SJ WorldNews - шаблон joomla Авто

ဆော်ဒီ အာရေဗျ ဒေါ်နယ်ထရမ့်နှင့် ကိုယ်ကျိုးစီးပွား ကာကွယ်မှု

Saturday, 24 November 2018 13:42 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်အခြေစိုက် ဆော်ဒီသတင်းထောက် ခါရှော့ဂျီ အသတ်ခံရမှုအတွက် ကမ္ဘာ့နိုင်ငံအများ အပြားက ဆန့်ကျင်ခဲ့ သည့်အပြင် အမှန်တရားဖော်ထုတ်ရန် တောင်းဆိုနေစဉ် အမေရိကန်ပြည်ထောင်စုက ယင်းနိုင်ငံ၏ ခိုင်မြဲသော လုပ်ဖော်ကိုင်ဖက်နိုင်ငံတစ် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့မှု အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာသည်ကိုတွေ့ရသည်။

ဗာဂျီးနီးယား၌နေထိုင်ခဲ့သည့် ခါရှော့ဂျီ အသတ်ခံ ရမှုတွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန် က အဆိုပါ သတ်ဖြတ်မည့်အစီအစဉ်အား ညွှန်ကြား ခဲ့ခြင်း ဟုတ်၊ မဟုတ် ယင်းသတ်ဖြတ်မှုတွင် နောက်ကွယ် မှဖြစ်ပေါ်နေသည့် အခြေအနေ အားလုံး ကို အမေရိကန်ပြည်ထောင်စုက သိရှိနိုင်မည်မဟုတ်ကြောင်း၊ အမေရိကန် အစိုးရက အာရုံစိုက်ရမည့်အချက်မှာ ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေးပင်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအများအပြားက အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ တုံ့ပြန်ပြော ဆိုချက်ကိုမျှော်လင့်စောင့်ဆိုင်းနေချိန် ထရမ့်က နိုဝင်ဘာ ၂ဝ ရက်တွင် တရားဝင်ပြောကြားလိုက်သည်။

တစ်နည်းအားဖြင့် ခါရှော့ဂျီ အသတ်ခံရမှုသည် အမေရိကန်အစိုးရအတွက် ဆော်ဒီအာရေဗျနိုင်ငံနှင့် ဆက်ဆံ ရေးလောက် အရေးမပါဟုပြောကြားခြင်း ဖြစ်သည်ဟုဆိုနိုင်သည်။ တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေဗျသည် ဒေသတွင်း အင်အားကြီး ထွားလာသည့် အီရန်အား အမေရိကန်အစိုးရက တန်ပြန်ရာတွင် အရေးပါသည့် မဟာမိတ်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေသည်ဟု ထရမ့်ကလက်ခံထားသည်။

သို့ရာတွင် ခါရှော့ဂျီသည် ပြီးခဲ့သည့်လအတွင်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံး အတွင်း၌ အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို အစိတ်စိတ်အပိုင်းပိုင်းဖြတ်တောက်ကာ အက်စစ် အတွင်းအရည်ဖျော် ခဲ့သည် ဟူသောသတင်းများ ထွက်ပေါ်လာမှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားကို အထိတ်တလန့်ဖြစ်စေခဲ့သည်။ ခါရှော့ဂျီ အသတ်ခံရမှုတွင် ပါဝင်သူ ၁၅ ဦး၏ ရုပ်ပုံများနှင့်အမည်များကို တူရကီ ထောက်လှမ်းရေးအဖွဲ့က ဖွင့်ထုတ်ပြ ခဲ့ သည်။ တူရကီ ထောက်လှမ်းရေး အဆိုအရ အဆိုပါလူသတ်အဖွဲ့ကို ဆော်ဒီနိုင်ငံမှ ပုဂ္ဂလိက လေယာဉ်တစ်စင်းဖြင့် ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သတ်ဖြတ်မှုအတွင်းနှင့် ခါရှော့ဂျီမသေဆုံးမီ အပြန်အလှန်ပြောဆိုခဲ့သည့် စကားပြောဆိုမှုများကို ဖမ်းယူ ထားသည့် အသံဖမ်း ဖိုင်များကိုလည်း အနောက် နိုင်ငံတို့သို့ တူရကီအစိုးရက ပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် ခါရှော့ဂျီ မည်သို့မည်ပုံ အသတ်ခံရသည်ဟူသော အချက်ကို တူရကီအာဏာပိုင်များက တရားဝင်ထုတ်ပြန် ခဲ့သည်။ ခါရှော့ဂျီသည် အသတ်မခံရမီ ညှဉ်းပန်း နှိပ်စက်မှုကိုခံခဲ့ရကြောင်း အမည်မဖော်လိုသူ တူရကီ အရာရှိ တစ်ဦးက ပြောသည်။

ယင်းသတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ ဆော်ဒီအစိုးရက ရက်သတ္တပတ်ပေါင်းများစွာကြာ လိမ်ညာ ပြောဆိုခဲ့သော်လည်း တူရကီ အစိုးရ၏ အဓိပ္ပာယ်ရှိရှိနှင့် တိတိကျကျ ထောက်ပြမှုကြောင့် နောက်ဆုံးတွင် ဆော်ဒီအာဏာပိုင်များက ခေါင်းရှောင်၍ မရတော့ဘဲ သတ်ဖြတ်မှု အတွင်း ပါဝင်ခဲ့သူများကို အရေးယူခဲ့ကြောင်း ကြေညာခဲ့ သည်။ သို့ရာတွင် အသေးစိတ် အချက်အလက်များကို အကျဉ်းချုပ်သာ ထုတ်ပြန်ခဲ့သည်။ သတ်ဖြတ်မှု၏ နောက်ကွယ်ရှိ ကွင်းဆက်ကို ဆက်လက် ဖော်ထုတ်ရန် လုပ်ဆောင်ခဲ့ခြင်းမရှိပေ။

ထို့ပြင် အဆိုပါသတ်ဖြတ်မှုကို အမေရိကန်အစိုးရက ထိရောက်စွာတုံ့ပြန်ခြင်းမရှိဘဲ လူပုဂ္ဂိုလ်တချို့အပေါ် ၌သာ ပိတ်ဆို့မှု ချမှတ်ခဲ့သည်ကို တွေ့ရသည်။

အလားတူပင် အဆိုပါသတ်ဖြတ်မှုကို တုံ့ပြန်အရေး ယူသည့်အနေဖြင့် ပြင်သစ်အစိုးရကလည်း ဆော်ဒီနိုင်ငံသား ၁၈ ဦးအား နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ကိုသာ တားမြစ်ခဲ့ပြီး တခြား လက်ဆုပ်လက်ကိုင်ပြသ နိုင်သည့် ဆောင်ရွက် ချက်များကို လုပ်ဆောင်ခြင်း မရှိပေ။ သို့သော် ခါရှော့ဂျီ အသတ်ခံရ မှုနှင့်စပ်လျဉ်း၍ ထိရောက်သည့် တုံ့ပြန်မှုကို လုပ်ဆောင် သည့် ဥရောပ တစ်နိုင်ငံရှိသည်။

ယင်းနိုင်ငံမှာ ဒိန်းမတ် နိုင်ငံဖြစ်ပြီး အဆိုပါတရား မဝင်သတ်ဖြတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဒိန်းမတ် အစိုးရက ဆော်ဒီအာရေဗျနိုင်ငံသို့ လက်နက်များ ရောင်းချရန်သဘောတူချက်များကို နိုဝင်ဘာ ၂၂ ရက်တွင် ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

ဒိန်းမတ် အစိုးရသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး နောက် ဆော်ဒီအာရေဗျသို့ လက်နက်တင်ပို့ရောင်းချမည့် သဘောတူညီချက်များကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခါရှော့ဂျီသည် တရားမဝင် အသတ်ခံရခြင်းဖြစ်ကြောင်း ကောင်းစွာ သိနား လည်ထားသော်လည်း ၎င်း၏ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးနှင့် စီးပွားရေးအရ အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားအတွက် လျစ်လျူရှုခဲ့သည်ဟု သုံးသပ်သူတစ်ဦးကပြောသည်။

အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ၌ဖြစ်ပွားခဲ့သည့် အဆိုပါသတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ စီအိုင်အေ အဖွဲ့က အသေးစိတ်စုံစမ်းဖော်ထုတ်ရာတွင် ခါရှော့ဂျီ အသတ်ခံရမှုကို ဆော်ဒီအိမ်ရှေ့မင်းသားက ညွှန်ကြား ခြင်းဖြစ်သည်ဟု ယုံကြည်စေနိုင်လောက် သည့် အထောက်အထားများကိုတွေ့ရှိခဲ့သည်။

အဆိုပါ အထောက်အထားများကို ထရမ့်ကချက်ချင်း လူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုခဲ့ပေ။ အကယ်၍ ဆော်ဒီအိမ် ရှေ့ မင်းသားက ခါရှော့ဂျီကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့စေကာမူ အမေရိကန်အစိုးရအနေဖြင့် ဆော်ဒီ အာရေဗျကို အကာ အကွယ်ပေးသွားမည်ဖြစ်ကြောင်း ထရမ့်ကပြောကြားခဲ့သေးသည်။ ထရမ့်၏အဆိုပါ ပြောဆိုချက်ကို ဆော်ဒီ အစိုး ရက တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရ တောင်းဆိုထားသည့် အတိုင်း ရေနံ ဈေးနှုန်းများ လျှော့ချ ပေးခဲ့ သည်ကိုတွေ့ရသည်။

ခါရှော့ဂျီအသတ်ခံရ မှုအတွက် သိလျက်နှင့် ထရမ့် ကဆော်ဒီ အိမ်ရှေ့မင်းသားကို တာဝန်ခံစေခြင်းမရှိဘဲ ယင်းနိုင်ငံ အား အကာအကွယ်ပေးရန်ဆုံးဖြတ်ခဲ့ခြင်းသည် နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့သည့် အမေရိကန်ပြည် ထောင်စု၏ လူ့အခွင့် အရေးဆိုင်ရာ စံတန်ဖိုး ထားမှုကို သစ္စာဖောက်ရာ ရောက်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာမှ အမှုဆောင် အရာရှိချုပ် ဖရက်ရိုင်ယန်က ရေးသားဝေဖန်ထားသည်။

ထို့ပြင် ခါရှော့ဂျီအသတ်ခံရမှုနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရနှင့် လွှတ်တော်အမတ်များကြားတွင်လည်း သဘော ထား ကွဲလွဲမှုတချို့ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါသတ်ဖြတ်မှုတွင် ဆော်ဒီအိမ်ရှေ့မင်းသားပါဝင် ပတ်သက်မှု ရှိ၊ မရှိ ရှင်းလင်းပြောကြားရန် အမေရိကန် အထက်လွှတ်တော် ပြည်ပဆက်ဆံရေးကော်မတီက ထရမ့်အား ယခုရက် သတ္တပတ် အတွင်းက တောင်းဆို ထားသောကြောင့် ဆော်ဒီအာရေဗျနိုင်ငံနှင့် ပုဂ္ဂိုလ်ရေး အရဆက်ဆံရေး ကိုသာ ထိန်းသိမ်းလိုသည့် ထရမ့်အနေဖြင့် မည်သို့မည်ပုံ ရှင်းလင်းမည်ကို စိတ်ဝင်တစား စောင့်ကြည့် ရမည်ဖြစ်ပေသည်။ ။

ဆောင်းပါးရှင်-  ဇေယျဘုန်း

Read 124 times
Rate this item
(0 votes)
Last modified on Saturday, 24 November 2018 13:44