×

Warning

JUser: :_load: Unable to load user with ID: 107
Print this page

အာကာသစစ်တပ် တည်ထောင်ရန် စိုင်းပြင်းနေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

Saturday, 04 August 2018 09:14 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်၌ နည်းပညာ ထွန်းကားလာသည့်နောက်ပိုင်း နည်းပညာအားကိုးဖြင့် ကုန်းမြေကို လည်းကောင်း၊ ရေပြင်ကိုလည်းကောင်း နယ်ပယ်ချဲ့ထွင်ကြသည်။ ယခုလက်လှမ်းမီ နေပြီဖြစ်သော အာကာသတွင်လည်း နယ်ချဲ့ရန် စိုင်းပြင်းနေကြပြီဖြစ်သည်။ အကယ်၍ အာကာသ၌ စစ်ပွဲဖြစ်ပွားခဲ့လျှင် လူသားတို့နေထိုင်စရာ ကမ္ဘာကြီးလည်း ဟောလီးဝုဒ် ဇာတ်လမ်းများထဲမှ စိတ်ကူးယဉ်သည့် ဇာတ်လမ်းအတိုင်း ဖြစ်လာမည် မဟုတ်ဘဲ ကျောက်ခေတ်သို့ ပြန်လည်ရောက်ရှိသွားပြီး လူနေမှုပုံစံများ ပြောင်းလဲသွားမည်ဖြစ်သည်။ သို့သော် လူတို့လိုအင်ဆန္ဒက ရလေလိုချင်လေ ဖြစ်သောကြောင့် ဩဇာအာဏာ ဆိုသည့်အရာ၏ လိုအင်ဆန္ဒကို မလိုက်လျောနိုင်ဘဲ ယခု ထရမ့်က အရည်အသွေးမြင့် အာကာသရုပ်ရှင်များ ထဲကအတိုင်း အာကာသ လွှမ်းမိုးရေးဆိုသည့် အိပ်မက်ကို မက်နေပြန်သည်။ တစ်ဖန် အာကာသထဲတွင် ၎င်းတို့စစ်တပ် ရှိမည်ဆိုလျှင် ကမ္ဘာ့မည်သည့် နေရာကိုမဆို သွားရောက်စစ်ချီရန် အမေရိကန်တို့ တွန့်ဆုတ်နေမည် မဟုတ်ဘဲ အမေရိကန် ဩဇာအာဏာသည် ထိပ်ဆုံးမှ ဦးဆောင်နေမည်ဖြစ်သည်။ ထရမ့်အမြင်၌လည်း အမေရိကန်ဩဇာ အာဏာကို မြှင့်တင်ရာတွင် စစ်ရေးအင်အားက အဓိက ကျသည်ဟု မြင်သည့်အတွက် ငွေကုန်ကြေးကျများသော အာကာသစစ်တပ် စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးစားနေခြင်းဖြစ်သည်။ လက်ရှိ အမေရိကန်တို့ အာကာသပေါ်သို့ ရောက်ရှိနေမှုက ကမ္ဘာ့ထိပ်ဆုံး၌ရှိနေပြီး ဝေဖန်မှုများအရ အမေရိကန်တို့တွင် အာကာသလျှို့ဝှက် စစ်တပ်များ ရှိနေသည်ဟုဆိုသည်။ ထိုစစ်တပ်များကို လေဆာလက်နက်များ တပ်ဆင်ပေးထားပြီး ၂၀၂၀ ပြည့်နှစ်ဝန်းကျင်ဆိုလျှင် ထိုလေဆာ လက်နက်များကို ကမ္ဘာမြေပြင်ပေါ်၌ပင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်သည်။ သို့သော် အာကာသထဲ၌ အမေရိကန်တို့ စောင့်ကြည့်မှုများအရ ပုံမှန်မဟုတ်သည့် ဂြိုဟ်တုများ၏ လှုပ်ရှားမှုကို ၂၀ဝ၆ ခုနှစ်က တွေ့ရှိခဲ့ရသည်။ တစ်နေရာချင်းစီမှလာပြီး ချိတ်ဆက်ကာ ဂြိုဟ်တုချင်း ဆက်သွယ်မှုက မယုံချင်စရာ ကောင်းလောက်အောင် မြန်ဆန်ပြီး တိကျလှသည်။ ထိုအတွက် တရားခံက အမေရိကန်တို့ထက်ပင် အာကာသတွင် ဝါရင့်သည်ဟု ဝေဖန်ခံထား ရသည့်ရုရှားဖြစ်သည်။ ထို့ကြောင့် အာကာသထဲရှိ ရုရှားဂြိုဟ်တုများနှင့် လှုပ်ရှားမှုများကို အမေရိကန်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ၎င်းတို့စိုးရိမ်ဆုံးက အာကာသ စစ်တပ်တစ်ခုကို ရုရှားတို့ အောင်မြင်စွာ တည်ထောင်သွားနိုင်မည့် အရေးဖြစ်သည်။ ယခုနောက်ပိုင်း တရုတ်တို့ကလည်း ထိုအာကာသ နည်းပညာပြိုင်ဆိုင်မှု နယ်ပယ်ထဲသို့ အင်အားကောင်းကောင်းနှင့် ရောက်ရှိလာခဲ့ကာ နှစ်ပေါင်း ၃၀ ကျော်ဆိုသည့် အတောအတွင်းမှာပင် အတော်ခရီး ရောက်နေသည်။ ထို့ကြောင့် အမေရိကန်အတွက် နောက်ပိုင်း လူသားတို့၏ ရည်မှန်းချက်ဖြစ်သည့် အာကာသ လွှမ်းမိုးရေးကို ရရှိရန်အတွက် အာကာသစစ်တပ် တည်ထောင်ရန် စိုင်းပြင်းနေခြင်းဖြစ်သည်။ ဇွန်လက ပင်တဂွန်၌ သမ္မတထရမ့် မိန့်ခွန်းပြောစဉ်က အာကာသစစ်တပ်ကို မကြာမီ အကောင်အထည်ဖော်ရန် အမိန့်ပေးခဲ့ပြီး ၎င်း၌လည်း ဖြစ်အောင်လုပ်နိုင်စွမ်းအား ရှိသည်ဟုဆိုသည်။ သို့သော် အာကာသကို စစ်တလင်းအဖြစ် ပြောင်းလဲမည့် ထိုစီမံကိန်းကို အာကာသနှင့် သက်ဆိုင်သည့် လူအများစုက လက်မခံနိုင်ပေ။ နည်းပညာအားကိုးနှင့် ရွာဖြစ်ခဲ့ရသော ကမ္ဘာကြီးက ပြန်လည်ချိတ်ဆက် မရနိုင်သည့် ကမ္ဘာကြီးဖြစ်သွားမည်ကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။ ၂၀၁၈ ခုနှစ် အစောပိုင်းက နည်းပညာ ကုမ္ပဏီ Apple က Application များမရှိလျှင် ဖြစ်လာနိုင်သော ကမ္ဘာ့အခြေအနေကို ဖန်တီးရိုက်ကူးခဲ့သည်။ ထိုကြော်ငြာကို လူအများစု သဘောကျ နှစ်သက်ကြသည်။ အကယ်၍ အာကာသစစ်ပွဲ ဖြစ်ပွားလျှင် ထိုထက်ပင်ဆိုးရွား လိမ့်ဦးမည်ဟု အာကာသ ပညာရှင်များကဆိုသည်။ ထရမ့်က ၎င်း၏စီမံကိန်းများကို စိတ်ကူးဖြင့် လုပ်ဆောင်နေကာ အာကာသ ပြိုင်ဆိုင်မှုသာ ယခုထက်ပိုမို ပြင်းထန်လာပါက ထိပ်တိုက် တွေ့ဆုံမှုများနှင့် စစ်ပွဲများက အာကာသထဲတွင် ထိန်းချုပ်မရအောင် ဖြစ်သွားတော့မည်ဖြစ်သည်။ လွန်ခဲ့သောနှစ် ၅၀ ကျော်က အာကာသထဲကို စူးစမ်းလေ့လာရန် မဖြစ်နိုင်သည့် အနေအထားဟု ဆိုရမည်ဖြစ်သည်။ သို့သော် အမေရိကန်သမ္မတဟောင်း ကနေဒီကအာကာသ မပြောနှင့် လကမ္ဘာကိုပင် ဆယ်စုနှစ်အတွင်း လူတို့ခြေချနိုင်ရမည်ဟု ဆိုသည်။ လူတိုင်းအဖို့ကတော့ ယုံတမ်းစကားတစ်ခု နားထောင်ရသကဲ့သို့ မယုံသည့်ဘက်က ပိုများနေခဲ့ကာ ဆယ်စုနှစ်တစ်စုပင် မပြည့်သေး။ ၁၉၆၉ ခုနှစ်တွင် အမေရိကန်အာကာသ ယာဉ်မှူးနှစ်ဦးက အမေရိကန်အလံကို ယူဆောင်ကာ လကမ္ဘာကို အောင်မြင်စွာ ခြေချနိုင်ခဲ့သည်။ ထိုစဉ်က သမ္မတဟောင်း ကနေဒီ မိန့်ခွန်းပြောစဉ် အာကာသနှင့် ပတ်သက်ပြီး စူးစမ်းလေ့လာမှု အတွေ့အကြုံသည် ၁၅ မိနစ်စာသာရှိသေးကာ ပြောသည့် အတိုင်းဖြစ်လာဖို့လည်း သိပ်မသေချာပေ။ သို့သော် မယုံနိုင်လောက်အောင် အာကာသ နည်းပညာက နှစ်အနည်းငယ်အတွင်း တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး အမေရိကန်ပြီးနောက် ရုရှားတို့ကလည်း ဂြိုဟ်တုများကို ဆက်တိုက်လွှတ်တင်ပြန်သည်။ ယခုဂြိုဟ်တုအတွဲလိုက် လွှတ်နေသူက တရုတ်ဖြစ်သည်။ တရုတ်တို့က လက်ရှိကမ္ဘာပတ်လမ်းကြောင်း၌ ရှိနေသော ဂြိုဟ်တုထဲတွင် ဒုတိယအများဆုံး ပိုင်ရှင်ဖြစ်ပြီး အမေရိကန်ကို ကျော်တက်ဖို့ပင် ကြိုးစားနေသည်။ ထို့ပြင် တရုတ်တို့သည် ကိုယ်ပိုင်အာကာသ စခန်းကိုပင် တည်ဆောက် ထားသေးသောကြောင့် တရုတ်တို့အာကာသ လုပ်ရပ်များက အနည်းငယ်စူးစမ်းရန် အလှမ်းဝေးနေသည်။ တရုတ်တို့ကလည်း အာကာသကို ရှေ့ရောက်ရန် ကြိုးစားရင်း အာကာသတွင် လက်နက်တပ်ဆင်နိုင်ရန် ကြိုးစားနေသည်။ လက်ရှိ အာကာသပြိုင်ဆိုင်မှုက အမေရိကန်၊ ရုရှားနှင့် တရုတ်တို့ဖြစ်ကာ မကြာခဏပင် အာကာသ၌ ၎င်းတို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာတော့မည်ဖြစ်သည်။ ထိုအခါ အာကာသစစ်ပွဲများကြောင့် ဂြိုဟ်တုဆက်သွယ်ရေးများ ပြတ်တောက်၊ ယခင်ကတည်းက ညစ်ညမ်းနေပြီဖြစ်သည့် အာကာသကလည်း လူများကို ဒုက္ခပေး၊ ကမ္ဘာ့အပူချိန်ကလည်း ပိုများလာ စသည်ဖြင့် ပူပင်စရာကများလှသည်။ ထို့ကြောင့် အာကာသကို စစ်တလင်းနယ်မြေအဖြစ် ပြောင်းလဲမှု မစတင်ဖို့ အာကာသ ပညာရှင်များက ထောက်ပြနေကြခြင်းဖြစ်သည်။ သို့သော် အမေရိကန် ပထမဆိုသည့် ထရမ့်၏ ရည်ရွယ်ချက်ကိုတော့ ၎င်းတို့မပြောင်းလဲနိုင်ပေ။ ထရမ့်က ၎င်း၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်ကိုပင် အဆိုတင်သွင်းထားခဲ့ပြီ ဖြစ်သည်။ လွှတ်တော်၌ ထရမ့်အဆိုကို မဆုံးဖြတ် ရသေးဘဲ စီးပွားရေးတိုးတက်မှု နှေးကွေးနေသော အမေရိကန်အတွက်ကတော့ ပြန်လည်သုံးသပ်စရာ များစွာရှိနေသည်။ ထရမ့်က သမ္မတဖြစ်ဖြစ်ချင်း ပထမဆုံးစစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ ကျော်မြှင့်တင်ခဲ့သည်။ ယခု အာကာသစစ်တပ်အတွက် ထပ်မံပြီးဘတ်ဂျက်တောင်းခံ ဦးမည်ဆိုသောအခါ စီးပွားရေးအရ အဆင်မပြေမှုများစွာဖြစ်လာနိုင်သည်။ ထိုအတွက်ကြောင့် လွှတ်တော်သို့ ထရမ့်တင်တားသည့် အာကာသ စစ်တပ်ထူထောင်ရေး အဆိုက အချိန်တိုအတွင်း ဖြစ်လာနိုင်ဦးမည် မဟုတ်ကြောင်း တင်ပြလိုက်ရပါသည်။

ရှိန်းထက်

Ref;BBC

Read 243 times
Rate this item
(0 votes)
Last modified on Saturday, 04 August 2018 09:14

Latest from