SJ WorldNews - шаблон joomla Авто

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်တော့မယ့် တရုတ်နဲ့ဂျပန်

Wednesday, 24 October 2018 10:15 Written by  font size decrease font size decrease font size increase font size increase font size

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ တရုတ် နိုင်ငံခရီးစဉ်က အောက်တိုဘာ ၂၅ ရက်မှာ စတင်မှာဖြစ်ပါတယ်။ ဒီခရီး စဉ်က  ခုနစ်နှစ် အတွင်း ဂျပန်ဝန်ကြီးချုပ်တစ်ဦးက တရုတ် နိုင်ငံကိုသွားတဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါ တယ်။  ဒါ့ပြင်  နှစ်နိုင်ငံပြန်ပေါင်း ထုပ်မှု အခြေအနေတိုးတက်နေစဉ်မှာပဲ  ဒီခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။   အခြေခံ အဆောက်အအုံ စီမံကိန်းတွေမှာ   နှစ်နိုင်ငံ နီးကပ်စွာပူးပေါင်းဖို့ ဆွေးနွေးမှာက   အဲဒီခရီးစဉ်ရဲ့ အဓိက အချက်ဖြစ် ပါတယ်။

ရှင်ဇိုအာဘေးရဲ့ ခရီးစဉ်အတွင်းမှာ ထိပ်တန်း စီးပွားရေး သမားတွေနဲ့  အစိုးရအဖွဲ့တာ ဝန်ရှိသူတွေ အယောက် ၁ဝဝဝ ကျော် လောက် ပါဝင်တဲ့ စီးပွားရေးဖိုရမ်တစ်ခု လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အဓိကကျတဲ့ ဒေသတွေနဲ့စက်မှုလုပ်ငန်းတွေအပြင် မူဝါဒပိုင်းဆိုင်ရာ မူဘောင်တွေကိုလည်း ဆွေးနွေး မှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ပို့ဆောင်ရေးနဲ့ထောက်ပံ့ရေးလိုမျိုး၊ စွမ်းအင်နဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး လိုမျိုး၊  စက်မှုလုပ်ငန်းအဆင့်မြှင့်တင်ရေးနဲ့ ဘဏ္ဍာငွေ ထောက်ပံ့မှုလိုမျိုးကဏ္ဍတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံ တို့ရဲ့စီးပွားရေးအခြေအနေက  အမြင့်မား ဆုံးသော လိုက်ဖက်မှုအဖြစ် ထွက်ပေါ် လာ နေပါတယ်။ ဒါကြောင့် တတိယနိုင်ငံတွေမှာ ဈေးကွက်တွေကိုဖွင့်လှစ်နိုင်ခြင်းက နှစ်နိုင်ငံ စလုံးရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက  ဒေသတွင်းနဲ့  ကမ္ဘာ့စီးပွားရေးရဲ့ ချမ်းသာကြွယ်ဝမှုကိုပါ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံနဲ့ ဂျပန် နိုင်ငံတို့ကြား  ကုန်သွယ်မှုပမာဏက စုစုပေါင်း အမေရိကန်ဒေါ်လာဘီလီယံ ၃ဝဝ အထိရှိပါတယ်။   ဒါကြောင့်ပဲ   တရုတ်နိုင်ငံက  ဂျပန်နိုင်ငံရဲ့    ဒုတိယအကြီးမားဆုံးကုန် သွယ်ဖက်နိုင်ငံဖြစ် လာပြီး ဂျပန်နိုင်ငံကတော့ တရုတ်နိုင်ငံရဲ့ တတိယ အကြီးမားဆုံးကုန် သွယ်ဖက်နိုင်ငံဖြစ်လာပါတယ်။ ဒါ့ပြင် ဂျပန် စီးပွားရေးလုပ်ငန်း  ၃ဝဝဝဝ ခန့်ကလည်း တရုတ်နိုင်ငံ အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပါတယ်။  အခုဆိုရင်  တရုတ်နိုင်ငံ အတွင်း ဂျပန်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတန် ဖိုးက  အမေရိကန်ဒေါ်လာဘီလီယံ  ၁ဝဝ အထိ မြင့်တက် လာပါတယ်။

တတိယနိုင်ငံစီမံကိန်းများလို့    ဂျပန် အစိုးရက ရည်ညွှန်းခေါ်ဝေါ်တဲ့ ပိုးလမ်းမ အသစ် စီမံကိန်း အောက်မှာရှိတဲ့   အခြေခံ အဆောက်အအုံစီမံကိန်းတွေကို ဂျပန်နိုင်ငံဘက်ကပူးပေါင်းဆောင်ရွက်လာတာက နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် အဆင်ပြေခြင်းရဲ့ အဓိက ကျတဲ့အချက်အဖြစ်မြင်တွေ့နိုင်ပါတယ်။

တရုတ်နိုင်ငံနဲ့  ဂျပန်နိုင်ငံတို့က  ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံရဲ့ သမိုင်းဝင် ရက်စက်မှုတွေနဲ့   အရှေ့တရုတ် ပင်လယ်အတွင်း  ပိုင်နက် အငြင်းပွားမှုတွေကြောင့် နှစ်ပေါင်းများ စွာကြာ တင်းမာမှုတွေဖြစ်ပေါ် ခဲ့ပါတယ်။ ဒါပေမဲ့ လည်း ရှင်ဇိုအာဘေးရဲ့ ခရီးစဉ်က ဒီလိုတင်းမာမှုတွေကို  ပြေလျော့ စေပြီး နှစ်နိုင်ငံပြန်လည်အဆင်ပြေစေတဲ့လုပ် ရပ်အဖြစ် နှစ်နိုင်ငံစလုံးက အသိအမှတ်ပြု ကြိုဆိုကြပါတယ်။

အခုလိုမျိုး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန် ဖြစ်လာတဲ့အချိန်မှာ ဂျပန်နိုင်ငံက တရုတ် နိုင်ငံနဲ့အတူပူးပေါင်းပြီး တစ်ကမ္ဘာလုံး ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သင့်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် ကြီး ချန်းယောင်ဟွာက ပြောပါတယ်။ လက် ရှိမှာတော့   အမေရိကန်သမ္မတ  ဒေါ်နယ် ထရမ့်က  ပြည်တွင်းလုပ်ငန်းတွေ  အကာ အကွယ်ပေးရေး မူဝါဒကို  တိုးမြှင့်ကျင့်သုံး လာတာကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုက    ကမောက် ကမ ဖြစ်လာပါတယ်။

''ကမ္ဘာပေါ်မှာ ဒုတိယနဲ့တတိယ စီးပွား ရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ် နိုင်ငံနဲ့ဂျပန်နိုင်ငံတို့က  တစ်ကမ္ဘာ လုံး ဆိုင်ရာ စီးပွားရေးကိုကာကွယ်သူတွေနဲ့  အဲဒီက စီးပွားရေး အသီးအပွင့်တွေကို  ခံစားခွင့်ရရှိ သူတွေဖြစ် တာကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် တွန်းအားပေးဆောင် ရွက်သင့်ပါတယ်'' လို့ ချန်းယောင်ဟွာ ကပြော ပါတယ်။

''ကျွန်တော်တို့အနေနဲ့   တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးထိခိုက်မှုနဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ ကုန်ပစ္စည်းထောက်ပံ့မှု ကွင်းဆက် တို့မှာ ကွဲပြားခြားနားပြီး    မရပ်တည်သင့် တော့ပါဘူး။  လွတ်လပ်စွာကုန်သွယ်ရေးကို

ထောက်ခံကြောင်းနဲ့ ပြည်တွင်းလုပ်ငန်းတွေ အကာအကွယ်ပေးရေးမူဝါဒကို  ဆန့်ကျင်ကြောင်း လူသိရှင်ကြား ပြောဆိုပြီး ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာမှုရှိလာအောင် လုပ်ဆောင် သင့်ပြီး ပွင့်လင်းတဲ့ကမ္ဘာ့စီးပွား ရေးတည်ဆောက်ရာမှာ    တစ်ကမ္ဘာလုံး ဆိုင်ရာအဆင့်နဲ့ ဒေသတွင်း အဆင့်တွေမှာ လည်း ပူးပေါင်းသင့်ပါတယ်'' ဟု ချန်းယောင် ဟွာကဆက်ပြောပါတယ်။

လက်ရှိ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေတဲ့ ဒေါ်နယ်ထရမ့်က  ဂျပန်နိုင်ငံ အပေါ် သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံ မယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ ဂျပန် အစိုးရက  အမေရိကန်ပြည်ထောင်စုနဲ့ကုန် သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ သဘောတူထားပြီး တရုတ်နိုင်ငံရဲ့ကုန်သွယ် ရေးအလေ့အထတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူ ပန်ကြောင်းပြောထားပါတယ်။   ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မသေချာမရေ ရာတဲ့   ပြည်တွင်း လုပ်ငန်းတွေ   အကာ အကွယ်ပေးရေးမူဝါဒကျင့်သုံးမှု မြင့်တက် လာတဲ့အချိန်မှာ ဂျပန်နိုင်ငံက တရုတ်နိုင်ငံ နဲ့ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးပမ်းလာတာဖြစ် ပါတယ်။

ဒီကြိုးပမ်းမှုတွေထဲမှာ    ဘာတွေပါလဲ ဆိုရင် ပိုင်နက်အငြင်းပွား အရှေ့တရုတ်ပင် လယ်အတွင်းမှာရှိတဲ့ ရေနံနဲ့ ဓာတ်ငွေ့ ထုတ်လုပ်မှု ကဏ္ဍတွေမှာ ပူးတွဲဆောင်ရွက်သွားဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်လည်စတင်လုပ် ဆောင်သွား ဖို့လည်း ပါဝင်ပါတယ်။ ဒီဆွေးနွေး  မှုတွေက ၂ဝ၁ဝ ပြည့်နှစ်ကစပြီး ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ဂျပန်နိုင်ငံတို့ကြားဖြေ ရှင်းရမယ့် နောက်ထပ်ပြဿနာတစ်ရပ်က တော့ ရေရှည်တည်တံ့တဲ့ချစ်ကြည်ရင်း နှီးမှု ရရှိစေရေးဖြစ်ပါတယ်။

ရှင်ဇိုအာဘေးက မကြာသေးမီ ရက်ပိုင်းအတွင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ယာဆူ ကူနီဗိမာန်ကို သွားခဲ့ပါတယ်။ အဲဒီဗိမာန်က ဒုတိယကမ္ဘာစစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ ကွပ်မျက်ခံလိုက်ရတဲ့ဂျပန်စစ်သည်တွေ အတွက် အထိမ်း အမှတ် အနေနဲ့ ဆောက်လုပ် ပေးထားတဲ့ဂူဗိမာန်ဖြစ်ပါတယ်။  သူတို့က ဒုတိယကမ္ဘာစစ်အတွင်းက တရုတ်နဲ့တောင် ကိုရီးယားနိုင်ငံတို့မှာ စစ်ရာဇဝတ်မှုတွေ အများဆုံးကျူးလွန်ခဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ယာဆူကူနီဂူဗိမာန်မှာ ကမ္ပည်းထိုးခံရသူတွေက ဂျပန်နိုင်ငံရဲ့လူမဆန်တဲ့ ရက်စက်မှုကို ခံရတဲ့နိုင်ငံတွေ အတွက် ရွံရှာမုန်းတီးဖွယ် နေရာဖြစ်ပါ တယ်။  ဂျပန်အကြီးအကဲ တစ်ဦး အနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည်တည်မြဲ ဖို့ကိုလိုလားတယ်ဆိုရင် ဒီလိုအပြုအမူမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

ခြုံငုံသုံးသပ်ရမယ်ဆိုရင် ရှင်ဇိုအာဘေး ရဲ့ တရုတ်နိုင်ငံခရီးစဉ်က အဓိကအားဖြင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အတွက်ဖြစ် တယ်ဆိုပေမယ့်လည်း နိုင်ငံရေးအရရင်းနှီး ချစ်ကြည်မှုရှိမှသာ စီးပွားရေးမှာ အောင်မြင်စွာ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ 

ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ ပြည်တွင်း လုပ်ငန်းတွေ အကာအကွယ်ပေးရေးမူဝါဒကို တုံ့ပြန်လိုမှု၊ ရေရှည်စီးပွား ရေး ဖွံ့ဖြိုး တိုးတက်မှုကိုထိန်းသိမ်းလိုမှု၊   ကမ္ဘာ့စီးပွားရေးတိုးတက်မှုကိုအလိုရှိမှုတို့ကြောင့် တတိယ နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံ စီမံကိန်း တွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကနေ အကျိုးကျေးဇူးရရှိလာမှာဖြစ် ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။  

မင်းခန့်တင်

 

Read 159 times
Rate this item
(0 votes)
Last modified on Wednesday, 24 October 2018 10:16