SJ WorldNews - шаблон joomla Авто

ကိုရီးယားကျွန်းဆွယ်အရေး ထရမ့်ကြောင့် ငြိမ်းချမ်းမှာလား မွန်ဂျေးအင်ကြောင့် ငြိမ်းချမ်း မှာလား

Thursday, 13 December 2018 10:10 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်မှ စတင်ကာ နောက်ပိုင်း တောင်ကိုရီးယားတို့ ကိုယ်တိုင် ဦးဆောင်နေသည့် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးသည် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာကာ ယခုဆိုလျှင် တောင်နှင့်မြောက် နှစ်နိုင်ငံသို့ ရထားပင်ပြေးဆွဲ တော့မည်ဖြစ် သည်။

ရထားလမ်းရှိသော်လည်း နှစ်နိုင်ငံကြား ပြေးဆွဲခွင့်မရသည်မှာ ဆယ်စုနှစ် ငါးခုပင်ကျော်လွန် ခဲ့ပြီဖြစ်ကာ မြောက်ကိုရီးယားတို့က တောင်မြောက် ပူးတွဲစစ်မှုဇုန်အတွက် သယ်ယူ ပို့ဆောင် ရေးကဏ္ဍတွင် အဓိက အသုံးပြုကြသည်။၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တောင်နှင့်မြောက် ရထား လမ်းကို တရားဝင်ပြေးဆွဲနိုင်ရန် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင် အစိုးရ စီစဉ် နေပြီး အမေရိကန်၏ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများကို ထရမ့်နှင့် တောင် ကိုရီးယားတို့ ထိပ်တိုက် ဖြေရှင်းကြရမည် ဖြစ်သည်။

လက်ရှိတွင် မြောက်ကိုရီးယားနှင့် အမေရိကန်တို့ ဆက်ဆံရေး ကောင်းမွန်သည်ဟု ဆိုနိုင် သော်လည်း ဇွန်လပိုင်းက စင်ကာပူ၌ ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့ တွေ့ဆုံပြီး နောက်ပိုင်း သိပ်အဆင် မပြေတော့ပေ။ နောက်တစ်ကြိမ် ထရမ့်နှင့် ကင်ဂျုံအွန်တို့ တွေ့ဆုံရန်ကိုပင် ရက်ချိန်ယူ၍ မရတော။ သို့သော် အမေရိကန်နှင့်သာ မြောက်ကိုရီးယားတို့ က အဆင်မပြေခြင်းဖြစ်ပြီး တောင်ကိုရီးယားနှင့် အဆင်ပြေ နေသည်။

နိုင်ငံတွင်းရှိ နျူကလီးယား စမ်းသပ်စခန်းကို ဖျက်ဆီးလိုက်ရုံမက နယ်စပ်ရှိ စစ်စခန်းများကို လည်း ဖျက်သိမ်းရန်ပင် တောင်နှင့်မြောက် ခေါင်းဆောင် နှစ်ဦးသဘောတူညီခဲ့ကြပြီး ဖြစ် သည်။ ထို့ပြင် နယ်စပ်တစ်လျှောက် အသီးသီး ထောင်ထားခဲ့ကြသည့် မြေမြှုပ်မိုင်းများကို လည်း ရှင်းလင်းခဲ့ကြပြီး ဖြစ်ကာ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးသည် အရှိန်အဟုန်မြင့် လာနေပြီဖြစ်သည်။ သို့သော်လည်း အမေရိကန် မပါသည့် ထိုအဆင်ပြေမှုများက ရေရှည် အကျိုးသက်ရောက်မှု မည်မျှရှိမည်နည်းဟု ကင်ဂျုံအွန် တွေးလာလျှင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားကြား အဖုအထစ် အနည်းငယ် ရှိလာနိုင်သည်။

လက်ရှိ ကင်ဂျုံအွန်၏ ရည်ရွယ်ချက်က တောင်ကိုရီးယားတို့ ပြီးခဲ့သည့် ရက်သတ္တပတ်က မြောက်ကိုရီးယားဘက်သို့ ပြေးဆွဲခဲ့သည့်ရထားလမ်းကြောင်း Gyeongui Line အဖြစ် ဥရောပ နှင့်အာရှဘက်ကို ကုန်သွယ်ရေး လမ်းကြောင်းအဖြစ် ရချင်နေသည်။ ဥရောပနှင့် အာရှဘက် ကို ထပ်မံခြေဆန့်ရန် ဆိုသည်ကလည်း အမေရိကန်တို့ အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှား ပေးရန်လိုသည်။

လက်ရှိ တောင်ကိုရီးယားတို့ ပြေးဆွဲသည့် တောင်နှင့်မြောက် ရထားလမ်းကြောင်း အရေးပင် အမေရိကန်နှင့် တောင်ကိုရီးယား တို့ကြား ခြွင်းချက်ပုံစံဖြင့် ဆွေးနွေးကြရမည်ဖြစ်ကာ မြောက် ကိုရီးယားတို့ နျူကလီးယား အရေးက ပိုမိုဖြေရှင်းရန် လွယ်ကူလာမည်ဖြစ်သည်။

မွန်ဂျေးအင် အစိုးရသွားနေသည့် လမ်းကြောင်းကလည်း ၎င်းနိုင်ငံကိုယ်တိုင် လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးကို ဦးတည်နေပြီး အမေရိကန်ကို အသိပေးရုံ လောက်သာရှိသည်။ အသိမပေး ၍လည်းမရ၊ အမေရိကန်ကို တောင်ကိုရီးယားတို့ လုံးဝ လက်လွှတ် မရသောကြောင့် ဖြစ် သည်။ ထို့ကြောင့်လည်း ထရမ့်တက်လာသည့်အခါ စစ်အသုံးစရိတ်များ တိုးမြှင့်ပေးရေး တောင်းဆိုချက်ကို တောင်ကိုရီးယားတို့ အလွယ်တကူ လိုက်လျော ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ငြိမ်းချမ်းရေးတွင် တောင်ကိုရီးယားတို့က အမေရိကန်ထက် လက်သွက်နေကာ ကိုရီး ယား ကျွန်းဆွယ် ငြိမ်းချမ်းရေးကို ၎င်းတို့ ကိုယ်တိုင် ဦးဆောင်နေသည်။ ထရမ့်က တောင် ကိုရီးယား အစိုးရနှင့်မြောက် ကိုရီးယား အစိုးရတို့ အဆင်ပြေနေ၍လားမသိ ကိုရီးယား ကျွန်း ဆွယ်ဘက်ကို မသိကျိုးကျွန်ပြုထားကာ ဥရောပနှင့် အရှေ့အလယ်ပိုင်းဘက်ကို ဦးစားပေး ထားသည်။

ထရမ့်လိုချင်သည်ကလည်း ကင်ဂျုံအွန်၏ နျူကလီးယား စွန့်လွှတ်ရေး၊ တောင်ကိုရီးယားတို့ သွားနေသည့် နောက်ဆုံး လမ်းကြောင်းကလည်း ထိုပန်းတိုင်ဆီသို့ ဖြစ်သည်။ သို့သော်လည်း မွန်ဂျေးအင်က ပထမဆုံး ယုံကြည်မှုကို တည်ဆောက်သည်။ ထို့နောက် တရားဝင် မရေးထိုးရ သေးသည့် ငြိမ်းချမ်းရေး စာချုပ်ပေါ်၌ လက်မှတ်ထိုးမည်။ နောက်ဆုံးမှသာ နျူကလီးယား စွန့် လွှတ်ရေး ဆိုသည့်အပိုင်းကို ကင်ဂျုံအွန်နှင့် ဆွေးနွေးမည်ဖြစ်သည်။

တစ်ဆင့်ချင်း သွားနေသည့် တောင်ကိုရီးယားတို့ ဗျူဟာကလည်း ပထမအဆင့်ကို အောင်မြင် ခဲ့ပြီဖြစ်ကာ လက်ရှိတွင် ကင်ဂျုံအွန်က မွန်ဂျေးအင်ကို ထရမ့်ထက် ယုံကြည်မှုရှိနေသည်ဟု ဆိုလျှင်လည်း မှားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ထရမ့်က လွှတ်ပေးထားခြင်း ဖြစ်ကာ တောင်ကိုရီးယားရော ၎င်းပါလိုချင်သည့် နောက်ဆုံး ပန်းတိုင်က အတူတူ ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း သွားသည့် လမ်းကြောင်းချင်းမှာ မတူညီကြပေ။

ထရမ့်က ၎င်း၏အာဏာကို အသုံးပြုပြီး နျူကလီးယား စွန့်လွှတ်ရေးကို လမ်းကြောင်း ခင်းနေ သည်။ တောင်ကိုရီးယားတို့က ထိုသို့မဟုတ်။ ပျော့ပျောင်းသည့် စီးပွားရေး မက်လုံးများနှင့် မြောက်ကိုရီးယားကို တဖြည်းဖြည်း သံတမန်ရေး နည်းလမ်းအရ ဆွဲဆောင်နေသည်။

ထို့ပြင် မွန်ဂျေးအင်ခင်းနေသည့် နောက်ထပ်တစ်ဆင့်က နှစ်နိုင်ငံ အစိုးရကြား အဆက်အ သွယ်မပြတ်စေရန် အစိုးရ ကိုယ်စားလှယ်အဖွဲ့များ ပုံမှန်တွေ့ဆုံနေခြင်း ဖြစ်သည်။ ထိုအချက် က ယုံကြည်ချက်နှင့် ချစ်ကြည်ရေးကို ပိုမိုခိုင်မာ လာစေပြီး ငြိမ်းချမ်းရေးနှင့် နျူကလီးယား စွန့်လွှတ်ရေး အတွက် အဓိက သော့ချက်လည်း ဖြစ်လာနိုင်သည်။ လက်ရှိတောင်နှင့် မြောက် ကိုရီးယားတို့ ဆက်ဆံရေးက သမိုင်းတစ်လျှောက် အကောင်းဆုံး ဆက်ဆံရေးဟု ဆိုနိုင်ပြီး ကင်ဂျုံအွန်နှင့် မွန်ဂျေးအင်ဆိုလျှင် နယ်စပ်၌ တွေ့ဆုံမှု နှစ်ကြိမ် ရှိသွားပြီဖြစ်သည်။

သြဂုတ်လပိုင်းက မွန်ဂျေးအင် ပြုံယမ်းသို့ ရထားနှင့် လာမည်ဟု သတင်းလွှင့် ခဲ့သေးသည်။ ထိုသတင်းကို ကင်ဂျုံအွန်က မွန်ဂျေးအင် ရထားနှင့်လာလျှင် ဆူးခင်းထားသည့် လမ်းခရီးကို ဖြတ်ရမည်ဟု ရယ်ရယ်မောမော မှတ်ချက် ပြန်ပေးခဲ့သေးသည်။

ယခုတော့ အမှန်တကယ်ပင် ထိုဆူးခင်းထားသော လမ်းကို တောင်ကိုရီးယားတို့ ပထမဆုံး ရထားခရီးစဉ် စတင်ခဲ့ပြီဖြစ်သည်။ Gyeongui Line ရထားလမ်းကို ၁၉ဝဝ ပြည့်နှစ်ကတည်း က ဆောက်လုပ်ခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် ကွဲပြားသွားသည့် နှစ်နိုင်ငံကြောင့် ပြေးဆွဲမှု လုံးဝမရှိ တော့ဘဲ ရပ်ဆိုင်းထားခဲ့ရသည်။ ယခုပထမဆုံး အကြိမ် တောင်နှင့်မြောက် ပြေးဆွဲမှုဆိုသည် မှာ ဆယ်စုနှစ်ပေါင်း များစွာကြား ပထမဆုံး အကြိမ်ဖြစ်ပြီး DMZ ရထား၏ အတွင်းပိုင်းမှာ ချစ်ခြင်း မေတ္တာ၊ ငြိမ်းချမ်းရေး၊ အတူတကွ ပူးတွဲနေထိုင်ရေး ဆိုသည့် စကားလုံးနှင့် ရုပ်ပုံများ ကို အလှဆင် ထားသည်။

ရထားပြေးဆွဲသည့် အရေးကိုရော နယ်စပ်စစ်စခန်းများ ဖျက်သိမ်းပြီး မြေမြှုပ်မိုင်းများ ရှင်း လင်းသည့် အရေးကိုပါ ထရမ့် မည်သည့် မှတ်ချက်မှ မပေးသေးဘဲ စောင့်ကြည့်နေသည်။ ၎င်း ကိုယ်တိုင်မပါမှ ပို၍ ပွဲစည်နေသလား ဟူသည့် စိတ်ကူးကြောင့် လားတော့မသိ၊ ထရမ့်ငြိမ် ချက်သား ကောင်းနေသည်။ ကမ္ဘာတွင် နျူကလီးယား စစ်ပွဲအတွက် ထိပ်ဆုံးမှ သတ်မှတ်ခံ ရသူများထဲတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ထိပ်ဆုံးမှပါပြီး ရုရှားသမ္မတ ပူတင်ထက်ပင် ထိပ်ဆုံးမှ ရောက်နေသေးသည်။

ယခုတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်များကြောင့် ကင်ဂျုံအွန် နျူကလီးယားစစ်ကို ဖန်တီးနိုင်စွမ်း ရှိသည့်လူသားများထဲတွင် အရောင်အနည်းငယ် မှိန်သွားခဲ့ပြီး နိုင်ငံတကာက သတိနှင့်ကြိုဆို နေသည်ဟု ဆိုရမည်ဖြစ်သည်။ ပထမက ၂ဝ၁၈ ခုနှစ် နှစ်ကုန်တွင် မြောက်ကိုရီးယား နျူက လီးယားအရေး အကောင်အထည် ဖော်နိုင်စွမ်းရှိမည်ဟု ကာကွယ်ရေးဝန်ကြီး မတ်တစ်ကိုယ် တိုင်ထုတ်ဖော် ပြောဆိုထားဖူးကာ ယခုတော့ ထိုစကားလုံးများလည်း လေထဲမှာပင် ပျောက် ကွယ်သွားပြီဖြစ်ကာ ၎င်းနေရာကို အစားထိုးပြီး ငြိမ်းချမ်းရေးရော နျူကလီးယား ကင်းစင်နယ် မြေအရေးပါ လုပ်နေသည့်သူက တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင် ဖြစ်သည်။

မွန်ဂျေးအင်က မြောက်ကိုရီးယား အရေးတွင် ရှေ့ဆုံးမှ မားမားမတ်မတ် ရပ်တည်ကာ ဦးဆောင်နေပြီး ယခု ထိုအကျိုးကျေးဇူးများက ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အဓိက အထောက်အကူ ဖြစ်နေပြီဖြစ်သည်။

နောက်ဆုံး ထရမ့်ကြောင့် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် နျူကလီးယား ကင်းစင်နယ် မြေ ဖြစ်ရန်ထက် မွန်ဂျေးအင်ကြောင့် ထိုနှစ်ခုစလုံးကပိုမိုအကောင် အထည်ပေါ် လာနိုင်ပါ ကြောင်း တင်ပြလိုက်ရ ပါသည်။ ။

ရှိန်းထက်

Ref;CNN

Read 135 times
Rate this item
(0 votes)
Last modified on Thursday, 13 December 2018 10:12