SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အာဖရိက၌ လက်နက် တပ်ဆင်ထားသည့်ဒရုန်းများကို စတင်အသုံးပြုတော့ မည့်ပြင်သစ်

Friday, 08 September 2017 11:03 Written by  font size decrease font size decrease font size increase font size increase font size

၂၁ ရာစုတွင် နည်းပညာတိုးတက်လာမှုနှင့်အတူ ယခင်ကလူလိုက်ပါပြီး တိုက်ခိုက်ရမည့်အစား ယခု တော့ လူလိုက်ပါစရာမလိုသည့်

လူမပါသောတိုက်ခိုက်ရေး ယာဉ်များကိုအသုံးပြု လာကြသည်။ဖွံ့ဖြိုးသည့်နိုင်ငံကြီးများအတွက် အသုံးဝင်လှသည့်နည်းပညာဖြစ်ပြီး ၎င်းတို့၏ စစ်သားများသေဆုံးမှာကိုလည်း မပူပင် ရတော့ပေ။

ကမ္ဘာပေါ်တွင် မောင်းသူမဲ့ဒရုန်းနည်းပညာကိုအသုံးအများဆုံးက အမေရိကန်ဖြစ်သည်။ အဓိ ကပင်မထိန်းချုပ်ခန်းထဲ၌သာထိုင်၍အမိန့်ပေးရုံဖြင့် တိုက်ခိုက်ချင်သည့်နေရာကို တိကျစွာ တိုက် ခိုက်နိုင်ပြီးအရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့ကတော့ အနောက်အုပ် စု၏ ဒရုန်း များကိုအသုံးအများဆုံးနေရာဖြစ်သည်။

အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်နှင့်ဆီးရီးယားတို့၌ အမေရိကန်တို့က ဒရုန်းများကို မှိုလို ပေါက် အောင်အသုံးပြုခဲ့ပြီးယခု ဒရုန်းကိုထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေးအတွက်သာ အ သုံးပြု ခဲ့သောပြင်သစ်ကပါ တိုက်ခိုက်ရေးအတွက်လက်နက်တပ်ဆင်မှုများကို စတင်ပြုလုပ်သုံးစွဲတော့မည်ဖြစ်သည်။

ပြင်သစ်အမျိုးသမီးကာကွယ်ရေးဝန်ကြီးပါလီက အာဖရိက၌ အသုံးပြုရန် ၎င်းတို့ အမေရိ ကန်မှ ဝယ်ယူထားသည့် ဒရုန်းများတွင် လက်နက် တပ်ဆင်တော့မည့် အစီအစဉ်ကို အတည်ပြု ချပြပြီး စက် တင်ဘာ ၅ရက်က ပါလီသည် ဒရုန်းများလက်နက်တပ်ဆင်ရေးကို အသေးစိတ် လေ့လာကြည့်ရှုခဲ့သည်။

ပထမဆုံးအသုတ်အနေဖြင့် အမေရိကန်မှ ဝယ်ယူထားသည့် Reaper ခြောက်စင်းကို လက် နက် တပ် ဆင်ကာ အာဖရိကတွင်တာဝန်ထမ်းဆောင်နေသည့် ၎င်း၏တပ်ဖွဲ့များဆီသို့ ပေးပို့ မည်ဖြစ်သည်။ ယီမင်တွင်အမေရိကန်တို့ဖန်တီးပေးခဲ့သည့် ပြည်တွင်းစစ်မီးကိုလည်း အမေရိကန်တို့ ၎င်းတို့၏အားအကိုးရဆုံျးွနစေနမ ဒရုန်းပေါင်းများစွာကို လက်နက်တပ်ဆင်ပြီး ၎င်း တို့၏ တိုက်လေ ယာဉ်များနှင့်အတူ တိုက်ပွဲဝင်စေခဲ့သည်။

အမေရိကန်၊ ဗြိတိန်၊ အီတလီနှင့် အစ္စရေးတို့က ဒရုန်းကို ပထမဆုံးအသုံးပြုနိုင်ခဲ့ပြီးယခု ဖွံ့ဖြိုး ဆဲစစ်အင်အား အကောင်းဆုံးနိုင်ငံများဖြစ်လာသော တရုတ်ကဲ့သို့ နိုင်ငံများကတော့ ဒရုန်းများ ကို အကောင်း ဆုံးပြုပြင်မွမ်းမံကာ လက်နက်တပ်ဆင်နိုင်ရန်ကြိုးစားနေကြပြီဖြစ်သည်။

သို့သော် တရုတ်သည် ယနေ့အချိန်ထိ¤င်း၏ကိုယ်ပိုင်ထုတ်ထားသည့် ဒရုန်းများကို စောင့်ကြည့် ရေးနှင့် ကင်းထောက်ရေးအတွက်သာ အသုံးပြုနိုင်သေးပြီး လက်နက် တပ်ဆင် ကာ တိုက်ပွဲ ဝင်ဒရုန်းများအတွက်အသုံးမပြုနိုင်သေးပေ။ စောင့်ကြည့်ရေးနှင့် ကင်းလှည်  ဒရုန်းများကိုတော့ အီရန်နှင့်မြောက်ကိုရီးယားတို့ကပင် တီထွင်အသုံးပြုနိုင်နေပြီး လက်နက် တပ်ဆင် သည့် အဆင့် သို့ရောက် ရှိရန် နည်းပညာ အားနည်းနေသေးသည်။

ပြင်သစ်ကဲ့သို့ ကမ္ဘာ့အကောင်းဆုံး Rafale ဂျက်တိုက်လေယာဉ်များကို ထုတ်လုပ် နိုင်သော နိုင်ငံ မျိုးပင် ဒရုန်းများကို လက်နက်တပ်ဆင်အသုံးပြုနိုင်သည့်အဆင့်အထိမရောက်သေးဘဲ အမေရိ ကန်၏ Reaper များကို ဝယ်ယူအသုံးပြုနေရသည်။

ပြင်သစ်တို့၏ စစ်ဆင်ရေးများသည် အရှေ့ အလယ်ပိုင်းထက် အာဖရိက ဘက်တွင် ပိုများသည်။ ယခုအချိန်ထိလည်း အာဖရိက၌ ပြင်သစ် စီးပွားရေး လုပ်ငန်းပေါင်းများစွာ ရှိနေသေးပြီး နျူက လီး ယားထုတ်နိုင်သည့် ယူရေနီယမ်သတ္တုတွင်းများအတွက်ပင် ပြင်သစ်တို့အဖို့ အာဖရိကကိုအားထား နေရသည်။ ယူရေနီယမ်သတ္တုတွင်းများအပြင် တခြားသတ္တုနှင့် တွင်းထွက် ကုမ္ပ ဏီပေါင်း မျာ စွာကို အာဖရိက၌ပြင်သစ်တို့ပိုင်ဆိုင်လျက်ရှိသည်။

ထို့ပြင် ဘီလီယံနှင့်ချီကာရှိနေသည့်အာဖရိကရှိ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပြင်သစ်တို့ ထို အတိုင်းထား၍မဖြစ်နိုင်။ အာဖရိကဒေသ အထူးသဖြင့် မြောက်အာဖရိကဒေသသည် စီးပွား ရေးဖွံ့ဖြိုးမှုအားနည်းကာ အကြမ်းဖက်အုပ်စုများလည်းအားကောင်းသည့်နေရာဖြစ်သည်။ ပို၍အားကောင်းလာခဲ့လျှင် ပြင်သစ်တို့ ဘီလီယံနှင့်ချီရင်းနှီးမြှုပ်နှံထားသည့် နေရာသို့ပင် ဝင်ရောက် လာနိုင်သောကြောင့် ပြင်သစ်တို့ စစ်လက်နက် အင်အားကို မြောက်အာ ဖရိက၌ ပိုမိုတိုးမြှင့် လာနေခြင်းဖြစ်သည်။

ပြင်သစ်အကျိုးစီးပွားအတွက် အာဖရိကကိုမပစ်ပယ်နိုင်သောကြောင့် မက်ခရွန် ရွေး ကောက် ပွဲနိုင်၍ သမ္မတဖြစ်ပြီးမကြာမီပင်အာဖရိကဒေသသို့ခရီးထွက်ခဲ့သည်။ အဓိကလိုအပ်နေသည့် အကြမ်း ဖက်တိုက်ဖျက်ရေးနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကိုမက်ခရွန်သဘောတူညီခဲ့ပြီး အာ ဖရိ ကအကြမ်းဖက်တိုက်ဖျက်ရေးရန်ပုံငွေကိုလည်း တိုးမြှင့်ပေးခဲ့သည်။

မက်ခရွန် အာဖရိကသို့ရောက်စဉ်ဆာဟေးဒေသတွင်းနိုင်ငံ သမ္မတများနှင့် တံခါးပိတ် အစည်း အဝေး ထိုင်ခဲ့ပြီး ယခုလက်နက်တပ်ဆင်ထားသော ဒရုန်းများအာဖရိကကိုရောက်လာသည့် အစီ အစဉ်ကလည်း မက်ခရွန်၏ တံခါးပိတ်ဆွေးနွေးပွဲမှာပေးခဲ့သည့် ကတိများထဲမှ တစ် ခုဖြစ်နိုင်သည်။

ဆာဟေးဒေသတွင်း အကြောက်ရဆုံးအကြမ်းဖက်အဖွဲ့က ကမ္ဘာ့နာမည်ကြီး ဘိုကိုဟာ ရမ်ဖြစ်သည်။ တစ်ချိန်တုန်းက နိုက်ဂျီးရီးယား၏ ပိုင်နက်သုံးပုံတစ်ပုံကျော်ကိုပင် သိမ်းပိုက် ထား နိုင် ခဲ့ သည့် ဘိုကိုဟာရမ်တို့သည် အင်အားသောင်းချီရှိပြီး ငါးနိုင်ငံပေါင်း၍စစ်ရေးအရ တိုက်ခိုက် မှုများလုပ်နေစဉ်မှာပင် ပြန်ပေးဆွဲမှုများနှင့်အကြမ်းဖက်မှုများကို လုပ် ဆောင်နေ ဆဲဖြစ်သည်။

ဘိုကိုဟာရမ်တို့ကို အမြစ်ဖြတ်သုတ် သင်ပေးမည်ဆိုသည့်ကြွေးကြော်ချက်ဖြင့် သမ္မတဖြစ်လာသည့် နိုက်ဂျီးရီးယား သမ္မတဘူဟာရီကိုယ်တိုင်ပင် ယခုအချိန်ထိ ၎င်း၏ကတိကို ရာခိုင်နှုန်း အများ ဆုံး အကောင် အထည်ဖော်နိုင်အောင် မဆောင်ရွက်နိုင်သေးဘဲ ထိုကြားထဲမှာပင် အမျိုး သမီး များပြန်ပေးဆွဲ ခံရသည့် ကိစ္စလည်းပေါ်လာ၍ ပိုဆိုးခဲ့ရသည်။

ယခုပြင်သစ်ဦးဆောင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးရန်ပုံငွေသည် အာဖရိက၌ အမေရိကန် ဒေါ်လာ ၅၆ သန်းအထိရှိလာပြီး အမေရိကန်က ကုလသမဂ္ဂရန်ပုံငွေတစ်ဘီလီယံနှင့် တခြားပြည် ပထောက်ပံ့ငွေများကို ဖြတ်တောက်လိုက်သောကြောင့်အာဖရိက၌ ပြင်သစ် တို့ဦး ဆောင်မှု ကဏ္ဍပိုမိုသြဇာကြီးလာခြင်းဖြစ်သည်။

မက်ခရွန်က ဆာဟေးဒေသအကြမ်းဖက်တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ကိုးသန်း နှင့် တိုက်ခိုက်ရေးယာဉ်အစီး ၅ဝကျော်အပါအဝင် ¤င်း၏တပ်ဖွဲ့ဝင်အင်အားကို ၅ဝဝဝ အထိ တိုးမြှင့် လိုက်ကာ ယခုလက်နက်တပ်ဆင်ထားသည့် ဒရုန်းတပ်ဖွဲ့ကိုပါ ထပ်မံအင်အားမြှင့် တင်ပေး ခဲ့သည်။

အကယ်၍ အာဖရိကဒေသမှာသာပြင်သစ်တို့၏ဒရုန်းများက အသုံးဝင်လာလျှင် နောက် ထပ်ဒရုန်း တပ်ဖွဲ့များကို ပြင်သစ်တို့ အာဖရိကသို့ပို့ပြီး တပ်ဖြန့်ချထားဦးမည်ဖြစ်ကာ အရှေ့ အလယ် ပိုင်း မှာ ကဲ့သို့ တိုက်လေယာဉ်များနှင့် တန်းတူကြောက်စရာကောင်းသည့်တပ်ဖွဲ့တစ်ခု အာဖရိက၌ ပေါ်ပေါက်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ရှိန်းထက်

Read 490 times
Rate this item
(0 votes)
Last modified on Friday, 08 September 2017 11:11

Latest from