SJ WorldNews - шаблон joomla Авто

ကန့်ကွက်မှု တွေနဲ့ ရင်ဆိုင် နေရတဲ့ ဂျပန် အစိုးရရဲ့ ပြည်ပ အလုပ်သမား ခေါ်ယူရေး အစီအစဉ်

Wednesday, 17 October 2018 12:10 Written by  font size decrease font size decrease font size increase font size increase font size

တင်းကျပ်တဲ့လူဝင်မှုကြီးကြပ်ရေး မူဝါဒ တွေကြောင့် ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အို အများဆုံးနိုင်ငံ တွေအနက် တစ်နိုင်ငံဖြစ် လာပါတယ်။ ဒါ့ပြင်  နိုင်ငံသား အချင်းချင်း တစ်သားတည်းဖြစ်တည်တဲ့ လူမှုအသိုင်း အဝိုင်းတွေ ရှိတဲ့ နိုင်ငံလည်းဖြစ်လာပါတယ်။ အခုအချိန်မှာတော့ ပြည်ပ အလုပ်သမားငါးသိန်းကို နိုင်ငံအတွင်းလာပြီး အလုပ်လုပ် ခွင့်ပြုမယ့် ဥပဒေတစ်ရပ်ကို ဝန် ကြီးချုပ်ရှင်ဇိုအာဘေးအစိုးရက မိတ်ဆက် လိုက်ပါတယ်။ ဒီမိတ်ဆက် မှုဟာ အပြောင်း အလဲအပေါ် ဂျပန်နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ရှည်သည်းခံမှုကို စမ်းသပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့လူဦးရေ လျော့ကျလာတာကြောင့် စီးပွားရေးကဏ္ဍပေါင်းစုံမှာ အခြေအနေတွေဆိုးဝါး လာပါ တယ်။ ဒါကြောင့် နိုင်ငံအတွင်းမှာ လိုအပ်တဲ့ အလုပ်သမား အင်အားကို  လာမယ့်နှစ်မှာ ဖြည့်တင်းနိုင်ဖို့ အတွက် ရှင်ဇိုအာဘေးအစိုး ရက ပြည်ပအလုပ်သမားတွေကို နိုင်ငံထဲမှာ အလုပ်ပေးဖို့ ဥပဒေကိုမိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိဂျပန်နိုင်ငံမှာ ရှိတဲ့ ပြည်ပအလုပ် သမားအရေအတွက်က ၁ ဒသမ ၃ သန်းရှိ ပါတယ်။  နောက်ထပ်ခေါ်ယူမယ့် ပြည်ပ အလုပ်သမားအရေအတွက်ကို ဂျပန်အစိုးရက တရားဝင်မကြေညာပေမယ့်လည်း လက်ရှိ ပြည်ပအလုပ်သမား အရေအတွက်ရဲ့ ၄ဝ ရာခိုင်နှုန်းရှိမယ်လို့  Kyodo News အပါ အဝင် ဒေသတွင်းသတင်းဌာနတွေကဖော်ပြ ထားကြပါတယ်။

အခု ပြည်ပအလုပ်သမားထပ်မံခေါ်ယူ ရေးအတွက် ဥပဒေသာအတည်ပြုထွက်ပေါ် လာပါက ၁၉၉ဝ ပြည့်လွန်နှစ်တွေ ကစပြီး ဂျပန်နိုင်ငံရဲ့ တင်းကျပ်လှတဲ့လူဝင်မှုကြီးကြပ် ရေးကို အကြီးမားဆုံးပြောင်းလဲမှုဖြစ်လာမှာ  ဖြစ်ပါတယ်။ လက်ရှိ ဂျပန်နိုင်ငံ အတွင်းရှိ ပြည်ပအလုပ်သမားအရေအတွက်က နိုင်ငံ လူဦးရေရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်းသာရှိပါ တယ်။ တောင်ကိုရီးယားနိုင်ငံမှာက ၃ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ဂျာမနီနိုင်ငံမှာက ၁၂ ရာခိုင် နှုန်းစီ အသီးသီး ရှိပါတယ်။

ဒါပေမဲ့   ရှင်ဇိုအာဘေးရဲ့အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြမှုများလည်းရှိပါတယ်။ ဆန္ဒ ပြသူအယောက် ၁ဝဝ ကျော်ဟာ တိုကျိုမြို့ရဲ့ ဂင်ဇာအရပ်မှာဆန္ဒပြတာဖြစ်ပြီး ရှင်ဇိုအာ ဘေးရဲ့အစီအစဉ်ကိုရုပ်သိမ်းပေးဖို့ တောင်း ဆိုကြပါတယ်။   ဆန္ဒပြပွဲကိုစီစဉ်သူတွေက တော့ သူတို့ကိုယ်သူတို့ ဂျပန်နိုင်ငံသာပထမ ဆိုတဲ့အဖွဲ့ဆိုပြီးပြောဆိုကြပါတယ်။ ဒီအယူ အဆဟာ အမေရိကန်သာပထမဆိုတဲ့ အမေ ရိကန်သမ္မတ   ဒေါ်နယ်ထရမ့်ရဲ့စကားကို  ခြေရာနင်းပြောဆိုခြင်း ဖြစ်ပါ တယ်။

''ဂျပန်နိုင်ငံမှာ လက်ယာစွန်းရောက် အဖွဲ့တွေက နိုင်ငံအတွက် အနည်းငယ်သာ အကူ အညီဖြစ်စေပါတယ်။ ဒါပေမဲ့ စစ်ဘက်အရန် အင်အားစုလို မျိုးအဖွဲ့မှာတော့ လူအင်အား အများအပြားရှိပါတယ်။ သူတို့က နိုင်ငံအတွင်း ပြည်ပအလုပ်သမားတွေ ဝင်လာမှာကို စိုးရိမ် နေကြပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ သင့်တင့်လျောက်ပတ်တ မူဝါဒတွေကို တစ် ပြိုင်နက်တည်း မချမှတ်ဘူးဆိုရင်   အခုလို မတည်ငြိမ်မှုဟာ ပိုမိုမြင့်တက်လာနိုင်ပါတယ်'' လို့ ကိုကူရှီကန် တက္ကသိုလ်မှ ရွှေ့ပြောင်းသွား လာသူများအရေးဆိုင်ရာ   လေ့လာသူ ဒေါက်တာ အဲရီကိုဆူဇူကီးက ပြောပါတယ်။

ဂျပန်နိုင်ငံစက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ အသင်းက   ဇွန်လမှာလုပ်တဲ့ စစ်တမ်းအရ  ကုမ္ပဏီသုံးပုံ နှစ်ပုံက အလုပ် သမားလိုအပ်ချက်မြင့်မားနေတာကိုတွေ့ရပါတယ်။ အခုဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း မှာပဲ အလုပ်သမား မရှိလို့  လုပ်ငန်းရပ်ဆိုင်း သွားတဲ့  ကုမ္ပဏီအရေအတွက်ဟာ ၂ဝ၁၇ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ပါက  ၄ဝ ရာခိုင်နှုန်းရှိ တယ်လို့ တိုင်ကိုကူဒေတာဘဏ်လီမိတက်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အခုလကုန်မှ လွှတ်တော်တင်မယ့် ရှင်ဇိုအာဘေးရဲ့ ပြည်ပအလုပ်သမား ခေါ်ယူရေး အစီအစဉ်မှာဆိုရင် လုပ်ငန်း အမျိုးအစား ၁ဝမျိုးမှာ အလုပ်လုပ်မယ့် အလုပ်သမားတွေကို အမျိုးအစားနှစ်မျိုး ခွဲထားတာတွေ့ရပါတယ်။ ကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားတွေဆိုရင် နိုင်ငံအတွင်းမှာ ငါးနှစ်အထိပဲအလုပ်လုပ်ခွင့် ရမှာဖြစ်ပြီး မိသားစု ခေါ်ယူခွင့် မရှိပါဘူး။ ကျွမ်းကျင် အလုပ်သမား ဆိုရင်တော့ မိသားစုကိုပါ ခေါ်ခွင့်ရမှာဖြစ်တဲ့အပြင် ဆန္ဒရှိပါက အမြဲတမ်း နေထိုင်ခွင့်အထိပါ  ရရှိမှာဖြစ်ပါတယ်။

ပြည်ပအလုပ်သမား ခန့်အပ်မယ့် လုပ်ငန်း တွေကများသောအားဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ဆောက်လုပ် ရေး၊ သင်္ဘော တည်ဆောက်ရေး၊   စိုက်ပျိုးမွေးမြူရေးနဲ့  ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်ပါတယ်။

''အစိုးရအနေနဲ့ ပြည်ပအလုပ်သမားတွေ ကိုမခေါ်မီ နိုင်ငံရဲ့ အလုပ်လက်မဲ့တွေနဲ့အရင် ဆုံးညှိနှိုင်းသင့်ပါတယ်။ ဒါမှသာ ကျွန်တော်တို့မှာ သက်ကြီးရွယ်အိုတွေကို ကြည့်ရှုစောင့် ရှောက်မယ့်ဂျပန်နိုင်ငံသားတွေလည်းရှိလာ မှာဖြစ်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံသားတွေ အတွက်သာမက ပြည်ပအလုပ်သမားတွေ အတွက်ပါ ကျေနပ်ပျော်ရွှင်ဖွယ် ကောင်းတဲ့ ရလဒ်ဖြစ်ပါတယ်'' လို့ ဂျပန်နိုင်ငံသာ ပထမ အဖွဲ့ရဲ့ တိုကျိုအဖွဲ့ခွဲ ခေါင်းဆောင် မီကီယို အိုကာမူရာက ပြောပါတယ်။

ဒ့ါပြင် နိုင်ငံအတွင်းရှိအဓိက ကျတဲ့အဖွဲ့ အစည်းတချို့ကလည်း ရှင်ဇိုအာဘေးရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိပါတယ်။ ဂျပန်ကုန်သွယ်ရေးသမဂ္ဂအဖွဲ့အစည်း ကပြည်သူတွေရဲ့ဆွေးနွေးမှုအားနည်းတာနဲ့ ပတ်သက်ပြီး သြဂုတ်လမှာ အစိုးရကိုပေးပို့ တဲ့စာမှာမေးမြန်းထားပါတယ်။ ရန်ဂိုအမည် ရှိတဲ့အဖွဲ့ကလည်း အစိုးရအနေနဲ့ သေချာ စဉ်းစားခြင်းမရှိဘဲ ပြည်ပအလုပ်သမားတွေ ကိုလက်မခံသင့်ဘူးလို့ ပြောထားပါတယ်။

ဂျပန်နိုင်ငံဟာ ပြည်ပအလုပ်သမားခေါ် ယူတာနဲ့ ပတ်သက်ပြီး ခက်ခဲတဲ့သမိုင်းအစဉ် အလာရှိပါတယ်။ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုး တက်နေစဉ်မှာ ဂျပန်စကားပြောနိုင်တဲ့ ဘရာ ဇီးနဲ့ပီရူးနိုင်ငံသားတွေကို ခေါ်ယူအလုပ်ပေး ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းနဲ့ကြုံတွေ့တဲ့အခါမှာတော့ သူတို့ကို ငွေပေးပြီးပြန်လွှတ် လိုက်ရပါတယ်။

အာရှနိုင်ငံသား အလုပ်သင်အများအပြား ကိုလက်ခံပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကျွမ်းကျင် အလုပ်သမား လွှဲပြောင်း ပေးတဲ့ အစီအစဉ်ကို ၁၉၉၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အဲဒီအစီ အစဉ်မှာလည်း အလုပ်သင်အများအပြားက အနည်းဆုံး လုပ်ခလစာထက်နည်းတဲ့ ငွေပမာဏ နဲ့ဝင်ရောက် အလုပ်လုပ်ကိုင်ကြပါတယ်။

ဒီပြဿနာတွေဟာ ရှင်ဇိုအာဘေးအစိုးရရဲ့ ပြည်ပအလုပ်သမားခေါ်ယူရေး အစီအစဉ် အတွက် မဖြစ်မနေဖြေရှင်းရ မယ့်ပြ ဿနာ တွေဖြစ်ပါတယ်။ ဒီအစီအစဉ်အရ ပြည်ပ အလုပ်သမားတွေဟာ   ပြည်တွင်းအလုပ် သမားတွေရဲ့ လစာထက် ပိုရပါမယ်။ ဒါ့ပြင်  ကဏ္ဍတစ်ခုအတွင်းမှာပဲရှိတဲ့  နောက်ထပ်အလုပ်တွေကိုလည်း ပြောင်းခွင့်ရပါမယ်။

''ဂျပန်နိုင်ငံမှာ အလုပ်သမားရှားပါးမှုက အမှန်တကယ်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပအလုပ်သမားတွေကို ခေါ်ယူပါက လုပ်ငန်းခွင် အခြေအနေတွေ တိုးတက်လာမှာ မဟုတ်တဲ့အပြင် အလုပ်သမားတွေ အတွက် အနည်းဆုံး လုပ်ခလစာလည်း မြင့်တက်လာမှာ မဟုတ်ပါဘူး။ ဒီအစီအစဉ်ဟာ ကုမ္ပဏီ တွေအတွက် ကောင်းတဲ့အချက်ဖြစ်ပေ မယ့်လည်း အလုပ်သမားတွေ အတွက်တော့ လုံးဝ ကောင်းမွန်တဲ့ အစီအစဉ်မဟုတ်ပါဘူး'' လို့ စီးပွားရေးပညာရှင်နဲ့ ဥပဒေပညာရှင်တစ်ဦး ဖြစ်တဲ့ ယိုအီချီကာနေးကိုးက  ပြောထားပါ တယ်။     

ဆောင်းပါးရှင်-ထက်မြက်

Read 189 times
Rate this item
(0 votes)
Last modified on Wednesday, 17 October 2018 12:28