SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တင်းမာမှုများရှိနေသည့် ဗြိတိန်နှင့် ဥရောပသမဂ္ဂနိုင်ငံများကြားက Brexit ပြဿနာ

Tuesday, 05 September 2017 09:44 Written by  font size decrease font size decrease font size increase font size increase font size

၁၉ ၇ ၃ ခုနှစ်တွင် ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ပြီး၁၉၇၅ခုနှစ်တွင် တင်းပြည့် ကျပ်ပြည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်သော ဗြိတိန်၏ ဥရောပသမဂ္ဂ အဖွဲ့ဝင်သက် တမ်းက

နှစ်ပေါင်း ၄ဝ ကျော်ကာလသာကြာရှည်ခဲ့သည်။ ဗြိတိန်သည် ဥရောပသမဂ္ဂ သို့ဝင် ရောက်ရန် ၁၉၆၃ ခုနှစ်ကတည်းက စတင်ကြိုးပမ်းခဲ့ပြီး ၁၉၆၇ခုနှစ် ပြင်သစ်သမ္မတ ချားလ်စ်ဒီ ဂေါ၏ ထောက်ခံမဲနှင့် ဥရောပသမဂ္ဂအဖွင့်မဲကို စတင်ရရှိကာ အဆင့်ဆင့်ဆွေးနွေးပြီးနောက် ၁၉၇၅ ခုနှစ် တွင် တရားဝင်အဖွဲ့ဝင်ဖြစ် လာခြင်းဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့်အလျောက် ဥရောပသမဂ္ဂအဖွဲ့တွင်ခြေချပြီးသည်နှင့် အဓိကအခန်း ကဏ္ဍ များကိုပြင်သစ်နှင့်အပြိုင်နေရာယူနိုင်ခဲ့ပြီး မြို့တော် လန်ဒန်ဆိုလျှင် ဥရောပသမဂ္ဂနိုင်ငံများ ၏မြို့တော်အဖြစ် ပဲရစ်နှင့်အပြိုင် တာဝန်ထမ်းဆောင်ရသည့်နေရာဖြစ်လာသည်။ ကုန်ထုတ်လုပ်မှုတန်ဖိုး၊ ကုန်သွယ်ရေးမှအစဥရောပသမဂ္ဂတွင် ဗြိတိန်က ယခုအချိန်ထိ အဓိ ကနေရာများ ကိုယူ ထားပြီး ထွက်လာရန်အကြောင်းဖန်သည့်အချိန်မှာ ၂ဝ၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ၏ စီးပွားရေးအသိုက်အဝန်းတည်ငြိမ်သည်မှာ မှန်သော်လည်း ဗြိတိန်၏စီး ပွားရေးသည်၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းတွင် သိသိသာသာတိုးတက်လာခြင်းမရှိဘဲ စီးပွားရေး တိုး တက်မှုနှုန်း ကလည်း ၃ရာခိုင်နှုန်းပင်မပြည့်တော့ပေ။ ထိုအချိန်တွင် အမေ ရိကန်ကဲ့ သို့နိုင် ငံမျိုးတွင် စီးပွားရေးတိုးတက်မှုနှုန်းက၃ ရာခိုင်နှုန်းနှင့်အထက်ရှိခဲ့သည်။အဆိုးရွားဆုံးက ၂ဝ၁၅ ခုနှစ် တွင်ဖြစ်သည်။၂ဝ၁၄ ခုနှစ်က စီးပွားရေးတိုးတက်မှုနှုန်း၂ ဒသမ ၉ ရာခိုင်နှုန်းမှ ၂ ဒသမ ၂ ရာခိုင်နှုန်း သို့ အောက်ဆုံးအထိထိုးကျသွားပြီး ထိုအချက်က၂ဝ၁၆ ခုနှစ်တွင် ဗြိတိန်အား ဥရောပ သမဂ္ဂမှခွဲထွက်ရန် အဓိကအကြောင်းဖန်လာခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ၏မူဝါဒက ဝေစားမျှစားဖြစ်ကာ ပြည်ပနှင့် ကုန်သွယ်ခဲ့လျှင်လည်း အဖွဲ့ဝင်နိုင်ငံများအားလုံးက အချိုး ကျနှင့် ကုန် သွယ် ရသည်။

ထို့ကြောင့် ကုန်သွယ်ခွင့်ရရှိသည့်နိုင်ငံဆိုလျှင် ဥရောပသမဂ္ဂဈေးကွက်ကြီးကြောင့် အမြတ် အစွန်း များစွာရပြီးနိုင်ငံတိုင်း၏မျက်စိကျခြင်းကိုခံရသည်။ သို့သော် ထိုအထဲတွင် ဥရောပသမ ဂ္ဂစီးပွား ရေးကို အဓိကနေရာယူထားရပြီးစီးပွားရေးတိုးတက်မှုနည်းနေသည့် ဗြိတိန်က ထိုအချိုးကျမျှဝေရေးစီးပွားရေးမူဝါဒကြောင့် သူ့နိုင်ငံစီးပွားရေး ကို အဓိကပြဿနာဖြစ် စေသည် ဟုထင်မြင် လာသည် ထို့ကြောင့် ဥရောပသမဂ္ဂမှခွဲထွက်ရေး ဗြိတိန်တွင်နာမည်ကြီးလာပြီး ၂ဝ၁၆ ခုနှစ် ဇွန်လတွင် လူထုဆန္ဒခံယူပွဲကို ကျင်းပခဲ့သည်။ ၅၁ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ခွဲထွက်ရေး ဘက်က အားသာခဲ့ပြီး ထရီစာမေကဝန်ကြီးချုပ်ဖြစ်လာကာ ဒေးဗစ်ကင်မရွန်းလည်းဝန်ကြီးချုပ်သက်တမ်းမစေ့မီ တာဝန်မှနုတ်ထွက်ခဲ့ရသည်။

ယခု ဗြိတိန်အတွက် အဓိကပြဿနာများရှိနေသည်။ဥရောပသမဂ္ဂကို ခွဲထွက်မှုကြောင့် လျော် ကြေးပေးဆောင်ရေးကိစ္စ၊ ကုန်သွယ်ရေးပြဿနာနှင့် စကော့တလန်၏ အဓိကစီးပွားရေး ယ မ ကာ လုပ်ငန်းဖြစ်သည်။ လျော်ကြေးကိစ္စကို ဗြိတိန်က သူတို့သတ်မှတ်ချက်အတိုင်းသာ ပေးမည်ဟုဆို ထားပြီး ကုန်သွယ်ရေးအားလုံးကို ဥရောပသမဂ္ဂက ပိတ်ပစ်မည်ဆိုလျှင် ဥရောပ သမဂ္ဂဈေး ကွက်ကို အထိနာစေမည့်စီမံကိန်းများ အကောင်အထည်ဖော်မည်ဟုဆိုသည်။ထို့ပြင် ဥရောပသမဂ္ဂမှာတုန်းက လွတ်လပ်စွာတင်ပို့ခွင့်ရှိခဲ့သည့် စကော့တလန်၏ ယမကာ လုပ်ငန်းလည်း အကြီး အကျယ်ထိခိုက်မည်မှာကျိန်းသေသည်။

ဥရောပသမဂ္ဂနိုင်ငံများထဲသို့ နောက်ပိုင်း တင်ပို့လျှင် အခွန်အခများစွာ ပေးဆောင်ရမည်ဖြစ်ပြီး ယမ ကာလုပ်ငန်းရှင်များအတွက် နောက်ပိုင်းဒေါ်လာသန်းရာချီပိုမိုကုန်ကျရမည်ဖြစ်သည်။

ထိုအချက်ကိုကာမိစေရန် ကုန်သွယ်ရေးကိစ္စကိုဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ အသည်းအသန် ဆွေးနွေး နေခြင်းဖြစ်သည်။ ပြဿနာကလည်း ထိုနေရာတွင်စသည်။ဥရောပသမဂ္ဂကလည်း အလျှော့မပေး။ ယခု ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ Brexit ဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်က စတင် ကာ ဘရပ်စ်ဆဲလ်မြို့၌ကျင်းပခဲ့ပြီးယမန် နေ့က ဆွေးနွေးပွဲပြီးသွားသည်။

သို့သော်လည်း နှစ်ဖက်စလုံးက တင်းမာသည့်အနေအထားများကြောင့် မည်သည့်သဘောတူ ညီချက်မျှ မရရှိဘဲ အဓိကကျသည့်အချက်ဆို၍ တစ်ချက်မှပင်သဘောတူညီမှုမရရှိခဲ့ပေ။ နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အပြစ်တင်နေကြပြီး ဗြိတိန်၏ Brexit အတွက် အဓိကဦးဆောင်စေ့စပ်ညှိနှိုင်းသူဒေးဗစ်ဒါဗစ်က ဥရောပသမဂ္ဂအနေဖြင့် ပျော့ပျောင်း

သည့်မူဝါဒများကို ကိုင်ဆောင်ထားသင့်သည်ဟု ဝေဖန်ထားကာ ဥရောပသမဂ္ဂ၏ အဓိကစေ့ စပ်ညှိ နှိုင်းရေးမှူးမိုက်ကယ်ဘာနီယာကလည်း ဗြိတိန်နှင့် ယခုအတိုင်း တရားသေ ဆက် သွားလျှင် ကောင်းမွန်သောသဘောတူညီချက်တစ်စုံတစ်ရာရရှိရန် ရှည်လျားသည့်ခရီးရှည် ကြီးတစ်ခု ကိုဖြတ် သန်းရဦးမည်ဟုဆိုခဲ့သည်။

ဗြိတိန်က မြနထငအ အတွက် နောက်ဆုံးအချိန်ကို၂ဝ၁၉ ခုနှစ်အထိ နှစ်နှစ်သတ်မှတ်ထားပြီး ထိုအတောအတွင်း ဥရောပသမဂ္ဂနှင့် ဗြိတိန်ပတ်သက်သမျှအားလုံး ကိုစာရင်းရှင်း ရမည်ဖြစ် သည်။ ဥရောပသမဂ္ဂမှထွက်ပြီးဗြိတိန်၏ ယခုကုန်သွယ်ရေးအဓိကမဟာမိတ်က တရုတ် ဖြစ်လာမည်ဖြစ်သည်။ Brexit ရိုက်ခတ်မှုကြောင့် ဗြိတိန်၏ဥရောပ သမဂ္ဂအဖွဲ့ ဝင်နိုင် ငံများနှင့် ကုန်သွယ်မှုသိသိသာသာကျဆင်းလာပြီး ယင်းအတွက်ကြောင့် တရုတ်နှင့်ကုန်သွယ် ရေးကိုဗြိ တိန်အစိုးရပိုမိုမြှင့်တင်လာခြင်းဖြစ်သည်။ ဗြိတိန်၏အဓိကကုန်သွယ်ဘက်သည် အမေရိကန်ဒေါ် လာ ၉ဝ ဘီလီယံကျော်နှင့် ဂျာမနီဖြစ်သည်။ ယခု ဂျာမနီနောက်မှ အမေရိ ကန်ဒေါ်လာ၆ဝ ဘီလီယံကျော်ဖြင့် အနောက်က ဒုတိယလိုက်လာသူက တရုတ်ဖြစ်သည်။ အမေရိကန်က ၄ဝ ဘီလီ ယံကျော်ဖြင့် တတိယနေရာဖြစ်သည်။

မြနထငအ ကြောင့် နောက်ပိုင်းတွင် တရုတ်သည် အမေရိကန်ကို ဗြိတိန်နှင့်ကုန် သွယ်ရေး ပိုင်းတွင် ပိုမိုနောက်ကျကျန်စေမည်ဖြစ်ကာ ပထမကုန်သွယ်ရေးနိုင်ငံဂျာမနီကိုပင် ကျော်တက် လာ မည်ဖြစ်သည်။ တရုတ်၏ ပိုးလမ်းမကုန်သွယ်ရေးလမ်းကြောင်းက ရုရှားကိုဖြတ်ပြီး ယခုဗြိ တိန် သို့ပင် စောစီးစွာရောက်ရှိနေပြီဖြစ်ပြီးလစဉ်ကုန်သွယ်ရေးတန်ဖိုး ရာချီမြင့်တက်လာသော

ကြောင့်ဖြစ်သည်။

အမေရိကန်နှင့် ကုန်သွယ်ရေးကတော့ သိသိသာသာတိုးတက်လာမည်မဟုတ်ဘဲ သမ္မတ ထရမ့် တက်လာသောကြောင့် ပို၍ပင်ဆိုးနေသေးသည်။ ထို့ကြောင့် ဗြိတိန်၏အာရုံက တရုတ် ဘက် ဆီသို့ အလုံးစုံကျရောက်သွားခြင်းဖြစ်သည်။ ဗြိတိန်က ဥရောပသမဂ္ဂမှ ထွက်သွားသော

ကြောင့် သူကိုယ်တိုင်သာမက ဥရောပသမဂ္ဂပါ စီးပွားရေးအကြီးအကျယ်လှုပ်ခတ်သွားပြီး ထိုကြား ထဲ မဖြေရှင်းနိုင်သေးသည့် ရွှေ့ပြောင်းဒုက္ခသည်ပြဿနာက ရှိနေသေးသောကြောင့် ဥရောပသ မဂ္ဂအနေဖြင့် ကုန်သွယ်ရေးနှင့် လျော်ကြေးငွေကို ဗြိတိန်အား အလျှော့မပေး နိုင်သေး သောကြောင့်ဖြစ်သည်။

ယခု ဥရောပသမဂ္ဂက ဘီလီယံနှင့်ချီ၍ တူရကီကိုထောက်ပံ့ပေးနေရသည့်ပြဿနာကလည်း ရှိနေသေးသည်။ တူရကီကလက်ခံထားသည့် ဒုက္ခသည်အရေအတွက်က သိန်းသန်းချီရှိ နေ သော ကြောင့်ဖြစ်သည်။

ဥရောပထဲကို ထိုဒုက္ခသည်များ မဝင်ရောက် လာစေရေး အတွက် ဥရောပသ မဂ္ဂမှပြု လုပ်ခဲ့ သည့် အစီအစဉ်ဖြစ်ပြီးပေးသည့်ငွေနည်းသည်ဆိုပြီးတော့လည်း ပြဿနာရှာကာ တူရကီ က ထပ် ပိုပြီး ငွေကိုတောင်းထားသေးသည်။

ထို့ကြောင့် ဥရောပသမဂ္ဂကလည်း သူ့အကျပ်အတည်းနှင့်သူ၊ ဗြိတိန်ကလည်း သူ့အခက် အခဲ နှင့်သူ ကိုယ်စီရှိနေသောကြောင့် နှစ်ဖက်စလုံးက အလျှော့ပေးမရဖြစ်ကာ ဆွေးနွေးပွဲက မည် သည့် သဘောတူညီချက်မျှမရရှိခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

 

Read 398 times
Rate this item
(0 votes)
Last modified on Tuesday, 05 September 2017 09:48

Latest from