×

Warning

JUser: :_load: Unable to load user with ID: 105
Print this page

တွေ့ကြုံနေရသည့် အကျပ်အတည်းများကြောင့် ထရမ့်အနေဖြင့် အိုဘားမားထက်ပိုပြီး စွမ်းဆောင်နိုင်ပါ့မလား

Tuesday, 25 December 2018 16:25 Written by  font size decrease font size decrease font size increase font size increase font size

 IS တို့ အရှေ့အလယ်ပိုင်း၌ ဆီးရီးယားပြည်တွင်းစစ်ကို အခွင့်ကောင်းယူပြီး အစ္စလာမ်မစ် နိုင်ငံတော်  IS တည်ထောင်ခဲ့သည်မှာ ယခုဆိုလျှင် လေးနှစ်ကျော် ကာလတစ်ခုကိုပင် ရောက် ရှိလာပြီဖြစ်သည်။ ၂ဝ၁၈ ခုနှစ် နှစ်စပိုင်းတွင် အီရတ်နှင့်ဆီးရီးယားမှ အစ္စလာမ်မစ် အများစုကို IS တို့ တိုက်ထုတ်နိုင်ခဲ့ပြီး အီရတ်နှင့် ဆီးရီးယား၌ အမေရိကန်က အမည်ခံသာရှိကာ ရုရှားတို့ က အဓိက ကျောထောက် နောက်ခံပေးမှုဖြင့် IS တို့ကို ထိုးစစ်များ ဆင်ခဲ့ကြသည်။

အီရတ်၌ အမေရိကန်၏ ကျောထောက်နောက်ခံဖြင့် အီရတ်တပ်ဖွဲ့များက IS တို့အား တိုက် ထုတ်သည်ဟု ဆိုသော်လည်း တကယ်ရှေ့ဆုံးမှ တိုက်ထုတ်ခဲ့ကြသူများက ကာ့ဒ်တပ်ဖွဲ့ဖြစ် သည်။ ကာ့ဒ်တို့က ဆီးရီးယား၊ တူရကီနှင့် အီရတ်တို့၌ အများဆုံး နေကြပြီး အီရန်၌လည်း နေကြသည်။ ကာ့ဒ်တို့မှာ နိုင်ငံဟူ၍ မည်မည်ရရမရှိဘဲ တူရကီ၌ ကာ့ဒ်ပါတီဟူ၍ရှိကာ နာမည် ပျက်စာရင်း သွင်းခံထားရသည့်ပါတီ ဖြစ်သည်။

ထို့ပြင် ကာ့ဒ်တို့ကို တူရကီ၌ တရားမဝင်အဖြစ် သတ်မှတ်ထားသည်ဟု ဆိုရလောက်အောင် ကာ့ဒ်ဘာသာ စကားပြောသည့် ကာ့ဒ်လူမျိုးများကို တူရကီနိုင်ငံထဲ၌ ထောင်ချနိုင်သည်အထိ ပင် ကာ့ဒ်တို့အတွက် တူရကီတို့၏ ဥပဒေက ပြင်းထန်လှသည်။ အီရတ်တွင် ဘဂ္ဂဒက်မြို့ နားအထိ ရောက်ရှိလာသည့် IS တို့ကို ပြန်လည် တိုက်ထုတ်ခဲ့သူက အမှန်တကယ်တော့ ကာ့ဒ်တို့ဖြစ်သည်။

အိုဘားမားလက်ထက်က ကာ့ဒ်ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်ဟု ခေါ်သည့် ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်တစ်ခုကို အင်အား ၄ဝဝဝဝ ကျော်ဖြင့် အမေရိကန်တို့ ဖွဲ့စည်းပေးခဲ့ ကာ လိုအပ်သည့် စစ်သင်တန်းနှင့် စစ်လက်နက် ပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည်။

ရည်ရွယ်ချက်က ဆီးရီးယားရှိ ကာ့ဒ်တို့ကို အာဒိုဂန်အစိုးရက မထင်မှတ်ထားသည့်အချိန်တွင် လေကြောင်းမှ အလစ်အငိုက် ထိုးစစ်ဆင်မှုများ ပြုလုပ်တတ်သောကြောင့်ဖြစ်သည်။

ထို့ပြင် တစ်ဖက်တွင်လည်း IS တို့ကို ကာ့ဒ်တို့ကရှေ့ဆုံးမှ တိုက်ထုတ်ထားသည့်အတွက် ကာ့ဒ်တို့ကို အစ္စလာမ်မစ် IS တို့၏ ရန်သူတော်အဖြစ် IS တို့က သတ်မှတ်ထားသည်။ ယခု အမေရိကန်က ဆီးရီးယားရှိ ၎င်း၏ တပ်ဖွဲ့များကို ပြန်လည်ခေါ်ယူတော့မည်ဟု ထရမ့်၏ တိုက်ရိုက် အမိန့်ထွက်လာသည်။

ထရမ့်၏ ကြေညာချက်တွင် ဂျီဟတ်ဝါဒီ အစ္စလာမ်မစ် IS တို့ အမြစ်ပြတ်သွားခဲ့သည့်အတွက် ၎င်း၏တပ်ဖွဲ့များကို ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်ဟုဆိုသည်။ ထိုဆုံးဖြတ်ချက်ကြောင့် ပထမဆုံး အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်တစ် ထရမ့်ဆီသို့ တိုက်ရိုက်ထွက်စာတင်ကာ နုတ်ထွက်ခဲ့ပြီး ယခုဒုတိယ တစ်ဦးအနေဖြင့် နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့၏ အမေရိကန် အထူးကိုယ်စားလှယ် ဘရက်ဂတ် ထပ်မံနုတ်ထွက်ခဲ့သည်။

ဆီးရီးယားတွင် IS တို့ငြိမ်သွားခဲ့သည်ဟု ဆိုနိုင်သော်လည်း တကယ်တမ်း အမြစ်ပြတ်သွား ခြင်းမဟုတ်သေးပေ။ ရာထောင်ချီသည့်အဖွဲ့များ ယခုအချိန်ထိ လက်နက်မချသေးဘဲ ရှိနေ သေးပြီး ပြန်လည်အားကောင်းလာစေရန် ထပ်မံကြိုးပမ်းလျက်ရှိသည်။ ဆီးရီးယား သမ္မတ အာဆတ်ကို ကျောထောက် နောက်ခံပေးထားသည့် ရုရှားပင် ဆီးရီးယားမှ မထွက်ခွာသေးဘဲ IS တို့ကို ထပ်မံထိုးစစ်ဆင်နေပြီး တစ်နိုင်ငံလုံး အာဏာစက် သက်ရောက်နိုင်ရန် ကြိုးပမ်းနေရ သေးသည်။

သို့သော် ထိုအချိန်တွင် ထရမ့်၏ ကြေညာချက်က တာဝန်မဲ့ရာကျနေကာ နိုင်ငံတကာ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရှေ့ဆုံးမှဦးဆောင်နေသည့် အမေရိကန်၏ပုံရိပ်ကို များစွာ ထိခိုက်စေသည်။ ထို့ကြောင့် ထရမ့်အစိုးရအဖွဲ့မှ အရေးပါဆုံးဖြစ်သည့် ကာကွယ်ရေး ဝန်ကြီး မက်တစ် ရာထူးမှ နုတ်ထွက်သွားခြင်းဖြစ်သည်။

ဘရက်ဂတ်ကတော့ အိုဘားမား လက်ထက်ကတည်းက နိုင်ငံတကာညွန့်ပေါင်း တပ်ဖွဲ့တွင် ခန့်အပ်ခံရပြီး တာဝန်ထမ်းဆောင်နေသည့် အထူးကိုယ်စားလှယ် တစ်ဦးဖြစ်ကာ ၂ဝ၁၉ ခုနှစ် အထိ တာဝန်ထမ်းဆောင်ရန် ကျန်ရှိနေသေးသည်။ ၎င်း၏ နုတ်ထွက်မှုကို ထရမ့်က ၎င်းနှင့် ဘရက်ဂတ်က လူချင်းပင်မတွေ့ဖူးဟုဆိုကာ နုတ်ထွက်မှုနှင့် ပတ်သက်ပြီး အသေးစိတ်ထုတ် ဖော်ပြောကြားခြင်း မရှိပေ။

ထို့ပြင် ကမ္ဘာ့ သြဇာလွှမ်းမိုးမှု အရှိဆုံးစာရင်းတွင်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှား သမ္မတဗလာဒီမာပူတင်တို့ အောက်သို့ရောက်ကာ နံပါတ် (၃)နေရာအထိ ရောက်နေသည်။ ၂ဝ၁၆ ခုနှစ်ကလည်း ဆီးရီးယား၌ လူ့အခွင့်အရေးဟုဆိုကာ အိုဘားမားလက်ထက် အမေရိ ကန်တပ်ဖွဲ့တို့ IS တို့ကိုတိုက်ခိုက်မှု ရပ်ဆိုင်းခဲ့စဉ်ကလည်း နိုင်ငံတကာ စင်မြင့်၌ အမေရိကန် ၏ပုံရိပ်ကျဆင်းခဲ့ရပြီး ထရမ့်အစိုးရ လက်ထက်တွင် ယခုလောက်အထိ မဆိုးရွားခဲ့ပေ။ ယခု တော့ ထရမ့်က ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့များကိုသာမက ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ အစည်း (WTO) မှလည်း နုတ်ထွက်ရန် ထပ်မံ ခြိမ်းခြောက်ထားပြန်သေးသည်။

ထို့အတွက် WTO ၏ထုတ်ပြန်ချက်ကလည်း ရှင်းသည်။ WTO မှ အမေရိကန် နုတ်ထွက်သွား လည်း ဂရုစိုက်နေမည်မဟုတ်ဘဲ ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ အကြောင်းအရာများ အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။ ထရမ့်က နိုင်ငံတကာ အဖွဲ့အစည်း များ သဘောတူညီချက်များမှ နုတ်ထွက်သည့်နေရာတွင် နာမည်အကြီးဆုံး အမေရိကန် သမ္မတဖြစ်ကာ၂ဝ၁၅ ခုနှစ် ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP 21) မှ နုတ်ထွက်ခဲ့ခြင်းက အထင်ရှားဆုံးဖြစ်ရပ် ဖြစ်ခဲ့သည်။

ထရမ့်နုတ်ထွက်ချင်သည်မှာလည်း မဆန်းပေ။ COP 21 တွင် အိုဘားမားက အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ရန်ပုံငွေ ထောက်ပံ့ပေးမည်ဟု အာမခံထားသူဖြစ်ကာ နိုင်ငံတကာ ကူညီ မှုများကို ဖြတ်တောက်ပြီး အမေရိကန် ပထမဖြစ်ရေးကိုသာ ဦးစားပေးနေသည့် ထရမ့်အတွက် ထွက်ချင်သည်မှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။

သို့သော် COP21 မှနုတ်ထွက်ရန်ကို ထရမ့်၏ ရီပတ်ပလီကန် လွှတ်တော်အမတ်များ ကိုယ် တိုင်က သဘောတူညီသူ နည်းပါးလှသည်။ ထို့ကြောင့် COP21 မှနုတ်ထွက်ရန် ထရမ့် လတ်တလော အကောင်အထည် ဖော်နိုင်ဦးမည် မဟုတ်ပေ။

လက်ရှိ ၎င်းရင်ဆိုင်နေရသည့်အရာများက များလှသည်။ တရုတ်နှင့်ဖြစ်နေသည့် ကုန်သွယ် ရေးစစ်ပွဲ၊ ၎င်းကြောင့်ဖြစ်နေသည့် ကနေဒါနှင့် တရုတ်တို့၏ သံတမန်ရေး ပဋိပက္ခ၊ ၎င်း အယုံကြည်ရဆုံးနှင့် စစ်ရေးစစ်ရာ ကျွမ်းကျင်သူ မက်တစ် ကာကွယ်ရေး ဝန်ကြီးအဖြစ်မှ နုတ်ထွက်သွားမှု၊ ထို့ပြင် Huawei အမှုကိုလည်း အလိမ္မာဆုံးနှင့် အပါးနပ်ဆုံး ကိုင်တွယ်နိုင် ရန် လိုအပ်နေသေးသည်။

ထိုအရာများကို ထရမ့် အကောင်းဆုံး မကိုင်တွယ်နိုင်လျှင် လေးနှစ်အတွင်း စွမ်းဆောင်မှုညံ့ သော သမ္မတတစ်ဦးအဖြစ် အမေရိကန် သမ္မတသမိုင်းတွင် မှတ်တမ်းဝင်လာမည်ဖြစ်သည်။ အမေရိကန်ပြည်သူများ လက်ခံရေးအတွက် အများကြိုက်လိုက်ခဲ့သည့် မြောက်ကိုရီးယား နျူကလီးယား အရေးကလည်း ယခုအချိန်ထိ ဖြစ်မလာသေးပေ။ အိုဘားမားကတော့ ၎င်း၏ သမ္မတ သက်တမ်း တစ်ဝက်ရွေးကောက်ပွဲ အတွင်းမှာပင် နိုဘယ်ဆုကိုရခဲ့ကာ သက်တမ်း နှစ်ဆက်ဆိုသည့် ရှစ်နှစ်တာကာလကို အပြည့်အဝ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် အိုဘားမားပြုလုပ်ခဲ့သည့် သဘောတူညီချက် အတော်များများနှင့် စာချုပ်များကို ဖျက်ခဲ့သည့် ထရမ့်မှာ အိုဘားမားထက်သာသည့် မည်သည့်စွမ်းဆောင်ချက်များ ပြုလုပ်နိုင် မည်လဲဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ရှိန်းထက်

Ref;BBC

Read 125 times
Rate this item
(0 votes)
Last modified on Tuesday, 25 December 2018 16:40

Latest from