SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အစ္စရေးတို့အတွက် စိုးရိမ်စရာဖြစ်လာသော ဆီးရီးယားရှိ အီရန်စစ်အင်အား

Thursday, 27 December 2018 10:22 Written by  font size decrease font size decrease font size increase font size increase font size

ဆီးရီးယား၌ အာဆတ်အစိုးရ အာဏာ အပြည့်အဝ ပြန်ရရန် နီးကပ်လာသည်နှင့် တစ်ပြိုင် နက်တည်း စိုးရိမ်လာရသည့်နိုင်ငံမှာ အာရပ်၏ ရန်သူတော် အစ္စရေးဖြစ်သည်။ ဆီးရီးယား၌ အာဆတ်အစိုးရကို ထောက်ပံ့ပေးနေသည့် အထဲတွင် အီရန်သည် ထိပ်ဆုံးမှ ပါဝင်ပြီး သန်းရာ ချီ အကုန်အကျ ခံထားသည့် ဒုံးအခြေစိုက် စခန်းများနှင့် အင်အားထောင်နှင့် ချီသော တပ်ဖွဲ့ ဝင်များကို အီရန်တို့က စေလွှတ်ခဲ့ကာ အစ္စရေး နိုင်ငံတည်ရှိမှုကို အမြဲတစေ သဘောမတူညီခဲ့ သော အီရန်ကြောင့် အစ္စရေးတို့ နယ်စပ်တွင် စိုးရိမ်စရာ ဖြစ်လာနေသည်။

ထို့ပြင် ဟစ်ဇ်ဘိုလာတို့ကိုလည်း အီရန်တို့က လက်နက်အင်အား အပြည့်အဝ ထောက်ပံ့ပေး ထားသည့်အတွက် အစ္စရေးတို့ အနေဖြင့် အဓိက ပြဿနာဖြစ်နေပြန်ကာ ယခုအီရန်တို့ ခြေ လှမ်းက ပိုကျဲလာရာ အစ္စရေးတို့ အီရန်ကို စစ်ရေး သတိပေးမှု ပြုလုပ်ရသည်။ ဆီးရီးယားမြို့ တော် ဒမတ်စကပ်ဆီသို့ အစ္စရေးတို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့စဉ် ဆီးရီးယားတို့က အများစုကို ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။

အစ္စရေးတို့က မည်သည့် တုံ့ပြန်ချက်မှ မပြုလုပ်သေးပေ။ အစ္စရေးတို့ ဆီးရီးယားကို တိုက်ခိုက် မှုက အထူးအဆန်း မဟုတ်။ မထင်ရင် မထင်သလိုပင် အစ္စရေးတို့က ဝင်တိုက်ခိုက်မှုများ ပြုလုပ်တတ်ကာ အဓိက ရည်ရွယ်ချက်က အီရန်တို့ စစ်အင်အား ဆီးရီးယားတွင်အား အကောင်းဆုံး ဖြစ်မလာစေရန် ဖြစ်သည်။ အီရန်သည် အစ္စရေးကဲ့သို့ သူသာ နျူကလီးယား ရခဲ့လျှင် အစ္စရေးကို ကမ္ဘာ့မြေပုံပေါ်မှ ဖယ်ထုတ်ပစ်မည်ဟု ယခုအချိန်ထိပင် ခြိမ်းခြောက်ထား သည့်နိုင်ငံ ဖြစ်သည်။

ထို့ကြောင့် အစ္စရေးတို့က အာရပ်ကမ္ဘာတွင် အီရန်ကို အဓိကပစ်မှတ်ထား စောင့်ကြည့်နေကာ နျူကလီးယား ထုတ်လုပ်နိုင်မည့် အရိပ်အခြည် တွေ့သည်နှင့် ထိုစက်ရုံများကို ဗုံးကြဲတိုက်ခိုက် ခြင်းဖြစ်သည်။

ထို့ကြောင့် အီရန်တို့ကလည်း အစ္စရေးအပေါ်ကို မကျေနပ်ချက် ပိုမိုပြင်းထန်လာကာ အစ္စရေး နယ်စပ်ရှိ ဟားမတ်စ်ကို ရောဟစ်ဇ်ဘိုလာတို့ကိုပါ လက်နက်အင်အား အလုံးအရင်းနှင့် ထောက်ပံ့နေခြင်း ဖြစ်သည်။

လက်ရှိ ဆီးရီးယားနှင့် အစ္စရေးနယ်စပ်တွင် အစ္စရေးတို့ သိမ်းယူထားသည့် ဂိုလန်ကုန်းမြင့် ဒေသရှိ သည်။ အီရန်တို့က ဂိုလန်ကုန်းမြင့် နယ်စပ်အထိ စစ်ရေးအင်အား အခိုင်အမာနှင့် အခြေစိုက်နိုင်ရန် ကြိုးပမ်းနေကာ လက်ရှိ ဆီးရီးယား၌ အီရန်စစ်အင်အား ထောင်နှင့်ချီသည် အထိရှိသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက် အီရန်နျူကလီးယား သဘောတူညီ ချက်မှ အမေရိကန်ကို ဆွဲထုတ်လိုက်သောအခါ အီရန်တို့ ဆီးရီးယားရှိ ဒုံးအခြေစိုက် စခန်းများ သို့ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ထပ်မံ အသုံးပြုရန် ခွင့်ပြုပေးခဲ့သည်။

ထို့ကြောင့် ဆီးရီးယားရှိ အီရန်အင်အားက ပိုမိုအားကောင်းလာကာ အစ္စရေးတို့ ငြိမ်နေ၍မရ တော့။ အီရန်တို့က လက်နက်စက်ရုံများ တည်ဆောက်ပြီး အာဆတ်အစိုးရကို ကူညီထောက်ပံ့ ပေးနေကာ ယခု အစ္စရေးတို့ကလည်း ဒမတ်စကပ်ရှိ ထိုလက်နက် စက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။

အစ္စရေးတို့ ပထမက ဆီးရီးယား ပြည်တွင်းစစ်နှင့် ခပ်ကင်းကင်းနေခဲ့ကာ အာဆတ် အစိုးရ ဘက်မှ ရုရှားပါလာခဲ့သောကြောင့် ပို၍ ခပ်ကင်းကင်း နေချင်သေးသည်။ သို့သော် နေ၍ မဖြစ်တော့။ အီရန်တို့က တဖြည်းဖြည်းနှင့် အင်အား အကောင်းဆုံးဖြစ်လာကာ ယခုအီရန် စစ်အင်အားက ကိုယ်ပိုင်ဂျက် တိုက်လေယာဉ် ထုတ်လုပ်နိုင်သည်အထိ မြင့်တက်လာပြီဖြစ် သည်။

ထို့ပြင် အီရန်တို့က တာဝေးပစ်ဒုံးပျံများလည်း ပိုင်ဆိုင်ထားပြန်ကာ ထိုဒုံးပျံများ ဟစ်ဇ်ဘိုလာ သို့မဟုတ် ဟားမတ်စ်တို့ လက်ထဲသို့ ရောက်သွားခဲ့ပါက အစ္စရေးအတွက် မတွေးဝံ့စရာဖြစ် သည်။ အစ္စရေးတို့ သံမဏိကွန်ချာ ဒုံးခွင်းဒုံးစနစ်များက ပစ်ချသည်ဟု ဆိုသော်လည်း တာဝေး ပစ်ဒုံးပျံကို ပစ်ချနိုင်ရန် မသေချာပေ။

ဆီးရီးယား၌ လက်ရှိ တာဝေးပစ်ဒုံးပျံများကို အီရန်တို့ တပ်ဖြန့် ချထားနိုင်ကာ ထိုမှတစ်ဆင့် နယ်စပ်ရှိ အစ္စရေး ဆန့်ကျင်သော အကြမ်းဖက် အုပ်စုများဆီသို့ ပို့၍ရသည်။ ထိုအချက်ကိုပင် အစ္စရေးတို့ စိုးရိမ်နေကာ ဆီးရီးယားရှိ အီရန်စစ်ရေး လှုပ်ရှားမှုများကို အစ္စရေးတို့ မျက်ခြည် မပြတ်စောင့်ကြည့်နေခြင်း ဖြစ်သည်။ အီရန်တို့ကလည်း ဂိုလန်ကုန်းမြင့်ကို စောင့်ကြည့်ရန် မောင်းသူမဲ့လေယာဉ်များ အသုံးပြုနေကာ မကြာသေးမီကပင် မောင်းသူမဲ့ လေယာဉ်တစ်စင်း ကို အစ္စရေးတို့ ပစ်ချခဲ့ရသေးသည်။

ယခင်က အတန်ငယ်ဝေးသည့် အီရန်က ယခုဆီးရီးယား ပြည်တွင်းစစ်ကို အကြောင်းပြပြီး ယင်းနယ်စပ်ကို ရောက်လာသည်။ ထို့ပြင် ၎င်းအား ဆန့်ကျင်သူမှန်သမျှကို အီရန်တို့က အား ပေးထောက်ခံနေပြန်သည်။ အီရန်တို့ စစ်အသုံးစရိတ်က အမေရိကန်ဒေါ်လာ ဘီလီယံ ဆယ်ချီ အထိ မရှိနိုင်ဟု အမေရိကန်တို့ ခန့်မှန်းထားကြသော်လည်း လက်ရှိ ဆီးရီးယားတွင် အသုံးပြု နေသည့် စစ်အသုံးစရိတ်၊ ယီမင်သူပုန်တို့ကို အလုံးစုံ ထောက်ပံ့ပေးထားသည့် စစ်အသုံး စရိတ်၊ ဟားမက်စ်နှင့် ဟစ်ဇ်ဘိုလာတို့ကို ထောက်ပံ့ပေးထားသည့် စစ်အသုံးစရိတ်နှင့် ပြည်တွင်း စစ်အသုံးစရိတ် အားလုံးပေါင်းလိုက်လျှင် အီရန်တို့ စစ်အသုံးစရိတ်က ထင်မှတ် ထားသည် ထက်ပို၍ များနိုင်သည်။

သို့သော် အစ္စရေးတို့အတွက် ကံအကောင်းဆုံး တစ်ချက်က ယခုအချိန်ထိ အီရန်တို့ နျူကလီးယား လက်နက်ကို မပိုင်ဆိုင်သေးခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနှင့် ခေတ်ပြိုင် အီရန်တို့ နျူကလီးယား ရရှိရန်ကြိုးစားခဲ့ကြသော်လည်း အီရန်တို့က နျူကလီးယား လက်နက် ကို ယခုအချိန်ထိ မပိုင်ဆိုင်သေးဘဲ မြောက်ကိုရီးယားတို့က ပိုင်ဆိုင်နေပြီ ဖြစ်သည်။

ထို့ပြင် နျူကလီးယား သဘောတူညီချက်ပြုလုပ်ပြီး ယူရေနီယမ် သန့်စင်မှုများကို ရပ်ဆိုင်းထား ခဲ့ရသော်လည်း ယခု အမေရိကန် မရှိတော့သည့် သဘောတူညီချက်ကြောင့် အီရန်အနေဖြင့် နျူကလီးယား လမ်းကြောင်းကိုသာ ပြန်သွားမလား၊ ယခုအတိုင်း ရှေ့ဆက်သွားမလား ဝေခွဲ မရဖြစ်နေသည်။

ယခုအတိုင်း ဆက်သွားမည်ဆိုလျှင်လည်း ဥရောပအုပ်စု တစ်ခုတည်းနှင့် အီရန်ကို ဖွံ့ဖြိုးရေး အကူအညီ အပြည့်အဝ မပေးနိုင်။ လက်ရှိ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ ထားသည့် ပြင်သစ်ရေနံ ကုမ္ပဏီ Total ကလည်း ၎င်းရင်းနှီးမြှုပ်နှံမှုများကို အမေရိကန် မရှိတော့သည့် အတွက် ပြန်လည် ရုပ်သိမ်းရန် ပြင်ဆင်နေသည်။

ထို့ကြောင့် အီရန်တို့ ကြိုးတန်းပေါ် လမ်းလျှောက် နေရသကဲ့သို့ဖြစ်နေကာ အအောင်မြင်ဆုံး ဟု ဆိုနိုင်သည်က ဆီးရီးယား၌ ၎င်းတပ်ဖွဲ့များ အခိုင်အမာ တပ်စွဲထားနိုင်ခြင်း ဖြစ်သည်။

ထို့ပြင် အစ္စရေးကိုပါ အနီးကပ် စောင့်ကြည့်နေနိုင်ကာ ဟစ်ဇ်ဘိုလာ၊ ဟားမက်စ် အုပ်စုများနှင့် လည်း အလွယ်တကူ ထိတွေ့ဆက်ဆံနိုင်သည်။ ထို့ကြောင့် အာဆတ်အာဏာ အပြည့်အဝ ပြန်လည် ရရှိသွားလျှင်လည်း အီရန်တို့ စစ်အခြေစိုက် စခန်းများက ဆီးရီးယား၌ ဆက်လက် တည်ရှိနေဦးမည့် ပုံစံဖြစ်သည်။

ထိုအချက်က အစ္စရေးတို့အတွက် အဓိက အန္တရာယ် အရှိဆုံးဖြစ်ကာ မကြာသေးမီက ဂါဇာ ကမ်းမြောင်ဒေသမှ အစ္စရေးဘက်သို့ ဒုံးကျည်အစင်း ၁ဝဝ ကျော်ပစ်လွှတ်ခဲ့သည့် အချက်ကို ကြည့်ခြင်းအားဖြင့် အစ္စရေးတို့ စိုးရိမ်သည်ကလည်း မလွန်လှ။ ယခင်က ဟားမတ်စ် သို့မဟုတ် ဟစ်ဇ်ဘိုလာတို့ပစ်လျှင် အများဆုံးရှိမှ တစ်ဒါဇင်ခန့်သာ ရှိသည်။ ယခု စစ်သွေးကြွတို့က အတွဲ လိုက် တစ်ဆက်တည်းရာနှင့် ချီ၍ပင် အစ္စရေးသို့ ပစ်လွှတ်နေသည့်အတွက် နေတန်ယာဟု အစိုးရက အီရန်သည် အကြမ်းဖက် အဖွဲ့အစည်းများကို ဒုံးကျည်များ ထောက်ပံ့ပေးနေသည် ဟု သံသယဖြစ်နေခြင်း ဖြစ်သည်။

ထိုသံသယသာ အမှန်ဖြစ်ခဲ့ပါက နောက်ထပ် ပစ်လာမည့် ဒုံးကျည်များ ကလည်း ရာနှင့်ချီပင် ထပ်ရှိလာဦးမည်ဖြစ်ကာ အစ္စရေးတို့ ပိုမို သတိထားရမည်ဖြစ်သည်။ လက်ရှိ အစ္စရေး စစ်တပ် က ကမ္ဘာ့ အကောင်းဆုံး စစ်တပ်ထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး နျူကလီးယား ပိုင်ဆိုင် ထားကြောင်း တရားဝင် မကြေညာရသေးသည့် နိုင်ငံဖြစ်သည်။

လက်ရှိအချိန်ထိ လူဦးရေ ရှစ်သန်းကျော်သာရှိသော အစ္စရေးဆိုသည့် နိုင်ငံငယ်လေးမှာ နျူကလီးယား ထိပ်ဖူးပေါင်း ၉ဝ ကျော် ပိုင်ဆိုင်ထားသည်ဟု စစ်ရေးသုတေသီတို့က ထုတ်ပြန် ထားကာ ထိုတစ်ချက်တည်းနှင့်ပင် အီရန်တို့လည်း အစ္စရေးကို ရန်မစရဲခြင်းဖြစ်သည်။ ယခုဆို လျှင် ဆော်ဒီအာရေဗျတို့က အစ္စရေးနှင့် လျှို့ဝှက်စွာ ပေါင်းသင်းနေပြီဖြစ်ပြီး အာရပ်ကမ္ဘာတို့ အစ္စရေးကို အဓိက လန့်ရသည့် အကြောင်းပြချက်က နျူကလီးယား လက်နက် ၁ဝဝ နီးပါး အထိပိုင်ဆိုင် ထားသောကြောင့်ဖြစ်သည်။

အစ္စရေးတို့ နျူကလီးယား လက်နက်ကို ၁၉၇ဝ ပြည့်နှစ် ဝန်းကျင်ကတည်းက ပိုင်ဆိုင်ထား ခဲ့ခြင်း ဖြစ်နိုင်ကာ နိုင်ငံဖြစ်တည်ပြီး ခဏသာ ကြာသည့် အချိန်တွင် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်တို့ နျူကလီးယား ပိုင်ဆိုင်သည့် အချိန်နှင့် အစ္စရေးတို့က လေးငါးနှစ်သာ နောက်ကျခဲ့ ကာ အစ္စရေးတို့ကို အာရပ်တို့အနေဖြင့် နျူကလီးယားပြီးလျှင် ယခုအချိန်ထိ ကြောက်နေရဆဲ မှာ အစ္စရေးလေတပ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ရှိန်းထက်

Ref;BBC

Read 139 times
Rate this item
(0 votes)
Last modified on Thursday, 27 December 2018 10:23

Latest from