SJ WorldNews - шаблон joomla Авто

Brexit အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူ့ဆန္ဒခံယူပွဲတစ်ရပ်ပြန်လည်ကျင်းပနိုင်မည်လား

Monday, 22 October 2018 09:27 Written by  font size decrease font size decrease font size increase font size increase font size

ဥရောပသမဂ္ဂ အဖွဲ့မှ ဗြိတိန် နုတ်ထွက်မည့် Brexit အစီအစဉ်နှင့် အစိုးရကနောက်ဆုံးတွင် မည်သို့မည်ပုံခွဲ ထွက်ရန် လုပ်ဆောင်မည် ဟူသောကိစ္စရပ်နှင့် စပ်လျဉ်း၍ နိုင်ငံအတွင်း ဒုတိယမြောက်ပြည်သူ့ဆန္ဒခံယူပွဲ တစ်ရပ်ကို ကျင်းပပေးရန်  ဗြိတိန်ပြည်သူ ထောင်ပေါင်း များစွာက လန်ဒန်မြို့တော်ရှိ လမ်းမများသို့ ထွက်ကာ ဆန္ဒပြသ ခဲ့ကြသည်။

လန်ဒန်မြို့ လယ်ကောင် တွင် အောက်တိုဘာ ၂ဝ  ရက်ကကျင်းပခဲ့သည့်ဆန္ဒပြပွဲကြီးသည် ဗြိတိန် အစိုးရက Brexit အစီအစဉ် နှင့်စပ်လျဉ်း၍ကျင်းပခဲ့သည့်  ပြည်သူ့ဆန္ဒထုတ်ဖော် ပွဲများအနက် အကြီးမားဆုံးဖြစ်လာပြီး  ဝန်ကြီးချုပ် ထရီဆာမေ အတွက်လည်း ခေါင်းခဲစရာဖြစ် လာစေခဲ့သည်။

ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ဗြိတိန်ပြည်သူ ဦးရေသည် ၇ဝဝဝဝဝခန့်ရှိပြီး ၎င်းတို့သည် နိုင်ငံအား ဥရောပသမဂ္ဂ အဖွဲ့အတွင်း ဆက် လက်ပေါင်းစည်းရပ်တည်သွားရန် ဆန္ဒရှိနေသည်။ ဆန္ဒပြသူများသည် ဥရောပသမဂ္ဂအလံများနှင့် အစိုးရ၏ Brexit အစီအစဉ်ကို ဆန့်ကျင်ထားသည့် ခေါင်းစီးစာတမ်းများအား ကိုင်ဆောင်ထားသည်။ ဗြိတိန်ပြည် သူများ အနေဖြင့် အကယ်၍ ၎င်းတို့နိုင်ငံက ဥရောပ သမဂ္ဂမှနုတ်ထွက်ပြီး ၎င်းတို့၏ ဘဝရပ်တည် မှုအပေါ်သို့     နှစ်ပေါင်း များစွာ ဆိုးကျိုး သက်ရောက်မည်ဆိုပါက ယခင်ကကျင်းပခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ထုတ်ဖော်ပြသခဲ့ သည့် ၎င်းတို့၏ ဆန္ဒကိုပြောင်းလဲနိုင်ခွင့်ရှိ သည်ဟု  ဆန္ဒပြပွဲများအား ကျင်းပရန် စီစဉ်သူတစ်ဦးဖြစ်သည့်  ဂျိမ်းမက် ဂရော်ရီက ပြောဆိုထားသည်။

ထို့ပြင် အစိုးရက လက်ရှိလုပ်ဆောင်နေသည့် စေ့စပ်ဆွေးနွေးမှုများသည် ထိရောက် မှုမရှိသည့်အပြင်    အစိုးရအဖွဲ့ အနေဖြင့် ၎င်းတို့ ပေးအပ်ထားသည့် ကတိကဝတ်များကို ဖြည့်ဆည်း ပေးနိုင်မည်မဟုတ်ဟု ပြည်သူများက  ယူဆ နေပြီဖြစ် ကြောင်း  ၎င်းက ဆက်လက်ပြောဆို သည်။

ယခုအခါ   ဗြိတိန်နိုင်ငံသည် ဥရောပ သမဂ္ဂအဖွဲ့မှ ခွဲထွက်ရေးအတွက် အပြီးသတ် လုပ်ဆောင်ရန် ငါးလသာ ကျန်ရစ် သော်လည်း ဝန်ကြီးချုပ်မေအနေဖြင့်  ခွဲထွက်ရေးနှင့် စပ်လျဉ်း၍   ဥရောပ ခေါင်းဆောင်များနှင့် လုပ်ဆောင်နေသည့် စေ့စပ် ဆွေးနွေးပွဲတွင် သဘော တူညီချက်တစ်ရပ်ကို အခိုင်အမာချမှတ်နိုင်မှု မရှိခြင်းကြောင့် အစိုးရအဖွဲ့မှ  ကွန်ဆာဗေး တစ်ပါတီဝင်အတော်များများမှာ စိတ်ဓာတ်ကျဆင်းလျက် ရှိသည့်အပြင် ဝန်ကြီးချုပ်မေ အနေဖြင့် စေ့စပ် ဆွေးနွေးပွဲများ လုပ်ဆောင်ရာတွင် ဥရောပ ခေါင်းဆောင်များအား အလျှော့ပေး ဆွေးနွေးနေရသည့် အခြေအနေ များကြောင့် အစိုးရ အဖွဲ့ဝင်အများအပြားမှာ ယခုအခါ အမျက်ဒေါသ ထွက်လျက်ရှိနေသည်။

အကယ်၍ ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီး နောက်တွင်လည်း  ယင်းအဖွဲ့ကြီးနှင့် အနာဂတ်တွင် လုပ်ဆောင်မည့် ကုန်သွယ်ရေးနှင့် စပ်လျဉ်း၍ သဘောတူ ညီချက်တစ်ရပ်  ချမှတ်နိုင်ရန်အတွက် လုပ်ဆောင်နေ သော မေ၏ ကြိုးပမ်းချက်မှာလည်း အကောင် အထည်ပေါ် လာမည့်အလားအလာများစွာ အလှမ်းဝေး နေခြင်းကြောင့် ကွန်ဆာဗေးတစ် ပါတီမှ  လွှတ်တော်အမတ် အချို့က အစိုးရအပေါ် အယုံအကြည်မရှိ အဆို တစ်ရပ်ကို တင်သွင်း မည်ဟု အစောပိုင်းက ခြိမ်းခြောက် ပြောဆိုထားသည်။

ဗြိတိန်နိုင်ငံသည်  ဥရောပသမဂ္ဂမှနုတ်ထွက်ရန် စီစဉ်သည့်  ပြည်သူ့ဆန္ဒခံယူပွဲကို ၂ဝ၁၆ ခုနှစ်က ကျင်းပခဲ့ခြင်းဖြစ်ပြီး   ယင်း ဆန္ဒခံယူပွဲ၌  ပြည်သူ ၅၂ ရာခိုင်နှုန်းက ၄င်းတို့၏ရပ်တည်မှုအခြေအနေနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ပိုမို စီမံ ခန့်ခွဲနိုင်မည် ဟူသောယုံကြည် ချက်ဖြင့်   ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် မဲပေးခဲ့ခြင်းဖြစ်သည်။

သို့ရာတွင်   နှစ်နှစ်ကြာပြီးအချိန်အထိ ဗြိတိန်အစိုးရသည် မူလက ရည်မှန်းထားခဲ့သည့် ရည်မှန်းချက်များ ကိုဖြည့် ဆည်း ပေးနိုင်  ရန်ကြိုးပမ်းရာတွင် ရုန်းကန်နေရသည့်အပြင် သဘောတူညီချက်တစ်စုံတစ်ရာ   ချမှတ်နိုင် ခြင်း မရှိဘဲ  ဥရောပ သမဂ္ဂမှ နုတ်ထွက်ရမည့် ကိန်းဆိုက်နေ သည်။ ထို့ကြောင့်  ဗြိတိန် ပြည်သူများအကြား   ဥရောပသမဂ္ဂမှ နုတ် ထွက်ခြင်းသည် နိုင်ငံရေးတည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှုကို  ခြိမ်းခြောက်လျက်ရှိ သောကြောင့်  ယင်းအဖွဲ့မှ နုတ်ထွက်ခြင်းထက် ဆက်လက်ပေါင်းစည်း နေခြင်းသာ အခြေအနေကို ပိုမိုကောင်းမွန် စေမည်ဟု ယုံကြည် လာသူဦး ရေမှာ မြင့်တက်လာပြီး ၎င်းတို့ အနေဖြင့် ယခင်ကချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်ကို  ပြန်လည်ပြင် ဆင်ရန် အခွင့်အရေး ရှိသည်ဟု ယူဆကာ   နိုင်ငံအတွင်း၌ ဒုတိယအကြိမ်မြောက် ပြည်သူ့ဆန္ဒခံယူပွဲတစ်ရပ်ကို ကျင်းပပေးရန် အစိုးရကို ဆန္ဒပြတောင်းဆိုခြင်း ဖြစ်သည်။ သို့ရာတွင် ဗြိတိန်အစိုးရအနေဖြင့် Brexit အစီအစဉ်နှင့် စပ်လျဉ်း၍ ပြည်သူ များက တောင်းဆို ထားသည့် ဒုတိယအကြိမ် မြောက်ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပေးမည့် အစီအစဉ်နှင့် ပတ်သက်၍   အကြိမ်ကြိမ် ငြင်းဆိုထားသည်။

သို့ရာတွင်   အတိုက်အခံ လေဘာပါတီ အနေဖြင့် ဗြိတိန်နိုင်ငံအားဥရောပသမဂ္ဂအဖွဲ့ အတွင်း  ဆက်လက်ထားရှိမည့် ရွေးချယ်မှု ပါဝင်မည့် ဒုတိယမြောက်ပြည်သူ့ဆန္ဒခံယူပွဲ တစ်ရပ်ကို ပြန်လည် ကျင်းပပေးရန်အတွက် လမ်းဖွင့် ပေးထား သည်ဟု   ယင်းပါတီမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြီးခဲ့သည့်လ အတွင်းက   ပြောဆိုထားခြင်းကြောင့် ဝန်ကြီး ချုပ်မေ အစိုးရအနေဖြင့် Brexit  အရေးနှင့်စပ်လျဉ်း၍ ဗြိတိန်ပြည်သူများက လက်ခံနိုင်သည့်  သဘောတူ ညီချက် တစ်ရပ်ကို အချိန်မီချမှတ်နိုင်ခြင်းမရှိပါက ဗြိတိန်နိုင်ငံ ရေးသည် လက်ရှိ အချိန်ထက်  ပိုမိုရှုပ်ထွေး လာနိုင် သည်။

ဆောင်းပါးရှင်(မောင်ယုယ)

Read 128 times
Rate this item
(0 votes)
Last modified on Monday, 22 October 2018 09:50