည်ဖြစ်သည်။အာရှ၌တရုတ်စစ်တပ်အတွက်  ပြိုင်ဘက်ဖြစ်လာသူက  အိန္ဒိယဖြစ်သည်။ သမိုင်းနှင့်ချီကာ  စစ်ပွဲများဖြစ်ခဲ့ကြပြီး   ယခု လည်း နယ်စပ်ပြဿနာများက တစ် ကျော့ပြန် လာနေသည်။

အိန္ဒိယ၏ စစ်အင်အားက  ရုရှား၏ အမာခံ နည်းပညာ ပံ့ပိုးပေးမှုနှင့် ပူးပေါင်း ထုတ်လုပ် မှုများ ကြောင့်  စစ်အသုံး စရိတ်ဘီလီယံ ၅ဝ ကျော်ရုံဖြင့် ကမ္ဘာ့အကောင်း ဆုံးစစ် အင်အား အဆင့်တွင် ပြင သစ်နှင့်ဗြိတိန်ကိုကျော်တက်ပြီး နံပါတ်(၄)ဖြစ်သည်။စစ်အသုံးစရိတ်အများဆုံးဖြစ်ရုံနှင့် ကမ္ဘာ့စစ်အင်အားအကောင်းဆုံးစာရင်းတွင် မပါဝင်နိုင်ဘဲ ပါကစ္စ တန် ၏ အဆင့်က(၁၃) ဖြစ်သည်။

ကမ္ဘာ့လက်နက်တင်သွင်းမှုလောက၌ နံပါတ်(၁)နေရာကို   နှစ်တိုင်းကဲ့သို့ယူထားသည့် အရှေ့ အလယ်ပိုင်း၏ဘုရင်ဆော်ဒီကမြောက်ကိုရီးယား၏နောက်အဆင့် (၂၄) နေရာ ကို ယူထားပြီး  အာရှ၌ တရုတ်၏ပြိုင်ဘက် အဓိကနှစ်နိုင်ငံထဲမှတစ်နိုင်ငံဖြစ်သည့်  ဂျပန်၏အဆင့်က နံပါတ် (၇) ဖြစ်သည်။

အိန္ဒိယသည်   ပြီးခဲ့သည့်နှစ်များကတရုတ်နှင့်ပတ်သက်လာလျှင် ငြိမ်သက်နေခဲ့ပြီး ယခုတော့ တရုတ်နှင့် ပတ်သက်လာလျှင် တန်ပြန်ရန်အဆင်သင့်ဖြစ်နေစေရေးပြင် ဆင်နေ သည်။ စစ် ရေး နှင့်စီးပွားရေးကို ဟန်ချက်ညီညီ ထိန်းညှိပေးမည့်ဝန်ကြီးချုပ် မိုဒီ၏ မဟာဗျူဟာ စီမံကိန်းဖြစ်ပြီး ယခုလက်ရှိ သမိုင်းချီစစ်ပွဲများရှိခဲ့ဖူးသည့်တရုတ်နှင့်ပါကစ္စ တန်နယ် စပ်တင်း မာမှုများကြောင့်အနာဂတ်တွင် စစ်အသုံးစရိတ်ကို အိန္ဒိယက ထပ်မံတိုးမြှင့်လာနိုင်ပြီး ရုရှား နှင့် စစ်ရေး ပိုမိုပူးပေါင်းဆောင်ရွက်နေမှုကို ထပ်ဆင့် အနီး ကပ် ဆုံးမြှင့် တင်လာနိုင်ကြောင်း  တင်ပြ လိုက် ရပါသည်။   

ရှိန်ထက်

Read 494 times
Rate this item
(0 votes)
Last modified on Wednesday, 23 August 2017 11:12

Latest from