Print this page

ယခု မဖြေရှင်းလျှင် နောင်ဘယ်တော့မှ ဖြေရှင်းနိုင်တော့မည် မဟုတ်သည့် ဂျပန်- တရုတ် ပိုင်နက်အငြင်းပွားမှု

Thursday, 01 November 2018 10:32 Written by  font size decrease font size decrease font size increase font size increase font size

လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝကျော် ကာလက တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည် ရင်းနှီးမှုသဘောတူစာချုပ်အသက်ဝင်လာစေရေးအတွက် ဂျပန်နိုင်ငံကို သွားခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက တိန့်ရှောင်ဖိန်က တျောင်းယု/ ဆန်ကာကူကျွန်းစု ပိုင်နက်အငြင်းပွားမှုနဲ့ပတ် သက်ပြီး လက်ရှိအချိန်မှာမဖြေရှင်းသေးဘဲ ဒီအတိုင်းထားဖို့ပြောခဲ့ပါတယ်။ ဘာကြောင့် လဲလို့ဆိုရင်  သူတို့မျိုးဆက်အနေနဲ့  ဒီပဋိ ပက္ခကိုဖြေရှင်းဖို့ အမြော်အမြင်နည်းပါးနေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ နောင်လာ မယ့်မျိုးဆက် သစ် တွေက သူတို့ထက် ပိုမိုတွေး ခေါ်မြော်မြင်နိုင်မှာဖြစ်လို့ အဲဒီအချိန်ကျမှသာ ဒီပြဿနာနဲ့ ပတ်သက်ပြီး အားလုံး လက် ခံနိုင်တဲ့အဖြေ တစ်ခုကို ရှာဖွေတွေ့ရှိနိုင်မယ် လို့ တိန့်ရှောင်ဖိန်ကပြောခဲ့ပါတယ်။

အဲဒီအချိန်ကနေစပြီး အခုချိန်ထိ နှစ်နိုင်ငံပိုင်နက်အငြင်းပွားမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိပါဘူး။ ဒီပြဿနာကြောင့် ပဲ တရုတ်- ဂျပန်ဆက်ဆံရေးကို ပြောင်းပြန်ဖြစ် သွားစေနိုင်တဲ့အထိ  တင်းမာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်လေးခု အတွင်း ဘယ်မျိုး ဆက်ကမှ ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။

မကြာသေးမီက ဂျပန် ဝန်ကြီးချုပ်   ရှင်ဇို အာဘေးကတော့   တရုတ်နိုင်ငံကိုတရား ဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက် ခဲ့ပါတယ်။  ဒီခရီးစဉ်က ရှင်ဇိုအာဘေးအတွက်  ဝန်ကြီးချုပ်အနေနဲ့  ပထမဆုံး ခရီးစဉ်တော့ မဟုတ် ပါဘူး။ ၂ဝဝ၆ ခုနှစ်မှာ ရှင်ဇိုအာဘေးက ပထမဆုံးအကြိမ် ဝန်ကြီး ချုပ်ဖြစ်ပြီး သီတင်းပတ်နှစ်ပတ် အကြာမှာ တရုတ်နိုင်ငံကိုအလည်အပတ်သွားရောက်ခဲ့ ပါတယ်။ လက်ရှိတရုတ်သမ္မတရှီကျင့်ဖျင်က လည်း ယခင်ဒုတိယသမ္မတ တာဝန် စတင်ထမ်း ဆောင်ပြီး နှစ်နှစ်အကြာ ၂ဝဝ၉ ခုနှစ်မှာ ဂျပန်နိုင်ငံကို အလည်အပတ် သွားခဲ့ပါတယ်။

အဲဒီအချိန်ကာလမှာ တိန့်ရှောင်ဖိန်ပြော ခဲ့တဲ့ တျောင်းယု/ဆန်ကာကူကျွန်းစု ပိုင်နက် အငြင်းပွားမှုကို နှစ်နိုင်ငံစလုံးကမဖြေရှင်း နိုင်ခဲ့ပါဘူး။ ၂ဝ၁၂ ခုနှစ်မှာ ဂျပန်အစိုးရက အဲဒီကျွန်းစုကနေ ကျွန်းတချို့ကိုမူလပိုင်ရှင် ဆီကနေဝယ်ယူလိုက်ချိန် မှာတော့ နွေးထွေး နေတဲ့နှစ်နိုင်ငံ ဆက်ဆံရေးက ပြန်လည်အေး စက်သွားပါတယ်။

အကယ်၍ ရှင်ဇိုအာဘေးနဲ့ ရှီကျင့်ဖျင်သာ နှစ်နိုင်ငံဆက်ဆံရေးကို အထိအခိုက်မခံလို ဘူးဆိုရင်  ယခုချိန်က ပိုင်နက်အငြင်းပွားမှုကို   မဖြစ်မနေဖြေရှင်းရတော့မယ့်အချိန် ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဒီပြဿနာကို တအုံနွေးနွေးနဲ့ သာထားမယ်ဆိုရင် လက်ရှိ ရရှိထားတဲ့ နှစ်နိုင်ငံဆက်ဆံရေး ကတစ်ဖန် ပြန်လည်ပြီး တင်းမာ သွားဦးမှာဖြစ်ပါတယ်။ ဒီပြဿနာကိုမဖြေရှင်းသမျှကာလပတ်လုံး နှစ်နိုင်ငံဆက်ဆံရေးမှာ အရိပ်လိုလိုက်ပါနေ ပြီး ခြောက်လှန့် နေမှာဖြစ်ပါတယ်။

တျောင်းယု/ ဆန်ကာကူကျွန်းစု ပိုင်နက် အငြင်းပွားမှုကိုဖြေရှင်းဖို့ဆိုရင် သူ့ရဲ့မူလဇာစ် မြစ်ကို ဦးစွာနားလည် သဘောပေါက်ဖို့လိုပါ တယ်။ ဒီပြဿနာက ရေနံ၊ သဘာဝဓာတ် ငွေ့၊ ငါးသယံဇာတ၊ ပထဝီ မဟာဗျူဟာတို့နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ဒီကျွန်းစုက သိပ် ကိုတန်ဖိုးကြီးလွန်းလို့လည်းမဟုတ်ပါဘူး။ ဒီ ကျွန်းစုမှာဆိုရင် ဆယ်ဂဏန်း မျှသာ ရှိတဲ့လူ အနည်းငယ်သာနေထိုင်ပါတယ်။ သဟေ့မြို့ အခြေစိုက် အနုညာတခုံရုံးရဲ့ ၂ဝ၁၆ ခုနှစ် ဆုံးဖြတ်ချက် အရဆိုရင်   ဒီကျွန်းစုတွေကို ကျွန်းစုအဆင့်မသတ်မှတ်ပါဘူး။ ဒါ့ပြင် အထူးစီးပွားရေးဇုန် အဖြစ်လည်း သတ်မှတ် နိုင်ခြင်း မရှိပါဘူး။ ဂျပန်နိုင်ငံသား ဒါမှမဟုတ် တရုတ် နိုင်ငံသားတစ်ဦး တစ်ယောက်က အဲဒီကျွန်းစု အနီးအနားမှာ ငါးဖမ်းခြင်း၊ အလည်အပတ် သွားခြင်းမလုပ်ကြပါဘူး။ ဒါကြောင့်  ဒီပိုင်နက် အငြင်းပွားမှုက အချုပ်အခြာအာဏာ ပိုင်ဆိုင် မှုနဲ့ နိုင်ငံချစ်စိတ်နဲ့သာ သက်ဆိုင်တာဖြစ်ပါ တယ်။

တရုတ်နိုင်ငံဘက်က ကြည့်မယ်ဆိုရင် ဒီကျွန်းစုတွေက   မူလတရုတ်နိုင်ငံပိုင်ဖြစ် ပြီး ၁၈၉၅ ခုနှစ်မှာ ဂျပန်ရဲ့သိမ်း ပိုက်မှုကို ခံလိုက်ရတာဖြစ်ပါတယ်။  ဒါ့ပြင်  လက်ရှိ အချိန်ထိ  ဂျပန်နိုင်ငံရဲ့အချုပ်အခြာအာ ဏာလက်အောက်မှာ ကျရောက်နေတဲ့ တစ်ခုတည်းသော နယ်မြေဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂျပန်နိုင်ငံဘက်ကကြည့်မယ်ဆိုရင်လည်း ဒီကျွန်းစုက ဂျပန်နိုင်ငံရဲ့ ပထမဆုံးပိုင်နက် နယ်မြေဖြစ်ပါတယ်။ ဒါကို တရုတ် နိုင်ငံက သူ့ရဲ့ မဟာအင်အားကို ထူထောင်ဖို့အတွက် ဒီကျွန်းစုကို သိမ်းပိုက်ဖို့ကြိုးစား လာတာဖြစ် တယ်လို့ ဆို ပါတယ်။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တရုတ်နဲ့ဂျပန် နိုင်ငံတို့အနေနဲ့ ထိုကျွန်းစုအနီးမှာရှိတဲ့သယံ ဇာတတွေကို မျှဝေသုံးစွဲဖို့ သဘောတူညီချက် ရရှိသည့်တိုင်အောင် ဒီပြဿနာကကျေအေး သွားမှာမဟုတ်ပါဘူး။ နှစ်နိုင်ငံစလုံးမှာရှိတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် ဒီပြဿနာက ဆက်လက် တည်ရှိနေဦးမှာဖြစ် ပါတယ်။

ဒီနေရာမှာ အခုပြဿနာကိုဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခု ရှိပါတယ်။ ဒီနည်းလမ်း ကတော့ ပူးတွဲပိုင်နက် အဖြစ် ကြေညာခြင်း  ဖြစ်ပါတယ်။   ဒီနည်းလမ်းက   အသစ်အဆန်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများ စွာကတည်းက တည်ရှိ ခဲ့တဲ့ နည်းလမ်းဖြစ်ပါ တယ်။ ရစ်ငှက်ကျွန်းလို့အမည်ရတဲ့ ဖီးဆန့် ကျွန်းဟာ ဆိုရင် ပြင်သစ်နဲ့စပိန်တို့ ပူးတွဲအုပ် ချုပ်နေကြတဲ့ ကျွန်းဖြစ်ပါတယ်။ ဒါက ရာစုနှစ် သုံးခုကြာအောင် တည်ရှိနေတဲ့ အောင်မြင် မှုအရှိဆုံး ဥပမာဖြစ်ပါတယ်။

တျောင်းယု/ ဆန်ကာကူကျွန်းစုမှာ လူနေထိုင်မှု အလွန်နည်းပါးတဲ့အတွက် ဒီလိုပူးတွဲ အုပ်ချုပ်မှုက အသင့်တော်ဆုံး နည်း လမ်းဖြစ်ပါတယ်။ အကယ်၍များ ဒီကျွန်းစုကလူနေ ထိုင်တဲ့ကျွန်းစုဖြစ်တယ်ဆိုရင်တော့ အခုဖြေ ရှင်းနည်းနဲ့ ဖြေရှင်းဖို့ မလွယ်ကူတော့ပါဘူး။ အဲဒီအချိန်မှာ ဘယ်လိုဥပဒေတွေကိုကျင့်သုံး သင့်တယ်၊ တရားခံ တွေကို ဘယ်တရားရုံးမှာ ရုံးတင်သင့်တယ်ဆိုတဲ့    မေးခွန်းတွေထွက် ပေါ်လာမှာဖြစ်ပါတယ်။ အခုချိန်ထိ တော့  ဒီကျွန်းစုပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံစလုံးက ရေကြောင်း ကင်းလှည့်မှုတွေနဲ့ မြေပုံတွေနဲ့သာဖော်ပြနေ ကြတာဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်ကစလို့ နှစ်နိုင်ငံစလုံးက ဒီလိုနည်းလမ်းတွေကိုသာ အသုံးပြုခဲ့ တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တော့ ရေကြောင်းကင်းလှည့်မှုမှာ ယှဉ်ပြိုင် လာရဖွယ်ရှိတဲ့ အခြေအနေဖြစ် နေပါတယ်။ ဒီလိုယှဉ်ပြိုင် လာရပြီဆိုရင် တစ်နိုင်ငံနဲ့တစ် နိုင်ငံနားလည်မှုလွဲမှားပြီး မတော်တဆမှုတွေ ဖြစ်နိုင်ပါတယ်။ ဒီမတော်တဆ မှုတွေ ကနေ တစ်ဆင့် ထိန်းမနိုင်သိမ်းမရတဲ့ အခြေအနေ အထိဖြစ်သွားနိုင်ပါတယ်။

နှစ်နိုင်ငံအစိုးရအနေနဲ့ ကျွန်းစုအသုံးပြုမှုကို  လက်ရှိအနေအထား အတိုင်းထားရှိပြီး ပူးတွဲ အုပ်ချုပ်နိုင်ပါတယ်။ ရေကြောင်း ကင်းလှည့်မှုတွေကိုလည်း  ပူးတွဲလုပ်ဆောင် နိုင်ပါတယ်။ ဒါ့ပြင် ပြင်သစ်နဲ့ စပိန်တို့  ရစ်ငှက် ကျွန်းက ပူးတွဲ အုပ်ချုပ် သလိုမျိုး တစ်နိုင်ငံကို ခြောက်လစီ အလှည့်ကျ အုပ်ချုပ်နိုင်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့  ကျွန်းစုရဲ့ နာမည်ကိုနှစ်နိုင်ငံစလုံးက လက်ခံတဲ့နာမည်   ဒါမှမဟုတ် ပင်နာဆဲကျွန်းစု ဆိုပြီး နာမည် ပြောင်းဖို့ဖြစ်ပါတယ်။    မြေပုံပေါ်မှာ ဖော်ပြတဲ့အခါမှာလည်း    စက်ဝိုင်းတစ်ခု အတွင်းမှာ အရောင်နှစ် ရောင်နဲ့ ဖော်ပြနိုင်ပါတယ်။ စက်ဝိုင်းခြမ်း တစ်ဖက်က ဂျပန်နိုင်ငံရဲ့ အရောင်ဖြစ်ပြီး နောက်တစ်ခြမ်းက တရုတ် နိုင်ငံရဲ့ အရောင်ဖြစ်ပါတယ်။

ရေရှည် အနေနဲ့ကြည့်မယ် ဆိုရင် ဒီကျွန်း စုကို တစ်နိုင်ငံထဲက နှစ်ပေါင်းများစွာကြာသည် အထိ ပိုင်ဆိုင် ထားဖို့ဆို တာ ဘယ်လိုမှမဖြစ် နိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက်က နှစ်နိုင်ငံစလုံးက ဒီကျွန်းစုကို ပူးတွဲပိုင်ဆိုင်မှ သာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရှင်ဇိုအာဘေးနဲ့ ရှီကျင့်ဖျင်တို့ အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အခုထက် ပိုပြီးခိုင်မာလိုတယ်၊ သူတို့ရဲ့ လုပ်ဆောင်ချက်ကို သမိုင်းမှတ်တမ်းတင်ခံချင်တယ်ဆိုရင်   ဒီ ပြဿနာကို မဖြစ်မနေ ဖြေရှင်းသွား ရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ နှစ် နိုင်ငံကြား   ကျွန်းစုပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာက ဘယ်တော့မှ ဖြေရှင်းနိုင် တော့မှာ မဟုတ်ကြောင်း  ရေးသားတင်ပြ လိုက်ရပါတယ်။                    

မင်းခန့်တင်

.....................

Read 142 times
Rate this item
(0 votes)
Last modified on Thursday, 01 November 2018 10:33
စကားဝါ

Latest from စကားဝါ