SJ WorldNews - шаблон joomla Авто

တရုတ်ကုမ္ပဏီများ အပေါ်ချမှတ်ထားသည့် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှု ချက်ချင်းမဖယ်ရှားပါက နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်ဖွယ်ရှိ

Friday, 25 August 2017 12:49 Written by  font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်သည့် ကုမ္ပဏီများအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့ မှုများကို  ချက် ချင်း ဖယ်ရှား ပေးရန် အမေရိကန်အစိုးရအား  တရုတ်အစိုးရက တောင်းဆိုလိုက်ပြီး  ထိုသို့အရေးယူပိတ်ဆို့ မှုများ မဖယ်ရှားပါက  တရုတ်-အမေရိကန်ဆက်ဆံရေးကိုပင် ထိခိုက်လာမည်ဖြစ်ကြောင်း  ပြင်းပြင်းထန်ထန် သတိ ပေးလိုက်သည်။

တရုတ်နှင့်ရုရှားနိုင်ငံတို့မှ ကုမ္ပဏီ၁ဝခုနှင့် လူခြောက်ဦးသည် မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးကျည်နှင့် နျူကလီး ယား လက်နက် အစီအစဉ်များကို အထောက်အပံ့ ဖြစ်စေသည့် စီးပွားရေးလုပ်ငန်းများအား မြောက်ကိုရီးယား နှင့် ပူးတွဲ လုပ်ဆောင်လျက်ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ၎င်းတို့အပေါ်အရေးယူ ပိတ်ဆို့မှုများကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ သြဂုတ် ၂၂ ရက်က ချမှတ်လိုက်ခြင်းဖြစ်သည်။

သို့သော် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  ၎င်းတို့အစိုးရသည် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက မြောက်ကို ရီးယား အပေါ် ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ပြည့်ပြည့် ဝဝအကောင်အထည်ဖော် လိုက်နာဆောင် ရွက်လျက်ရှိကြောင်းနှင့် ယင်းလုံခြုံရေး ကောင်စီ၏   အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်သည့်  မည်သူကိုမ ဆို တရုတ်နိုင်ငံ၏ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ သွားမည်ဟု အခိုင်အမာပြောကြားထားသည်။

ထို့ပြင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မူဘောင်အပြင်ဘက်မှ လုပ်ဆောင်လျက်ရှိသည့် အရေးယူပိတ် ဆို့မှုများ အားလုံးကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း   နိုင်ငံ ခြားရေးဝန်ကြီးဌာနမှပြောသည်။  အထူး သဖြင့်   တရုတ်နိုင်ငံ သားများ၏ အကျိုးစီးပွားများကို အဝေးမှဆုံးဖြတ်ချက် ပေးနေသည့် အမေရိကန်ပြည်ထောင်စု၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်းက သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားခြင်းဖြစ်သည်။

ထို့ကြောင့် အမေရိကန် ပြည်ထောင်စု၏ လုပ်ရပ်များသည် မြောက်ကိုရီးယားအရေး ကိုဖြေရှင်းရာတွင် အကူ အညီ မဖြစ်စေသည့်အပြင် တရုတ်နိုင်ငံနှင့် ထားရှိသော နှစ်နိုင်ငံ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုကိုလည်း ထိခိုက်စေသည့်အတွက် ယင်း ကဲ့သို့ မှားယွင်းသောလုပ်ဆောင်မှုများကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တောင်းဆို ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှု ချမှတ်လိုက်သော ကုမ္ပဏီများတွင် တန်တုံချန်တိုင်းဟု လူသိများသော တန်တုံဇီ ချန်းမက် တဲလစ်မက်တီရီယယ် ကုမ္ပဏီလည်း အပါအဝင်ဖြစ်သည်။ ယင်းကုမ္ပဏီ၏ အဓိကရှယ်ယာ အဖွဲ့ဝင်သည်လည်း တစ်ဦးချင်း အရေးယူပိတ်ဆို့ခံရသည့် စာရင်းတွင် ပါဝင်နေသည်။   ယင်းကုမ္ပဏီသည် မြောက်ကိုရီးယားမှ ကျောက်မီးသွေးများကို အများဆုံးတင်သွင်းနေသည့် ကုမ္ပဏီဖြစ်သည်။

ယင်းကုမ္ပဏီသည် မြောက်ကိုရီးယားနိုင်ငံမှ ကျောက်မီးသွေးများကို တင်သွင်းကာ လူသုံးကုန်ပစ္စည်းများ ဖြစ်သည့်  ဖုန်းများ၊ ဇိမ်ခံပစ္စည်းများ၊ သားရေနှင့် သကြားများကို မြောက်ကိုရီးယားသို့ ပြန်လည် တင်ပို့နေခြင်း ကြောင့် အမေရိကန် အစိုးရအနေဖြင့် ယင်း ကုမ္ပဏီမှ အမေရိကန် ဒေါ်လာလေးသန်းကို ဒဏ်ငွေအဖြစ် ရယူရန် အမေရိကန် တရားရေး ဝန်ကြီးဌာနက ပြစ်ဒဏ် ချမှတ်ထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခင်က မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ သော်လည်း ၎င်းတို့၏ စားဝတ်နေရေးအတွက် ဟူသော အကြောင်းပြချက်ဖြင့် ကုန်ပစ္စည်းများကို အကန့် အသတ် ဖြင့်သာ ကုန်သွယ်ခွင့်ပြုခဲ့သည်။  သို့သော် ယင်းနိုင်ငံမှ ကျောက်မီးသွေးများ တင်သွင်းမှုအား  အလုံးစုံ ကန့်သတ်ရေးကို   လုံခြုံရေးကောင်စီက ယခုလအတွင်းသဘောတူ ထားသည်။

ဝါရှင်တန်အခြေစိုက် သုတေသနအဖွဲ့ဖြစ်သည့် C4ADS ၏ ပြီးခဲ့သည့်ဇွန်လက ထုတ်ပြန်ချက်၌ မြောက်ကိုရီးယား အနေဖြင့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ရန်ကူညီနေသော အဓိက ကုမ္ပဏီများတွင် တန်တုံဇီချန်း မက်တဲလစ် မက်တီရီယယ်ကုမ္ပဏီပါဝင်နေပြီး တရားမဝင် ကုန်ပစ္စည်းများကို ဝယ်ယူနေသည်ဟု ဖော်ပြထားသည်။  ယင်းကုမ္ပဏီများကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ခြင်းဖြင့် မြောက်ကိုရီးယား၏ ပြည်ပ ကုန်သွယ်ရေး ကွန်ရက် တစ်ခုလုံးပြိုလဲသွားမည်ဖြစ်ကြောင်း  ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

တခြားသောတရုတ်နိုင်ငံသားပိုင်ကုမ္ပဏီ နှစ်ခုဖြစ်သည့် တန်တုံတန်းဖူး ထရိတ်နှင့် ကျင်းဟောင် အပြည်ပြည် ဆိုင်ရာ ကုမ္ပဏီတို့သည်လည်း မြောက်ကိုရီးယား၏ ကျောက်မီးသွေးများကို ဝယ်ယူသည့်အတွက် အရေးယူ ပိတ်ဆို့ခံရသည့် စာရင်းတွင် ပါဝင်သည်။

အလားတူပင် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီသုံးခုသည်လည်း  ၂ဝ၁၃ခုနှစ်မှ၂ဝ၁၆ခုနှစ်အတွင်း မြောက်ကိုရီးယား နိုင်ငံမှ အမေ ရိကန်ဒေါ်လာသန်း ၅ဝဝ တန်ဖိုးရှိ ကျောက်မီးသွေးများ တင်သွင်းသောကြောင့် အရေး ယူပိတ်ဆို့ခံရသည့် စာရင်းတွင် ပါဝင်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

တန်တုံရစ်အာ့ ကုန်သွယ်ရေး ကုမ္ပဏီက မြောက်ကိုရီးယား၏ နျူကလီးယားစွမ်းအင် အေဂျင်စီနှင့် ဆက်နွှယ် နေသော ကုမ္ပဏီတစ်ခုမှဗနေဒီယမ် သတ္တုရိုင်းများကို ဝယ်ယူသည့်အတွက် အရေးယူပိတ်ဆို့ခံရခြင်း ဖြစ်ပြီး မင်းကျန်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကုမ္ပဏီက မြောက်ကိုရီးယား၏ စီးပွားရေး တိုးတက်မှု ကွန်ရက်  အဖြစ် အမေရိကန် ဒေါ်လာ ငွေကြေးများကို လဲလှယ်ရာတွင် အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပေး သည့်အတွက်  အရေးယူ ပိတ်ဆို့ ခံရခြင်း ဖြစ်သည်။

အမေရိကန် အနေဖြင့် ယခုကဲ့သို့ တရုတ် နိုင်ငံသားပိုင် ကုမ္ပဏီများအပေါ် အရေးယူ ပိတ်ဆို့မှုများ ဆက်လက် ချမှတ် နေဦးမည်ဆိုပါက အပြည်ပြည်ဆိုင်ရာ တရားဥပဒေကို အလွန်အမင်းချိုးဖောက်သည်ဟု စွပ်စွဲကာ မည်သည့် နည်းနှင့်မျှ လက်သင့်မခံနိုင်သော  တရုတ်နိုင်ငံ၏ လက်တုံ့ပြန်အရေး ယူမှုများကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်ဟု  ဂလိုဘယ်တိုင်း(မ်)သတင်းစာက သတိပေးထားသည်။

သို့သော် သတင်းစာများက မည်သို့ပင် သတိပေးစေကာမူ အမေရိကန်သည် နိုင်ငံတကာတွင် ရုရှားနှင့် တရုတ်တို့၏ ပုံရိပ်များ မှေးမှိန်စေပြီး ယင်းနှစ်နိုင်ငံအား ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏  ဆုံးဖြတ်ချက်များကို

ဖျက်ဆီး သူများအဖြစ် ထင်မြင်စေရန် မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုများအား အကြောင်းပြ၍ တစ်ဖက်သတ် အရေးယူပိတ် ဆို့မှုများကို ဆက်လက်ချမှတ် နေဦးမည်ဖြစ်သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စု၏ ဆုံးဖြတ်ချက်သည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား  ပူးပေါင်း ဆောင်ရွက်မှု များကို ထိခိုက်စေနိုင်ကြောင်း တရုတ်နေ့စဉ် သတင်းစာများမှ သုံးသပ်ဖော်ပြကာ သတိပေးထား သည်။

ဆက်လက်ပြီး တရုတ်နိုင်ငံအပေါ် တစ်ဖက်သတ်အရေးယ ပိတ်ဆို့မှုများ ချမှတ်သည့် အမေရိကန် ပြည်ထောင် စု၏ ဆုံးဖြတ်ချက်မှာ  မသင့်လျော်သည့်အပြင် လက်ခံနိုင်ဖွယ်မရှိကာ  အလွန်အမင်းဗိုလ်ကျစိုးမိုးရာ ရောက်သည်ဟု လျောင်နင်ပြည်နယ်လူမှုသိပ္ပံ အကယ်ဒမီမှ ကိုရီးယားကျွန်းဆွယ်အရေး ကျွမ်းကျင်သူ လူချောင်ကလည်း   ပြောကြားသည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ ဆုံးဖြတ် ချက်များကို တင်းကျပ်စွာအကောင်အထည် ဖော်လျက်ရှိသော်လည်း ကုန်သွယ်ရေးဝန်ကြီး ဌာန၏စည်းကမ်းများကို   ချိုးဖောက်ကာ တရားမဝင်ကုန်သွယ်နေသူများအား ရာနှုန်း ပြည့်မဖယ်ရှားနိုင်ပေ။

ထို့ကြောင့် အဝေးတစ်နေရာရှိ အမေရိကန်က တရုတ်နိုင်ငံသားများအပေါ်  တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှု များ ချမှတ်ရန် သင့်လျော်သော အကြောင်းပြချက်လည်း မရှိပေ။  အကယ်၍  အဆိုပါကုမ္ပဏီများကို  အရေးယူ ပိတ်ဆို့လိုပါက   တရုတ်နိုင်ငံသို့ ဦးစွာသတင်းပေးပြီးမှသာ  ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်လာလျှင် အတိအကျ လိုက်နာလေ့ရှိပြီး     ယခုလအတွင်း  မြောက်ကိုရီးယား နိုင်ငံမှ သံသတ္တုရိုင်း၊ သံ၊ ခဲ၊ ကျောက်မီးသွေးနှင့် ပင်လယ်စာ ထွက်ကုန်များ တင်သွင်းမှုကို ဆိုင်းငံ့ ထားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် အမေရိကန်က မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် အပေါ် အမြဲတစေရန် လိုစွာ တုံ့ပြန်နေမှုများကိုလည်း ပြစ်တင်ဝေဖန်ထားပြီး တင်းမာမှု များလျော့ကျစေရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် အကြိမ်ကြိမ် တောင်းဆိုထားသည်။

သို့သော် တရုတ်နိုင်ငံအပေါ် အမေရိကန် က ယခုကဲ့သို့ တစ်ဖက်သတ်အရေးယူပိတ် ဆို့မှုများချမှတ်ခြင်းသည် မလိုလားအပ်သော လုပ်ရပ်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းဖြင့် တရုတ်-အမေရိကန်ဆက်ဆံရေးကိုသာ ပိုမို ဆိုးရွားစေမည်ဖြစ်သည့် အပြင်  နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအတွက် ချမှတ်ထားသည့် အပြန်အလှန် ယုံကြည်မှု အုတ်မြစ်ကို ရိုက်ချိုးဖျက်ဆီးရာ ရောက်နေသည်။

ယခုချမှတ်လိုက်သည့် အမေရိကန် ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများသည် ယင်းကုမ္ပဏီများက ကုလ သမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကို ချိုးဖောက်သည်ဟူသော သက်သေခိုင်လုံခြင်းမရှိဘဲ ချမှတ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် သက်သေမခိုင်လုံဘဲ ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများ အကောင်အထည်ပေါ်လာပါက တရုတ်အစိုးရအနေ ဖြင့် ရပ်ကြည့်နေမည်မဟုတ်ဘဲ လက်တုံ့ပြန် အရေးယူမှုများကို  ချမှတ်နိုင်ဖွယ်ရှိသည့် အတွက်   ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်- အမေရိကန် ဆက်ဆံရေးမှာ ပိုမိုဆိုးရွား လာဖွယ်ရှိကြောင်း ရေးသား လိုက်ရပါသည်။   

 

Read 505 times
Rate this item
(0 votes)
Last modified on Friday, 25 August 2017 12:53