SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

စောင့်ကြည့်ရမည့် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးအစီအစဉ်

Tuesday, 11 December 2018 10:18 Written by  font size decrease font size decrease font size increase font size increase font size

၂၁ ရာစုတွင် လူသားတို့ ကမ္ဘာပျက်မည့် အရေးကို နျူကလီးယား စစ်ပွဲကြောင့် တစ်မျိုး၊ ရာသီ ဥတုပြောင်းလဲမှုကြောင့် တစ်ဖုံ အမျိုးမျိုး ထင်ကြေးပေးနေကြကာ ယခု စစ်ရေးရော သဘာဝ ပတ်ဝန်းကျင် အရေးပါ ကုလသမဂ္ဂ ကိုယ်တိုင်နိုင်ငံကြီးများကို ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။

စစ်ရေးမှာ ဆိုလျှင်လည်း ထရမ့်အစိုးရ လက်ထက် နျူကလီးယား လက်နက်တိုးမြှင့် ထုတ်လုပ် ရန်အထိ ကြေညာထားပြီး ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးတွင်လည်း နိုင်ငံကြီးများ ကိုယ်တိုင်က သိပ်အရေးမထား ကြတော့ပေ။ ဒီဇင်ဘာ ၂ ရက်မှ ၁၄ ရက် အထိ ပိုလန်၌ စတင်ကျင်းပသည့် COP 24 တွင် အမေရိကန်၊ ဆော်ဒီအာရေဗျ၊ ရုရှားနှင့် ကူဝိတ်တို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တားဆီးခဲ့ကြသည်။

၎င်းတို့နှင့်အတူ နောက်မှ လိုက်လာသည့်သူက သြစတြေးလျဖြစ်သည်။ သြစတြေးလျ၌ ၂ဝ၁၈ ခုနှစ် လေးလပတ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၁ ဒသမ ၃ ရာခိုင်နှုန်း အထိ မြင့်တက်လာပြီး ရုပ်ကြွင်းလောင်စာ စွမ်းအင်သုံးစွဲမှုကို စွန့်လွှတ်မရ ဖြစ်နေသည်။ ထို့ကြောင့် အမေရိကန်တို့နှင့်အတူ တစ်တန်းတည်း ရပ်တည်ကာ ကုလသမဂ္ဂတွင် သြစတြေး လျလည်း နှုတ်ပိတ်နေခြင်း ဖြစ်သည်။

သို့သော် နယူးဇီလန် အပါအဝင် သြစတြေးလျ၏ အိမ်နီးချင်း အများစုက COP24 ကို ထောက် ခံခဲ့ကြသည်။ လက်ရှိ ကမ္ဘာ့အပူချိန် တိုးမြင့်မှုက ၁ ဒသမ ၅ ဒီဂရီဆဲလ်ဆီးရပ်ဖြစ်ပြီး ယခု အတိုင်းဆက်သွားမည်ဆိုလျှင် ၂ဝ၂ဝ ပြည့်နှစ် အရောက် ကမ္ဘာ့အပူချိန် တိုးမြင့်မှုက ၂ ဒီဂရီဆဲလ်ဆီးရပ်ကို ကျော် လွန်သွားနိုင်ကာ ၂ဝ၃ဝ ပြည့်နှစ်အရောက် ၃ ဒီဂရီဆဲလ်ဆီးရပ် အထိ မြင့်တက်လာနိုင်သောကြောင့် COP24 ကို ဥရောပ အဖွဲ့အစည်းတို့ အင်တိုက် အားတိုက် အချိန်ယူပြီး ဆွေးနွေးညှိနှိုင်းနေခြင်း ဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့ရေနံ ဈေးကွက်ပြန်လည် မြင့်တက်လာပြီး ရေနံထုတ်လုပ်သည့် နိုင်ငံများ အဆင်ပြေလာနေချိန် လက်ရှိ ကမ္ဘာ့အများဆုံး စွမ်းအင်ထုတ်လုပ်သူ လေးနိုင်ငံက ပူးပေါင်း ငြင်းဆန်လိုက်ကြခြင်း ဖြစ်သောကြောင့် ၂ဝ၁၅ ခုနှစ် ပဲရစ်ရာသီဥတု ပြောင်းလဲမှု ညီလာခံ COP25 ကို မူဘောင်များ အတိုင်း လက်ခံကျင့်သုံးရန် မဖြစ်နိုင်သည့် ဘက်ကို အလေးသာ နေသည်။

ထရမ့်ကိုယ်တိုင်က ရာသီဥတု ပြောင်းလဲလာမှုကို စိတ်မဝင်စားဘဲ ရုပ်ကြွင်းလောင်စာ စွမ်းအင် အသုံးပြုမှုကို ဆက်လက်ဆောင်ရွက်နေကာ ကျောက်မီးသွေးစက်ရုံကို ၎င်း၏ နိုင်ငံ အကျိုး စီးပွားအတွက် ပြန်လည် အသက်သွင်းခဲ့သည်။ ထို့ပြင် ၂ဝ၁၅ ခုနှစ် COP25 မှ ထရမ့် အမေရိကန်ကို ဆွဲထုတ် လိုက်သောကြောင့်လည်း ထရမ့်ရာသီဥတု ပြောင်းလဲမှု အရေးမှာ အမေရိကန်၏ ပိတ်ဆို့မှုက သိပ်ပြီးမထူးဆန်းကာ ၎င်း၏မဟာမိတ် ဆော်ဒီနှင့် ကူဝိတ်တို့ နောက်မှ လိုက်လာခြင်းက ထူးဆန်းနေသည်။

ရုရှားက သီးခြားရပ်တည်ချက်အနေဖြင့် ရပ်တည် ကန့်ကွက်ခဲ့ခြင်းဖြစ်ကာ ပူတင် ကိုယ်တိုင်လည်း လက်ရှိသမ္မတ သက်တမ်းမှာ စီးပွားရေးကို အလေးထားလုပ်မည်ဟု ကတိပေးထား သောကြောင့် အဓိက မှီခိုနေသည့် ရေနံဈေးကွက်ကို အထိမခံနိုင်ပေ။

သို့သော် ဆော်ဒီနှင့် ကူဝိတ်တို့က ထူးခြားနေသည်။ မည်သည့် အချိန်ကမှ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂကို ကျော်မလုပ်ဖူးသည့် ထိုနှစ်နိုင်ငံသည် အမေရိကန်အားကိုးဖြင့် ကုလသမဂ္ဂ ညီလာခံမှာ ကန့်ကွက်ရဲလာပြီဖြစ်သည်။ ထရမ့်နှင့် လက်ဝါးချင်းရိုက်ကာ ထိုနှစ်နိုင်ငံစလုံး ရေနံဈေးကွက်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းဟု ယူဆစရာရှိကာ လက်ရှိဆော်ဒီကလည်း ရုရှားနှင့် အဆင်ပြေနေသောကြောင့် ကမ္ဘာ့ရေနံဈေးကွက်တွင် ထိုလေးနိုင်ငံစလုံးက စောင့် ကြည့်စရာ ဖြစ်လာသည်။

ရုပ်ကြွင်းလောင်စာ စွမ်းအင် အမျိုးအစားထဲတွင် ရေနံ၊ ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့ တို့ ပါဝင်ပြီး ထိုသုံးမျိုးက ကမ္ဘာ့စွမ်းအင် ဈေးကွက်တွင် အသုံးအများဆုံး အရာများဖြစ်သည်။ ထိုအရာများကို အသုံးပြုမှု မထိန်းချုပ်နိုင်လျှင် လက်ရှိကမ္ဘာ့အပူချိန်က ထင်မှတ်ထားသည် ထက် နှစ်ဆခန့် မြင့်တက်လာနိုင်သည်ဟု  IPCC ၏ အစီရင်ခံစာက ညွှန်ပြထားကာ ချက်ချင်း ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ရန် လိုအပ်သည်ဟု ဆိုသည်။

ထိုသို့ မဟုတ်ပါက မိုးခေါင်ရေရှားမှု၊ တောမီးလောင်မှုနှင့် ရေကြီးမှုများက ပိုမိုဖြစ်လာနိုင်ကာ ကယ်လီဖိုးနီးယား တောမီးက လတ်တလော ရာသီဥတုပြောင်းလဲမှုကို ထင်ဟပ်နေစေသည်။ ထို့ကြောင့် အမေရိကန် ဥပဒေပြုလွှတ်တော် အမတ်များကိုယ်တိုင် စိုးရိမ်စရာ ရာသီဥတု ပြောင်းလဲမှုဆိုသည့် ခေါင်းစဉ်ဖြင့် ကယ်လီဖိုးနီးယား တောမီးငြိမ်းအပြီး ကြေညာချက် ထုတ်ပြန်ခဲ့ကာ ထရမ့်က လုံးဝစိတ်ဝင်စား ပုံမပြပေ။

ထိုထုတ်ပြန်ချက်ကို မထောက်ခံဟုပင် ထရမ့်က ၎င်း၏တွစ်တာတွင် ရေးသားထားကာ ဖန်လုံ အိမ်ဓာတ်ငွေ့လျှော့ချရေးဆိုသည့် ကုလသမဂ္ဂ၏ ကြိုးစားချက်က အရာထင်တော့မည် မဟုတ်ပေ။ အဓိက ရေနံထုတ်သည့် လေးနိုင်ငံ ကန့်ကွက်မှုက ၎င်းတို့ မထင်မှတ်ထားသည့် အရာဖြစ်ကာ ထိုအရေးကိစ္စ ဖြေရှင်းရန် ဒီဇင်ဘာ ၉ ရက်က နှစ်နာရီခွဲအထိ နိုင်ငံ့ခေါင်းဆောင် များ ထိပ်တိုက် ဆွေးနွေးခဲ့ ကြသည်။

သို့သော် အဖြေကသေချာစွာ ထွက်မလာခဲ့ဘဲ လေးနိုင်ငံစလုံးက ကန့်ကွက်ဆဲဖြစ်သည်။ နောက်ဆုံး မျှော်လင့်ချက်က ဒီဇင်ဘာ ၁၄ ရက်အထိ ကျင်းပမည့် နောက်ထပ်ကြား ကာလ ညီလာခံ၌ ထပ်မံဆွေးနွေးမည်ဟု ကုလသမဂ္ဂက မယုတ်မလွန်ဆိုထားကာ ထရမ့်က အဓိက ပါဝင်ပတ်သက် နေသည့်အတွက် ကုလသမဂ္ဂလည်း လှုပ်မရပြုမရ ဖြစ်နေသည်။

အကယ်၍ ရုရှား၊ ဆော်ဒီနှင့်ကူဝိတ်တို့ သုံးနိုင်ငံတည်း ဆိုလျှင် ကုလသမဂ္ဂနှင့် ဥရောပတို့ လည်း ဂရုစိုက်မည်မဟုတ်ပေ။ ယခု ထိပ်ဆုံးမှ ထရမ့်အစိုးရက ဦးဆောင် ကန့်ကွက်နေသော ကြောင့် အခက်တွေ့နေရကာ ဥရောပတို့လည်း ဘေးကျပ်နံကျပ် ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် နောက်ဆုံး မျှော်လင့်ချက်အနေဖြင့် တရုတ်က ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက် ရေးတွင် ဦးဆောင်မည်လား ဆိုသည့် အချက်ဖြစ်သည်။ တရုတ်တို့က ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် ဘီလီယံ ရာချီနီးပါး အသုံးပြုထားကာ သတ်မှတ်ထားသော ကာဗွန်ထုတ်လုပ် မှုလျှော့ ချရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်။

ကျောက်မီးသွေး စက်ရုံများကိုလည်း ပိတ်ခဲ့ကာ သန့်ရှင်းပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို ၅ဝ ရာခိုင်နှုန်း အသုံးပြုနိုင်ရန် လျာထားသည်။ နောက်ဆုံးအမေရိကန်ကို ကျော်လွန်ပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကို အများဆုံးဖြစ်စေရန် ရှီကျင့်ဖျင် အစိုးရကြိုးပမ်းနေကာ လက်ရှိ တရုတ်တို့ စံနှုန်းက နာရီဝက်ကို လေတာဘိုင်တစ်လုံး တည်ဆောက်နေသည့် စံချိန်ဖြစ်သည်။

အမေရိကန်မရှိလျှင် ဥရောပက ဦးဆောင်နိုင်သည်ဟု ထင်မှတ်ကြသော်လည်း လက်ရှိ ဥရောပသမဂ္ဂလည်း ဘာမှမလုပ်နိုင်။ ပြင်သစ်ဆိုလျှင် လက်ရှိ သိန်းချီသော ဆန္ဒပြသူများကို ဖမ်းဆီး ထိန်းသိမ်းထားရသည်အထိ နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်နေရသည်။

ဂျာမနီဆိုလျှင်လည်း မာကယ်ကိုယ်တိုင် တည်ငြိမ်စွာရပ်တည်ရန် ကြိုးစားနေရသောကြောင့် တခြားအရေးကို မျက်နှာမလှည့်နိုင်ရှာပေ။ သို့ဖြစ်၍ တရုတ်ဦးဆောင်မှုကို ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးမှာ စောင့်ကြည့်စရာ ဖြစ်လာနေပြီး ထိုသို့မဟုတ်ခဲ့ပါက ကုလသမဂ္ဂ ၏ ၂ဝ၂ဝ ပြည့်နှစ်တွင် ကမ္ဘာ့အပူချိန် ၂ ဒီဂရီဆဲလ်ဆီးရပ် မကျော်လွန်ရေးဆိုသည့် သဘော တူညီချက် မူဘောင်ကလည်း အမှန်တကယ် ဖြစ်လာနိုင်ရန် လွန်စွာအားနည်းနေ ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

Ref;BBC

ရှိန်းထက်

Read 137 times
Rate this item
(0 votes)
Last modified on Tuesday, 11 December 2018 10:20

Latest from