SJ WorldNews - шаблон joomla Авто

ယာသမား မိသားစုမှသည် ကမ္ဘာ့ အလိုအရှိဆုံး နည်းပြ ဖြစ်လာသူ သို့မဟုတ် ပိုချက်တီနို

Monday, 24 December 2018 11:40 Written by  font size decrease font size decrease font size increase font size increase font size

မန်ယူအသင်းနည်းပြ မော်ရင်ဟိုကို ထုတ်ပယ်လိုက်ပြီးနောက် ဒီရာသီကုန်မှာ နည်းပြ သစ်အဖြစ် ခန့်အပ်ဖို့ အလိုအရှိဆုံး နည်းပြ က ပိုချက်တီနိုဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီနည်းပြက ထိပ်တန်း အသင်းကြီးတွေနဲ့ အောင်မြင်မှုအလီလီရခဲ့ တဲ့ နည်းပြလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ ကို ရီးယဲလ်လိုအသင်းကြီးကပါ ခေါ်ယူချင် နေတဲ့အကြောင်းရင်းကတော့ ရှိနေပါတယ်။  ပိုချက်တီနိုဆိုတာ ဘယ်လိုလူလဲ၊ ဘာတွေ ကို  လုပ်ဆောင်နိုင်လဲ၊   ဘယ်လိုမျိုးရိုး ဇာစ်မြစ်ကလာတာလဲ။ ဒီအကြောင်းတွေကို သိရင်တော့ ဘာကြောင့် သူက ဒီနေ့ ကမ္ဘာ မှာ အလိုအရှိဆုံးနည်းပြ တစ်ဦးဖြစ်နေရတာ လဲဆိုတာကို သိရှိနိုင်ကြမှာပါ။

အာဂျင်တီးနားနိုင်ငံရဲ့ ဘောလုံးလောက မှာ ဂန္ထဝင်တွင်တဲ့ သူရဲကောင်းတစ်ယောက် ရှိတယ်။ သူကတော့ ဒီနေ့ အသက် ၈၃ နှစ် ရှိပြီဖြစ်တဲ့ ဂျော့ခ်ျဂရစ်ဖာဆို သူပါပဲ။ သူ့ရုံး ခန်းထဲမှာ ၁၉၅၉ ခုနှစ်က အာဂျင်တီးနား အသင်းနဲ့ ကိုပါအမေရိက ဖလားရခဲ့တဲ့ အမှတ် တရ ဓာတ်ပုံအပါအဝင် တခြားဘောလုံးနဲ့ ပတ်သက်တဲ့  အမှတ်တရဓာတ်ပုံတွေ၊ ဆု ဆွဲပြားတွေ၊ ဆုဖလားတွေ ပြည့်နှက်နေတယ်။  ဘားတစ် တူတာ၊ ကားလို့ တီဗက်ဇ်၊ ဂျော့ခ်ျ ဗယ်လ်ဒါနိုအစရှိတဲ့ အာဂျင်တီးနား ဂန္ထဝင်  ဘောလုံးသမားတွေကို စင်တင် ပေးနိုင်ခဲ့သူ ကလည်း  ဂျော့ခ်ျဂရစ်ဖာပဲဖြစ်ပါတယ်။ ဂရစ်ဖာက လူငယ် ဘဝမှာ ဘောလုံးသမား၊ နောက်ပိုင်းမှာ နည်းပြ၊  ဒါရိုက်တာ၊ စူပါ ဘောလုံးသမား ကင်းထောက်ချုပ် စတဲ့အလုပ် တွေကို  အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သူ လည်းဖြစ်တယ်။ ၁၉၈ဝ ပြည့်လွန်နှစ်တွေ မှာ ဂရစ်ဖာက ရိုဆာရီယိုမြို့ လေးရဲ့ ဒေသ တွင်းဘောလုံးအသင်းလေး   နယူးဝဲလ်အိုး ဘွိုင်းစ်အသင်းမှာ အကယ်ဒမီဒါရိုက်တာ အဖြစ်ရှိနေစဉ်  လူငယ်အသင်း နည်းပြက ဘီယဲလ်ဆာဖြစ်ခဲ့တယ်။ သူတို့ပေါင်းပြီး နယူး ဝဲလ်အိုးဘွိုင်းစ် အသင်းရဲ့ ရွှေရောင်အနာ ဂတ်ကို ထူထောင် လိုက်နိုင်ပါတယ်။ ရိုဆာရီ ယိုမြို့လေးဆိုတာ အာဂျင်တီးနားနိုင်ငံ မြို့ တော် ဘရူနိုအေးရိစ်မြို့ အနောက်မြောက် ဘက် မိုင်  ၂ဝဝ လောက်အဝေးမှာရှိတဲ့ မြို့ လေးပါ။

ဂရစ်ဖာနဲ့ ဘီယဲလ်ဆာတို့က နယူးဝဲလ် အိုးဘွိုင်းစ်အသင်းကို  အောင်မြင်တဲ့အသင်းဖြစ်အောင်  ပြောင်းလဲဖို့အတွက်  မြို့အနီး အနားမှ ကျေးလက်တောရွာတွေ၊ မြက်ရိုင်း လွင်ပြင်ဒေသတွေဆီ  ခရီးလှည့်လည်ပြီး  လူငယ်ကစားသမားတွေကို ရှာဖွေခဲ့ကြပါတယ်။

၁၉၈၆ ခုနှစ်မှာ ဂရစ်ဖာက အိုင်ယာလန် နိုင်ငံသား ဂျွန်ဂျိမ်းစ်မာဖီ ၁၉၇ဝ ပြည့်လွန်နှစ်တွေမှာ ပိုင်ဆိုင်တဲ့ မာဖီဆိုတဲ့ လူသူအရောက် အပေါက်နည်းတဲ့ ယာတောတစ်ခုဆီရောက် ခဲ့တယ်။ အဲဒီယာတောမှာ အခု စပါးနည်းပြ လုပ်နေတဲ့ မာရူစီ ယိုပိုချက်တီနိုရဲ့ဖခင် ဟက် တာပိုချက်တီနိုက ယာလုပ်သား လုပ်တယ်။ 

''ကျွန်တော်တို့ လူငယ်မျိုးဆက်သစ်တွေ မွေးထုတ်ဖို့ လူလိုက်ရှာရာမှာ ဗာနာဒိုတူအာတို ဆိုတဲ့ မြို့ငယ်လေးနားက ဆန်တာ အစ္စဘယ် ဆိုတဲ့အရပ်ကို ရောက်ခဲ့ကြတယ်။  နည်းပြ သင်တန်းတွေပို့ချခဲ့တယ်။ လူငယ်ချာတိတ် လေးတွေ ရှာဖွေခေါ်ယူဖို့ကလည်း လုပ်ရသေးတယ်။ အဲဒီယာခင်းအိမ်တစ်အိမ်မှာ ကျွန်တော်တို့မြို့ခံ ပြိုင်ဘက် ရိုဆာရီယို စင်ထရယ် အသင်းက စာချုပ်ခေါ်ယူဖို့လုပ်နေတဲ့ ချာတိတ်(မာရူစီယိုပိုချက်တီနို) တစ်ယောက်ရှိ နေတာ သိရတယ်။ အဲဒီအချိန်မှာ ဘီယဲလ် ဆာက  ရိုဆာရီယိုကိုပြန်ပြီး  ဒီကလေးကို  သူတို့လက်ကခေါ်ဖို့ လုပ်ကြရအောင်လို့ပြော တယ်။ ကျွန်တော်က နောက်ကျသွားပြီ။ ဒါကြောင့် ဒီကလေးကိုရနိုင်ဖို့ မာဖီကိုပဲသွား မယ်လို့ ပြောခဲ့တယ်။ သူတို့ တကယ် စာချုပ် ရသေးခြင်းရှိ၊ မရှိ သိရအောင် ဒီကလေးအိမ် ကိုသွားတာ ပိုသေချာမယ်လို့ ထင်ခဲ့တယ်။ သူတို့  ယာတောအိမ်ကို  နံနက် ၂ နာရီ လောက်ရောက်သွားခဲ့တယ်။  တံခါးခေါက် လိုက်တော့ ဒီကလေးရဲ့အမေက တံခါးဖွင့် ပေးတယ်။ ပထမ ပဲပုပ်တွေ၊ ယာတောထွက်  တခြားသီးနှံတွေ အကြောင်း ပြောတာပေါ့။  တကယ်က ကျွန်တော်တို့ စိတ်ဝင်စားတာ ဒါတွေ မဟုတ်ဘူး။  ပိုချက်တီနိုက အိပ်နေတုန်း။     ဘောလုံးသမား တစ်ယောက်ရဲ့ ကောင်းမြတ်တဲ့ ခြေထောက်မျိုးတွေ ဒီကလေးမှာ ရှိနေတာကို ကြည့်ချင်ခဲ့တာ။ နောက်ဆုံး ၁၄နှစ်အရွယ် ဒီကလေးကို သူ့မိဘတွေက ဘောလုံးအသင်း အတွက် ရိုဆာရီယိုမြို့ကို လွှတ်ပေးနိုင်မလားလို့ေ မးပြီး စာအိတ်ထဲမှာ ပိုက်ဆံထည့်ပေးကာ ခွင့်တောင်းပြီး ခေါ်လာ နိုင်ခဲ့တယ်'' လို့ ဂရစ်ဖာကပြောပြခဲ့ပါတယ်။

အခုတော့ ၁၄ နှစ်အရွယ်မှာ မိသားစုနဲ့ ခွဲပြီး ရိုဆာရီယိုမြို့က နယူးဝဲလ်အိုးဘွိုင်းစ် အသင်းကို  ရောက်လာတဲ့ မာရူစီယိုပိုချက် တီနိုက  ကမ္ဘာမှာ အလိုအရှိဆုံးနည်းပြတစ် ယောက်ဖြစ်လာခဲ့ပါပြီ။ သူက စပါးအသင်း ကို ၂ဝ၁၄ ခုနှစ် မေလမှာ စတင်နည်းပြခဲ့ပြီး  နှစ်စဉ်  စပါးအသင်းက  သူ့လက်ထက်မှာ ဂိုးတွေ ပိုသွင်းနိုင်ခဲ့သလို ပေးဂိုးတွေလည်း နည်း သွားခဲ့ပြီး တစ်ပွဲပျမ်းမျှ ရမှတ်နှုန်းလည်း  ပိုများလာပါတယ်။  အသက် ၂၂ နှစ်သား အရွယ်မှာ အာဂျင်တီးနားနိုင်ငံကနေ ထွက်လာပြီး  အက်စ်ပန်ညိုအသင်းမှာ  ကစား သမားဘဝကိုကုန်ဆုံးလို့ နောက်ပိုင်း အက်စ်ပန်ညိုနည်းပြအဖြစ်ကနေ  အခု စပါးနည်းပြ ဖြစ်လာတဲ့  ပိုချက်တီနိုက  အာဂျင်တီးနား လက်ရွေးစင်ဘောလုံးသမားဖြစ်လာပေမယ့်  သူတို့ရဲ့အဖိုးက ၁၉ ရာစုမှာ ပြည်ပကိုထွက်ပြီး အီတလီကနေ အာဂျင်တီးနားကို ရောက်လာတာပါ။

ပိုချက်တီနိုက ဂရစ်ဖာရဲ့ နယူးဝဲလ်အိုး ဘွိုင်းစ်အသင်း လူငယ်အကယ်ဒမီကိုရောက် လာရာမှာတော့  အသင်းကွင်း ပွဲကြည့်စင် အောက်က ခန်းမကျယ်ကြီးထဲမှာ တခြား လူငယ် အယောက် ၃ဝ လောက်နဲ့ စုနေရ တယ်။ ကွန်ကရစ် လောင်းထားပြီး ပါးလွှာတဲ့ အိပ်ရာ ခင်းလေးသာပေးထားတဲ့ အိပ်ရာမှာ အိပ်ရတယ်။  အေးတဲ့ အချိန် အရမ်းအေးပြီး ပူတဲ့အချိန် အရမ်းပူတဲ့ အခန်းထဲမှာနေရင်း၊ ဘောလုံးပညာတွေဆည်းပူးရင်း အသက် ၁၇ နှစ်အရွယ်မှာပဲ  ပိုချက်တီနိုက  နယူးဝဲလ် အိုးဘွိုင်းစ်  စီနီယာအသင်းကြီးရဲ့ခေါ်ယူ ခြင်းခံခဲ့ရတယ်။

ငယ်ငယ်ကတည်းက ဒီအကယ်ဒမီမှာ အတူကြီးပြင်းခဲ့ပြီး ၂ဝဝ၂ ကမ္ဘာ့ဖလားပွဲ အတူကစားခဲ့တဲ့ အသင်းဖော်ဟောင်း ဆန် စီနီက ပိုချက်တီနိုအကြောင်း အခုလိုပြန်ပြော ပြတယ်။ ''အကယ်ဒမီမှာနေရတဲ့အခန်းက အဲကွန်းမရှိဘူး။   အေးရင် အရမ်းအေးပြီး ပူရင်အရမ်းပူတယ်။ ဂရစ်ဖာကတော့ အား လုံးရဲ့ ဖခင်ကြီးလိုပဲ။ သူ့ယာတောအိမ်ကနေ တစ်ခါတလေ အမဲသားတွေ၊ စားစရာတွေ ယူလာပြီး ကျွန်တော်တို့ကို ချက်ကျွေးတယ်'' လို့ပြောပြခဲ့တယ်။

အသက် ၁၇ နှစ်အရွယ် စီနီယာအသင်း ရောက်တဲ့ ပိုချက်တီနိုက  အဲဒီအချိန်က စိုက်ပျိုးရေး ကောလိပ်ပညာတစ်ဖက်နဲ့ ဘော လုံးကစားခဲ့တယ်။ စီနီယာအသင်းကိုရောက် တော့ သူ့ထက် ၁ဝ နှစ်ပိုကြီးတဲ့ စီနီယာကစား သမား တာတာ မာတီနိုနဲ့ ဘောလုံးကစားရင်း ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့မိလို့ မာတီ နိုက ''မင်းငါ့အနား ၃ မီတာအတွင်းကပ်လာ တာနဲ့ သေဖို့သာ ပြင်တော့'' ဆိုပြီး ကြီးနိုင် ငယ်ညှင်းလုပ်ခဲ့သေးပေမယ့် ပိုချက်တီနိုကကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ရဲဝင့်စွာကစား ခဲ့လို့  နည်းပြတွေက  သဘောကျခဲ့တယ်။ ဒါပေမဲ့ ပိုချက်တီနိုက အမြဲရင်ထဲရှိတဲ့စကား ကို ရိုးသား ပွင့်လင်းစွာ ပြောတတ်လို့ လူတိုင်း ချစ်ခင်တဲ့သူ တစ်ယောက်ဖြစ်ခဲ့တယ်။ စီနီယာ အသင်းကြီးရဲ့  နည်းပြအဖြစ် ဘီယဲလ် ဆာ ရောက်လာတဲ့ ၁၉၉ဝ ပြည့်နှစ်မှာ ဘီယဲလ် ဆာက ဗဟိုခံစစ်မှူးနှစ်ဦးထပ်ခေါ်ဖို့ တောင်း ဆိုပြီး အသင်းကို ၃-၄-၃ ကစားကွက် ခင်းကျင်းဖို့လုပ်တော့ နည်းပြအဖွဲ့ဝင် ယူဒီကာ က အသစ်ဝယ်ဖို့မလိုဘူး။ ဂမ်ဘိုအာနဲ့ ပိုချက်  တီနိုတို့ နှစ်ယောက်က    ဒီနေရာကစားဖို့ အသင့်တော်ဆုံးပဲဆိုပြီး ဂရစ်ဖာကပြောတဲ့ အတွက်   နယူးဝဲလ်အိုးဘွိုင်းစ်အသင်းက  အအောင်မြင် ဆုံးအဖြစ်  အာဂျင်တီးနား ပြည်တွင်းလိဂ်ဖလားနဲ့   ကိုပါလစ်ဘာတာ ဒိုးရက်စ် ဗိုလ်လုပွဲတက်လှမ်းနိုင် ခဲ့တယ်။

ပိုချက်တီနိုက ၂ဝဝ၂ ကမ္ဘာ့ဖလားပွဲမှာ ပွဲထွက် ကစားသမားအဖြစ် အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ   ပါဝင်ခွင့်ရပြီး ထွန်းတောက်တဲ့ ကစားသမားဖြစ်လာတယ်။ ကစားသမားဘဝမှာ အက်စ်ပန်ညို၊ ပီအက်စ် ဂျီ၊ ဘော်ဒိုးအသင်း တွေမှာ ကစားခဲ့ပြီး စပိန် မှာ နည်းပြသင်တန်းတွေတက်ရောက်အောင် မြင်လို့ ၂ဝဝ၉ ခုနှစ်မှာ တန်းဆင်း အန္တရာယ် ကျရောက်နေတဲ့  အက်စ်ပန်ညိုအသင်းက နည်းပြအဖြစ် စတင်ခန့်အပ်ခဲ့ရာက ပိုချက် တီနိုက ဒီနေ့မှာ ကမ္ဘာ့ အလိုအရှိဆုံး နည်းပြ တစ်ယောက်ဖြစ်လာပါတယ်။  ယာတောထဲက ကလေးငယ်တစ်ယောက် ဘဝ ကနေ ဒီနေ့ ရောက်လေရာ အသင်းတိုင်းမှာ စီနီယာ အသင်းကြီးကိုသာမက  လူငယ်အကယ်ဒမီ က ကစားသမား တွေ ကိုပါ  ထွန်းတောက် အောင် မြေတောင်မြှောက်ပေးနိုင်တဲ့အတွက် မန်ယူနဲ့ ရီးယဲလ်တို့  အလိုရှိနေတဲ့ ပိုချက် တီနိုဆိုတာ ယာတောသားတစ်ယောက် ဘဝကနေ ဒီနေ့လိုဘဝမျိုးရောက်နိုင်ခဲ့ခြင်းက တစိုက် မတ်မတ်ကြိုးစားခြင်း၊ ရိုးသားပွင့် လင်းခြင်း၊ အလုပ်ကို မနားမနေ အစွမ်းကုန်လုပ် ဆောင်ခြင်းတွေက အဓိကကျနေလို့ အားလုံး အတုယူသင့်တဲ့  စံပြနည်းပြ တစ်ယောက်အဖြစ် တင်ပြလိုက်ရပါကြောင်း။

ဆောင်းပါးရှင်-ဇေယျာ

 

Read 105 times
Rate this item
(0 votes)
Last modified on Monday, 24 December 2018 11:44