SJ WorldNews - шаблон joomla Авто

မယုံနိုင် လောက်အောင် နည်းပညာ မြင့်မားလာသည့် တရုတ်နိုင်ငံရဲ့ ရေငုပ်သင်္ဘော ဖျက်ဂြိုဟ်တု

Thursday, 18 October 2018 14:00 Written by  font size decrease font size decrease font size increase font size increase font size

ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ် နိုင်ငံအနေနဲ့  ထိုပင်လယ်ပြင်ကိုကာကွယ်ဖို့ က အရေးကြီးပါတယ်။ ပိုင်နက် ပင် လယ်ပြင် အတွင်းကို ရန်သူ့ စစ်ရေယာဉ်များမဝင်လာ နိုင်စေဖို့ လုပ်ဆောင်ရ တာကလည်း အဓိက ကျတဲ့ အချက်ဖြစ်ပါတယ်။ အကယ်၍ ရန်သူ့ စစ်ရေယာဉ်များ ပိုင်နက်ပင်လယ်ပြင်အတွင်း ကိုဝင်လာပါက အဲဒီစစ် ရေယာဉ် များကို ချေမှုန်းနိုင်ရေးက အရေးအကြီးဆုံးဖြစ်ပါတယ်။

ရန်သူ့စစ်ရေယာဉ်တွေထဲမှာ အလွယ်တ ကူထောက် လှမ်းမြင်တွေ့နိုင်တဲ့ ရေပေါ်သွား စစ်သင်္ဘောတွေအပါအဝင် ထောက်လှမ်းရခက်တဲ့ ရေအောက်သွား ရေငုပ်သင်္ဘောတွေ လည်းပါဝင်ပါတယ်။ ရေပေါ်သွားစစ်သင်္ဘော တွေကို သာမန်အားဖြင့် ချေမှုန်းရန် လွယ်ကူ သော်လည်း   ရေငုပ်သင်္ဘောတွေကိုတော့ ရှာဖွေရခက်တဲ့အပြင် ချေမှုန်းရန် လည်းခက်ပါတယ်။

ဒါကြောင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ် ရေးကုမ္ပဏီတွေက ရေငုပ်သင်္ဘောတိုက်ဖျက် ရေးစစ်လက်နက် ပစ္စည်း တွေကို စွမ်းဆောင် ရည်မြှင့်တင် ထုတ်လုပ်လာကြပါတယ်။ ဒီလို ထုတ်လုပ်တဲ့ အထဲမှာ တရုတ်နိုင်ငံ ကလည်း အပါ အဝင်ဖြစ်ပါတယ်။

တရုတ်နိုင်ငံက အခုနောက်ဆုံးထုတ်လုပ် နေတဲ့ ရေငုပ်သင်္ဘောရှာဖွေဖျက်ဆီးရေး စနစ်ဟာဆိုရင် သမားရိုးကျရေငုပ် သင်္ဘော ဖျက်စနစ်မဟုတ်ပါဘူး။ ဂြိုဟ်တုမှာ တပ်ဆင် ထောက်လှမ်းနိုင်တဲ့   လေဆာစနစ်ဖြစ်ပါတယ်။ ဒီစနစ်ဟာ ဆိုရင် ပင်လယ်ရေအောက်အနက် မီတာ ၅ဝဝ မှာရှိတဲ့  အရာဝတ္ထု တွေကို ထောက်လှမ်းနိုင်တဲ့အပြင်  ကမ္ဘာ့ သမုဒ္ဒ ရာ ကြီးများနဲ့ ပတ်သက်တဲ့    အချက် အလက်တွေကိုလည်း   ရယူစုဆောင်းနိုင်မှာဖြစ်ပါတယ်။

ဒီစီမံကိန်းကိုတော့    ကွမ်အန်လန်လို့ အမည်ပေးထားပြီး တရုတ်ဘာသာစကားနဲ့ တိုက်ရိုက်ဘာသာပြန်မယ်ဆိုပါက လှိုင်းလုံး ကြီးများကိုစောင့်ကြည့်ခြင်းလို့အဓိပ္ပာယ်ရပါ တယ်။ ကွမ်အန်လန်စီမံကိန်းကို ဒီနှစ် မေလ ကမှစတင်ခဲ့ တာဖြစ်ပြီး   ရှန်တုံပြည်နယ်  ကျင်းတောင်မြို့ မှာရှိတဲ့ ရေကြောင်းသိပ္ပံနှင့် နည်းပညာဆိုင်ရာပိုင်းလော့ အမျိုးသား စမ်းသပ် ခန်းမှာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဂြိုဟ်တုကိုတော့  ပိုင်းလော့အမျိုးသားစမ်းသပ်ခန်းမှာဒီဇိုင်းရေးဆွဲတာဖြစ်ပြီး အဓိက ကျတဲ့အစိတ်အပိုင်းတွေကို နိုင်ငံတစ်ဝန်းမှာ ရှိတဲ့  တက္ကသိုလ်တွေနဲ့   သုတေသနအဖွဲ့အစည်း  ၂ဝ ကျော်မှ သိပ္ပံပညာရှင်တွေက  တီထွင် ထုတ်လုပ် နေတာဖြစ်ပါတယ်။

ဒီဂြိုဟ်တုဟာဆိုရင်   သမုဒ္ဒရာတွေရဲ့ အပေါ်ပိုင်းအလွှာကို ကြည်လင်ပြတ်သားမှု ရှိစွာမြင်တွေ့ခွင့်ကို ပေးအပ်နိုင် မှာဖြစ်ပြီး အရာ အားလုံးနီးပါးကို ပြောင်းလဲသွားစေမှာဖြစ် တယ်လို့ ကွမ်အန်လန် စီမံကိန်းမှ သုတေသန ပညာရှင် တစ်ဦးဖြစ်တဲ့ ဆောင်ရှောင်ကွမ်က ပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သူများဟာ ရေအောက်မှာရှိတဲ့ ရေငုပ်သင်္ဘောတွေကို ပစ်မှတ်ထား ရှာဖွေနိုင် ဖို့အတွက် လစ်ဒါးလေဆာစနစ်ကိုတီထွင် ထုတ်လုပ်နိုင်ဖို့ နှစ်ပေါင်း ၅ဝ ကျော်ကြာအောင် လုပ်ဆောင်ခဲ့ရပါတယ်။ လစ်ဒါးလေဆာစနစ် ဆိုတာ လေဆာလှိုင်းတွေက ရေငုပ်သင်္ဘော တစ်စင်းကိုထိပြီးတဲ့နောက် အလင်းစွမ်းအင် လှိုင်းတွေပြန်ထွက်လာပါတယ်။ ပြန်ထွက်လာ တဲ့အလင်းစွမ်းအင်လှိုင်းတွေကို အာရုံခံကိရိ ယာတွေနဲ့ ဖမ်းယူပြီး   ဆော့(ဖ်)ဝဲနဲ့ခွဲခြမ်း စိတ်ဖြာမှုလုပ်လိုက်ပါတယ်။ အဲဒီအခါ ပစ်မှတ်ရဲ့ တည်နေရာ၊ အမြန်နှုန်းနဲ့ ပစ်မှတ်နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို ရရှိပါတယ်။

ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ တိမ်ထူထပ်ခြင်း၊ မြူခိုးထူထပ်ခြင်း၊ ညစ်ပတ် မှောင်မိုက်တဲ့ရေပြင်နဲ့ ပင်လယ်နေ သတ္တဝါ တို့ကြောင့်   လစ်ဒါးလေဆာနည်းပညာရဲ့ စွမ်းဆောင်ရည်တွေဟာ ကန့်သတ်ခံလိုက်ရ ပါတယ်။ ဒါ့ပြင် လေဆာလှိုင်းတွေက ရေပြင် ကိုထိတဲ့အခါ ပြန့်ကွဲထွက်သွားတဲ့အတွက် ပစ်မှတ်ရဲ့တိကျတဲ့ အချက်အလက် တွေ ရရှိ ဖို့လည်း ခက်ခဲပါတယ်။

အရင်တစ်ချိန်က အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စု တို့က ရေအောက် အနက် မီတာ ၁ဝဝ အထိသာ ထောက်လှမ်း နိုင်ခဲ့ပါတယ်။   အဲဒီနောက်မှာတော့ အမေရိကန်အာကာသ အေဂျင်စီကထောက်ပံ့ထား တဲ့   သုတေသန လုပ်ငန်းအဖွဲ့နဲ့ ကာကွယ်ရေး ဆိုင်ရာအဆင့်မြင့်သုတေသနစီမံကိန်းများဌာနတို့က ထိုကဲ့သို့ ရေအောက် ထောက်လှမ်း နိုင်မှုပမာဏကိုတိုးမြှင့်ခဲ့ပါတယ်။ ဥပမာအားဖြင့် ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်သုတေ သန စီမံကိန်း များဌာနက  လေယာဉ်တွေမှာ တပ်ဆင်နိုင်တဲ့ ရေအောက်ထောက်လှမ်းရေး ကိရိယာကို တီထွင်နိုင်ခဲ့ပါတယ်။ အဲဒီ ကိရိယာရဲ့ရေအောက်ထောက်လှမ်းနိုင်မှု ပမာဏဟာ မီတာ ၂ဝဝ အထိရှိပါတယ်။

လက်ရှိ တရုတ်နိုင်ငံက လုပ်ဆောင်နေတဲ့ ရေအောက် ထောက်လှမ်းရေး ကိရိယာဟာ အနက်မီတာ ၅ဝဝ အထိ ထောက် လှမ်းနိုင် မယ်ဆိုတာ မဖြစ်နိုင်တဲ့ လုပ်ဆောင်ချက်ဖြစ် ပါတယ်လို့ တရုတ်သိပ္ပံ အကယ်ဒမီမှ သိပ္ပံ ပညာရှင် တစ်ဦးက ပြောထားပါတယ်။

''ဒီစီမံကိန်းမှာ ပါတဲ့ သုတေသနပညာရှင် တွေအနေနဲ့ သဘာဝတရားကြီးကကာရန်ပေး ထားတဲ့ အမှောင်ထု အတွင်းကို ဖောက်ထွင်း ကြည့်ရှုနိုင်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စဖြစ် ပါတယ်'' လို့ စီမံကိန်းမှာမပါဝင်တဲ့ အမည် မဖော်လိုသူ သုတေသနပညာရှင်က ပြောပါတယ်။

အခု တရုတ်သိပ္ပံပညာရှင်တွေ ကြိုးစားနေ တဲ့လေဆာကတော့ စွမ်းအားမြင့်လေဆာ လှိုင်းတွေကို မတူညီတဲ့လှိုင်းနှုန်း အမျိုးမျိုးနဲ့ ထုတ်လွှတ်နိုင်တဲ့ လေဆာ အမျိုးအစားဖြစ်ပါတယ်။ ဒီလေဆာကြောင့် ပင်လယ်ပြင် အောက်ပိုင်းရဲ့ ပိုမိုနက်ရှိုင်းတဲ့ အနက်အထိ ထိုးဖောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် ဒီလေ ဆာတွေဟာ အရွယ်အစားအားဖြင့် ကီလိုမီ တာ ၁ဝဝ အကျယ်အဝန်းရှိတဲ့ ဧရိယာအတွင်း ဒါမှမဟုတ် ၁ ကီလိုမီတာပတ်လည်ရှိတဲ့ ဧရိယာအတွင်း အရာ ဝတ္ထုများကို အတိအကျ ထောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ပစ်မှတ်တွေကို ပိုမိုတိကျစွာထောက်လှမ်း နိုင်ဖို့အတွက် ဂြိုဟ်တုမှာ မိုက်ခရိုဝေ့ရေဒါကိုလည်း တပ်ဆင် သွားမှာ ဖြစ်ပါတယ်။ ဒီရေဒါရဲ့ သေးငယ်လှတဲ့လှိုင်းအလျားတွေက ရေပြင်ကို ထိုးဖောက်နိုင်ခြင်း မရှိပေမယ့်လည်း ရေပြင် ပေါ်မှာ လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကို တိကျစွာ ထောက်လှမ်းနိုင်စွမ်း ရှိပါတယ်။

ဒါကြောင့်  ရွေ့လျားနေတဲ့ရေငုပ်သင်္ဘော တစ်စင်းကြောင့် လှိုင်းထလာပါက မိုက်ခရို ဝေ့ရေဒါကတွေ့ရှိပြီး ဂြိုဟ်တုကို လှမ်းအချက် ပေးမှာဖြစ်ပါတယ်။ အဲဒီနောက် ဂြိုဟ်တုက စွမ်းအားမြင့်ရေဒါအနေနဲ့ဘယ်နေရာကို ထောက်လှမ်းရမယ် ဆိုတာ ထပ်မံညွှန်ကြား သွားမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ပိုင်နက် ပင်လယ်ပြင်ကာကွယ် ရေးအတွက် အဓိက အရေးပါတဲ့ လုပ်ဆောင်ချက်အနေနဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ကိုလုပ်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့  နည်းပညာမြင့် ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ဂြိုဟ်တုဟာ မကြာခင်မှာ အကောင်အထည်ပေါ် လာတော့မှာဖြစ် ပါတယ်။           

ဆောင်းပါးရှင်-ထက်မြက်              

         

Read 199 times
Rate this item
(0 votes)
Last modified on Thursday, 18 October 2018 14:03