×

Warning

JUser: :_load: Unable to load user with ID: 105
Print this page

တရုတ်၏ တုံ့ပြန်မှုကိုခံနေရပြီဖြစ်သည့် ကနေဒါ

Monday, 24 December 2018 11:42 Written by  font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ ခုနှစ်သည် ကမ္ဘာလုံးဆိုင်ရာ အသစ်အဆန်းများကို မြင်တွေ့ရသည့် ခုနှစ်တစ်ခုဟု ခေါင်းစဉ် တပ်ရမည်ဖြစ်သကဲ့သို့ ကုန်သွယ်ရေး စစ်ပွဲဆိုသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှု ရှိမည့် စီးပွားရေး တင်းမာမှု တရုတ်နှင့် အမေရိကန်ကြား ဖြစ်ပွားလျက်ရှိသည်။

ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး ဆိုသည့် တရုတ်နှင့် ကနေဒါတို့ သံတမန်ရေး ပဋိပက္ခ ထပ်မံဖြစ်ပွားပြန်သည်။ ကနေဒါ အစိုးရက တရုတ်၏ အကြီးမားဆုံး နည်းပညာကုမ္ပဏီ Huawei ၏ ဘဏ္ဍာရေးမှူးချုပ် မစ္စမန်ဝမ်ကျိုးကို အမေရိကန် အစိုးရ၏ တောင်းဆိုချက်ကြောင့် ဗန်ကူးဗား၌ ဖမ်းဆီးခဲ့သည်မှ အစပြုကာ တရုတ် ဘက်ကလည်း ယခုဆိုလျှင် ကနေဒါနိုင်ငံသား သုံးဦးအထိ ဖမ်းဆီးထား လိုက်ပြီဖြစ် သည်။

ထို့ကြောင့် ကနေဒါ အစိုးရအတွက် စိုးရိမ်စရာ အနေအထား တစ်ခုဖြစ်လာကာ နောက်ဆုံး ကနေဒါဝန်ကြီးချုပ် ထရပ်ဒေါ ကိုယ်တိုင်ပင် တရုတ်အစိုးရ ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံ သားများအား ပြန်လွှတ်ပေးရန် တိုက်ရိုက်တောင်းဆို ထားသည်။ သမိုင်းတစ်လျှောက် အနောက် အုပ်စုရှိ ကနေဒါကဲ့သို့ နိုင်ငံမျိုးက တရုတ်အစိုးရကို ပထမဆုံး တိုက်ရိုက် တောင်း ဆိုမှုဖြစ်ကာ ထိုလုပ်ရပ်ကြောင့် ထရပ်ဒေါ ကိုယ်တိုင် ပြည်တွင်း၌ အတိုက်အခံတို့၏ ပြင်းပြင်း ထန်ထန်ဝေဖန်မှု ကိုခံခဲ့ရသည်။

သို့သော် ထိုအရာများက ကနေဒါတို့ ကိုယ်တိုင်ဖန်တီးသည့် ပြဿနာများ ဖြစ်သည်။ Huawei ဆိုသည်က တရုတ်တွင် မဏ္ဍိုင်တစ်ခုကဲ့သို့ အစိုးရက သတ်မှတ်ထားပြီး အနာဂတ် တရုတ် နိုင်ငံတော်ကို ပုံဖော်သည့် နေရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည့် နည်းပညာကုမ္ပဏီ၊ နောက်ဆုံး ယခု အဖမ်းခံထားရသည့် မန်ဝမ်ကျိုးဆိုလျှင် တရုတ် မင်းသမီးဟုပင် တင်စားခံ ထားရကာ ကနေဒါ အစိုးရက အမေရိကန်တို့၏ တောင်းဆိုမှု ကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ထရပ်ဒေါသည် ထရမ့်၏ ရပ်တန့်ထားခဲ့သော လွတ်လပ်သည့်မြောက် အမေရိက သဘောတူညီချက်ကို ပြန်လည် ရရှိရန် အသည်းအသန် ကြိုးပမ်းနေသည့် အချိန်၊ ထရမ့် Huawei ကို ယခင်ကတည်း က ပစ်မှတ်ထားခဲ့သည်ဟုပင် ဆိုရမည့်ပုံစံ၊ မန်ဝမ်ကျိုးကို မဖမ်းမီ ကပင် ထရမ့်က ကနေဒါနှင့် စီးပွားရေး သဘောတူညီချက် တစ်ခုကို ထပ်မံအသက်သွင်းပေး ကာ မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (NATF) ကို ပြန် လည် မွမ်းမံထားသည့် သဘောတူညီချက် ဖြစ်သည်။

ထိုတစ်ချက်တည်းနှင့်ပင် အဆင်မပြေသည့် ထရမ့်အစိုးရနှင့် ကနေဒါအစိုးရတို့ အဆင်ပြေ ခဲ့ကြပြီး ထရမ့်ခိုင်းသမျှ ကနေဒါ တို့ လိုက်လုပ်ကြသည်။ ကနေဒါစီးပွားရေးက ထရမ့်တွက် ထားသည့် အတိုင်းပင် အမေရိကန်အပေါ် အများဆုံး မှီခိုနေရသောကြောင့် ဖြစ်သည်။ မက္ကဆီကို ဆိုသည်မှာလည်း ထိုအတိုင်းပင်ဖြစ်သည်။ ထို့နောက် ရွေးကောက်ပွဲနိုင်သည့် အစိုးရ သစ်တက်လာသည့် အခါ သဘောတူညီချက် အသစ်တစ်ခု ထပ်ယူပြီး ယုံကြည်မှု ပြန်ယူကာ ၎င်း၏ပုံရိပ်နှင့် အာဏာကို စနစ်တကျ ပုံဖော်ခဲ့သည်။ နောက်ဆုံး စစ်တုရင်ပွဲတစ်ပွဲ မှ နယ်ရုပ်များအဖြစ် ကနေဒါနှင့် မက္ကဆီကို တို့က အသုံးချခံနေရသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုအချိန်တွင် တရုတ်နှင့် ကနေဒါတို့ ပတ်သက်မိလေတော့ အဆိုးရွားဆုံး ဆိုသည့် အခြေ အနေတစ်ခုကို ဆိုက်ရောက်လာရ တော့သည်။ တရုတ်တို့က နောက်ပိုင်းတွင် ၎င်း၏ နိုင်ငံ သားတစ်ဦးကိုပင် ပြည်ပနိုင်ငံများ ကထိ၍ မရစေရန် ကာကွယ်မှုများ၊ တာဝန်ယူမှု အပြည့်ဖြစ် လာပြီး လက်ရှိတွင် အကြီးအကဲတစ်ဦး ဖြစ်နေသော Huawei ၏ ဘဏ္ဍာရေးမှူးချုပ်ကို ဖမ်း ဆီးလိုက်သော အခါ အခြေအနေက ပိုဆိုးသွားတော့သည်။ အစောပိုင်းက တရုတ်နိုင်ငံဆိုင်ရာ ကနေဒါ သံတမန်ဟောင်း ကိုဗ်ရင်ကို ဖမ်းဆီးခဲ့သည်။ နိုင်ငံ့အမျိုးသား လုံခြုံရေးဆိုသည့် အကြောင်း ပြချက်နှင့် ဖမ်းဆီးခဲ့ကာ လက်ရှိ ကိုဗ်ရင်ဆိုသည်မှာ နိုင်ငံတကာ ပဋိပက္ခရေးရာ အဖွဲ့ကြီး (ICG)၏ အကြံပေးလည်း ဖြစ်သည်။ မက်ဒရင်း ဘာသာစကားကိုလည်း ကျွမ်းကျင် စွာပြောတတ်ပြီး တရုတ် အကြောင်းကို အတော်များများ နှံ့စပ်ကျွမ်းကျင်သူဟု ဆိုရမည်ဖြစ် သည်။

ဒုတိယ တစ်ယောက်အနေဖြင့် မိုက်ကယ်စပါဘာကို ထပ်မံဖမ်းဆီး ခဲ့ပြန်သည်။ စပါဘာသည် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ကာ တရုတ်အစိုးရက နိုင်ငံ့လုံခြုံရေးဟူ၍ ထပ်မံဖမ်းဆီး လိုက်ခြင်းဖြစ်သည်။ တတိယတစ်ဦး အနေဖြင့် သံတမန်ရေးရာနှင့်လည်း မဆိုင် စီးပွားရေး သမားလည်း မဟုတ်သည့် ကနေဒါ နိုင်ငံသူတစ်ဦးဖြစ်သည့် ဆာရာမစ်ကီဗာကို ထပ်မံဖမ်းဆီး လိုက်ပြန်သည်။

ဆာရာမစ်ကီဗာကို Huawei အမှုနှင့်မဆိုင်ဟု ထင်ကြေးပေးနေကြကာ ကနေဒါ အစိုးရက ယခု နောက်ဆုံးတစ်ဦးနှင့် ပတ်သက်ပြီး မည်သည့် အသေးစိတ် ထုတ်ပြန်ချက်မှ မပြုလုပ် သည့်အတွက် စဉ်းစားစရာ ကောင်းသည်။ တခြား နှစ်ဦးတုန်းက ထုတ်ပြန်ချက် အသီးသီးနှင့် အမေရိကန် အစိုးရအပါအဝင် ကနေဒါဝန်ကြီးချုပ် ကိုယ်တိုင်ပင် ကနေဒါနိုင်ငံသား နှစ်ဦးကို လွှတ်ပေးရေး တောင်းဆိုခဲ့သည်။

ယခုတစ်ဦးကိုမူ လွှတ်ပေးရန် မတောင်းဆိုသည့်အပြင် သတင်း အချက်အလက်ပင် ခိုင်ခိုင် မာမာ ထုတ်ပြန်ထားချက် မျိုးမရှိ။ တရုတ်တို့က တရားမဝင်လာရောက် နေထိုင်မှုကြောင့်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီး ကနေဒါတို့ မည်သည့် နည်းလမ်းနှင့် ထင်ကြေးပေးပေး တရုတ်တို့ ၏ံ Huawei အမှုနှင့် ကနေဒါ အစိုးရ ကြီးကြီးမားမား တုံ့ပြန်မှုကို ခံနေရခြင်း ဖြစ်သည်။

ထိုအချက်ကို ကနေဒါတို့ ရိပ်မိပုံပေါ်သည်။ သို့သော်လည်း ထိုဇာတ်လမ်းက ၎င်းတို့ စတင်ခဲ့ သည့် ဇာတ်လမ်းဖြစ်သည်။ ထို့ထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းသည့် တစ်ချက်က မန်ဝမ်ကျိုးကို အမေရိကန် အစိုးရဆီ လွှဲပြောင်း ပေးအပ်ရေး၊ မပေးအပ်ရေးဖြစ်သည်။

အကယ်၍ လွှဲပြောင်းပေးအပ်ပါက မန်ဝမ်ကျိုးက တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးမှုနှင့် အီရန်သို့ ငွေလွှဲပြောင်း ပေးအပ်ခဲ့မှုများနှင့် စွဲချက်တင်ခံရမည်ဖြစ်ကာ ထရမ့်အစိုးရ လက် ထက်တွင် ပြစ်ဒဏ် ကြီးကြီးမားမားပင် ကျခံရရန် အလားအလာ ရှိနေသည်။ ထို့ကြောင့် ၎င်း နိုင်ငံသားကို ကြိုတင် ကာကွယ်သည့် အနေဖြင့် တရုတ်တို့ တုံ့ပြန်မှုများကို အစကတည်းက ပြင်းပြင်းထန်ထန် ပြုလုပ်နေခြင်း ဖြစ်သည်။

တရုတ်နှင့် ထဲထဲဝင်ဝင် ပတ်သက်ထားဖူးသည့် သူများက တရုတ်အစိုးရ နောက်ထပ် ပြုလုပ် မည့်အရာများကို အနည်းငယ် ခန့်မှန်းနိုင်ကြသည်။ ထိုအထဲတွင် တရုတ်နိုင်ငံ ဆိုင်ရာ ကနေဒါ သံအမတ်ဖြစ်ခဲ့ဖူးသည့် ဒေးဗစ်မူရိုနီလည်း ပါသည်။ နိုင်ငံရေးနယ်ပယ်နှင့် စီးပွားရေးနယ်ပယ် ထဲမှ အဓိက လူနှစ်ဦးကို ဖမ်းဆီးခြင်းနှင့် နောက်ဆုံးကနေဒါ နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခြင်း က တရုတ် အစိုးရ၏ ပုံမှန်မဟုတ်သည့် လုပ်ရပ်ဖြစ်နေခြင်းကြောင့် တုံ့ပြန်မှုတစ်ခုကို တရုတ် အစိုးရ ပြုလုပ်နေခြင်းဖြစ်ကြောင်း မူရိုနီက သေချာစွာ မှတ်ချက်ချခဲ့သည်။

ထို့ကြောင့် ကနေဒါ အနေဖြင့် ရှေ့ဆက်ပြီး မန်ဝမ်ကျိုးကို အမေရိကန်ဆီ လွှဲပြောင်း ပေးအပ် ရန် သင့်၊ မသင့် စဉ်းစားရမည် ဖြစ်သည်။ အကယ်၍ အမေရိကန်ကို လွှဲပြောင်း ပေးအပ်ပြီး အမေရိကန် နိုင်ငံ၌ ကြီးလေးသော ပြစ်ဒဏ်ကျခံခဲ့ရပါက ကနေဒါအစိုးရ အနေဖြင့် ယခုထက် ပိုဆိုးရွားသည့် တရုတ်တို့၏ တုံ့ပြန်မှုကို ထပ်မံခံစား ရဦးမည်ဖြစ်သည်။

ထိုအချက်ကို လက်ရှိ ကနေဒါအစိုးရလည်း သဘောပေါက်လာပြီ ဖြစ်သည့်အတွက် မန်ဝမ် ကျိုးကို အမေရိကန်အား လွှဲပြောင်းပေးရန် အရေးက တဖြည်းဖြည်းနှင့် နည်းပါးလာပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။ ။

ရှိန်းထက်

Ref;BBC

Read 146 times
Rate this item
(0 votes)
Last modified on Monday, 24 December 2018 11:43

Latest from