SJ WorldNews - шаблон joomla Авто

ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး အဆင်ပြေ လာတာကို အမေရိကန် မလိုလား ဘူးလား

Wednesday, 17 October 2018 11:53 Written by  font size decrease font size decrease font size increase font size increase font size

ကိုရီးယား နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ မီးရထားလမ်းတွေ၊ ကားလမ်းတွေ ပြန်ဖွင့်ဖို့ အတွက် နှစ်နိုင်ငံတာဝန်ရှိ သူတွေက အောက် တိုဘာ ၁၅ ရက်မှာ သဘောတူလိုက်ပါတယ်။ ဒီသဘောတူမှုဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေး အင်နဲ့ မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအွန်တို့ရဲ့ တတိယအကြိမ် ထိပ်သီး ဆွေးနွေးပွဲ ရလဒ် လည်းဖြစ်ပါတယ်။

ကိုရီးယားနှစ်နိုင်ငံ ကြားမှာ ဒီလိုသဘော တူညီမှုရတာနဲ့ အမေရိကန်ပြည်ထောင်စုက ချက်ချင်းပဲ  တောင်းဆိုမှု တစ်ခုပြုပါတယ်။

ဘာကိုတောင်းဆိုတာလည်းဆိုတော့ မြောက် ကိုရီးယားအပေါ်ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့  အရေးယူပိတ်ဆို့မှုတွေ  အပြည့်အဝ အသက်ဝင်ခိုင်မာစေရေး   လုပ်ဆောင်ဖို့ဖြစ်ပါတယ်။

''ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးအနေနဲ့ ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့   အရေးယူပိတ် ဆို့မှု တွေ အပြည့်အဝအကောင်အထည်ပေါ်လာစေရေးလုပ်ဆောင်မယ်လို့  ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ ဒါ့ပြင်  မြောက်ကိုရီးယား ရဲ့  တရားမဝင် နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေ ရပ်ဆိုင်းဖို့အတွက် သက်ဆိုင်ရာ အခန်း ကဏ္ဍကနေ  ကူညီပေးမယ်လို့  မျှော်လင့်ပါတယ်'' လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆို ခွင့်ရှိသူ တစ်ဦးကပြောပါ တယ်။

ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုက ဘာအတွက်ရည်ရွယ် လဲဆိုရင် မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိစေဖို့အတွက် ကုန်သွယ်ရေး ကဏ္ဍအပေါ် အရေးယူ ပိတ်ဆို့ခြင်း ဖြင့် ငွေပင်ငွေရင်းတွေကို ဖြတ်တောက်ဖို့ဖြစ်ပါတယ်။

 အမေရိကန်ပြည်ထောင်စုဟာ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်အား လုံးကိုဖျက်သိမ်းပြီး နျူကလီးယား အစီအစဉ်ကို အလုံးစုံ စွန့်လွှတ်ပြီးမှသာ အရေးယူပိတ် ဆို့မှုတွေကို ဖယ်ရှားပေးမယ်လို့ ဆိုပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ ဒီလိုရပ်တည် ချက်ကြောင့် အမေရိကန်-မြောက်ကိုရီးယား အကြား နျူကလီးယား ကင်းစင်ရေး ဆွေးနွေးပွဲဟာ မရေမရာဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ဖြေရှင်းမှုက နေခွဲ ထွက်ပြီး ရရှိလာတဲ့ အောင်မြင်မှု မဟုတ်ဘူးလို့ တောင်ကိုရီး ယားသမ္မတ မွန်ဂျေးအင်ကပြောပါတယ်။ ဒါ့ပြင် တောင်ကိုရီးယား အနေနဲ့ မြောက်ကို ရီးယားရဲ့  နျူကလီးယား ကင်းစင်ရေးဆောင် ရွက်ချက်ကို အားပေးအား မြှောက်ပြုတဲ့ အနေနဲ့ တစ်ဖက်သတ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ စဉ်းစားနေ တယ်လို့ဆိုထားပါတယ်။ ဒီလိုပိတ်ဆို့ မှုတွေ ဖြေလျှော့ပေးခြင်းဟာ ကုလသမဂ္ဂရဲ့အရေးယူ ပိတ်ဆို့မှုတွေကို မထိခိုက် စေဖို့လည်းကတိ ပြုထားပါတယ်။ ဒါကြောင့်လည်း ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးက တစ်နေ့တခြားတိုး တက်လာတာဖြစ်ပါတယ်။

တောင်ကိုရီးယား အနေနဲ့ မြောက်ကိုရီး ယားအပေါ် အရေးယူပိတ်ဆို့မှုတွေဖြေလျှော့ ပေးဖို့   စဉ်းစားနေတယ်လို့   သတင်းထုတ် လိုက်တဲ့အချိန်တုန်းကလည်း အမေရိကန်က ကန့်ကွက်ခဲ့ပါသေးတယ်။   အဲဒီတုန်းက တောင်ကိုရီး ယား အစိုးရ အနေနဲ့ အမေရိကန် အစိုးရရဲ့သဘောတူခွင့်ပြုချက်မရဘဲ မြောက်ကိုရီးယားအပေါ် အရေးယူပိတ် ဆို့မှုတွေ ဖြေလျှော့မှုမလုပ်ရဘူးဆိုပြီး  အမေရိကန် သမ္မတ  ဒေါ်နယ်ထရမ့်က သတိပေးခဲ့တာ ဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာတော့ အမေရိကန်ပြည် ထောင်စုရဲ့တောင်းဆိုမှုကို မြောက်ကိုရီးယား ဘက်ကလည်း ခပ်တင်းတင်းပဲ တုံ့ပြန်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ နိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ မှုတွေကို ချက်ချင်းဖယ် ရှားပေးဖို့ အောက်တို ဘာ ၁၆ ရက်မှာ မြောက်ကိုရီးယားဘက်က တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

''အကယ်၍ အမေရိကန်ပြည်ထောင်စု အနေနဲ့ သူတို့ရဲ့အရေးယူပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခြင်းမရှိဘဲ ဆက်ပြီး ခေါင်းမာ နေမယ်ဆိုရင် အမေရိကန်က မြောက်ကိုရီး ယားအပေါ် ရန်လိုတဲ့မူဝါဒဆက်လက်ထားရှိ တဲ့သဘောဖြစ် ပါ တယ်။ မြောက်ကိုရီးယား- အမေရိကန်ထိပ်သီးဆွေးနွေးပွဲတုန်းက နှစ် နိုင်ငံအကြား ရန်လိုတဲ့ ဆက်ဆံမှုတွေကို ရပ်တန့်သွားဖို့နဲ့ အနာဂတ်အသစ်ဆီလှမ်းလျှောက် ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်'' လို့ မြောက် ကိုရီးယားနိုင်ငံပိုင်ုဃဗြ သတင်း ဌာနက ဖော်ပြထားပါတယ်။

ဒါ့ပြင် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားဖျက်သိမ်းရေး ကတိကို တည်အောင် လုပ်ဆောင်နေတဲ့အချိန်မှာ အမေရိကန်ပြည် ထောင်စုဘက်ကလည်း  သင့်တင့်လျောက် ပတ်တဲ့ ဖြေလျှော့မှုတွေလုပ်ပေးဖို့ တောင်း ဆိုကြောင်း f KCNA သတင်းဌာနက ဆက် လက်ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကလည်း ကို ရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင် ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ တောင်း ဆိုထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာပါဝင်ပတ် သက်သူအားလုံးက  ကိုယ်စီတာဝန်များကို ယူဖို့အတွက် တရုတ်နဲ့ရုရှား တို့က တောင်းဆို ထားတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုဟာ မကြာသေးမီက မြောက်ကိုရီးယား နိုင်ငံကို သွားရောက်ပြီး နျူကလီး ယားကင်း စင်ရေးဆောင်ရွက်မှုနဲ့ ဒေါ်နယ်ထရမ့်-ကင် ဂျုံအွန်  ဒုတိယအကြိမ် ထိပ်သီး ဆွေးနွေးပွဲ အတွက် ကင်ဂျုံအွန် နဲ့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီခရီးစဉ်အပြီးမှာတော့ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားကင်းစင်ရေး လုပ်ဆောင် နေတာဟာ သိသာထင်ရှားတဲ့တိုးတက်မှုတွေ ရရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား ကင်းစင်ရေးလုပ်ဆောင်ချက်တွေကို အမှန် တကယ်လုပ်ဆောင်နေချိန်မှာ အမေရိကန် ပြည်ထောင်စုဘက်ကလည်း သင့်လျော်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးမှသာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ညီမျှမှုရှိမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ တစ်ဖက် သတ်နျူကလီးယား ဖျက်သိမ်း ရေးကို မြောက် ကိုရီးယားနိုင်ငံက လုပ်ဆောင်ချင်မှာ မဟုတ်ပါဘူး။

ဒီအချိန်မှာ အိမ်နီးချင်းကောင်းနဲ့ ဆွေမျိုးရင်းချာ စိတ်ဓာတ်ရှိတဲ့ တောင်ကိုရီးယားက မြောက်ကိုရီးယား အပေါ် အရေးယူပိတ်ဆို့ မှုတွေ ဖြေလျှော့ပေးနိုင်ဖို့ လိုက်လံတောင်းဆို နေတာကို တွေ့ရပါတယ်။ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ကင်းစင်ရေး ကို လက်တွေ့ လုပ်ဆောင်နေချိန်မှာ နိုင်ငံတကာအနေ နဲ့ကလည်း မြောက်ကိုရီးယား အပေါ်ချမှတ် ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကိုဖြေလျှော့ ပေးဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် က အောက်တိုဘာ ၁၅ ရက်မှာ အလေးပေး ပြောဆိုထားပါတယ်။

မွန်ဂျေးအင်ဟာ ပြင်သစ်သမ္မတ အီမန် နျူယယ်မက်ခရွန်နဲ့တွေ့ဆုံပြီး မြောက်ကိုရီးယားအပေါ် အရေးယူပိတ် ဆို့မှုတွေ ဖြေလျှော့ ပေးရာမှာ ပြင်သစ်နိုင်ငံက ဦးဆောင်ပေးဖို့ ကိုလည်း တောင်းဆိုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။

ပြင်သစ်သမ္မတက မြောက်ကိုရီးယားမှာ လုံးဝ နျူကလီးယားကင်းစင် သွားတဲ့ အထိ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားဖို့လိုမှာဖြစ်ပေမယ့်လည်း နျူကလီးယားကင်းစင်ရေး လုပ်ငန်းစဉ်ကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင် ဖို့အတွက် ပြင်သစ်နိုင်ငံက ကူညီထောက် ပံ့ ပေးသွားမယ်လို့ ဆိုပါတယ်။

မွန်ဂျေးအင်ဟာ အခုသီတင်းပတ်အတွင်းမှာ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၊ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်တို့နဲ့ လည်း တွေ့ဆုံသွားဖို့ရှိပါတယ်။ အဲဒီလိုတွေ့ဆုံတဲ့ အခါမှာလည်း မြောက်ကိုရီးယားနိုင်ငံရဲ့ နျူ ကလီးယား ကင်းစင်ရေး လုပ်ဆောင်ချက်ကို ကူညီထောက်ပံ့ပေးဖို့နဲ့ အရေးယူပိတ်ဆို့မှုတွေ ကိုဖြေလျှော့ပေးဖို့ တောင်းဆို သွားဖွယ်ရှိပါ တယ်။

ကိုရီးယားကျွန်းဆွယ်ကို အမှန်တကယ် ငြိမ်းချမ်းစေလိုတဲ့ တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားရဲ့ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုတွေ ကိုဖြေလျှော့ပေးဖို့ စဉ်းစားနေ တာဖြစ်ပါတယ်။

ဒါ့ပြင် နိုင်ငံတကာအနေနဲ့ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ကို မွန်ဂျေးအင်က လိုက်လံ တောင်းဆိုနေတာဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ရပ်တွေဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်ပြီး ထာဝရငြိမ်း ချမ်းရေး ရရှိမှာကို မလိုလားလို့လား။ ဒါမှမဟုတ် ကိုရီးယားနှစ်နိုင်ငံ အဆင်ပြေလာတာကို မလိုလား လို့လား ဆိုတာ သံသယဖြစ် ဖွယ် ကောင်းလာကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

မင်းခန့်တင်

................

Read 154 times
Rate this item
(0 votes)
Last modified on Wednesday, 17 October 2018 11:55