SJ WorldNews - шаблон joomla Авто

အမေရိကန်- တရုတ် ထပ်ဆောင်းအခွန် အပြန်အလှန် ကောက်ခံမှုကြောင့် အာရှပို့ကုန် ဈေးကွက်ကို ထိခိုက်လာ

Monday, 05 November 2018 12:08 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံ တို့ကြား လပေါင်းများစွာ ကြာဖြစ်ပွားနေတဲ့ ထပ်ဆောင်းအခွန် အပြန် အလှန် ကောက်ခံမှုဟာ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုအပေါ် အကျိုးသက်ရောက်နိုင်တယ်လို့ သတိပေး ချက်တွေ  ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ မကြာသေးမီက ရရှိတဲ့ စာရင်းဇယား အချက်အလက်တွေ အရ   ကုန်သွယ် ရေးတင်းမာမှုရဲ့အကျိုးဆက်က  အခုမှအမှန် တကယ်စတင်လာပြီဖြစ်တာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံ အပါအဝင် ပို့ကုန်တင်ပို့မှုကို အဓိက မှီခိုနေရတဲ့ အာရှနိုင်ငံတွေကြားမှာရှိ တဲ့ ကုန်ထုတ်လုပ်မှုစံနှုန်းက အောက်တိုဘာလအတွင်း ဆုတ်ယုတ်လာပြီး ကုန်သွယ်ရေး အမြင်အပေါ်ထားရှိတဲ့ သဘောထားကလည်း အားနည်း လာတာကိုတွေ့ရပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုကို တိုင်းတာတဲ့ တရားဝင် အဝယ်တော်များ အညွှန်းကိန်း (PMI)က တရုတ်နိုင်ငံ အတွက်  စက်တင်ဘာလမှာ  ၅ဝ ဒသမ ၈ ရှိရာမှာ  အောက်တိုဘာလမှာ ၅ဝ ဒသမ ၂ ကိုကျဆင်း သွားပါတယ်။ ဒီလိုဖြစ်ရတာဟာ ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ် တဲ့တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး စစ်ပွဲအကျိုး ဆက်နဲ့ ပြည်တွင်းကြွေးမြီ ပြဿနာတို့ကြောင့် နောက်ဆုံးဖြစ်ပေါ်လာတဲ့  အားနည်းချက် ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ အခက်အခဲအကျပ် အတည်းတွေက ဒေသတွင်းမှာ ရှိတဲ့တခြား နိုင်ငံတွေအတွက်သာမက ကမ္ဘာကြီးအတွက် ကိုပါ ဆိုးရွားစေမယ့်အရာတွေဖြစ်လာမှာ ဖြစ်ကြောင်း    သုတေသီတွေကပြောပါတယ်။

အာရှရဲ့ ပို့ကုန်တင်ပို့တဲ့နိုင်ငံတွေ ဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံမှသည် မလေးရှားနိုင်ငံ အထိ အောက်တိုဘာလ အတွင်း PMI မှာ သိသိသာသာ ကျဆင်းသွားတာကို Nikke စတော့ ဈေးကွက် ထုတ်ပြန်ချက် အရ သိရပါတယ်။

တရုတ်(တိုင်ပေ)ရဲ့ ကုန်ထုတ်လုပ်မှုနဲ့  စီးပွားရေးလုပ်ငန်းတွေဟာ သုံးနှစ်အတွင်းမှာကို  သိသိသာသာကျဆင်း သွားတာဖြစ်ပါ တယ်။ ကုမ္ပဏီတွေရဲ့ ဝယ်ယူမှု လုပ်ဆောင်ချက်က ၂ဝ၁၆ ခုနှစ်မေလကစပြီး ပထမဆုံး အကြိမ် ကျဆင်း သွားတာဖြစ်ပါတယ်။

''တရုတ်(တိုင်ပေ)အနေနဲ့ ဒီကုန်သွယ် ရေးစစ်ပွဲရဲ့အကျိုးဆက်တွေကိုခံစားနေရပါ ပြီ။ ဘာကြောင့်လဲဆိုရင် တရုတ်(တိုင်ပေ) မှာရှိတဲ့ကုမ္ပဏီတွေ အတွက် တရုတ်နိုင်ငံက အဓိက အချက်အချာဖြစ်ပါတယ်။ ဒါကြောင့် တရုတ် နိုင်ငံရဲ့ အကျိုးဆက်က တရုတ်(တိုင်ပေ)အပေါ် သက်ရောက်လာတာဖြစ်ပါတယ်'' လို့ တရုတ်(တိုင်ပေ) စီးပွားရေး သုတေ သနဌာနမှ ဆန်းမင်းတေက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ PMI ဟာဆိုရင် စက်တင်ဘာလမှာ ၅၁ ဒသမ ၃ ရှိရာမှ ပြီး ခဲ့တဲ့လမှာ ၅၁ ဒသမ ဝ အထိကျဆင်းသွား ပါတယ်။ ဒါ့ပြင် တောင်ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ကုန်ထုတ်လုပ်မှုအတွက် ရပ်တည်ချက်ဟာလည်း နှစ်နှစ်အတွင်းသိသိ သာသာကျဆင်းသွားပါတယ်။ တရုတ်နိုင်ငံ က တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံရဲ့ပို့ကုန်လေးပုံတစ်ပုံကို တရုတ်နိုင်ငံ ကတင်သွင်း နေတာဖြစ်ပါတယ်။

အရှေ့တောင် အာရှမှာရှိတဲ့ ကုန်ထုတ်လုပ် မှုနိုင်ငံတွေကလည်း ဒီလိုကုန်သွယ်ရေးစစ်ပွဲ အကျိုးဆက်ကို ခံစား ရပါတယ်။ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ PMI က ၅ဝ အောက် အထိကို ကျဆင်းသွားတာဖြစ်ပါတယ်။ ဒီလို ကျဆင်းမှုဟာ မလေးရှားနိုင်ငံ အတွက် ဇူလိုင်လမှစပြီး အနိမ့်ဆုံးဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အတွက်ကတော့ နှစ်နှစ် အတွင်း အနိမ့်ဆုံး ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ကုန်သွယ်ဖက်နိုင်ငံ အများစုက အမေရိကန်ပြည်ထောင် စုကို အထိနာအောင် လုပ်နေတယ်လို့ ပြောတဲ့ ထရမ့်ကစွပ်စွဲထားပြီး သူ့အနေနဲ့ပြည်ပမှာရှိ တဲ့ကုန်သွယ်ရေးကတိပြုမှုအားလုံးနီးပါးကနေ နုတ်ထွက်နိုင်ဖွယ်ရှိတယ်လို့ မလေးရှားဝန်ကြီး ချုပ်မဟာသီယာမိုဟာမတ်က  ပြောထားပါ တယ်။

''ကုန်သွယ်ရေးစစ်ပွဲက အမေရိကန်ပြည် ထောင်စုအပါအဝင် နိုင်ငံတိုင်းကိုအထိနာစေ မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့အမေ ရိကန်ပြည်ထောင်စုနဲ့ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထားရှိလိုပါတယ်။ ကုန်သွယ်ရေး ကိုလည်းဆက်လက်လုပ်ဆောင် လိုပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် နိုင်ငံတို့ကြားဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ် ပွဲဟာဆိုရင် ကျွန်တော်တို့ကိုအထိနာစေတာ ဖြစ်ပါတယ်။ ဒီအတွက်ကျွန်တော်တို့အနေနဲ့ ထိုက်တန်တဲ့ပေးဆပ်မှုကိုတော့ ရင်းနှီးရပါ လိမ့်မယ်'' လို့ မဟာသီယာ မိုဟာမတ်ကပြော ပါတယ်။

ကုန်သွယ်ရေးပဋိပက္ခနဲ့ တခြားခြိမ်းခြောက် မှုတွေကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို လျော့နည်းကျဆင်း စေမှာဖြစ် တယ်လို့ အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ပြီးခဲ့တဲ့ လမှာထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် ၂ဝ၁၈ ခုနှစ်နဲ့ ၂ဝ၁၉ ခုနှစ်အတွက် တစ်ကမ္ဘာ လုံး ဆိုင်ရာစီးပွားရေး တိုးတက်မှုကိုလည်း လျှော့ချခန့်မှန်း ထားပါတယ်။

ဥရောပဒေသရဲ့    အောက်တိုဘာလအတွက်  PMI ကလည်း အားရကျေနပ်စရာမရှိပါဘူး။ သူတို့ရဲ့ PMI ကျဆင်း ရခြင်းက  ကုန်သွယ်ရေးထက် တခြားအကြောင်းအရာ တွေကြောင့် ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကုန်သွယ်ရေးစစ်ပွဲရဲ့ ဒဏ်ကို  အပြင်းထန်ဆုံးခံစားနေရပေမယ့် လည်း ဒီကုန်သွယ်ရေးစစ်ပွဲကနေ အကျိုး ကျေးဇူးရရှိနေတဲ့ အာရှဒေသအတွင်းရှိနိုင်ငံ ကတော့ ဗီယက်နမ်နိုင်ငံဖြစ်ပါတယ်။ ဗီယက် နမ်နိုင်ငံရဲ့ PMI က ၁ဝ လအတွင်း ကျဆင်းပြီး စက်တင် ဘာလမှာ ၅၁ ဒသမ ၅ ရာခိုင် နှုန်းရှိရာမှ ပြီးခဲ့တဲ့လမှာ ၅၃ ဒသမ ၉ ရာ ခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာပါ တယ်။

အကယ်၍ ကုန်သွယ်ရေး စစ်ပွဲသာဆက် ဖြစ်နေမယ်ဆိုရင် အာရှဒေသအပြင်ကမ္ဘာ တစ်ဝန်းမှာရှိတဲ့   ပို့ကုန်နိုင်ငံတွေ အနေနဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ဆက်လက်ခံစား နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဗီယက် နမ်နိုင်ငံကတော့ တရုတ်နိုင်ငံပြီးရင်အကြီးဆုံး ပို့ကုန်နိုင်ငံ ဖြစ်လာနိုင်တဲ့ အနေအထားကို ပိုင်ဆိုင်ထားပါတယ်။    

ဆောင်းပါးရှင်-ထက်မြက်

 

Read 116 times
Rate this item
(0 votes)
Last modified on Monday, 05 November 2018 12:10