SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ပြီးဆုံးရန် နီးစပ်လာသည့် မာရာဝီ တိုက်ပွဲနှင့် အင်အား ချည့်နဲ့လာသည့် အစ္စလာမ် မစ်စစ် သွေးကြွ အဖွဲ့

Monday, 04 September 2017 12:01 Written by  font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင် အစိုးရတပ်များသည် မော့စစ်သွေးကြွများ  သိမ်းပိုက်ထားသည့်မာရာဝီမြို့အား

ပြန်လည် သိမ်းပိုက်နိုင်ရေး အတွက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်သွေးကြွများ အကျအဆုံး ပိုမိုများပြားလာသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်တွင်လည်း ထိခိုက်ဒဏ် ရာရရှိ သူဦး ရေ မြင့် တက်လာသည်ကိုတွေ့ရသည်။

အစိုးရ တပ်များသည်  မာရာဝီမြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ရန် စိတ်အားထက်သန်နေပြီး မြို့ အတွင်း ဆက်လက် ခုခံ တိုက်ခိုက်နေကာ အရပ်သားများကို ဓားစာခံ အဖြစ် ဖမ်း ဆီး ထား သည့်လက်ကျန်စစ်သွေးကြွများကို အပြီးသတ်ချေမှုန်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အစိုးရတပ်များနှင့် စစ်သွေးကြွများကြား  ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲတွင်  အစိုး ရတပ်မှ စစ်သည်အနည်းဆုံးသုံးဦးထပ်မံသေဆုံးပြီး တခြား ၅၂ ဦး  ဒဏ်ရာရရှိ သွား သည်ဟု စက်တင်ဘာ ၁ ရက်တွင် ဖိလစ်ပိုင်စစ်ဘက်က အတည်ပြုထုတ်ပြန်ထားသည်။

သို့သော် စစ်သွေးကြွများဘက်မှ ထိခိုက်သေဆုံးစာရင်းကိုအတိအကျထုတ်ပြန် ထားခြင်း မရှိပေ။

အစိုးရတပ်မှ   စစ်သည်များ  ထိခိုက်ကျဆုံးမှုမြင့်တက်လာရသည့် အကြောင်းရင်းတစ်ရပ်မှာ  မြို့ အတွင်းရှိ စစ်သွေးကြွများသည်   ၎င်းတို့ အတွက်စစ်ရေးအရ   အသာစီး ရရှိနိုင် သည့်နေ ရာများ၌ ခို လှုံနေပြီး ထိုးစစ်ဆင်ရန် ရှေ့တိုးလာသည့်စစ်သည်များကို  ပစ်ခတ် တိုက် ခိုက်နိုင်ခြင်းကြောင့်ဖြစ်သည်ဟုဆိုနိုင်သည်။

အစိုးရတပ်များသည် တိုက်ပွဲစတင်သည့်အစောပိုင်းတွင် စစ်လေယာဉ်များအသုံးပြု၍ လေ ကြောင်းမှ   ဗုံးကြဲတိုက်ခိုက်နိုင်သော်လည်း  ယခုအခါ   အခြေအနေမှာပြောင်းလဲလာသည်။ စစ် သွေးကြွ များသည် ဗလီကြီးတစ်ခုအတွင်း၌  ခိုလှုံနေပြီး တိုက်ခိုက်မှုများကိုလုပ် ဆောင် နေသောကြောင့် အစိုးရတပ်များအနေဖြင့် လေကြောင်းတိုက်ခိုက်ရန်  အခွင့်မသာ ဘဲ အ ခက် အ ခဲနှင့် ရင် ဆိုင်နေရသည်ဟုဆိုနိုင်သည်။

ထို့ပြင်  စစ်သွေးကြွများသည် ဓားစာခံများကို လူသားဒိုင်းများ အဖြစ်အသုံးပြုနေခြင်းကြောင့် စစ် သွေးကြွ များကို ပစ်မှတ်ထားသည့်အပေါ် လက်လွတ်စပယ်တိုက်ခိုက်ရန်လည်း မဖြစ်နိုင် ပေ။ သို့ ရာတွင် မာရာဝီမြို့ကို အစိုးရတပ်များက ဝန်းရံပိတ်ဆို့ထားသည့်အချိန်ကာလ ကြာ လာ သည်နှင့်အမျှလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အားသာ ချက်များ ထွက် ပေါ်လာ သည် ကိုတွေ့ ရ သည်။

ယင်းမှာ  မြို့အတွင်း ခံစစ်ဆင်နွှဲနေသည့် စစ်သွေးကြွအဖွဲ့တွင် စားနပ်ရိက္ခာနှင့်လက်နက် ခဲယမ်း များ  တစ်စတစ်စလျော့နည်းလာပြီဖြစ်ရာ ¤င်းတို့အနေဖြင့် ဆက်လက်ရပ်တည်ရန် ရုန်း ကန် ရလျက်ရှိသည်။ တိုက်ပွဲများသည် သြဂုတ် ၃၁ ရက်တွင် တစ်နေ့လုံး လိုလိုဖြစ် ပွား ခဲ့ပြီး   နှစ်ဖက်တပ်များသည် အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်။

စင်စစ်တွင် တိုက်ပွဲများသည် အစိုးရတပ်များနှင့်စစ်သွေးကြွများကြား တစ်နေရာ တည်း၌ မ ဟုတ်ဘဲ နေရာပေါင်းစုံ၌   ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်စစ်ဘက်မှ အဆင့်မြင့် အရာ ရှိကြီး တစ်ဦး ကပြောသည်။

မြို့အတွင်းရှိ လက်ကျန်စစ်သွေးကြွများ၏ ရုန်းကန်နေရသည့်အခက်အခဲကြောင့် သုံးလ ကျော်ကြာမြင့် နေပြီဖြစ်သည့် တိုက်ပွဲမှာ မကြာမီပြီးဆုံးတော့မည့်အလားအလာရှိသည်ဟု ရာနာ အို အထူး တပ်ဖွဲ့မှ ဒုတိယတပ်မှူးဗိုလ်မှူးကြီးရိုမီယိုဘရောင်းနားကပြောကြားသည်။

တစ်ချိန်တည်းမှာပင် စစ်သွေးကြွများ၏ခံစစ်အင်အားသည်ချည့်နဲ့လာပြီး ၎င်းတို့မှာ လက်ရှိတွင် အစိုး ရ တပ်များ၏ ဝန်းရံပိတ်ဆို့၍ တိုက်ခိုက်ခြင်းကို ခံနေရသည့် အခြေ အနေတွင် ရှိနေသည်။

သို့ရာတွင် စစ်သွေးကြွများသည် ၎င်းတို့ဖမ်းဆီးထားသည့်ဓားစာခံများကို လူသား ဒိုင်းအဖြစ်ဆက် လက်အသုံးပြု၍ အစိုးရတပ်များ၏ တိုက်ခိုက်မှု အရှိန်ကို ထိန်းချုပ် ဟန့်တား ရန်ကြိုး ပမ်းနေ သည်။

ထို့ကြောင့်  အစိုးရတပ်များ အနေဖြင့်စစ် သွေးကြွများကို အပြီးသတ် ချေမှုန်းပစ် မည့်နောက် ဆုံးထိုး စစ်ကို ဆင်နွှဲရန်အခက်အခဲနှင့်ရင်ဆိုင်ရလျက်ရှိသည်။ အစိုးရတပ်များသည် ယခုအခါ တိုက် ပွဲဖြစ်ပွားရာနေရာ အနီးတစ်ဝိုက်၌   မြေပြင်တပ်ဖွဲ့များကိုဂရုတစိုက်ဖြင့်  ထပ်မံအားဖြည့် ထားသည်။

အဓိကရည်ရွယ်ချက်မှာ စစ်သွေးကြွ ခေါင်းဆောင် အစ္စနီလွန်ဟာပီလွန် အပါအဝင် စစ် သွေးကြွအဖွဲ့ဝင်တစ်ဦး တစ်ယောက်မျှ စစ်ဘက်၏ ဝန်းရံထားခြင်းမှ  လွတ်မြောက် သွားခြင်း မရှိစေ ရန် ဆောင်ရွက်ထားခြင်းဖြစ်သည်။

ထို့ပြင် လာနာအိုရေကန်အနီးရှိ မြို့များမှ အာဏာပိုင်များကလည်း မာရာဝီမြို့ရှိ စစ်သွေးကြွ များက    အစိုးရ တပ်များ၏ လက်မှ   လွတ်မြောက်သွားခြင်းမရှိစေရန်အစိုး ရ တပ်များကို အကူ အညီပေး လျက် ရှိသည်။ တစ်ချိန်တည်းမှာပင် လုံခြုံရေးတပ်များအတွက် အထူးသတိထားစရာ အခြေအနေများလည်း  ထွက်ပေါ်လာသည်ကိုတွေ့ရသည်။ သတိထားစရာ အခြေ အနေမှာ စစ်သွေးကြွ အဖွဲ့ကို ထောက်ခံသူများကတိုက်ပွဲဖြစ်ပွားရာနေရာရှိ စစ်သွေးကြွအဖွဲ့နှင့် သွား ရောက်ပူးပေါင်းရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်။ အစိုးရတပ် များ ၏ ဝန်းရံ ပိတ် ဆို့ ထားမှုကြောင့် မာရာဝီမြို့အတွင်းမှစစ်သွေးကြွများအနေဖြင့်မြို့အတွင်းမှ ထွက်ပြေး လွတ်မြောက်နိုင်ခြင်းမရှိသလို ပြင်ပမှစစ်သွေးကြွများအနေဖြင့်မြို့ အတွင်းသို့   ဝင် ရောက်၍  စစ်သွေးကြွ  များနှင့်  ပူးပေါင်းရန်   မဖြစ်နိုင်ချေ။

ထို့ကြောင့် စစ်သွေးကြွ အဖွဲ့ကို  ထောက်ခံသူများသည် မြို့အတွင်းရှိ အဓိကစစ်ပွဲဖြစ်ရာ နေရာ သို့ သွားရောက်ရန် ရေကန်၏ တစ်ဖက်ကမ်းမှ တခြားတစ်ဖက်သို့ တစ်ခေါက်လျှင်ပီဆို ၅ဝဝဝဝ ပေး၍ လှေကို ငှားရမ်းလျက်ရှိသည်။ သို့ရာတွင် လာနာအိုရေကန်အနီးရှိမြို့များမှ မြို့ တော်ဝန်များက မည်သည့်လှေမျှတိုက်ပွဲဖြစ်ရာဒေသသို့ သွားရောက်ခြင်းမပြုရန် တားမြစ် ထားခြင်း ကြောင့် သာ တော်တော့သည်။ သို့မဟုတ် မာရာဝီတိုက်ပွဲသည် ခန့်မှန်း ထားသည်ထက်  ပိုမိုကြာမြင့်လာဖွယ်ရှိပြီး အပျက် အစီးနှင့် အသေအပျောက်နှုန်းမှာလည်း ပိုမိုမြင့်တက် လာ နိုင် သည်။

မာရာဝီမြို့တိုက်ပွဲ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ယခုအချိန်ထိ အစိုးရတပ်မှ ကျဆုံးသူ စစ်သည်ဦးရေမှာ ၁၃၆ ဦးရှိပြီဖြစ်သည်။ဖိလစ်ပိုင်အစိုးရတပ်များက အစ္စလာမ်မစ် စစ်သွေးကြွများ နှင့်  တိုက် ခိုက်နေစဉ် ပြည်ပနိုင်ငံများကလည်း ဖိလစ်ပိုင်အား အကူအညီများ  ပေးအပ်လျက် ရှိသည်ကို တွေ့ရသည်။ အကူအညီပေးအပ်နေသည့်သို့မဟုတ် အကူအညီပေးအပ်ရန် ကမ်းလှမ်း သည့် နိုင် ငံများတွင် ဖိလစ်ပိုင်၏ မဟာမိတ်နိုင်ငံများအပြင် ဒေသ တွင်း နိုင်ငံများ လည်းပါဝင်နေသည်။

ထို့ကြောင့်ဖိလစ်ပိုင်အစိုးရတပ်များအနေဖြင့် ရရှိလာမည့် အကူအညီများကို ကောင်းစွာ အသုံး ချပြီးစားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် လူအင်အား ချည့်နဲ့လာသည့် စစ်သွေးကြွများ၏ အခြေ အနေ ပေါ် အခွင့်ကောင်းယူ၍ တိုက်ခိုက်ကာ မာရာဝီမြို့ကို အမြန်ဆုံးသိမ်း ပိုက်နိုင်ခြင်း ရှိ၊ မရှိ စိတ်ဝင်တစားစောင့်ကြည့်ရမည်ဖြစ်သည်။

Read 450 times
Rate this item
(0 votes)
Last modified on Monday, 04 September 2017 12:08

Latest from