SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အသေအပျောက် များပြားလှသည့် ဆီယာရာလီယွန်နိုင်ငံ ဖရီးတောင်းမြေပြိုမှု သို့မဟုတ် အရေးတယူ လုပ်ဆောင်ရန် လိုအပ်သည့် ရာသီဥတု ပြောင်းလဲမှု

Saturday, 26 August 2017 10:37 Written by  font size decrease font size decrease font size increase font size increase font size

ဆီယာရာလီယွန်နိုင်ငံရှိ ဖရီးတောင်း ကမ်းရိုးတန်းမြို့၌ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက၊ အတိအကျဆိုလျှင် သြ ဂုတ်  ၁၄ ရက်က မြေပြိုမှု အကြီးအကျယ် ဖြစ်ပွားခဲ့သည်။

ယင်းဒေသ၌ သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြို့တော်အနှံ့အပြား၌ ရေကြီးမှုများဖြစ်ပွားပြီး မြေပြိုခဲ့ရာ လူပေါင်း ၅ဝဝ ကျော်သေဆုံးပြီး ၆ဝဝ ကျော်ပျောက်ဆုံးနေဆဲဖြစ်သည်။ အဆိုပါမြေပြိုမှုကြောင့် လူအသေအပျောက် များပြားလွန်းလှသဖြင့် အာဖရိက၏ အဆိုးရွားဆုံးသော ကပ်ဘေး တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ မြေပြိုမှုကြောင့် ပြည်သူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည့်အပြင် ခံစားရသည့် ဝေဒနာ၊ ဆုံးရှုံးမှုတို့သည် ဆီယာရာလီယွန် ပြည်သူ တို့စိတ်ကို နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက် ခြောက်လှန့်နေမည်ဖြစ်သည်။

ထို့ကြောင့် အာဖရိက တိုက်တစ်ဝန်းရှိ နိုင်ငံများအနေဖြင့် ဆီယာရာလီယွန်နိုင်ငံ၌ ဖြစ်ပွားသည့် ကပ်ဘေးကို သင်ခန်း စာရယူသင့်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြထားသည်။ ထိုသို့သော ကပ်ဘေးများသည် များသောအားဖြင့် ရာသီဥတုပြောင်းလဲလာမှု၊ လူသားများကြောင့် ဖြစ်ပေါ်လာသည့် သစ်တောပြုန်းတီးမှုနှင့် လူသားများနယ်မြေ တိုးချဲ့ အခြေချနေထိုင်လာမှုတို့နှင့် ဆက်စပ်လျက်ရှိသည်။

အမေရိကန် မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ဆီယာရာလီယွန်နိုင်ငံသည် ယခုနှစ်အတွင်း သာမန်ရွာသွန်းလေ့ရှိ သည့် မိုးရေချိန်ထက် သုံးဆခန့် ပိုမိုရွာသွန်းခဲ့ပြီး ယင်းကဲ့သို့ မိုးရေချိန်ပိုမို များပြားလာခြင်းသည်  ရာသီဥတုပြောင်းလဲမှု၏ တိုက်ရိုက် အကျိုးဆက်တစ်ရပ်ဖြစ်သည် ဟုဆိုသည်။ မိုးရေ ချိန်မြင့်တက်လာခြင်းနှင့် ချောင်းများ၊ မြောင်းများ၊ စိမ့်မြေများ ပိုမိုများပြားလာခြင်းသည် ရေကြီးမှု ဖြစ်ပွားလာပါက မြင့်တက်လာသော ရေများကို တစ်နေရာမှ တခြားတစ်နေရာသို့ စီးဆင်းစေသည့် သဘာဝရေ မြောင်းစနစ်များကဲ့သို့ စီးဆင်းစေခြင်းကြောင့် ရေကြီးမှုဒဏ်ခံရလေ့ရှိသော ဒေသများ၌ များစွာ ထိခိုက်စေသည်ဟု ကျွမ်းကျင်သူများက ထောက်ပြထားသည်။

အာဖရိက၏ ရတနာဟု တင်စားခြင်းခံရသည့် ဆီယာရာလီယွန် နိုင်ငံသည် လက်ရှိတွင် မြို့ပြပုံစံသွင်းခြင်းနှင့်   တွေ့ ကြုံနေရသည်။ ယင်းနိုင်ငံ၏ မြို့ပြပုံစံသွင်းမှုနှုန်းမှာ ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိနေသည့်အပြင် မြို့ကြီးပြကြီး၌ နေ ထိုင်သည့် ပြည်သူအားလုံး၏ ၇၅ ဒသမ ၆ ရာခိုင်နှုန်းသည် နေ ထိုင်ဖြစ်သည်ဆိုရုံသာ တည်ဆောက်ထားသည့်အ ဆောက်အအုံများ၌  နေထိုင်လျက်ရှိသည်။

အဆိုးရွားဆုံးမှာ သစ်တောပြုန်းတီးခြင်း၊ စိန်၊ ရွှေနှင့် တခြားသဘာဝ အရင်းအမြစ်များကို အများအပြား တူးဖော်ရှာ ဖွေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲပျက်စီး လာမှုပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ် လာသော ရာသီဥတုပြောင်းလဲမှုသည် ဆီယာရာလီ ယွန်နိုင်ငံရှိ မြို့ပြနေအခြေခံ လူတန်းစားများအား အဓိက ခြိမ်းခြောက်လျက်ရှိသည်။

လူသားတို့၏ လုပ်ဆောင်မှုကြောင့် ပြောင်းလဲလာသည့် ကမ္ဘာကြီး၏အပူချိန်သည် ဆက်လက်မြင့်တက်နေမည်ဆိုပါက ဆီယာရာလီယွန်နိုင်ငံသာမက မိုဇမ်ဘစ်နိုင်ငံရှိ ကမ်းရိုးတန်းမြို့ကြီးများ၊ တန်ဇန်းနီးယားရှိ ပြည်သူနှစ်သန်း၊ သန်းနှင့်ချီသည့် ကင်မရွန်းနိုင်ငံသားများအပြင် အီဂျစ်၊ ဆီနီဂေါနှင့် မော်ရို ကိုနိုင်ငံတို့မှ ပြည်သူသန်းပေါင်းများစွာတို့ ၂ဝ၅ဝ ပြည့်နှစ်ခန့်တွင် ရေကြီးမှုအန္တရာယ်နှင့် အကြီးအကျယ် ရင်ဆိုင်ရနိုင်သည်။

ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ရေးသည် ယခင်ကထက် ပိုမိုအရေးကြီးလာကြောင်း ကိုဆီယာရာလီယွန် မြေပြိုမှုကြီးက သက်သေပြလိုက်ပြီဖြစ်သည်။ ဒေသတစ်ခုအတွင်း ရေကြီးမှုများ ဖြစ်ပွားပြီဆိုပါက ယင်းဖြစ်ရပ်များသည် အဆိုပါ ဒေသအတွင်းရှိ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးရလဒ်များကို ပြောင်းပြန် အခြေအနေအဖြစ်သို့ ပြောင်းလဲပစ်ရုံသာမက ဒေသတွင်းနေထိုင်သူ ဒေသခံထောင်ပေါင်းများစွာ သို့မဟုတ် သန်း ပေါင်းများစွာတို့၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်စေနိုင်သည့်အပြင် အခြေခံ အဆောက်အအုံများကိုပါ ပျက်စီးစေနိုင် သည်။

တခြားဆိုးကျိုးများမှာ နိုင်ငံတစ်နိုင်ငံအတွက် အဓိက နိုင်ငံခြားငွေ ရှာဖွေပေးနေသည့် ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်ရာနေရာများကို ပျက်စီးစေခြင်း၊ နိုင်ငံအတွင်းရှိ  စားသောက်ကုန် ထုတ်လုပ်မှုကို ရပ်တန့်ပစ်ခြင်းနှင့် စားသောက်ကုန် ထုတ်လုပ်မှု ရပ်တန့်ခြင်းတို့ကြောင့် စားသောက် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်း၊ ဒေသခံ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးရခြင်း၊ ထိုသို့ ဆုံးရှုံးမှုကြောင့် ပြည်သူများကြား ပဋိပက္ခများဖြစ်ပေါ်လာခြင်း စသည်တို့ပင်ဖြစ်သည်။

ဆီယာရာလီယွန်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုကို ကြည့်မည်ဆိုပါက တချို့က အစိုးရကို အပြစ်ဖို့ထားသည်။ အစိုးရ သည် မြို့တော်ဖရီးတောင်း၌ တရားမဝင် လုပ်ဆောင်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အရေး ယူဆောင်ရွက်ခြင်း မရှိဟုဆိုထားသည်။ မြေပြိုမှု၏ နောက်ဆက် တွဲအဖြစ် ဒေသခံများ လက်ရှိတွေ့ကြုံနေရ သည့် ဒုက္ခမှာ ဒေသတွင်းရှိ ရေအရင်းအမြစ်များ ညစ်ညမ်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြေပြိုမှုအတွင်း သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့များက မိုးရွာနေသည့်ကြားမှ အစုလိုက်သင်္ဂြိုဟ်ခဲ့ရသည်။ တချို့ရုပ်အလောင်းများမှာ မြေကြီးအတွင်း သုံးလေးရက်ကြာပြီးမှ ကယ်ဆယ်ရေးအဖွဲ့က ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။ ထို့ကြောင့် ရေမှတစ်ဆင့် ကူးစက် တတ်သည့် ရောဂါများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

ဆီယာရာလီယွန်နိုင်ငံသည် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် အီဘိုလာ ရောဂါပိုး ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် နာလန်ထူလာသည်မှာ သုံးနှစ်မျှသာရှိသေးသည်။ အီဘိုလာရောဂါကြောင့် နိုင်ငံအတွင်း လူပေါင်း ၄ဝဝဝ ကျော်သေ ဆုံးခဲ့ရသည်။ ယခုအခါ ယင်းနိုင်ငံသည် မြေပြိုမှုနှင့် ဆက်လက် တွေ့ကြုံနေရသည့်အပြင် ကူးစက်ရောဂါပိုး မဖြစ်ပွား စေရေး  ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် လိုအပ်နေသည်။

ထို့ပြင် အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် ဒေသခံများအတွက် နားခိုစရာ နေအိမ်နှင့် အဆောက်အအုံများ လိုအပ်လျက်ရှိသည်။ အိမ်နီးချင်း နိုင်ငံများဖြစ်ကြသည့် ဂါနာနှင့် နိုက်ဂျီးရီးယားတို့က တတ်စွမ်းသလောက် အကူ အညီများပေးလျက်ရှိ သည်။ ထို့ပြင် အတော် အတန်ကြွယ်ဝသည်ဟု ယူဆရသည့် အစ္စရေး၊ တူရကီနှင့် ကာတာတို့ကလည်း ဆီယာရာ လီယွန်ပြည်သူများအတွက်  လိုအပ်သည့် အကူအညီများ ပေးအပ်နေသည်ကို တွေ့ရသည်။

သို့ရာတွင် ဆီယာရာလီယွန်နိုင်ငံအနေဖြင့် ပြည်သူများ ဆက်လက်ရပ်တည်ရေး အတွက် အကူအညီများလိုအပ်နေ သော်လည်း ယင်းနိုင်ငံအတွက် လက်ရှိအဓိက လိုအပ်နေသော အကူအညီမှာ ပြောင်းလဲလာသည့် ရာသီဥတုကို ထိန်းချုပ်နိုင်ရေးအတွက် ဒေသတွင်း နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်ဟုဆိုနိုင်သည်။ ယင်းနိုင်ငံတွင် မိုး သည်းထန်စွာ ရွာသွန်းလာပါက တချို့တောင်စောင်းများ၌ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာတတ်သောကြောင့် အဆိုပါ ဒေသတွင်း နေထိုင်ကြသည့်  ပြည်သူများမှာ ကျီးလန့်စာ စားနေရသလိုဖြစ်နေသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဖြစ်ပွားခဲ့သော မြေပြိုမှုသည် ပြည်သူအများအပြား အိပ်မောကျနေချိန်တွင် ဖြစ်ပွားခြင်း ကြောင့်အန္တရာယ်မှ ရှောင်ရှားချိန်မရလိုက်ဘဲ လူအသေအပျောက် များပြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အာဖရိကဒေသအား ခြိမ်းခြောက်နေသည့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းချု ပ်နိုင်ရေးအတွက် ဒေသတွင်း နိုင်ငံများအနေဖြင့် ရေရှည်စီမံကိန်းများချမှတ်ကာ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။

ဇေယျဘုန်း Ref: Weather.com Aljazeera

Read 419 times
Rate this item
(0 votes)
Last modified on Saturday, 26 August 2017 10:52