SJ WorldNews - шаблон joomla Авто

ကမ္ဘာ့စီးပွားရေးရဲ့ နောက်ထပ်ဗဟိုချက်ဖြစ်လာနိုင်တဲ့ ကိုရီးယားကျွန်းဆွယ်

Tuesday, 23 October 2018 10:53 Written by  font size decrease font size decrease font size increase font size increase font size

ကိုရီးယားကျွန်းဆွယ်က ပြုပြင်ပြောင်း လဲမှုတွေဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးအတွက် စီးပွားရေးအရအရေးပါတဲ့ နောက်ထပ်ဗဟို ချက်နေရာဖြစ်လာနိုင်ပါသလား။ ယနေ့ မြောက်ကိုရီးယားရဲ့ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးက အမေ ရိကန်ဒေါ်လာ ၂၈ ဘီလီယံရှိမယ်လို့ ခန့်မှန်း ရပါတယ်။ ဒီပမာဏက ကင်မရွန်းနိုင်ငံရဲ့ ပြည်တွင်းအသား တင်ကုန်ထုတ်လုပ်မှုတန်ဖိုး နဲ့အတူတူပဲဖြစ်ပါတယ်။

ဒါပေမဲ့ ၂ဝ၅ဝ ပြည့်နှစ်ရောက်တဲ့အချိန် မှာ ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးရဲ့ ပြည် တွင်း အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၄ ထရီလီယံကနေ ၆ ဒသမ ၄ ထရီလီယံအထိ ရောက်ရှိနိုင်ပါ တယ်။ အဲဒီပမာဏထဲမှာမှ မြောက်ကိုရီးယား နိုင်ငံရဲ့ ပြည်တွင်းအသား တင်ကုန်ထုတ်လုပ် မှုတန်ဖိုးက လေးပုံတစ်ပုံခန့်ဖြစ်နိုင်ပါတယ်။ ဒီလိုခန့်မှန်းထားတဲ့အတိုင်း အမှန်တကယ် ဖြစ်လာမယ်ဆိုရင် ကိုရီးယားကျွန်းဆွယ် က သီးခြားစီးပွားရေး အသိုက်အဝန်းတစ်ခု ဖြစ်လာနိုင်ခြေရှိပါတယ်။ ဒါ့ပြင် ဂျပန်၊ ဂျာမနီ နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့စီးပွားရေးနဲ့ တစ်ပြေးညီ ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး သူ့ရဲ့အပေါ်မှာ စီးပွားရေး အင်အားကြီးနိုင်ငံတွေအဖြစ် တရုတ်၊ အမေ ရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့သာ ရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုဖြစ်လာဖို့အတွက် အဖြေ မပေးရသေးတဲ့ နိုင်ငံရေးနဲ့လုံခြုံရေးမေးခွန်း အမြောက်အမြားကို ဦးစွာဖြေရှင်းဖို့လိုမှာဖြစ် ပြီး လုပ်ဆောင်ချက်အများစုကလည်း သတ် မှတ်ထားတဲ့အတိုင်းဖြစ်လာဖို့လိုပါတယ်။ ၂ဝ၅ဝ ပြည့်နှစ်ရောက်ရင် ကိုရီးယားကျွန်း ဆွယ်မှာ မြို့ပြလူနေထိုင်မှုနှုန်းက ၁ဝ ရာခိုင် နှုန်းမြင့်တက်လာပြီး သုတေသနနဲ့ဖွံ့ဖြိုးရေးရင်းနှီးမြှုပ်နှံမှုကလည်း ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၆ ရာခိုင်နှုန်းအထိတိုးမြှင့်အသုံးပြုလာရမှာဖြစ်ပါတယ်။

ဒါ့ပြင် နှစ်စဉ်စီးပွားရေးတိုးတက်မှုက ၅ ရာခိုင်နှုန်းကျော် ရှိရမှာဖြစ်ပြီး နှစ် ပေါင်း ၃ဝ ကျော်ကြာတဲ့အထိ အဲဒီနှုန်းအတိုင်း စဉ်ဆက်မပြတ်တည်ရှိရမှာဖြစ်ပါ တယ်။ ဒီသတ်မှတ်ချက်က မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ အီသီယိုးပီးယားနဲ့ ယူဂန်ဒါလိုနိုင်ငံတွေတောင်မှ ပြီးခဲ့တဲ့နှစ်ပေါင်း ၃ဝ အတွင်း နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ကို ၆ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်းကြား ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒီလိုရည်မှန်းချက်တွေကို ပြည့်မီအောင် ဖြည့်ဖို့အတွက် လက်ရှိမျှော်မှန်းထားသလိုလမ်းကြောင်းမှန်အတိုင်း တည့်တည့်သွားဖို့လိုသေးတယ်။ ဒီလမ်းကြောင်းကဘာလဲ ဆိုရင် ပေါကြွယ်လွန်းလှပြီး တူးဖော်မှုမပြုရ သေးတဲ့ မြောက်ကိုရီးယားရဲ့ တွင်းထွက် သယံဇာတများနဲ့ ဟိုက်ဒရိုကာဗွန်တို့ကို အကျိုး ရှိစွာအသုံးချခြင်းနဲ့ စံပြစက်မှုလုပ်ငန်းခရီးကို လျှောက်လှမ်းဖို့ဖြစ်ပါတယ်။

စံပြစက်မှုလုပ်ငန်းခရီးမှာဆိုရင်လည်း ဈေးသက်သာပြီး အများအပြားရရှိနိုင်တဲ့ အလုပ်သမားအရင်းအမြစ်တွေကို အသုံး ပြုတဲ့ အပေါ့စားစက်မှုလုပ်ငန်းများမှသည် နောက်ဆုံးပေါ် ခေတ်မီစက်မှုလုပ်ငန်းတွေ အထိလုပ်ရမှာဖြစ်ပါတယ်။ ဒီလမ်းကြောင်း ကို တောင်ကိုရီးယားနိုင်ငံက ၁၉၆ဝ ပြည့် လွန်နှစ်အစောပိုင်းမှ ၁၉၉ဝ ပြည့်လွန်နှစ် အလယ်ပိုင်းကာလအထိ လျှောက်လှမ်းခဲ့ ပြီးဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အနာဂတ်ကို မျှော်မှန်းပြီး အနာဂတ်မှာလုပ်ရမယ့်အလုပ်တွေ ကို ပစ္စုပ္ပန်မှာပြန်လုပ်တဲ့ လုပ်နည်းစနစ်ကို အသုံးပြုရမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဒီလုပ်နည်းကို အသုံးပြုမယ် ဆိုရင် များပြားလှတဲ့ထူးချွန်ပြီးသားမျိုးဆက်သစ်လူငယ်တွေကို အကောင်းဆုံးထောက်ပံ့ ပေးနိုင်ဖို့ ဒစ်ဂျစ်တယ်နည်းပညာတွေကို တွန်း အားပေးလုပ်ဆောင်သင့်ပါတယ်။ ဒါ့ပြင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ မှာရှိတဲ့ ကမ္ဘာ့အအောင်မြင်ဆုံး ကုမ္ပဏီတွေ နဲ့ချိတ်ဆက်မှုတွေကနေ အကျိုးကျေးဇူးကို ရယူရမှာဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံကို အောင်မြင်မှုရရှိအောင် လုပ်ဆောင် ပေးခြင်းဖြင့် ၂ဝ၁၂ ခုနှစ်ကစပြီး စီးပွားရေး တိုးတက်မှု နှေးကွေးနေတဲ့ တောင်ကိုရီးယား နိုင်ငံအတွက်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

အရှင်းဆုံးပြောရရင် ကိုရီးယားကျွန်းဆွယ် ရဲ့အနာဂတ်ကို သင့်တင့်လျောက်ပတ်စွာပြန် လည်ပုံဖော်ရာမှာ မြောက်ကိုရီးယားနိုင်ငံ အတွင်း ဈေးကွက်ယန္တရားကို ဖော်ဆောင်ပေး ဖို့လိုအပ်ပါတယ်။ ဒီလိုမလုပ်ဘဲ ငွေတွေပုံပေး ရင်တောင်မှ ပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ် ပါဘူး။ ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံမှာဈေး ကွက်ယန္တရားဖော်ဆောင်ဖို့အတွက် အဓိက လုပ်ဆောင်ရမယ့် အချက်လေးချက်ရှိပါ တယ်။ ပထမအချက်ကတော့ သဘာဝအရင်းအမြစ်တွေကိုထုတ်ယူရာမှာ လူသားအရင်း အမြစ်တွေကို ပိုမိုအသုံးပြုဖို့ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ မြောက်ကိုရီးယား နိုင်ငံရဲ့ သီးခြားခွဲထွက်နေတဲ့စနစ်တွေနဲ့ အားနည်းတဲ့ အခြေခံအဆောက်အအုံတွေရဲ့ ကန့်သတ်မှုတွေကိုကျော်လွှားရာမှာ အကူအညီ ဖြစ်စေဖို့အတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ ဒစ်ဂျစ် တယ်ပိုင်းဆိုင်ရာချိတ်ဆက်မှုတွေကို တွန်းအား ပေးလုပ်ဆောင်ရမှာဖြစ်ပါတယ်။

တတိယအချက်က ကြီးမားပြီးမဖွံ့ဖြိုးသေး တဲ့ မြောက်ကိုရီးယားရဲ့စီးပွားရေးကို လက် တွေ့စမ်းသပ်လေ့လာမှုအတွက် အခွင့်အရေး အဖြစ်အသုံးချရမှာဖြစ်ပြီး ကုန်ထုတ်လုပ်မှု နဲ့ မြို့ပြဝန်ဆောင်မှုလုပ်ငန်းတွေအတွက် မျိုး ဆက်သစ်လုပ်နည်းတွေကို စမ်းသပ်ရမှာဖြစ် ပါတယ်။ စတုတ္ထအချက်က တစ်နိုင်ငံချင်းစီရဲ့ ခေါင်းဆောင်တွေအပေါ်ထားရှိတဲ့ ရည်မှန်း ချက်တွေကို တစ်သမတ်တည်းထားရှိရမှာ ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်နဲ့ ကျန်ဒေသတွေကနေ ပူးပေါင်းဆောင်ရွက်မှုကနေ ထွက်ပေါ်လာတဲ့ အကျိုးကျေးဇူးတွေကို ရယူ နိုင်ဖို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားတွေက ဈေး ကွက်စီးပွားရေးကနေရရှိတဲ့ ဘယ်လိုအခွင့် အရေးမျိုးတွေကို မဆိုလက်ခံဖို့ လျင်မြန်စွာ လှုပ်ရှားဆောင်ရွက်နေပါတယ်။ မြောက်ကို ရီးယားနိုင်ငံမှာအငတ်ဘေးဆိုက်တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေအတွင်းပေါ်ပေါက်လာတဲ့ မှောင်ခိုဈေးကွက်တွေက ကုန်သွယ်ရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် ပင်မအရင်း အမြစ်ဖြစ်လာပါပြီ။ ဒီမှောင်ခိုဈေးကွက်တွေ ကနေ တစ်နိုင်ငံလုံးအတွက် လိုအပ်တဲ့အစား အစာနဲ့ လူသုံးကုန်ပစ္စည်း သုံးပုံနှစ်ပုံကိုရရှိ နေတာဖြစ်ပြီး လူပေါင်း ၁ ဒသမ ၁ သန်း ခန့်ကို အလုပ်အကိုင်ပေးထားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ဒီလိုစတင်မှုတွေလုပ်ဆောင်ရာမှာ နည်း ပညာအကောင်အထည်ဖော်မှုနဲ့ ဈေးကွက် ယန္တရားတွေကို လျင်မြန်စွာဖော်ဆောင်ဖို့ အပြင် နောက်ထပ်အခြေခံကျတဲ့အုတ်မြစ် တစ်ခုလည်း လိုအပ်ပါသေးတယ်။ အဲဒါက တော့ ပညာရေးစနစ်ကိုမြှင့်တင်ခြင်းပဲဖြစ် ပါတယ်။ လက်ရှိမြောက်ကိုရီးယားနိုင်ငံရဲ့ ပညာရေးစနစ်က တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြင့်မားတဲ့အောင်မြင်မှုကိုရရှိ ထားပါတယ်။ ဒါပေမဲ့ လာမယ့်နှစ် ၅ဝ အတွင်းမှာဖြစ်ပေါ်လာမယ့် လုပ်ငန်းတွေကို အောင်မြင်စွာလုပ်နိုင်ဖို့အတွက် အခြေခံ အဆင့်နဲ့ အသက်မွေးမှုပညာရေးစနစ်တို့ကို အဓိကထား အဆင့်မြှင့်တင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ကြီးမားတဲ့စိန်ခေါ်မှု တွေနဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေအရ ကိုရီးယားကျွန်းဆွယ်က အခါအခွင့်သင့်တဲ့ တည်နေရာကနေ အကျိုးကျေးဇူးတွေရရှိနေ ပါတယ်။ ကိုရီးယားကျွန်းဆွယ်ရဲ့ ဒီလို ပြည့်ဝတဲ့စွမ်းရည်တွေက ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုအတွက် အဓိကကျတဲ့အစိတ် အပိုင်းဖြစ်လာပါတယ်။ ဒါကြောင့် တစ်ချိန်မှာ ကိုရီးယားကျွန်းဆွယ်က တတိယမြောက် အကြီးဆုံး ကမ္ဘာ့စီးပွားရေးဈေးကွက်ဖြစ်လာ နိုင်ပြီး စွမ်းအင်သုံးစွဲမှုမှာလည်း ယနေ့ အမေရိကန်ပြည်ထောင်စုထက် ပိုမိုများပြားလာနိုင် ပါတယ်။

ဒီလိုအချက်တွေအပြင် ကိုရီးယားကျွန်း ဆွယ်သာ အခုထက်ပိုပြီးငြိမ်းချမ်းလာမယ် ဆိုရင် ကမ္ဘာ့စီးပွားရေးအတွက် နောက်ထပ် ဗဟိုချက်နေရာဖြစ်လာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

Read 145 times
Rate this item
(0 votes)
Last modified on Tuesday, 23 October 2018 11:03