SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သေဆုံးနိုင်ခြေကလေးငယ်ပေါင်း လေးသိန်းကျော်ထဲမှ ၂ဝ၁၈ ခုနှစ်တွင် ငါးသောင်းကျော် သေဆုံးနိုင်သည့် ယီမင်

Friday, 23 November 2018 10:29 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်၌ အနောက်နိုင်ငံများကို လူ့အခွင့်အရေး အလေးပေးသူများအဖြစ် လူသိများကြ သော်လည်း ချိုးဖောက်ချင်လည်း သူတို့၊ ကာကွယ်ချင်လည်းသူတို့ အရာအားလုံးက ၎င်းတို့ လက်ထဲတွင် ရှိနေကြသည်ကို မသိကြပေ။ လက်ရှိ အရှေ့အလယ်ပိုင်း ယီမင်၌ ဖြစ်ပွားနေ သည့် ပြည်တွင်းစစ်ကို အမေရိကန်ဦးဆောင်ခဲ့ပြီး ဥရောပဘက်ကပါ ကျောထောက် နောက်ခံ ပေးထားသောကြောင့် မေ့ပျောက်ခံနေရပြီး လူ့အခွင့်အရေးကို ဗြောင်ကျကျ ချိုးဖောက် ခံနေရသည့် အဖြစ်မျိုးဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးဆိုပြီး လုပ်ခဲ့သည့် အရာများကလည်း မည်သည့်အခါမှ အောင်မြင်ခဲ့ သည် မရှိ။ ဆော်ဒီတို့က စကားလုံးများနှင့်သာ အပစ်အခတ်ရပ်စဲခဲ့ကြပြီး အချိန်တန်လျှင် ၎င်းတို့ကစပြီး ဗုံးကြဲကာ ချိုးဖောက်ကြသည်။ ယခုလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ကြားခံသည့် အပစ်အခတ်ရပ်စဲရေးကို ဒီဇင်ဘာလတွင် ဆွီဒင်၌ ကျင်းပရန်ရှိနေသည်။ သို့သော်လည်း ဆော်ဒီဘက်က အာဏာအရှိဆုံးသူ မည်သူတက်ရောက်မည်ကို ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးပေ။

ယီမင်ပြည်တွင်းစစ်တွင် လက်ရှိ အဓိက အခန်းကဏ္ဍကို ယူထားသူက ဆော်ဒီအိမ်ရှေ့ မင်းသား မိုဟာမက်ဘင်ဆယ်မန်ဖြစ်သည်။ ဘင်ဆယ်မန်ဆိုသည်မှာ လက်ရှိ ဝါရှင်တန်ပို့စ် သတင်းထောက် ခါရှော့ဂျီအသတ်ခံရမှုတွင် တရားခံအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ဆော်ဒီ၏ အနာဂတ်က အိမ်ရှေ့မင်းသား၏ လက်ထဲတွင်ရှိနေသည်ဟု ဆော်ဒီဘုရင် ဆယ် တန်ဆယ်မန်ကိုယ်တိုင် ပြောထားဖူးပြီး အရှေ့အလယ်ပိုင်း၏ အာဏာအရှိဆုံး လူတစ်ဦး အဖြစ်လည်း သတ်မှတ်ခံထားရသူ ဖြစ်သည်။

ထို့ကြောင့် အိမ်ရှေ့မင်းသားအနေဖြင့် ယီမင်ပြည်တွင်းစစ်ကို မရပ်မချင်း ယီမင်ပြည်တွင်း စစ်က ပြီးဆုံးသွားမည် မဟုတ်ပေ။ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ၁ဝ နှစ်အတွင်း ကမ္ဘာပေါ် ၌ အဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှုကို ယီမင်ပြည်သူ ၁၄ သန်းတို့ ခံစားနေရသည်ဟုဆိုသည်။ သို့သော် ယီမင်အတွက် အဓိကကျသည့် ဆော်ဒီကိုတော့ မည်သည့် အရေးယူပိတ်ဆို့မှုမှ မလုပ်ပေ။

အမေရိကန်ဆိုသည်မှာလည်း ၎င်းတို့စခဲ့သည့် မီးဖြစ်သောကြောင့် မသိဟန်ဆောင်နေကာ ထရမ့်လက်ထက်တွင် ဆော်ဒီကို အလေးသာသည့် အမေရိကန်အစိုးရက ရာနှုန်းပြည့် မသိ ဟန်ဆောင် ထားလိုက်တော့သည်။ ထရမ့်လက်ထက်တွင် ယီမင်အရေးနှင့် ပတ်သက်ပြီး မည်သည့်စကားသံမှ ထွက်မလာဘဲ မည်သူက လူ့အခွင့်အရေး ချိုးဖောက်နေသည်၊ အရေးယူ ပိတ်ဆို့မည်။

၎င်းသဘောမကျသည့် နိုင်ငံတစ်နိုင်ငံက ထိုလုပ်ရပ်မျိုး ကျူးလွန်လျှင် ထိုနိုင်ငံ၏ အခြေ အနေမှာ မတွေးရဲစရာဖြစ်သည်။ ယခု ဆော်ဒီက အမေရိကန်အတွက် အကျိုးအမြတ်များ ပေးနေသောကြောင့် ထရမ့်ကိုယ်တိုင်က အမျိုးမျိုးပြောပြီး အကာအကွယ် ပေးနေသည်။ မကြာသေးမီက ခါရှော့ဂျီ အသတ်ခံရသည့် အရေးတွင် လူ့အခွင့်အရေး အလေးထားပါသည် ဆိုသည့် အမေရိကန်တို့ တူရကီလက်တွင် မရှုမလှ အပြောခံခဲ့ရသေးသည်။ သို့သော်လည်း ထရမ့်ကို အဆိုးရွားဆုံး ဝေဖန်သည့် အနောက်နိုင်ငံကို လက်ချိုး ရေတွက်ကြည့်နိုင်သည်။

ထရမ့်ကို ပွင့်ပွင့်လင်းလင်း မည်သူမှ မဝေဖန်ရဲ။ နောက်ဆုံး ခါရှော့ဂျီအမှုနှင့် ယီမင်ပြည်တွင်း စစ်ကို ရဲရဲတင်းတင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်ပင် စကား တစ်လုံးမှမဟ။ ဥရောပဘက်ကို ကြည့်မည်ဆိုလျှင်လည်း ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့ မည်သည့် လေသံမှထွက်မလာ။

အရှေ့အာရှဘက်ကိုသာ လိုအပ်သည်ထက် ပုံကြီးချဲ့နေကြသည်။ တကယ်အဆိုးရွားဆုံး ဖြစ်ပျက်နေသည့် နေရာကိုတော့ မသိဟန် ဆောင်ထားကြသည်။ ယီမင်အရေးကို ဥရောပတို့ မပါဝင်လာသည်မှာလည်း မထူးဆန်းပေ။ ဆော်ဒီက ပြင်သစ်နှင့်ဗြိတိန်တို့ဆီမှ စစ်လက်နက် ပစ္စည်းများကို ဘီလီယံနှင့်ချီ ဝယ်ယူနေသဖြင့် ၎င်းတို့အတွက် အမြတ်ရရှိနေသောကြောင့် ဖြစ်သည်။

ဆော်ဒီဆိုသည်မှာလည်း ယီမင်ပြည်တွင်းစစ်ကြောင့် ၎င်း၏ ပုံရိပ်ပိုတက်လာသကဲ့သို့ စစ်ပွဲ များမပြီးမချင်းလည်း အနောက်ဘက်မှ လက်နက်များ ဝယ်ယူမည်ဟု ကတိပေးထား သည် လားမဆိုနိုင်။ လူ့အခွင့်အရေး ချိုးဖောက်သူနှင့် လူ့အခွင့်အရေးဟု အော်နေကြသည့် ဆန့်ကျင် ဘက်လူများ အဆင်ပြေနေကြသည်။

အကောင်းဆုံး မဟာမိတ်များအဖြစ်ပင် သတ်မှတ်နေကြသည်။ ယခု ယီမင်ပြည်တွင်းစစ် ကြောင့် သေဆုံးသူ အရေအတွက်က ရှစ်သောင်းကျော်သွားပြီ ဖြစ်သည်။ တကယ်တမ်း ကုလသမဂ္ဂတို့ ထုတ်ပြန်ထားသည့် စာရင်းက တစ်သောင်းဝန်းကျင် သာရှိသည်။ ထို့ပြင် ပြည်တွင်း စစ်ဖြစ်နေခဲ့သည်မှာ လေးနှစ်အတွင်း ဝင်လာနေပြီဖြစ်သော်လည်း ကုလသမဂ္ဂ စစ်တမ်းများတွင် ယီမင်ပြည်တွင်း စစ်အကြောင်းကို အချိန်နှင့်တစ်ပြေးညီ မထုတ်ပြန်ခဲ့သည် မှာ နှစ်နှစ်ကျော် ပင်ရှိပြီဖြစ်သည်။

ယခင်က IS ကြောင့် ဆီးရီးယား၌ အဆိုးရွားဆုံး စစ်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အနောက်အုပ်စု တို့က အော်ခဲ့ကြပြီး ယခု ယီမင်ကျတော့ ဆော်ဒီကြောင့် အဆိုးရွားဆုံး စစ်ပွဲများ ဖြစ်နေ သည်ဟု အသံထွက်မလာတော့ပေ။ မှတ်သားလောက်စရာကောင်းသည့် လူ့အခွင့်အရေးကို လေးစားသော အနောက်အုပ်စုကြီးဖြစ်သည်။ ထရမ့်ဆိုလျှင် လူတစ်ဦးအသက်ကြောင့် ၎င်း၏ နိုင်ငံကို ထိခိုက်စေမည့် အလုပ်မျိုး လုပ်မည်မဟုတ်ဟုပင် ပြောထားသေးသည်။

ထိုစကားလုံးများကိုလည်း လူ့အခွင့်အရေးသမားများ ရေငုံနှုတ်ပိတ် နေပြန်သည်။ ယခုယီမင်၌ ဆော်ဒီကြောင့် ကလေးငယ်ပေါင်း လေးသိန်းကျော် အစာငတ်ပြတ်မှုနှင့် အာဟာရချို့တဲ့မှု ခံစားနေရသည်။ ထိုအထဲက ၂ဝ၁၈ ခုနှစ်တွင် ကလေးငယ်ပေါင်း ငါးသောင်းကျော် ငတ်မွတ် မှုကြောင့် သေဆုံးနိုင်သည်ဟု CNN က ကြေညာခဲ့သည်။

ဆော်ဒီတို့က နိုင်ငံအနှံ့ ဗုံးများကြဲချနေပြီး လွှတ်ပေးထားသည့်နေရာဆို၍ အဓိက ပင်လယ် ထွက်ပေါက်၊ ဝင်ပေါက်ဆိပ်ကမ်း တစ်နေရာသာရှိသည်။ ထိုနေရာမှ ကုလသမဂ္ဂ အကူအညီ ပေးရေး အဖွဲ့များက အစားအစာနှင့် လိုအပ်သည့် ဆေးဝါးများ ပို့ဆောင်ပေးနေရသည်။ သို့သော်လည်း တစ်နေရာတည်းနှင့် နိုင်ငံအနှံ့ကို ပို့ဆောင်ဖြန့်ဝေဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ လက်ရှိအချိန်ထိ ယီမင်ကို ပို့ဆောင်ပေးခဲ့ရသည့် အစားအစာ မက်ထရစ်တန်ချိန် ၅၅ဝဝဝ ရှိသွားပြီဖြစ်ကာ ကုလသမဂ္ဂက လူဦးရေ ၇ သန်းလောက်သာ လက်ဝယ် ရောက်ရှိမည်ဟု မျှော်လင့်ကြောင်း ကြေညာထားသည်။

သို့သော်လည်း တကယ်တမ်း ရောက်၊ မရောက်ကို သေချာသည့် ကြေညာချက်မျိုး မတွေ့ရ ပေ။ ယီမင်နှင့် ပတ်သက်ပြီး နောက်ဆုံးမှန်ကန်သည့် စစ်တမ်းတစ်ခုမှ မတွေ့ရပေ။ ယီမင် ပြည်တွင်းစစ်ဆိုသည်မှာ အမေရိကန်နှင့် ဥရောပတို့ ရည်ရွယ်ချက်ရှိရှိ သတင်းအမှောင်ချကာ မေ့ပျောက်ခံထားရသည့် နေရာဖြစ်သည်။

အပစ်အခတ် ရပ်စဲရေးဆိုသည့် စကားလုံး ဆိုသည်မှာလည်း လွန်ခဲ့သည့် နှစ်နှစ်ကျော် လောက်က ယီမင်ပြည်သူတို့ မျှော်လင့်ချက်နှင့် စောင့်စားခဲ့ရသည့် အရာဖြစ်ခဲ့ပြီး ယခုတော့ ထိုစကားလုံးများကိုလည်း အယုံအကြည် မရှိကြတော့ပေ။ အပစ်အခတ်ရပ်စဲသည်ဆိုပြီး မထင်မှတ်ဘဲ ဗုံးလာကြဲသောကြောင့် အစုလိုက်အပြုံလိုက် သေဆုံးရသည့်အချိန်က ပိုများနေ သောကြောင့်ဖြစ်သည်။

မကြာသေးမီကပင် ဆော်ဒီတို့ စာသင်ကျောင်းကို ဗုံးကြဲခဲ့သောကြောင့် ကလေးငယ်ပေါင်း ၃ဝ ကျော် သေဆုံးခဲ့ရသေးသည်။ ထရမ့်ဆီမှ မည်သည့်စကားလုံးမှ ထွက်မလာသကဲ့သို့ ဥရောပ ဘက်မှလည်း မည်သည့် စကားသံမှ ထွက်မလာပေ။ အမေရိကန် အောက်လွှတ်တော်၌ ထရမ့် ကို အိတ်ဖွင့်ပေးစာပို့ခဲ့သည့် ဒီမိုကရက်တစ်တို့ အကြောင်းထွက်လာခဲ့ပြီး ယခု နောက်ထပ် ဖြစ်မလာတော့ပေ။

အားလုံးတစ်ခန်းရပ် ပြဇာတ်အဖြစ်သာ ပြီးဆုံးသွားခဲ့ပြီဟု ဆိုရတော့မည်။ နောက်ထပ်လည်း ယီမင်ပြည်တွင်းစစ်က အမေရိကန်ပါနေသမျှ ကာလပတ်လုံး ဆော်ဒီဦးဆောင်မှု၊ ဥရောပတို့ ပါဝင်ပတ်သက်မှုနှင့် ထပ်မံမေ့ပျောက် ခံထားရဦးမည်ဖြစ်ကာ ၎င်းတို့ပြောသော လူ့အခွင့် အရေးဆိုသည့် စကားလုံးမှာ စာရွက်ပေါ်၌လည်း မဟုတ်၊ သမိုင်းထဲ၌ လည်းမဟုတ်၊ မှတ် ကျောက်တင် ထားသည့် ရုပ်တုပေါ်၌လည်းမဟုတ် ၎င်းတို့၏ ပါးစပ်ထဲ၌ ရှိနေသည်ဟုသာ ဆိုရတော့မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ရှိန်းထက်

Ref;CNN

Read 144 times
Rate this item
(0 votes)
Last modified on Friday, 23 November 2018 10:31

Latest from