SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မက္ကဆီကိုနှင့် တင်းမာမှုစတင်လာသည့် အမေရိကန်

Monday, 26 November 2018 10:22 Written by  font size decrease font size decrease font size increase font size increase font size

ဥရောပ၌ လောင်စာဆီ ဈေးနှုန်းမြင့်တက်လာသဖြင့် မက်ခရွန်နုတ်ထွက်ပေးဆိုသည့် ကြွေး ကြော်မှုများ ပြင်သစ်၌ ကြွေးကြော်နေသကဲ့သို့ အမေရိက၌လည်း မက္ကဆီကိုနယ်စပ်မှတစ်ဆင့် အမေရိကန်ထဲကို ဝင်ရန်ကြိုးစားနေသည့် အမေရိကအလယ်ပိုင်းမှ လူပေါင်း ၅ဝဝဝ ကျော်က လည်း သောင်တင်နေသည်။

မက္ကဆီကိုအစိုးရနှင့် အမေရိကန်အစိုးရတို့ သဘောတူညီချက် တစ်ခုရရှိရန် ကြိုးစားသော် လည်း ရရှိခဲ့သည့် သဘောတူညီချက်တစ်ခုကို မက္ကဆီကိုဘက်က လက်မခံခဲ့ဘဲ ငြင်းဆန်ခဲ့ သည်။ ထို့ကြောင့် မက္ကဆီကို နယ်စပ်မြို့၌ ရွှေ့ပြောင်းလာသူများ ဆက်လက်သောင်တင် နေရန်ရှိနေပြီး ထရမ့်က ၎င်း၏ တွစ်တာတွင် ''အမေရိကန်ထဲကို လုံးဝမဝင်လာစေရဘူး၊ မက္ကဆီကိုမှာပဲနေရမယ်'' ဟုရေးခဲ့ကာ နောက်ပိုင်းတွင် ပြန်ဖျက်သွားခဲ့သည်။

ထရမ့်က ရွှေ့ပြောင်းလာသူ လူအုပ်ကြီးထဲတွင် အကြမ်းဖက်သမားများ ပါလာသည်ဟု လက် ဆုပ်လက်ကိုင် ပြစရာသက်သေမရှိဘဲ စွပ်စွဲကာ ၎င်း၏နိုင်ငံထဲသို့ ပေးမဝင်ခြင်းဖြစ်သည်။ ထို့ပြင် လိုအပ်လာပါက အင်အားသုံး၍ ဖြိုခွင်းနိုင်စေရန် နယ်စပ်သို့ တပ်သား ပေါင်းထောင်ချီ၍ ထပ်မံအားဖြည့်ပေးခဲ့ကာ ယခုဆိုလျှင် မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်၌ အမေရိကန် တပ် သား ၅၈ဝဝ ခန့် အချိန်ပြည့် စောင့်ကြည့်နေသည်။ ထိုစစ်သားများက လုံခြုံရေးအတွက် သံဆူး ကြိုး အလိပ်များကို အထပ်ထပ်တင်၊ ခြံစည်းရိုးနားမှပင် မခွာရဘဲ ကျေးဇူးတော်များနေ့ကိုပင် နယ်စပ်ခြံစည်းရိုးနားတွင် မတ်တတ်ရပ်ပြီး ကျင်းပခဲ့ရသည်။

ထို့ပြင် ထရမ့်ကိုယ်တိုင်ကလည်း ခြံစည်းရိုးကို ချိုးဖျက်ပြီး ဝင်ရောက်လာမည့်သူများကို လိုအပ် လာပါက လက်နက် အသုံးပြုခွင့်ကိုပါ ခွင့်ပြုထားသည်ဟု ဆိုထားသောကြောင့် မက္ကဆီကို အစိုးရက ကုလသမဂ္ဂကို အကူအညီတောင်း ထားရသည်အထိ ဖြစ်သည်။ သို့သော် ကုလ သမဂ္ဂလည်း ယခုအချိန်ထိ အသံမထွက်လာဘဲ ပြောင်းရွှေ့လာသူ ၅ဝဝဝ ကျော်ကို စောင့် ရှောက် နေသူများမှာ NGO အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများဖြစ်သည်။

မက္ကဆီကိုကလည်း သူ့စီးပွားရေးနှင့်သူပင် အဆင်မပြေဖြစ်နေသောကြောင့် ထိုလူအုပ်ကြီးကို လက်ခံရန် ဆိုသည်မှာ ဖြစ်နိုင်ခြေနည်းသည်။ တစ်ဖက်က ကြည့်လျှင်လည်း မက္ကဆီကန်တို့ ပင် အမေရိကန်၌ အလုပ်သွားလုပ်ပြီး မက္ကဆီကိုရှိ ၎င်းတို့၏ မိသားစုများကို ပိုက်ဆံပို့သည်။

ယခု ရွှေ့ပြောင်းလာသူများ၏ ရည်ရွယ်ချက်ကလည်း ပိုမိုကောင်းမွန်သည့် ဘဝကို ရချင်သော ကြောင့် ရွှေ့ပြောင်းလာခြင်းဖြစ်ရာ ပန်းတိုင်က မက္ကဆီကိုမဟုတ်။ အမေရိကန်ကိုသာ ဖြစ် သည်။ ထိုလူအုပ်ကြီး၏ အစက လူပေါင်းရာချီပင်မပြည့်သည့်အဖွဲ့။ ထို့နောက် တဖြည်းဖြည်း နှင့် နိုင်ငံမတူသည့်လူများပါ လမ်းခရီး၌ပါလာကာ ခန့်မှန်းစစ်တမ်းများအရ လူပေါင်း ၉ဝဝဝ ခန့် အထိရှိကြောင်း သိရသည်။

အများစုက ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနှင့် အယ်လ်ဆာဗေးဒိုးကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကာ ၎င်းတို့၏ ဆင်းရဲနုံချာသည့်ဘဝကို တစ်ခန်းရပ်ချင်သောကြောင့် အမေရိကန်အထိ လမ်း လျှောက်ခရီးနှင် လာခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်ထိ ထိုရွှေ့ပြောင်းလူအုပ်ကြီး ဖြတ်လျှောက် ခဲ့ရသော လမ်းခရီးက မိုင်ပေါင်း ၂၅ဝဝ ကျော်အထိရှိသည်။ သို့သော် နောက်ဆုံး ဆင်ပြောင် ကြီး အမြီးကျမှတစ်ဆိုသကဲ့သို့ အမေရိကန် နယ်စပ်ရောက်မှ သောင်တင်နေကြသည်။

ထရမ့်ဆိုသည်မှာလည်း ၎င်းနိုင်ငံနှင့်ပတ်သက်လာလျှင် ခေါင်းမာသည့်သူ။ တခြားနိုင်ငံများ ကိုသာ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဝေဖန်ချင်ဝေဖန်မည်၊ အရေးယူပိတ်ဆို့မှုများ ချမှတ် ချင်ချမှတ်မည်။ ၎င်းကိုဝေဖန်လျှင် တစ်စက်မှ မကြိုက်သည့် လူစားဖြစ်သည်။

ထို့ကြောင့် နောက်ပိုင်းကုလသမဂ္ဂပင် ထရမ့်နှင့်ပတ်သက်လာလျှင် ဝေးဝေးရှောင်နေရသည်။ ထရမ့်က ကုလသမဂ္ဂ ဝေဖန်လျှင် ပုံမှန်ပံ့ပိုးပေးနေကျ နှစ်စဉ်ရန်ပုံငွေ ၈ ဘီလီယံကို ဖြတ် တောက်ပစ်မည်ဟု ခြိမ်းခြောက်ထားသောကြောင့်ဖြစ်သည်။

ယခု ထရမ့်က ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် သဘာဝပတ်ဝန်းကျင် အစီရင်ခံစာကိုပင် ဂရုမစိုက်တော့ပေ။ ကယ်လီဖိုးနီးယားတောမီးနှင့် စိုးရိမ်စရာ သဘာဝရာသီဥတုပြောင်းလဲမှုကို မီးမောင်းထိုးပြမည့် အစီရင်ခံစာတစ်ခုကို မကြာသေးမီက ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ သို့သော် ထရမ့်က ထိုအစီရင်ခံစာကို ဂရုမစိုက်ဟု ဆိုသောကြောင့် နောက်ပိုင်းသဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်လာလျှင်လည်း ထရမ့်ကို မည်သို့မှပြော၍ ရတော့မည်မဟုတ်ပေ။

ယခင်က အမေရိကန်တို့ လက်ကိုင်ထားသည့်စံနှုန်းများမှာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲ လာမှုကို ကုစားရေးနှင့် လူ့အခွင့်အရေးမြှင့်တင်ရေးတွင် ထိပ်ဆုံးက ပါဝင်သည်။ ယခု ထရမ့်က ယခင် အမေရိကန် သမိုင်းကြောင်းနှင့် ပြောင်းပြန်လျှောက်လှမ်းနေသည်။ ထရမ့်သမ္မတ ဖြစ်ပြီးနောက် COP21 ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာညီလာခံမှ နုတ်ထွက်ခဲ့ သည်။

ထို့နောက် အလုပ်အကိုင် အခွင့်အလမ်းအတွက် ကျောက်မီးသွေး စက်ရုံများတည်ဆောက်၊ ယခု လူ့အခွင့်အရေးနှင့် ပတ်သက်သည့်နေရာတွင်လည်း ပထမဆုံး မက္ကဆီကို ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီးကာ ကလေးနှင့် မိဘများကိုခွဲထားခဲ့သည်။ လနှင့်ချီအောင်ပင် အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဧပြီလတွင် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးကလည်း ထရမ့်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု စကားသံပင် ထွက်မလာခဲ့ပေ။

ယခုလည်း အမေရိကအလယ်ပိုင်းမှလာသည့် လူများအရေးနှင့်ပတ်သက်ပြီး နယ်စပ်၌ဖြစ်နေ သည့် အရာများအပေါ် ကုလသမဂ္ဂတို့ ဝေဖန်သံထွက်မလာသေး။ တခြားနိုင်ငံများနှင့်ဆိုလျှင် လုံခြုံရေး ကောင်စီကျင်းပရ၊ တံခါးပိတ် အစည်းအဝေးလုပ်ရနှင့် အရေးယူပိတ်ဆို့မှုများ ချမှတ် ရန် အလုပ်များ နေတတ်သည့် ကုလသမဂ္ဂသည် ယခုအခါ အမေရိကန်နှင့် ပတ်သက်လာလျှင် ငြိမ်ချက်သား ကောင်းလွန်းလှသည်။

ဥရောပအဖွဲ့အစည်းသည် လူ့အခွင့်အရေးစံနှုန်းများနှင့် ပတ်သက်လာလျှင် ထိခိုက်မရသည့် အဖွဲ့အစည်းဖြစ်ကာ အမေရိကန်နှင့် ပတ်သက်လာလျှင် ငြိမ်နေရသည့် အဖွဲ့အစည်းဖြစ် သည်။ ထို့ကြောင့် တန်းတူညီမျှမှု၊ တရားမျှတမှုဟု လူ့အခွင့်အရေးသမားတို့ အော်နေကြ သော်လည်း တကယ်တမ်း အမေရိကန် အရေးကိုကြည့်ပြီး ရေများရေနိုင် မီးများမီးနိုင်အဖြစ်ကို သိနိုင်သည်။

မက္ကဆီကိုနှင့် အမေရိကန်တို့သည် ကုန်သွယ်ရေးပိုင်းနှင့် ပတ်သက်ပြီး ပြန်လည် အဆင်ပြေ သွားကြသည်မှာ မကြာသေးပေ။ တံတိုင်းဆောက်သည့်ကိစ္စ၊ မက္ကဆီကို ရွှေ့ပြောင်းသူများကို ဖမ်းဆီး အကျဉ်းချသည့် ကိစ္စနှင့် မက္ကဆီကိုများကို မုဒိမ်းသမားများဟု ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့သည့် ထရမ့်ကြောင့် အဆင်မပြေဖြစ်ခဲ့ရသည်။

လက်ရှိအချိန်ထိ မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်မှ အပြန်အလှန်စီးဆင်းနေသည့် ကုန်သွယ် ရေး ပမာဏက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ အထိရှိသည်။ အကယ်၍ ထရမ့်က ၎င်း၏ ဆုံးဖြတ်ချက်ကိုသာ မက္ကဆီကိုဘက်က လက်မခံခဲ့လျှင် ထိုကုန်သွယ်ရေးအတွက် အချက်အချာကျသည့်နယ်စပ်ကို ပိတ်ပစ်လိုက်မည်ဟုလည်း ခြိမ်းခြောက်ထားသည်။ သို့သော် ယခုအချိန်ထိတော့ ပိတ်မည့်လှုပ်ရှားမှုမျိုး မတွေ့ရသေးကာ ထုံးစံအတိုင်း ထရမ့်က ၎င်း၏ အာဏာနှင့် ခြိမ်းခြောက်လိုက်သည့် ပုံစံဖြစ်သည်။

ယခု ရွှေ့ပြောင်းလာသူ ထောင်ချီအရေးမှာ ၎င်း၏ နိုင်ငံကိုသာဦးဆုံး ကြည့်သည့်ထရမ့် မက္ကဆီကိုဘက်ကိုသာ ထိုလူများကို မရောက်ရောက်စေရန် တွန်းပို့မည်ဖြစ်သည်။ အကယ်၍ သဘောတူညီချက်ဖြင့် လက်ခံစေဦး၊ အများဆုံး ရာဂဏန်းသာ ထရမ့်လက်ခံမည်ဖြစ်သည်။

ထို့ကြောင့် လူ့အခွင့်အရေးဟု အမြဲတမ်း တကြော်ကြော် အော်နေကြသူများသည် ထရမ့်ကျမှ အဘယ်ကြောင့် မအော်ရသလဲဆိုသည့် မေးခွန်းကို မေးချင်မိပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။

ရှိန်းထက်

Ref;CNN

Read 139 times
Rate this item
(0 votes)
Last modified on Monday, 26 November 2018 10:24

Latest from