SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မီးတောင်နှင့် ဆူနာမီဘေးအန္တရာယ်ကြားက အင်ဒိုနီးရှား

Friday, 28 December 2018 09:46 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်၌ သဘာဝ ဘေးအန္တရာယ် များစွာရှိသည့်အနက် ဆူနာမီဆိုသည့် သဘာဝဘေးက လူ့အသက်ပေါင်းများစွာကို တစ်ကြိမ်တည်းနှင့် နုတ်ယူနိုင်သော အဆိုးရွားဆုံး သဘာဝဘေး အန္တရာယ်ဖြစ်သည်။

ပင်လယ်ကြမ်းပြင်များ မငြိမ်သက်မှုနှင့် ဝင်ရိုးစွန်းမှ ရေခဲတောင်များ အရည်ပျော်ကျမှုတို့ ကြောင့် နောက်ဆုံး မီးတောင်ပေါက်ကွဲကာ ဆူနာမီ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာတတ်သည်။

ကမ္ဘာပေါ်၌ အာရှသည် ဆူနာမီအဖြစ် အများဆုံးဖြစ်ပြီး အသေအပျောက်များသည်ကလည်း အာရှဖြစ်သည်။ ထိုအထဲတွင် ဂျပန်က အဆိုးရွားဆုံးဖြစ်ကာ အာဆီယံတွင် အင်ဒိုနီးရှားကို အများဆုံးနိုင်ငံဟု ခေါင်းစဉ်တပ်ရမည်ဖြစ်သည်။ အင်ဒိုနီးရှား၌ ၂ဝဝ၄ ခုနှစ် စူမားတြား ဆူနာမီ က သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်ကာ အာရှ တစ်တိုက်လုံး၌ သေဆုံးသူ ၂၂၇ဝဝဝ ကျော် အထိရှိသည်။

အင်ဒိုနီးရှား တစ်နိုင်ငံတည်း သေဆုံးသူ အရေအတွက်က သိန်းချီအထိရှိကာ မကြာသေးမီ ကပင် စူလာဝေလီနှင့် လွန်ဘော့ ဒေသတို့၌ ဖြစ်ပွားခဲ့သည့် ဆူနာမီဆိုလျှင် လူပေါင်း ၂ဝဝဝ ကျော်အထိ သေဆုံးပြီး ကမ္ဘာလှည့် ခရီးသွားများ၏ အပန်းဖြေစခန်းများ အမှိုက်ပုံဘဝရောက် ကာ သေဆုံးသူ နိုင်ငံခြားသား အရေအတွက်ကလည်း ထင်မှတ်ထားသည်ထက် ပိုမိုများပြားခဲ့ သည်။

ယခု အန်နက်ခ်ကရာကာတာအူကို ရိုက်ခတ်သွားသော ဆူနာမီလှိုင်းလုံးကြီးများက လူပေါင်း ၄ဝဝ ကျော်၏ အသက်ကို သယ်ဆောင်သွားကာ သောင်းနှင့်ချီသော ဒေသခံများကို ရွှေ့ ပြောင်းထားရသည်။ ပျောက်ဆုံးသူ အရေအတွက် ထောင်ချီရှိကာ ဆူနာမီမှ လွတ်သွားသူများ က ကမ်းခြေနှင့် ဝေးနေကြသူများသာ ဖြစ်သည်။

၂ဝဝ၄ ခုနှစ် စူမားတြားဆူနာမီကြောင့် အင်ဒိုနီးရှား၌ သေဆုံးသူ သိန်းချီ အထိရှိခဲ့သဖြင့် အင်ဒိုနီးရှားတို့ ဆူနာမီသတိပေးချက်ကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် အမေရိကန် ဒေါ်လာ သန်းချီ အကုန်အကျခံ ဆောင်ရွက်ခဲ့သည်။ သို့သော် ယခုအချိန်ထိ ဆူနာမီ သတိပေး ချက်များက ချို့ယွင်းချက်ရှိနေကာ ဒီဇင်ဘာ ၂၄ ရက်က မှားယွင်း သတိပေးမှုများပင် ဖြစ်ပေါ် ခဲ့သည်။

ထို့ကြောင့် အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုကိုယ်တိုင် မှားယွင်း ထုတ်ပြန်သည်ဆိုသော သတင်းရင်း မြစ်ကိုလိုက်နေပြီး အများစုက ကြိုတင် သတိပေးချက်မရခဲ့ဟု ပြောသည်။ ညွှန်ကြားချက်က အင်ဒိုနီးရှား အမျိုးသား မိုးလေဝသဌာနကို ဆူနာမီသတိပေးချက် ထုတ်ပြန်ရေးအတွက် လိုအပ်သည်များ ဝယ်ယူရမည်ဆိုသည့် အမိန့်ဖြစ်သည်။ တချို့ဆိုလျှင် ဆူနာမီရေလှိုင်းတက် လာသည့် အသံကို ဂီတတီးဝိုင်းများမှ ထွက်လာသည့်အသံဟု ထင်ယောင်ထင်မှားဖြစ်ခဲ့သူများ လည်းရှိသည်။

ယခုအချိန်ထိ မီးတောင်က ပြာများ မှုတ်ထုတ်နေဆဲဖြစ်ကာ အရှိန်မသေသေးဘဲ ထပ်မံ ပေါက်ကွဲနိုင်သည့် အလားအလာလည်း ရှိနေသည်။ မီးတောင်မှထွက်သည့် ပြာများက မိုင် ပေါင်း ၂ဝ ကျော် ၃ဝ ဝေးသည့် ဂျာဗားနှင့် စူမားတြားကြားတွင် လွင့်ပျံ့နေကာ နောက်ထပ် ဆူနာမီ အန္တရာယ်လည်း ရှိနေသည်။ အန်နက်ခ်ကရာကာတာအူ မီးတောင်က ၆၄ ဟက်တာ အထိ ကျယ်ဝန်းပြီး ထိုပေါက်ကွဲမှုကြောင့် မြေပြိုမှုဖြစ်ပေါ်ကာ ၃ မီတာ ၁ဝ ပေအမြင့်ရှိသော ဆူနာမီ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် အဖြစ်ဆိုးကို ထပ်မံပံ့ပိုးပေးလိုက်သည့်အရာက လပြည့်နေ့တွင် တက်လာသည့် ဒီရေ ဖြစ်သည်။ ဒီရေတက်လာသည့်အချိန် ဆူနာမီလှိုင်းများက တက်လာ၊ မီးတောင်မှ မှုတ်ထုတ် ထားသည့် ပြာများကလည်း မိုးအဖြစ် ပြန်လည်ရွာချသောကြောင့် တကယ်တမ်း ဆူနာမီလှိုင်း လုံးကြီးများ အရှိန်နှင့် ကမ်းခြေကို ဝင်ရောက်လာသောအခါ သေဆုံးသူ အရေအတွက်က လည်း ထင်မှတ်ထားသည်ထက်ပင် များပြားနေသည်။

ပထမရက်တွင် ကယ်ဆယ်ရေးများက သေဆုံးသူ ၃ဝ ကျော်တွေ့ရှိခဲ့ပြီး လေးရက်မြောက်နေ့ တွင် သေဆုံးသူ ၄၃ဝ ကျော်ဆိုသည့် အခြေအနေထိ အဆိုးရွားဆုံး ရောက်ရှိလာကာ သေဆုံးမှုကလည်း ထပ်မံမြင့်တက်နေပြန်သည်။ ဆူနာမီဖြစ်သောကြောင့် ပျောက်ဆုံးသူများ အတွက် မျှော်လင့်ချက် များစွာမရှိဘဲ နောက်ဆုံး သေဆုံးသူအရေ အတွက်ကလည်း ၆ဝဝ နီးပါး အထိဖြစ်လာသည်။ ယခုအချိန်ထိ မီးတောင်က ပြာများမှုတ်ထုတ်နေဆဲဖြစ်ကာ ဂျာဗား နှင့်စူမားတြားကြား ပြာကောင်းကင်ပြင်ကြီးကသာ စိုးမိုးနေသည်။

လူဦးရေ ၁၅ဝ ကျော် ဒဏ်ရာရကာ ၂၂ဝဝဝ ကို ပြောင်းရွှေ့ခဲ့ပြီး အင်ဒိုနီးရှား ကြက်ခြေနီ အသင်းက ဝန်ထမ်းပေါင်း ၄ဝဝ ကိုစေလွှတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စေ သည်။ လိုအပ်သည့် အကူအညီများ အချိန်နှင့် တစ်ပြေးညီရရှိစေရန် စေတနာရှင် ပရဟိတ ကယ်ဆယ်ရေးသမားများကိုလည်း စေလွှတ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

အိမ်အလုံးပေါင်း ၅ဝဝ ကျော် အမှိုက်ပုံ ဘဝရောက်ခဲ့ကာ ကမ်းခြေ အပန်းဖြေမြို့ဖြစ်သည့် အတွက် ဟိုတယ်ပေါင်း ၇ဝ ကျော်လည်း အမှိုက်ပုံဘဝသို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် ဆုံးရှုံး မှုတန်ဖိုးက အမေရိကန် ဒေါ်လာသန်းရာချီအထိ ရှိနိုင်ပြီး လူအသေအပျောက် ၄ဝဝ ကျော်ဆို သည်က ပြန်လည်အစားထိုး မရနိုင်သည့် ဆုံးရှုံးမှုဖြစ်သည်။

ဆူနာမီကို လူတို့က မျက်မမြင် လူသတ်သမားဟု တင်စားခေါ်ဝေါ်ကြသည်။ မထင်မှတ်ထား သည့်အချိန်၊ မမြင်တွေ့နိုင်သည့်နေရာမှ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကာ တစ်ချိန်တည်း နှင့် လူ့အသက်ပေါင်းများစွာကို ဖျက်ဆီးနိုင်သောကြောင့် ဖြစ်သည်။ ဆူနာမီနှင့် ပတ်သက်၍ ၂ဝ၁၂ ခုနှစ်က အင်ဒိုနီးရှားတို့ အမှားတစ်ခု ကျူးလွန်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ၂ဝဝ၄ ခုနှစ်က အိန္ဒိယပင်လယ်ကို ဦးတည်လှုပ်ခတ်ခဲ့သော ၉ ဒသမ ၁ ပြင်းအားရှိသည့် ငလျင်ကြီး က နိုင်ငံပေါင်း ၁၄ နိုင်ငံကို သက်ရောက်မှုရှိကာ အင်ဒိုနီးရှားတို့အတွက် အဆိုးရွားဆုံး အိပ်မက်ကြီး တစ်ခုဖြစ်ခဲ့သည်။

ထို့ကြောင့်ပင် ဆူနာမီ ကာကွယ်ရေးနှင့် ကြိုတင် သတိပေးချက်များအတွက် အမေရိကန် ဒေါ်လာ သန်းချီ အသုံးပြုကာ အင်ဒိုနီးရှား အစိုးရတို့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ပြင်ဆင် ခဲ့ကြသည်။ သို့သော် ၂ဝ၁၂ ခုနှစ် အရောက်တွင် ထိုလုပ်ငန်းစဉ်များကို ရပ်တန့်ကာ အဆင့်မြင့် စနစ်များဖြင့် အစားထိုးရန် စီစဉ်ခဲ့သော်လည်း ထိုအရာက ပီပီပြင်ပြင်ဖြစ်မလာ ခဲ့ပေ။

ထိုကြားထဲ ပြင်းထန်သည့် ဆူနာမီ ဖြစ်မလာခဲ့သည့်အတွက် အင်ဒိုနီးရှားတို့ သတိလက်လွတ် နေခဲ့ကြပြီး ယခုတော့ ဆူနာမီက အင်ဒိုနီးရှား အစိုးရကို အဆိုးရွားဆုံး ဥပမာပေးကာ သတိ ပေးလိုက်ပြီဖြစ်သည်။ စက်တင်ဘာလတုန်းက တစ်ကြိမ်နှင့် ယခု ဒီဇင်ဘာနှစ်ကြိမ်တွင် အင်ဒိုနီးရှားတို့ အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ ဆုံးရှုံးခဲ့ရကာ လူ့အသက်ပေါင်း ထောင်ချီ နီးပါး စတေးခဲ့ရသည်။

၂ဝ၁၂ ခုနှစ်က ဝီဒိုဒိုအစိုးရ ရပ်တန့်ခဲ့သည့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ရေး လုပ်ငန်း စဉ်များကို ယခု ပြန်လည် စတင်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် စက်တင်ဘာလ ဆူနာမီက တည်းက အင်ဒိုနီးရှား အစိုးရက နိုင်ငံခြားမှ ချေးငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ ရယူထားကာ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးအတွက် ထိုငွေအားလုံး ကို အသုံးပြုမည် ဖြစ်သည်။ ထိုရည်ရွယ်ချက်က ယခုဆိုလျှင် ပို၍ပင်ခိုင်မာခဲ့ပြီ ဖြစ်သည်။

မခိုင်မာ၍လည်းမဖြစ် အင်ဒိုနီးရှားသို့ ဆူနာမီ အငယ်စားလေးများလည်း မကြာခဏ ဝင်ရောက် လေ့ရှိပြီး အဓိက အကြောင်းရင်းက ကမ္ဘာပေါ်၌ မီးတောင် အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်နေ သောကြောင့်ဖြစ်သည်။ အင်ဒိုနီးရှား၌ရှိသည့် မီးတောင်များက ကမ္ဘာပေါ်၌ရှိသည့် မီးတောင် များ၏ ၁၃ ရာခိုင်နှုန်း အထိရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်နေသောကြောင့်လည်း သဘာဝဘေးကို ပြန်လည် တုံ့ပြန်ရန် ထင်သလောက် မလွယ်ကူပေ။ ဥပမာ - ဖွံ့ဖြိုးပြီးဖြစ်သည့် ဂျပန်နိုင်ငံဆို လျှင် ဆူနာမီလာလည်း နေနိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများကတော့ တစ်ခါတစ်ခါ သဘာဝဘေး ဝင်ပြီဆိုလျှင် အလူးအလဲ ခံစားကြရသည်။ ၂ဝဝ၄ ခုနှစ်တုန်းကဆိုလျှင် အင်ဒိုနီးရှား ဆူနာမီ အတွက် အနောက်အုပ်စုတို့ အလှူငွေ အမေရိကန် ဒေါ်လာသန်းပေါင်း ရာထောင်ချီ ထောက်ပံ့ ပေးခဲ့ရသည် အထိဖြစ်သည်။

ယခုလည်း စက်တင်ဘာနှင့် ဒီဇင်ဘာနှစ်လတွင် ဖြစ်ခဲ့သည့် ဆူနာမီကြောင့် ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံချီနေပြီဖြစ်ကာ မီးတောင်မှ နောက်ဆက်တွဲ ပေါက်ကွဲမှုများ လည်း ရှိနေနိုင်သောကြောင့် အင်ဒိုနီးရှားတို့အတွက် စိုးရိမ်ရဆဲ အခြေအနေတွင် ရှိနေပါ ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။    

ရှိန်းထက်

Ref;CNN

 

Read 132 times
Rate this item
(0 votes)
Last modified on Friday, 28 December 2018 09:48

Latest from