SJ WorldNews - шаблон joomla Авто

ရေရှည်စီမံကိန်းများ ချမှတ်ခြင်းဖြင့်သာ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို ရှောင်ရှားနိုင်မည်

Wednesday, 10 October 2018 10:08 Written by  font size decrease font size decrease font size increase font size increase font size

ကုန်သွယ်ရေး တင်းမာမှုတွေ၊ အကြွေးပိ မှုတွေကြောင့် စီးပွားရေး အဆင်မပြေမှုတွေ ပိုမိုမြင့်တက်လာတဲ့အတွက်  ဒီနှစ်အတွင်းနဲ့ လာမယ့်နှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု ကျဆင်းသွားမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ခန့်မှန်းထားပါတယ်။

အဓိကအားဖြင့်   အမေရိကန်နဲ့တရုတ် ကြားဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး တိုးတက်မှုက သိသိသာသာ ကျဆင်းသွားမှာဖြစ်ပြီး ၂ဝ၁၈ ခုနှစ်နဲ့ ၂ဝ၁၉ ခုနှစ်အတွင်း ကမ္ဘာ့ အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)က ၁ဝ ပုံ ၂ ပုံအထိ ကျဆင်းသွားမှာဖြစ်တယ်လို့ IMF က  သုံးလတစ်ကြိမ် ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေးအမြင် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် စီးပွားရေးဖွံ့ဖြိုးဆဲ နိုင်ငံတွေအနေနဲ့  ဒီနှစ်အတွင်း  စီးပွားရေး ကျဆင်းမှုကို ဆိုးဆိုးရွားရွား ခံစားရမှာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ကတော့ လာမယ့်နှစ်ကျမှသာ စီးပွားရေး ကျဆင်းမှုကို ခံစား ရမှာဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြ ထားပါတယ်။ ဒါကြောင့် အရင်အစီရင်ခံစာတွေမှာ ဖော်ပြခဲ့တဲ့ အန္တရာယ်တွေက လက် တွေ့ကမ္ဘာမှာ အမှန်တကယ်ဖြစ်ပေါ်လာပြီ ဖြစ်ကြောင်း IMFက သတိပေးထားပါတယ်။

အမေရိကန်အစိုးရက   နိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အခွန်ငွေ လျှော့ချပေးခြင်းနဲ့ မူဝါဒပြောင်းလဲခြင်းတို့မှ တစ်ဆင့် စီးပွားရေး လုပ်ငန်းတွေကို လှုံ့ဆော် ပေးနိုင်မှုကြောင့် စီးပွားရေး ကျဆင်းမှုဒဏ်ကို   အလွန်အမင်း မခံစားရပေမယ့်လည်း ဒီအရာတွေအားလုံးက ၂ဝ၂ဝ ပြည့်နှစ်မှာ ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် စတင်လိုက်တဲ့ ကုန်သွယ်ရေး ပဋိပက္ခတွေကြောင့် အဓိကကုန် သွယ်ဖက်နိုင်ငံတွေကြား ထပ်ဆောင်းအခွန်တွေ အပြန်အလှန် ချမှတ်ခြင်းတွေ ဖြစ်ပေါ် စေခဲ့ပါတယ်။ အဲဒီရဲ့အကျိုးဆက်က ဘယ်သူတွေကို ထိခိုက်စေလဲဆိုရင် တရုတ်နိုင်ငံ အပါအဝင် တခြားအာရှစီးပွားရေး အင်အား ကြီးနိုင်ငံတွေ၊  အာဂျင်တီးနား၊  တူရကီနဲ့  ဘရာဇီးတို့လို အားနည်းချက်ရှိတဲ့နိုင်ငံတွေ ကို ထိခိုက်စေပါတယ်။

ပြည်တွင်းလုပ်ငန်းများကို အကာအကွယ် ပေးရေး မူဝါဒ မြင့်တက်လာခြင်း ပြည်တွင်းလုပ်ငန်းတွေကို အကာအကွယ်ပေးရေးဆိုတဲ့ ပြောဆိုမှုတွေက လုပ်ဆောင်မှု အဖြစ်သို့ ပြောင်းလဲလာတာကြောင့်ဖြစ်ပေါ် လာတဲ့ ကုန်သွယ်ရေး တင်းမာမှုတွေမြင့်တက် လာခြင်းက ကမ္ဘာ့စီးပွားရေးအတွက် အဓိက ကျတဲ့စိန်ခေါ်မှုဖြစ်လာပါတယ်။

အဲဒီပြည်တွင်း လုပ်ငန်းတွေကို  အကာအကွယ်ပေးရေး လုပ်ဆောင်မှုတွေမှာ အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်က ဒေါ်လာ ၂၅ဝ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေ အပေါ် ထပ်ဆောင်းအခွန် တိုးမြှင့်ကောက်ခံခြင်းနဲ့ ကမ္ဘာတစ်ဝန်းမှတင်သွင်းတဲ့ အလူ မီနီယမ်နဲ့ သံမဏိတွေအပေါ်  ထပ်ဆောင်းအခွန် ကောက်ခံခြင်းတို့လည်း ပါဝင်ပါတယ်။

ဒါကြောင့် ကုန်သွယ်ရေး တင်းမာမှုတွေ ကြောင့်ဖြစ်ပေါ်လာတဲ့  မသေချာ မရေရာမှုတွေက စက်မှုလုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆိုင်းငံ့ခြင်း ဒါမှမဟုတ် စွန့်လွှတ်ခြင်း တို့ကို လုပ်ဆောင်လာနိုင်ပါတယ်။ အဲဒီလို လုပ်ဆောင်လာရင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ဝယ်လိုအားကဏ္ဍတွေမှာ တိုးတက်မှု နှေးကွေးသွားနိုင်ပါတယ်။ အကယ်၍ အဲဒီလိုနှေးကွေး မှုတွေဆက်ဖြစ်နေမယ်ဆိုရင် ကုန်သွယ်ရေး တင်းမာမှုတွေက   အမြင့်ဆုံး အခြေအနေအထိ ရောက်ရှိနိုင်ပြီး   စီးပွားရေးပျက်ကပ် အနေအထားဆီ  ဦးတည်သွားနိုင်တယ်လို့ IMF က သတိပေးထားပါတယ်။

ဒီနှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်းက ၄ ဒသမ ၂ ရာခိုင်နှုန်း သာရှိပြီးIMF က ဇူလိုင်လအတွင်း ခန့်မှန်းထားတဲ့ ပမာဏထက် ၁ဝ ပုံ ၆ ပုံနည်းပါး ပြီး လာမယ့်နှစ်မှာဆိုရင်တော့ စီးပွားရေးတိုးတက်မှုက ၄ ရာခိုင်နှုန်းသာ ရှိတော့မှာဖြစ်ပါတယ်။ ဒါ့ပြင် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုက ၃ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိတော့မယ်လို့ IMFက အခုအစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

ဒါကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုရဲ့ ရလဒ်တွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်ဖို့၊ အဖွဲ့အစည်းတွေအပေါ်အယုံအကြည် မရှိမှုတိုးမြင့်လာခြင်းကိုတုံ့ပြန်ရာမှာ ကူညီနိုင်ဖို့နဲ့ ဖွဲ့စည်းပုံပြောင်းလဲရာမှာ ပြည်တွင်းလုပ်ငန်း အကာအကွယ်ပေးရေး လုပ်ဆောင် မှုတွေကိုရှောင်ရှားနိုင်ဖို့ အစိုးရတွေအနေနဲ့ မူဝါဒတွေ ချမှတ်သင့်တယ်လို့IMFက တိုက်တွန်းထားပါတယ်။ဒါ့ပြင် ကုန်သွယ်ရေး တိုးတက်စေဖို့ အစိုးရ အဖွဲ့အစည်းတွေအနေနဲ့   ပူးပေါင်း အဖြေရှာ ဆောင်ရွက်ဖို့  ၎င်းတို့က အလေးအနက် ပြောထားပါတယ်။

စိန်ခေါ်မှုများကို ရင်ဆိုင်နေရတဲ့ တရုတ်နဲ့ အမေရိကန် အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုးက  ဒီနှစ် အတွင်း    ဒသမ    ရာခိုင်နှုန်းမြင့်တက် နိုင်ပြီး ၂ဝ၁၉ ခုနှစ်မှာ ၂ ဒသမ ၅ ရာခိုင် နှုန်းနဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ ၁ ဒသမ ၈ ရာခိုင် နှုန်းသာ မြင့်တက်တော့မယ်လို့ IMF က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အခွန်ငွေလျှော့ချမှုနဲ့ ငွေကြေးသုံးစွဲမှု တိုးမြှင့်ခြင်းတွေက စီးပွားရေး တိုးတက်မှု ကိုအထောက်အပံ့ဖြစ်စေပါတယ်။   ဒါ့ပြင် ကုန်သွယ်ရေး ပဋိပက္ခမြင့်တက်မှုကြောင့်ဖြစ် ပေါ်လာတဲ့ ရုတ်တရက် ငွေကြေးဖောင်းပွမှု မဖြစ်အောင်လည်း အတန်အသင့် အကူအညီ ပေးနိုင်ပြီး အပြန်အလှန်အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အတိုးနှုန်းတွေက မျှော်မှန်း ထားတာထက် ပိုမိုလျင်မြန်စွာ မြင့်တက်လာ စေပါတယ်။

ကုန်သွယ်ရေးပဋိပက္ခက  တရုတ်နိုင်ငံအတွက်တော့ ပြောပလောက်အောင် ထိခိုက်မှု မဖြစ်စေပါဘူး။ ဒီနှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုက ၆ ဒသမ ၆ ရာခိုင် နှုန်းအထိ ကျဆင်းမှာဖြစ်ပြီး ၂ဝ၁၉ ခုနှစ်မှာ တော့ ၆ ဒသမ ၂ ရာခိုင်နှုန်းသာကျဆင်းမှာ ဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်အစိုးရရဲ့စီးပွားရေး လှုံ့ဆော်မှု လုပ်ဆောင်ချက်တွေက ထပ် ဆောင်းအခွန်ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို အနည်းငယ် ပြေလျော့စေဖွယ် ရှိပါတယ်။

ကုန်ထုတ်စွမ်းအား စိန်ခေါ်မှု ရေရှည်ကာလကို ကြည့်မယ်ဆိုရင် သက် ကြီးရွယ်အို အရေအတွက် များပြားလာခြင်းနဲ့ ကုန်ထုတ်စွမ်းအား တိုးတက်မှုနှေးကွေးခြင်းတို့က စီးပွားရေးဖွံ့ဖြိုးတဲ့ နိုင်ငံတွေအတွက် အဓိက စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။ ချမ်းသာ ကြွယ်ဝတဲ့နိုင်ငံတွေရဲ့ စီးပွားရေးကျဆင်းမှုကြောင့်ပဲ တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုက ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှာ ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားမှာဖြစ်ပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ ဘဏ္ဍာရေးမူဝါဒတွေ၊ ပညာသင်ကြားရေး ရင်းနှီးမြှုပ်နှံမှုတွေ သာတူညီမျှရှိရေးအတွက် ပြည့်စုံလုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက် မှုစနစ်ပေးရေးတွေကို ရေရှည်စီမံကိန်း ရေးဆွဲပြီး လုပ်ဆောင်ရမှာဖြစ်သလို ဒီအချက်တွေ ကလည်း အဓိကဦးစားပေး လုပ်ဆောင်ရမယ့် အချက်တွေဖြစ်ပါတယ်။ ဒီလိုရေရှည်စီမံကိန်း တွေကို ဆောင်ရွက်ပေးမှသာ ကုန်သွယ်ရေး စစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိမှာဖြစ်ပြီး  စီးပွားရေးကျဆင်းမှုကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရ ပါတယ်။

Read 135 times
Rate this item
(0 votes)
Last modified on Wednesday, 10 October 2018 10:10

Latest from ကေတု