SJ WorldNews - шаблон joomla Авто

အီရန်တို့နု ကလီးယား သဘောတူညီချက်ကို လိုက်နာနေဆဲဖြစ်ဟု ဆိုလိုက်သည့် IAEA

Thursday, 07 September 2017 11:59 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အင်အား ကြီးနိုင်ငံများနှင့် အီရန်တို့၏ နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ကြောင်း သတင်းများ ထွက် ပေါ်

လာပြီးနောက် အီရန်နျူကလီးယားထုတ်လုပ်သည့်နေရာများသို့ သွားရောက် လေ့လာ ခဲ့ရသည့် နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီ၏ ထုတ်ပြန် ချက်တစ် စောင် ထွက် ပေါ်လာခဲ့သည်။

အီရန်တို့ P5+1 သဘောတူညီချက် အတိုင်းစည်းမျဉ်းစည်းကမ်း များကို ယခုအချိန်ထိ လိုက် နာနေဆဲဖြစ်သော်လည်း ထရမ့်ကကောင်းကင်ဂြိုဟ်တု ဓာတ်ပုံများအရ အီရန်တို့ နောက် ထပ်နျူ ကလီးယားစက်ရုံများတည်ဆောက်၍ နျူကလီးယား ထုတ်လုပ်ရန် ကြိုးစားနေ ကြောင်း ပြောသည်။

IAEA က ထိုအချက်ကိုငြင်းဆန်ထားကာအီရန်၌ရှိသည့် သန့်စင်ပြီးသား ယူရေနီယံ များအား လုံး ကို ပြည်ပသို့ပို့ဆောင်ပေးပြီးဖြစ်ကာ ယခုသန့်စင်နိုင်သည့်ပမာဏသည် စွမ်းအင် အတွက် သာဖြစ်ပြီး နျူကလီးယားလက်နက်ထုတ်လုပ်ရန် မဖြစ်နိုင်ကြောင်းပြောသည်။ ထို့ပြင် ထရမ့်၏ အီရ န်ကိုနောက်ထပ် အမြင်မကြည်သည့်အကြောင်းရင်းမှာ ဒုံးကျည်စမ်းသပ်မှုပင်ဖြစ်သည်။

အီရန်တို့က IAEA နှင့် ဆွေးနွေးနေစဉ်ဒုံးကျည်များကို စမ်းသပ်ရန်ပြင်ဆင်နေမှုကို အလျှော့ ပေးခြင်း မရှိဘဲ ထိုတစ်ချက်တည်းနှင့်သာ နျူကလီးယားဆွေးနွေးပွဲရပ်တန့်နေသဖြင့် အ နောက် အုပ် စုက နောက်ပိုင်းတွင် ဒုံးကျည် စမ်းသပ်လျှင် နျူကလီးယား ထိပ်ဖူးတပ်နိုင်သည့် ဒုံးကျည် ဒီဇိုင်းမျိုးမဖြစ်စေရဆိုသည့် သွယ်ဝိုက်သောပုံစံဖြင့် အီရန်နှင့် နျူကလီးယား သဘော တူညီချက်ကို ရယူ နိုင်ခဲ့သည်။

၂ဝ၁၅ ခုနှစ်၏ တစ်ခုတည်းသော နျူကလီးယား သဘောတူညီချက်ဖြစ်ကာဦးဆောင်ခဲ့သည့် အမေရိ ကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်စေမည့်အောင်မြင်မှုလည်းဖြစ်သည်။ ထိုမျှသာမ က အို ဘားမားကိုအနာဂတ်နျူကလီးယားစစ်ပွဲတစ်ပွဲကို ရပ်တန့်နိုင်သူအဖြစ်ပင် အမွှမ်းတင် ခဲ့ကြသည်။ယခု ထိုကိစ္စကို ထရမ့်ကလက်မခံဘဲ ၂ဝ၁၅ P5+1 သဘောတူညီချက်မှ နုတ်ထွက်ရန် လုပ် ဆောင် လျက်ရှိသည်။

ထို့ပြင် သဘောတူညီချက်အတိုင်း ဖော်ဆောင်ပေးရမည့် အီရန်စီးပွားရေးကိုလည်း ပိတ်ဆို့မှု သစ် များ ထပ်မံချမှတ်ခဲ့၍ အီရန်အစိုးရကို ပိုမိုဒေါသထွက်စေခဲ့သည်။ ချက်ချင်းပင် အီရန် တို့ က လည်း အမေရိကန်တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့ဒုံးကျည်စမ်းသပ်မှုများကို ဒေါ်လာ သန်းရာချီ ရန်ပုံငွေထပ်မံမြှင့်၍တင်ပြခဲ့သည်။ ထိုအချက်ကို အီရန်ပါလီမန်က တစ်ခဲ နက် ထောက်ခံ အားပေး ခဲ့ကြခြင်းဖြစ်သည်။

ယခု အီရန်တို့မျှော်လင့်ထားသလောက်စီးပွားရေးကဖြစ်မလာခဲ့ပေ။ ထို့ပြင် အမေရိကန် ဘက်သို့ ရောက်လာရန် ၎င်းတို့မျှော်လင့်ချက်ကလည်း ယခုထရမ့်တက်လာချိန်တွင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပြီဖြစ်သည်။ ယခု ထရမ့်၏လမ်းစဉ် အတိုင်း သာ ဆက် မည်ဆိုလျှင် အီရန် နျူကလီးယားသဘောတူညီချက်က ပျက်စီးရန် လမ်းကြောင်း ကပိုများ လာ သည်။

အစ္စလာမ်မစ် အီရန်တို့ကလည်း ထရမ့်၏လုပ်ရပ်များကို ထပ်ပြီးကြာရှည်သည်းခံ နိုင်မည့်သူများ မဟုတ်။ နောက်ကြောင်းပြန်လှည့်လျှင် မြောက်ကိုရီးယားကဲ့သို့ နျူကလီးယား ရန်သူ တော် တစ်ယောက်ထပ်ပေါ်လာဦးမည်ဖြစ်သည်။ ထရမ့်သည်အီရန်ကို ပုဂ္ဂိုလ်ရေးအရ ယခင် ကတည်းကပင် အမြင်မကြည်သူဖြစ်သည်။ ထို့ကြောင့်ကာကွယ်ရေးဝန်ကြီးခန့်ရာတွင် အီ ရန်ကိုသူ့နည်း တူအမြင် ရှိသည့် မတ်တစ်ကိုခန့်ခဲ့ခြင်းဖြစ်သည်။

အီရန်တို့ နျူကလီးယားသဘောတူညီချက်ယူခဲ့ရသည့် အဓိကအကြောင်းရင်းက¤င်းနိုင်ငံစီးပွား ရေးအင် အားကို အဓိကမြှင့်တင်ပြီး အရှေ့အလယ်ပိုင်းတွင် ဆော်ဒီအာရေဗျနှင့် ပခုံးချင်းယှဉ် ကာ အင် အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ရေးဖြစ်သည်။

ယခု ထရမ့်က အီရန်၏မျှော်လင့်ချက်များကို ရိုက်ချိုးနေပြီး နောက်ပြန်တွန်း ပို့သကဲ့ သို့ဖြစ် နေသည်။ ထရမ့်၏ဗျူဟာကအီရန်ကိုချနင်းပြီး ¤င်းပြိုင်ဘက် ဆော်ဒီအာရေဗျကို အင် အားကြီးရန် မြှင့်တင်ပေးခြင်းအားဖြင့် အီရန်ကိုတစ်ရန်အေးစေရန်ဆောင်ရွက်ခြင်းဖြစ်သည်။ ဆော်ဒီနှင့် အီရန်ဆိုသည်မှာ မျက်နှာချင်းယှဉ်၍ပင် ရသည့်သူများမဟုတ်။ အကောင်းမြင် ဖို့ဆို သည်မှာ မဖြစ်နိုင်ပေ။ မည်သူဖြစ်ဖြစ် သူတို့အချုပ်အခြာအာဏာကိုထိပါးလာခဲ့မည်ဆိုလျှင် ပြန်လည်တိုက် မည်ဖြစ် သည်။

ထိုအချက်ကို ထရမ့်ကသိသည်။ ထို့ကြောင့် ဆော်ဒီကို လက်နက်အင်အားလိုသလောက် ဖြည့် တင်းပေးကာတစ်ဖက်လှည့်၍ ရန်တိုက်ပေးခဲ့ခြင်းဖြစ်သည်။ ယခု ယီမင်ပြည်တွင်းစစ်ဆိုလျှင် ထို နည်း အတိုင်းပင်ဖြစ်သည်။ အမေရိကန်ကစပေးခဲ့၍ ယခုစရိတ်အကုန်ခံပြီး တိုက်နေရသည့်

သူကဆော်ဒီဖြစ်သည်။ ထိုအတိုင်းပင် အီရန်နှင့် အမေရိကန်တို့ တင်းမာမှုမခံနိုင်သည့်အဆုံး စစ်တိုက် မည်ဆိုလျှင် အီရန်ကိုဆော်ဒီနှင့်အကြောင်းတစ်ခုခုဖန်တီးပေးပြီး အမေရိ ကန်နိုင် ငံသား များ၏ သွေးတစ်စက်မျှမစွန်းဘဲ အရှေ့အလယ်ပိုင်းစစ်ပွဲကြီးတစ်ပွဲကို လက်နက် ပွဲစားခ ယူကာ လုပ်ပေးလိုက်၍ရသည်။

ထို့ကြောင့် အီရန်ကို ထရမ့်သိပ်ဂရုမစိုက်ခြင်းဖြစ်သည်။ အိုဘားမားက အရှေ့အလယ်ပိုင်းက ဆော်ဒီိ တစ်နိုင်ငံတည်းကို မဟာမိတ်သဘောတရားအရ အဓိကမှီခိုနေရခြင်းထက် ပြိုင်ဘက် အီ ရန်ကိုပါ ခွနင်းထားမည်ဆိုလျှင် ၎င်းဘက်ကအရှုံးမရှိသည့်အပြင်အမြတ်ပင်ပိုရနိုင်မည်ဟု မျှော် တွေးခဲ့သည်။

သို့သော် သက်တမ်းကုန်ပြီဖြစ်သည့်အိုဘားမား၏ အနာဂတ်စီမံကိန်းကြီးကဖြစ်မလာခဲ့ပေ။ ယခုထ ရမ့်နှင့် အီရန်အရေးက တင်းမာမှုလမ်းကြောင်းပေါ်ကို အတော်ပင် ခရီး ရောက် နေပြီဖြစ် သည်။ ထိုအတိုင်းဆက်သွားမည်ဆိုလျှင် အီရန်က နောက်ကြောင်းကို ပြန်လှည့်၍ ရုရှားနှင့် တရုတ်အပေါ်ကိုယခင် အတိုင်းအလုံးစုံမှီခိုကာ နျူကလီးယားလက်နက်ထုတ်နိုင်ရန် စဉ်းစား ရမည့် ကိန်း ဆိုက် မည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံခေါင်းဆောင်တိုင်းက ဖြစ်ပေါ်လာနိုင်သည့် နျူကလီးယားစစ်ပွဲကို ကြိုတင် ရှောင် လွှဲနိုင်ရန် ကြိုးစားနေစဉ်မှာ နုကလီးယားလက်နက်အသစ်တစ်ခု ကမ္ဘာမြေပေါ် ထပ်ရောက် လာ ရန် ထရမ့်လုပ်နေသည့်ပုံစံဖြစ်သည်။ ထရမ့်ကပျော့ပျောင်းသော လမ်းစဉ်ကို လိုက်သူ မဟုတ်ဘဲ ၎င်းနိုင်ငံ၏သြဇာအာဏာကိုအသုံးပြုပြီး ခပ်ကြမ်းကြမ်းကိုင်တွယ်မည့်သူဖြစ်သည်။

သူ နှင့် သဘောထား မတိုက်ဆိုင်သူဆိုလျှင် မည်မျှပင် ရာထူးကြီးနေသူဖြစ်ပါစေ ၎င်းတိုက်ရိုက် အမိန့်နှင့် လူအကုန်လုံးကိုဖြုတ်ပစ်သည်။ အမေရိကန်သမိုင်းအစကပင်ထရမ့်က သမိုင်း မှတ် တမ်း ဝင်နေသည့်သူဖြစ်သည်။

အိုဘားမား၏သက်သာသည့်ကျန်းမာရေးစောင့်ရှောက်မှုပုံစံများကို ပြောင်းလဲပစ်ရန် ကြိုးစား သည်။ စီးပွားရေးအစီအစဉ်များချမှတ်ထားသည်များကို သူ့သဘောနှင့် သူပြောင်းလဲပစ်သည်။ ကမ္ဘာ့ ဦး ဆောင်နိုင်ငံဖြစ်သော်လည်း ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုကို အရေးမထားခြင်း တို့ကြောင့် ဂျာမန်ဝန်ကြီးချုပ် မာကယ်လ်၊ ပြင်သစ် သမ္မတမက် ခရွန်တို့နှင့်ပင် သဘောထား ချင်းကွဲ လွဲနေ သူဖြစ်ကာသူလုပ်ချင်သည့် အရာကို ဖြစ်အောင်ပြောထားသည့်အတိုင်း လုပ်တတ်သည့်အတွက် ယခု အီရန်နျူကလီးယား သဘောတူညီချက်မှ လည်းနုတ်ထွက်ရန် အရေး မှာပိုမို စိုးရိမ်နေ ရပြီဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။

Read 506 times
Rate this item
(0 votes)
Last modified on Thursday, 07 September 2017 12:04