SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံရဲ့ မဟာပင်လယ်အော် ဒေသကို ဖော်ဆောင်မယ့် ကမ္ဘာ့ အရှည်ဆုံး ပင်လယ်ကူး တံတား

Wednesday, 24 October 2018 10:01 Written by  font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံက မဟာပင်လယ်အော်ဒေသ ကိုဖော်ဆောင်ဖို့အတွက် စီမံကိန်းချမှတ်ခဲ့ တာကြာမြင့်ပြီဖြစ်ပါတယ်။ ယခု အခါမှာတော့ ဒီစီမံကိန်းဟာ အကောင်အထည်ပေါ်လာပြီ လို့ဆိုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ရင် ဟောင် ကောင်၊ မကာအိုနဲ့ တရုတ်ပြည် မကြီးမှာရှိတဲ့မြစ်ဝကျွန်းပေါ်မြို့တွေကိုချိတ် ဆက်ပေးမယ့် ပင်လယ်ကူး တံတားကြီး ကို အောက်တိုဘာ ၂၃ ရက်မှာ ဖွင့်လှစ်လိုက်နိုင် လို့ဖြစ်ပါတယ်။

ဒီတံတားဟာ တရုတ်ပြည်မကြီးတောင် ပိုင်းမှာရှိတဲ့  ကျူးဟိုင်မြို့ကနေ  မကာအို အထူးအုပ်ချုပ်ခွင့်ရ ဒေသမှသည် ဟောင် ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအထိ ဆက်သွယ်ထားတာဖြစ်ပါတယ်။ တံတားကို  တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်  တက် ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့က အောက်တိုဘာ ၂၄ ရက်မှသာ  တရားဝင်ဖြတ် သန်းသွားလာနိုင်မှာဖြစ်ပါတယ်။

တံတားအရှည်က ၅၅ ကီလိုမီတာရှိပြီး ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ ဂိုးဒင်းဂိတ် တံတားထက် အဆ ၂ဝ ပိုရှည် ပါတယ်။ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝ ရှိပါတယ်။ တံတားတည်ဆောက် မှုကြာမြင့်ချိန် ကတော့ ကိုးနှစ်ပါ။ ဒီတံတားကိုတည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဆန်ဖရန် စစ္စကို၊ နယူးယောက်နဲ့ တိုကျိုတို့မှာရှိတဲ့ ပင်လယ်အော်ဒေသ တို့ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ကိုယ်ပိုင် ပင်လယ်အော်ဒေသ ဖန်တီးဖို့ဖြစ်ပါ တယ်။

အရှည် ၃ဝကီလိုမီတာက ခြောက်လမ်းသွား လမ်းမကြီးဖြစ်ပြီး လူလုပ်ကျွန်းတု နှစ်ခု ကိုဆက်သွယ်ထားတဲ့ လမ်းတွေ ကတော့ စုစု ပေါင်း ၂၅ ကီလိုမီတာရှိပါတယ်။ ယခင်က ကျူးဟိုင်ကနေ ဟောင်ကောင် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို သွားမယ်ဆိုရင်  လေးနာရီကြာမြင့် ပါတယ်။ အခုဒီတံတားကြောင့် ၄၅မိနစ်သာ  ကြာမြင့်တော့ မှာဖြစ်ပါတယ်။

မဟာပင်လယ်အော် ဒေသ စီမံကိန်းမှာဆို ရင် မြို့ ၁၁ မြို့နဲ့ လူဦးရေ ၆၈ သန်းပါဝင် ပါတယ်။ ဒီဒေသရဲ့ နှစ်စဉ် အသား တင်ကုန် ထုတ်လုပ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁ ထရီလီယံရှိပါတယ်။ ဒီပမာဏ ဟာ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသရဲ့ နှစ်ဆရှိပြီး သြစတြေး လျ၊ စပိန် သို့မဟုတ် မက္ကဆီကိုနိုင်ငံတို့ထက် ပိုမို များပြားပါတယ်။

ဒါ့ပြင် အခြေခံ အဆောက်အအုံ၊ ငွေကြေး ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုနဲ့ နည်းပညာခိုင်မာမှုတို့နဲ့အတူ   ကြီးမားတဲ့ ဈေးကွက် တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

ဒါပေမဲ့  ဒီစီမံကိန်းဟာ ဟောင်ကောင် ကို တရုတ်ပြည်မကြီးထဲဆွဲယူ သိမ်းသွင်းနိုင်ဖို့အတွက်   တရုတ်အစိုးရရဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုပြီး ဝေဖန်သူတွေက ပြောထားပါတယ်။ တရုတ်နိုင်ငံဟာ ပြည်မကြီးနဲ့ ဟောင်ကောင် ကိုဆက်သွယ် ပေးမယ့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကုန်ကျနိုင်တဲ့   ဟောင်ကောင်မြန်နှုန်းမြင့် မီးရထားလမ်း စီမံကိန်းကိုလည်း ပြီးခဲ့တဲ့လကမှ စတင်အကောင်အထည်ဖော် နေတာဖြစ်ပါတယ်။

''မြို့ကြီးသုံးမြို့အကြား ပထမဆုံးအကြိမ် ချိတ်ဆက်နိုင်တဲ့ ဒီတံတားကြီးကြောင့် ဒေသအတွင်းနေထိုင်တဲ့ ဒေသခံတွေ အတွက် အပြန် အလှန်အကျိုးပြုမှုကို ဖြစ်ပေါ်စေပါမယ်။ စီး ပွားရေး အကျိုးကျေးဇူးတွေကို ရရှိစေပါမယ်။ မဟာပင်လယ်အော်ဒေသရည်မှန်းချက် ကို ရှေ့ဆက်အကောင်အထည်ဖော် နိုင်မှာဖြစ်ပါတယ်။ ကျူးဟိုင်၊ ဟောင် ကောင် နဲ့ မကာအို တို့မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ပေါင်းစပ်မှုကိုလည်း အကျိုးပြုမှာဖြစ်ပါတယ်'' လို့ တရုတ် ဒုတိယ ဝန်ကြီးချုပ်နဲ့ ဟောင်ကောင်၊ မကာအိုရေးရာ အကြီးအကဲ ဟန်ကျန်းက ပြောပါတယ်။

ဒီတံတားကြီးကြောင့် ကျူးဟိုင်၊ မကာအို နဲ့ဟောင်ကောင်တို့အကြား တစ်မြို့နဲ့တစ်မြို့ ကိုတစ်နာရီအတွင်း သွားလာ နိုင်မှာဖြစ်တဲ့အတွက် စံနှုန်းတစ်ခုအဖြစ် သတ်မှတ်နိုင်တဲ့ လူနေထိုင်မှု ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေး မှာဖြစ် တယ်လို့ ဟောင်ကောင် အထူးအုပ်ချုပ် ခွင့်ရဒေသအကြီးအကဲ ကယ်ရီလမ်းကပြော ပါတယ်။ ဒီတံတားကြီး တည်ဆောက်မှု ကုန်ကျစရိတ်တွေအနက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကို ဟောင်ကောင်အစိုးရက ပေး အပ်ထား တာကြောင့်  မဟာပင်လယ်အော် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုတွေမှာ ဟောင်ကောင်က အဓိကကျတဲ့ အခန်းကဏ္ဍ ကနေပါဝင်သွားမှာဖြစ်တယ်လို့ ထိပ်တန်း တာဝန်ရှိသူတွေက ပြောပါတယ်။

တစ်နိုင်ငံအုပ်ချုပ်စနစ် နှစ်မျိုးသုတေသန အဖွဲ့ရဲ့လေ့လာမှုတွေအရ ဒီတံတားကြီးဟာ ကုန်စည်ကူးသန်းပို့ ဆောင်မှုအပေါ် အကျိုး သက်ရောက်မှုအနည်းငယ်သာ ရှိမှာဖြစ်တယ် လို့ဖော်ပြထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ခရီးသွား လာမှုအပေါ် သိသာ ထင်ရှားတဲ့အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေမှာ ဖြစ်တယ်လို့ဆိုပါတယ်။

မကြာသေးမီနှစ်များက ပုလဲမြစ်ဝကျွန်း ပေါ်ဒေသ၊ မကာအိုနဲ့ ဟောင်ကောင်အထူး ဒေသတို့အကြား ခရီးသွားလာရေး လုပ်ငန်း၊ ဒေသဖြတ်ကျော် စားသုံးမှုနှင့်ဝန်ဆောင်မှု လုပ်ငန်းတို့လို စီးပွားရေးလုပ်ငန်းတွေကြောင့် ဒီဒေသသုံးခု အကြား ဒေသခံတွေရဲ့ခရီးသွား လာမှုဟာ မြင့်တက်လာပါတယ်။ ဒါကြောင့် အခုလိုမျိုး ကမ္ဘာ့အရှည်ဆုံး တံတားကိုဖွင့်လှစ် နိုင်ခြင်းဟာ ဒီဒေသတွေအကြားခရီးသွားလာ မှုကြာမြင့်ချိန်ကို လျှော့ချပေးနိုင်တာသာမက ပင်လယ်ပြင်မှ ခရီးသွားလာမှုထက် ပိုမိုကုန်ကျ စရိတ်နည်းသော၊ သက်သောင့်သက်သာရှိသော၊ စိတ်ချမ်းသာသော ခံစားမှုများကို ရရှိ စေမှာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာ  ပုလဲမြစ်ဝကျွန်းပေါ်ဒေသမှာ ဟောင်ကောင်အထူးဒေသနဲ့ပူးပေါင်း မှုကြောင့် ခေတ်မီစက်မှုလုပ်ငန်း တွေဖွံ့ဖြိုး တိုးတက်လာပြီဖြစ်ပါတယ်။ တံတားကြီးကို အသုံးပြုနိုင်တဲ့အချိန်ကစပြီး ဟောင်ကောင် ရဲ့ဝန်ဆောင်မှု လုပ်ငန်းတွေဟာ တရုတ်ပြည် မကြီးအတွင်း မှာ ဈေးကွက်ကို အလွယ်တကူ ရှာဖွေလာနိုင်မှာဖြစ်ပါတယ်။

ဒါ့ပြင် ဒီတံတားကြီးဟာ ခရီးသွားလာ ရေးကဏ္ဍကိုလည်း မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ တရုတ်ပြည်မကြီးမှာရှိတဲ့ ကွမ်တုံပြည်နယ်၊ ဟောင်ကောင်နဲ့ မကာအိုဒေသတို့ဟာ ခရီးသွားလာရေးကို အထူးအကောင်အထည် ဖော်နေတဲ့ ဒေသများ ဖြစ်ပါတယ်။ ဒီတံတား ကြီးရဲ့ကျေးဇူးကြောင့် ထိုဒေသတွေမှာရှိတဲ့ ခရီးသွားလာရေး လုပ်ငန်းတွေ အနေနဲ့ ပိုမို ဆန်းသစ်တဲ့ဆွဲဆောင်မှုတွေနဲ့   ခရီးသွားဧည့်သည်တွေကို    ဖိတ်ခေါ်နိုင်မှာဖြစ်ပါတယ်။

 ဆောင်းပါးရှင်-ထက်မြက်

Read 133 times
Rate this item
(0 votes)
Last modified on Wednesday, 24 October 2018 10:02