SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ စွမ်းအင်ကဏ္ဍဖြင့် သံတမန် ဆက်ဆံရေး တိုးချဲ့လာသည့် အိန္ဒိယ

Sunday, 05 August 2018 11:16 Written by  font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံသည် တောင်အာရှနိုင်ငံများကို စွမ်းအင်ကဏ္ဍဖြင့် ချိတ်ဆက်ရန် စီမံကိန်း ကြီးတစ်ရပ်ရေးဆွဲထားသည်။ ထိုစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယကုမ္ပဏီများက ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံတို့တွင် သဘာဝဓာတ်ငွေ့ရည်(LNG) သွင်းကုန် ဆိပ်ကမ်းများ တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

ယခုအခါ အိန္ဒိယအစိုးရသည် ၄င်း၏ အိမ်နီးချင်းနိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည့်  မြန်မာနိုင်ငံတွင်လည်း  LNG သွင်းကုန် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် စီစဉ်နေကြောင်း အိန္ဒိယရေနံဝန်ကြီး ဒါမန်ဒရာပရာဒန်က သြဂုတ် ၃ ရက်တွင် အတိ အလင်း ပြောဆိုလိုက်ပြီဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်နိုင်စွမ်းအပေါ် သုံးသပ်ခြင်း ခေါင်းစဉ်ဖြင့် ပြုလုပ်သည့်ဆွေးနွေးပွဲတစ်ခုတွင် ဒါမန်ဒရာပရာဒန်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။ အာသံပြည်နယ်ရှိ နူမာလီဂါရေနံချက် စက်ရုံလီမိတက် (NRL) က မြန်မာနိုင်ငံရှိ ဒီဇယ်လောင်စာဆီ ဈေးကွက်သို့ဝင်နိုင်ရေး လေ့လာနေကာ လောင်စာဆီသိုလှောင်ရေးနှင့်ဖြန့်ဖြူးရေး ကဏ္ဍတွင် ပါဝင်နိုင်ရန် သုံးသပ်နေသည်။အိန္ဒိယရေနံ ကော်ပိုရေးရှင်း (IOC) က မြန်မာကုမ္ပဏီများနှင့် ပူးပေါင်း၍ ရေနံဓာတ်ငွေ့ရည် သိုလှောင်ရုံများ တည်ဆောက်ရန် လုပ်ဆောင်နေသည်။အလားတူ ပီထရိုနတ်သဘာဝ ဓာတ်ငွေ့ရည်ကုမ္ပဏီက မြန်မာနိုင်ငံ၌သဘာဝဓာတ်ငွေ့ရည်သွင်းကုန် ဆိပ်ကမ်း တစ်ခု တည်ဆောက်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

အိန္ဒိယကုမ္ပဏီများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများသွယ်တန်း ချိတ်ဆက်ရန်နှင့် ဒီဇယ်ကို ပိုက်လိုင်းများမှ တစ်ဆင့်တင်ပို့နိုင်ရန် လုပ်ဆောင်နေဆဲဖြစ် သည်။ လက်ရှိတွင် အာသံပြည်နယ်ရှိ ဆီလီဂူရီမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါဘက်တီပူရ အထိ မီးရထားဖြင့် ဒီဇယ်များကိုတင်ပို့နေ ခြင်းဖြစ်ပြီး  အရှည်ကီလိုမီတာ ၁၃ဝ ရှိ ပိုက်လိုင်းကိုတည်ဆောက်နေဆဲဖြစ်သည်။

ထို့ပြင် အိန္ဒိယကုမ္ပဏီများသည် အိန္ဒိယ ရှိဓာတ်ငွေ့ပိုက်လိုင်းများနှင့် ဘင်္ဂလားဒေ့ရှ် ဓာတ်ငွေ့ပိုက်လိုင်းတို့ချိတ်ဆက်ကာ ခူနာ ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ဓာတ်ငွေ့ကိုထောက်ပံ့ပေးနိုင်ရေး လုပ်ဆောင်နေသည်။

ပီထရိုနတ်ကုမ္ပဏီကလည်း ဘင်္ဂလားဒေ့ရှ် ၌ တစ်နှစ်လျှင်တန်ချိန် ခုနစ်သန်းခွဲလက်ခံနိုင်မည့်   သဘာဝဓာတ်ငွေ့ရည်သွင်းကုန် ဆိပ်ကမ်းတည်ဆောက်ရန် စီစဉ်နေသည်။ထိုကဲ့သို့ လုပ်ဆောင်နေမှုများသည် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုအတွက် စံထားထိုက်သော လုပ်ဆောင်မှုဖြစ်လာမည်ဟု ဒါမန်ဒရာပရာဒန်ကဆိုသည်။

သီရိလင်္ကာနိုင်ငံတွင်မူ အိန္ဒိယကုမ္ပဏီများက ရေနံသိုလှောင်ကန်များ တည်ဆောက်ရေး စီမံကိန်းကို သီရိလင်္ကာအစိုးရနှင့် ပူးတွဲ၍ အကောင်အထည်ဖော်နေသည်။ထို့ပြင် ကိုလံဘိုမြို့အနီး၌ ၅ဝဝ မဂ္ဂါဝပ်ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေး စက်ရုံနှင့် သဘာဝဓာတ်ငွေ့ရည် သွင်းကုန်ဆိပ်ကမ်းတည်ဆောက်ရန် လုပ်ဆောင်နေသည်။အလားတူ ဓာတ်ငွေ့ဖြန့်ဖြူးရေးနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး တို့တွင် လည်းပါဝင်နိုင်ရန်   အိန္ဒိယကုမ္ပဏီများက ကြိုးပမ်းနေသည်။

IOC ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် ICO Lanka သည် သီရိလင်္ကာနိုင်ငံရှိ လောင်စာ ဆီဈေးကွက်ဝေစု၏ ၄၃ ဒသမ ၅ ရာခိုင်နှုန်း ကိုပိုင်ဆိုင်ထားသည်။ ထို့ပြင် ၅ဝ မဂ္ဂါဝပ် ထွက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ် အားပေးစက်ရုံကို ဆမ်ပူရမြို့၌ တည်ဆောက်နိုင်ရန် အိန္ဒိယကုမ္ပဏီများကလုပ်ဆောင်နေ ကြောင်း ဒါမန်ဒရာပရာဒန်က ပြောသည်။

နီပေါနိုင်ငံတွင်မူ ထိုနိုင်ငံအတွက် လိုအပ်သည့် ရေနံထွက်ကုန်များအားလုံးကို အိန္ဒိယ ကကုန်တင်ကားများဖြင့်တင်ပို့နေသည်။ ရေနံတင်ပို့ရန်အတွက် ပိုက်လိုင်းများကိုလည်း တည်ဆောက်နေဆဲဖြစ်သည်။ထို့ပြင်ရေနံ ဓာတ်ငွေ့ရည်နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ရန်လည်း အိန္ဒိယက နီပေါအစိုးရနှင့် ဆွေးနွေးနေသည်။

မောရစ်ရှနိုင်ငံအတွက် လိုအပ်သော စွမ်းအင်ထုတ်ကုန်များ အားလုံးကို အိန္ဒိယနိုင်ငံက ထောက်ပံ့ပေးနေရခြင်းဖြစ်သည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ဗီယက်နမ်၊ အာရပ်စော် ဘွားများပြည်ထောင်စု၊ အိုမန်နိုင်ငံတို့နှင့်ပူး ပေါင်းကာ ရေနံနှင့်ဓာတ်ငွေ့ထုတ်လုပ်ရန် အတွက် လုပ်ဆောင်နေသည်။

အိန္ဒိယနိုင်ငံ၏ ၂ဝ၃ဝ ပြည့်နှစ် ဟိုက်ဒရို ကာဗွန်ရည်မှန်းချက်အရ   မြန်မာနိုင်ငံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို နူမာလီဂါမှ စစ်တွေမြို့အထိ အဆင့်ဆင့်သွယ်တန်းရန် အိန္ဒိယအစိုးရကမျှော်မှန်းထားသည်။ထိုဓာတ်ငွေ့ပိုက်လိုင်းသည် အနာဂတ်တွင် အပြန် အလှန်ဓာတ်ငွေ့ လဲလှယ်မှုနှင့် ဓာတ်ငွေ့ကွန်ရက် စနစ်အချင်းချင်း ချိတ်ဆက်မှုတို့အတွက် ဖြစ်လာနိုင်သည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်သံတမန် ဆက်ဆံရေးကို စွမ်းအင်ကဏ္ဍဖြင့်တိုးချဲ့လာ နေသည်ကိုတွေ့ရသည်။ထိုသို့ တိုးချဲ့လာမှု ကြောင့်လည်း ၄င်း၏အိမ်နီးချင်းနိုင်ငံများမှာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအဖြစ်သို့ ရောက် ရှိလာနိုင်မည်ဖြစ်သည်။

Ref: Financial Express

Read 222 times
Rate this item
(0 votes)