SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

လွပ်လပ်သော ဘက်စုံ ကုန်သွယ်ရေး သဘောတူညီချက် (CEPA) ဆွေးနွေးပွဲများ ပြန်လည် စတင် နေပြီဖြစ်သည့် ကနေဒါနှင့်အိန္ဒိယ

Thursday, 24 August 2017 12:08 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာ  စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အားအကောင်းဆုံး နိုင်ငံစာရင်းကို အိန္ဒိယသို့ လွှဲ ပြောင်း ပေး လိုက်ရပြီးနောက်ပိုင်း တရုတ်နိုင်ငံသည် ၎င်း၏ မူလနေရာကိုပြန်လည် ရရှိရေး အတွက်

ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အများဆုံးထိန်းချုပ်မည့် မဟာဗျူဟာ စီမံကိန်း One Belt One Road ချမှတ်ခဲ့သည်။ထို့နောက်  လတ်တလောစီးပွားရေးကျဆင်းမှုကို ထပ်မံထိန်း ထားနိုင်ရန် ၎င်းတို့နိုင်ငံ၏ပြည်ပ ရင်း နှီးမြှုပ်နှံမှုကို ထပ်မံကန့်သတ်လိုက်ပြန်သည်။ထို့ကြောင့် ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းမှ စ တင်ပြီး ပြည်ပ၌ ဆောက်လုပ်ရေး လုပ်ငန်း အပါအဝင် တခြား ဘီ လီယံနှင့်ချီသည့် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုများကို တရုတ်ကုမ္ပဏီများပြုလုပ်ရတော့မည်မဟုတ်ပေ။ ရည်ရွယ်ချက်မှာ နိုင်ငံ အ တွင်း အလုပ်အကိုင် အခွင့် အလမ်း ရရှိနိုင်ရန် ထိန်းထားခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပို မိုအားကောင်းလာစေရန်ဖြစ်သည်။ ထိုအချိန်တွင် ကမ္ဘာ့အား အကောင်း ဆုံးစီး ပွားရေး တိုးတက်မှုကို ရရှိထားသည့် အိန္ဒိယက  ကုန်သွယ်ရေး လုပ်ငန်း စဉ်များ ကျ ဆင်းလာသည်။

နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးကျဆင်းလာလျှင် အိန္ဒိယက ၎င်း၏ဖွံ့ဖြိုးတိုး တက်မှု အမြန်ဆုံးဆိုသည့် ပထမနေရာကို ကြာကြာထိန်းထားနိုင်မည် မဟုတ်ပေ။ထို့ကြောင့်ဘက်စုံကုန်သွယ်ရေး လုပ် ငန်း စဉ်များကိုဆောင်ရွက်ရမည်ဖြစ်သည်။

ယခုလည်း ကျဆင်းလာသည့် ကနေဒါနှင့်ကုန်သွယ်ရေးလုပ်ငန်းစဉ်များ ပြန်လည်ဖြည့်တင်းရန် အိန္ဒိယ တို့စတင်နေပြီဖြစ်သည်။   ယခင်က သတ်မှတ်ထားသည့် ကုန်စည်များကိုသာ ကနေ ဒါနှင့် အိန္ဒိယကြား ကုန်သွယ်နိုင်မည်ဖြစ်ပြီး   အကယ်၍  ယခုဆွေးနွေးနေသည့် ဘက်စုံကုန် သွယ်ရေး သဘောတူညီချက်သာ အောင်မြင်ခဲ့ပါက   အကန့်အသတ်မရှိ   ကုန်သွယ် ခွင့်ရရှိ မည်ဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင်အိန္ဒိယနှင့် ကနေဒါတို့၏ ကုန်သွယ်မှုတန်ဖိုး  အမေရိကန်ဒေါ်လာ  ၆ ဒသမ ၁၄ဘီလီယံအထိကျဆင်းသွားပြီး နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်ရန်ကြိုးစားနေရင်းနှင့်ပင်   ကျ ဆင်း ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဆွေးနွေးနေဆဲလွတ်လပ်သော ဘက်စုံကုန် သွယ်ရေး သဘောတူညီချက် (CEPA) ကို လျင်မြန်စွာပြန်လည်စတင်ရန်ဖြစ်လာသည်။ ယခုအချိန်ထိ ကနေဒါနှင့်အိန္ဒိယကြား CEPA  ကိုဆွေးနွေးနေသည်မှာ  (၉) ကြိမ်မြောက်ရှိပြီဖြစ်သော် လည်း   ခိုင်မာသည့် သဘော တူညီ ချက် မရရှိသေးပေ။(၉) ကြိမ်မြောက်ဆွေးနွေးပွဲ  CEPA ကို အိန္ဒိယနိုင်ငံ မွန်ဘိုင်း၌ကျင်းပခဲ့ပြီး   ယခု (၁ဝ) ကြိမ် မြောက်ကို ကနေဒါနိုင်ငံ၌ကျင်းပမည်ဖြစ်သည်။

ကနေဒါနှင့်အိန္ဒိယတို့ကြား   သံတမန်ဆက်ဆံရေးသည် သမိုင်းကြောင်းတွင် ကောင်းမွန်သည့် ဆက် ဆံရေးများရှိခဲ့သော်လည်း  အိန္ဒိယ၏  Smiling Buddha ဆိုသည့် နျူကလီး ယား စမ်းသပ် မှုကြောင့် ဆယ်စုနှစ်နှစ်ခုအထိ  ဆက်ဆံရေးတင်းမာသွားရပြီး ၁၉၉ဝ ပြည့်နှစ်တွင် ပြန်လည် စတင်ခဲ့သည်။  ထို့နောက် ၂ဝဝဝ  ပြည့်နှစ်နောက်ပိုင်းတွင်   ဆက်ဆံရေး အရှိန် အဟုန်မြင့် တက် ခဲ့ ကာ ၂ဝ၁၂ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်ရေးတန်ဖိုးများက အမေရိ ကန် ဒေါ်လာ ၄ ဘီလီယံအထိရှိ လာခဲ့သည်။

ယခု ကနေဒါနှင့် အိန္ဒိယတို့ ကုန်သွယ်ရေးရည်မှန်းချက်က မကြာမီ ဘီလီယံဆယ် နှင့်ချီမြင့် တက် လာရန်ဖြစ်သည်။ အိန္ဒိယ၏ရည်ရွယ်ချက်က တရုတ်၏ One Belt One Road တွင် မပါဝင်ဘဲ အမှီအခိုကင်းစွာ သီးခြားကုန်သွယ်ရေးဖြင့်ရပ်တည်နိုင်ရန်ဖြစ်သည်။ ထို့ကြောင့် တရုတ် အစိုးရအမြဲကမ်းလှမ်းနေခဲ့သည့် One Belt One Roadတွင်  ပါဝင်ရန်  ကမ်း လှမ်း ချက်များကို  ယခု အချိန်ထိ  အိန္ဒိယတို့ မည်သည့်တုံ့ပြန်ချက်မျှမပေးဘဲနေခြင်းဖြစ်သည်။

တရုတ်၏ One Belt One Road အောင်မြင်မှုကဥရောပအထိပင် လွှမ်းမိုးနိုင်စွမ်းရှိခဲ့ကာ ယင်းစီ မံကိန်း၏ကုန်သွယ်မှုများက  ဗြိတိန်အထိ ရောက်ရှိနေပြီဖြစ်သည်။   ထိုစီမံကိန်းက  ရုရှား ၏ ကျ ဆင်းနေ သည့်ကုန်သွယ်ရေးပိုင်းကို   ပြန်လည်မြှင့်တင်ပေးမည်ဖြစ်ကာ တရုတ် နှင့်ရုရှား တို့၏ ကုန်သွယ်ရေး ရည်မှန်းချက် အမေရိကန်ဒေါ်လာ ဘီလီယံ ၆ဝဝ ဆိုသည့် ပမာဏကိုလည်း ပြည့် မီစေမည်ဖြစ်သည်။

တရုတ်၏ထရီလီယံနှင့်ချီသည့် One Belt One Roadသည် အာရှ၊ အမေရိကနှင့်ဥရောပအထိ ရောက်သော်လည်း အမေရိကန်နှင့် ကနေဒါတို့ ထိုစီမံကိန်း တွင်မပါဝင်ပေ။ တရုတ်က အမေရိကန်၏ အကျိုးစီးပွားကို သီးသန့်ဖယ်ထားလိုသောကြောင့်ကနေဒါကိုလည်း ဖယ်ထား ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အိန္ဒိယနှင့် ကနေဒါ တို့၏ ဘက်စုံကုန် သွယ်ရေး သဘော တူညီချက်ဆွေးနွေးပွဲကမကြာမီအကောင်အထည်ပေါ်လာမည့် အခြေအနေ တွင်ရှိနေသည်။ ကုန်သွယ်ရေး တွင်ပင် မ ဟုတ် ကနေဒါနှင့်  အိန္ဒိယကြား၌ လုံခြုံရေးပိုင်းပူးပေါင်းဆောင်ရွက်မှုများ ယခင် ကတည်း ကရှိနေခဲ့သည်။၁၉၅၈ ခုနှစ် Air India Flight 182အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ပူး ပေါင်းဆောင် ရွက်မှုစတင်ခဲ့ကာ ယခုအချိန်ထိ   တန်ပြန်အကြမ်းဖက်မှုများကို ပူးပေါင်း ဆောင် ရွက် နေသည်။

မပူးပေါင်း၍လည်းမရ။ အိန္ဒိယ-ကနေဒါ လေကြောင်းလိုင်းများက  နေ့စဉ် အဆက်မပြတ်ပျံ သန်းနေ ဆဲဖြစ်ကာ Air India Flight 182အကြမ်းဖက် တိုက်ခိုက်မှု ကဲ့သို့ဖြစ် ရပ်မျိုး  နောက် ထပ် အဖြစ် မခံနိုင်ပေ။ ၁၉၈၅ ခုနှစ်    ယင်းလေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုက အမေရိ ကန်၏  ၉ /၁၁ မဖြစ်မီအထိ လူသေပျောက်မှုအကြီးမားဆုံးစံချိန်တင်ခဲ့သောကြောင့်ဖြစ်သည်။

၁၉၈၅ ခုနှစ် တစ်နှစ်တည်းတွင်ပင်အိန္ဒိယလေကြောင်းလိုင်း အကြမ်းဖက်ခံရမှု နှစ်ကြိမ် အထိဖြစ်ခဲ့ပြီးအိန္ဒိယလေကြောင်းလိုင်း၏ ယုံကြည်စိတ်ချရမှုအနည်းဆုံးအချိန်ဟုလည်း ဆိုနိုင် သည်။ ထို အထဲတွင် ကနေဒါနိုင်ငံသားများ  နောက်ထပ်  ရာနှင့်ချီမသေဆုံးစေရန် အိန္ဒိယနှင့် အကြမ်း ဖက်တိုက်ဖျက်ရေးတွင် ကနေဒါတို့ အရှိန်အဟုန်ဖြင့် ပူးပေါင်း ခဲ့ခြင်းဖြစ်သည်။

၁၉၈၅ ခုနှစ် အိန္ဒိယလေကြောင်းလိုင်းအကြမ်းဖက်ခံရမှုကြောင့်  ကနေဒါနိုင်ငံသား ၂၆၈ ဦး သေဆုံးခဲ့ကာ  အိုင်းရစ်လေပိုင်နက် အမြင့်ပေ ၃၁ဝဝဝ တွင် ကနေဒါသို့ ဦးတည်ပျံသန်းနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ၉/၁၁ မတိုင်မီအထိ လူသေပျောက်မှုအများဆုံးစံချိန်တင်ခဲ့ကာ လူပေါင်း ၃၂၉ ဦးသေဆုံးခဲ့သည်။

ယခု အိန္ဒိယဝန်ကြီးချုပ်မိုဒီက စီးပွားရေးနှင့် လုံခြုံရေးကို  ဟန်ချက်ညီညီ လှုပ်ရှားနေကာ အထူးသဖြင့် Belt One Roadတွင်မပါဝင်သည့်နိုင်ငံများနှင့် သီးခြားစီးပွားရေး အသိုက် အဝန်း တစ် ခုတည် ထောင်ပြီးလွပ်လပ်သည့် ပုံစံတစ်ခုကို ဖော်ချင်နေပုံ ရသည်။

ထို့ကြောင့် ဂျပန်အပါအဝင် အနောက်နိုင်ငံများနှင့် စီးပွားရေး သဘောတူညီချက်များကို ပိုမိုအာ ရုံစိုက်လာကာ ယခု ကနေဒါနှင့် လွတ်လပ်သော ဘက်စုံ ကုန်သွယ်ရေး သဘောတူ ညီ ချက်  (CEPA) (ကို အလေးထားလာခြင်းဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။   

Read 447 times
Rate this item
(0 votes)
Last modified on Thursday, 24 August 2017 12:14

Latest from