SJ WorldNews - шаблон joomla Авто

ဆီးရီးယားနိုင်ငံ၌ စစ်ဆင်ရေးများ ရှေ့တိုးလုပ်ဆောင်ဖွယ်ရှိသည့် တူရကီ

Saturday, 29 December 2018 12:21 Written by  font size decrease font size decrease font size increase font size increase font size

တူရကီအစိုးရကိုယ်စားလှယ်အဖွဲ့သည် ဆီးရီးယားအရေးနှင့်စပ်လျဉ်း၍ ဆွေးနွေး ရန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဒီဇင်ဘာ ၂၉ ရက်တွင် သွားရောက်နိုင်ရေးစီစဉ်လျက် ရှိသည်ကိုတွေ့ရသည်။ အဓိကဆွေးနွေးမည့် အကြောင်းအရာမှာ အမေရိကန်ပြည်ထောင်စု က ဆီးရီးယား၌ ဖြန့်ကြက်ထားသည့် ၄င်း တို့၏တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းပြီး နောက်တွင် ဆီးရီးယားလေပိုင်နက်ကို တူရကီ စစ်ဘက်က အသုံးပြုရေးပင်ဖြစ်သည်။

တူရကီအစိုးရသည် ဆီးရီးယားမှ အမေ ရိကန်တပ်များအား ပြန်လည်ရုပ်သိမ်းရန် သမ္မတဒေါ်နယ်ထရမ့်က ဆုံးဖြတ်ခဲ့ခြင်း နှင့်စပ်လျဉ်း၍ ကြိတ်ဝမ်းသာနေဖွယ်ရှိသည် ဟုဆိုနိုင်သည်။ အကြောင်းမှာ အမေရိကန် တပ်များ ဆီးရီးယား၌ရှိနေခြင်းသည် ၄င်းတို့ ၏ ကာ့ဒ်ချေမှုန်းရေးအတွက် အဟန့်အတား ဖြစ်လျက်ရှိသည်။ ထို့ပြင် ၄င်းတို့လုပ်ဆောင် မည့်စစ်ဆင်ရေးများတွင် မတော်တဆ အမေ ရိကန်စစ်သည်များနှင့် ထိပ်တိုက်ရင်ဆိုင် ရဖွယ်ရှိသောကြောင့် စစ်ဆင်ရေးကိုထိန်း ထိန်းသိမ်းသိမ်း လုပ်ဆောင်ရမည့် အခြေ အနေတွင်ရှိနေသည်။

ပိုဆိုးသည့်အချက်မှာ တူရကီက အကြမ်း ဖက်အဖွဲ့အစည်းအဖြစ်ရှုမြင်ထားပြီး ချေ မှုန်းတိုက်ခိုက်လိုသည့် ကာ့ဒ်တပ်များကို အမေ ရိကန်အစိုးရက အစောပိုင်းတွင် ထောက်ခံ ထားပြီး လေ့ကျင့်သင်ကြားမှုများပေးအပ်ခဲ့ သည့်အပြင် ယင်းတပ်များအတွက် လက်နက် ခဲယမ်းများပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့ရာ တွင် မကြာတော့သည့် အနာဂတ်ကာလ၌ အမေရိကန်တပ်များအနေဖြင့် ဆီးရီးယား မှ ပြန်လည်ထွက်ခွာတော့မည်ဖြစ်သည်။

ထို့ကြောင့် တူရကီကလုပ်ဆောင်မည့် စစ်ဆင်ရေးများတွင် အမေရိကန်တပ်များ နှင့် မတော်တဆထိပ်တိုက်ရင်ဆိုင်ရမည့် အန္တရာယ်များလည်းရှိမည်မဟုတ်တော့ပေ။ ထို့ပြင် ကာ့ဒ်တပ်များကိုလည်း အမေရိကန် က အထောက်အပံ့များ ဆက်လက်ပေးအပ် မည်မဟုတ်သောကြောင့် တူရကီသမ္မတ အာဒိုဂန်အတွက် တစ်မီးငြိမ်းစေခဲ့သည်ဟု လည်းဆိုနိုင်သည်။ တူရကီက လုပ်ဆောင် မည့်စစ်ဆင်ရေးနှင့်စပ်လျဉ်း၍လည်း အာ ဒိုဂန်နှင့် အမေရိကန်သမ္မတထရမ့်တို့ကြား အစောပိုင်းက ဖုန်းမှတစ်ဆင့် ဆွေးနွေးထား သည်ကိုတွေ့ရသည်။

တူရကီအစိုးရအနေဖြင့် နိုင်ငံနယ်စပ် အနီး၌ ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုပေါ်ပေါက်လာမည်ကို လုံးဝလက်မခံ သည့်အပြင် နိုင်ငံ၏နယ်စပ်အနီးတွင် စစ် ရေးအရလှုပ်ရှားနေခြင်းကို လက်ခံနိုင်သည့် အနေအထားတွင်ရှိမနေပေ။ ထို့ကြောင့် တူရကီအနေဖြင့် ၄င်းတို့၏ စစ်ဆင်ရေး အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရာပေါင်းများစွာသော စစ်လက်နက်ပစ္စည်း များနှင့် တပ်ဖွဲ့ဝင်များကို ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း မန်ဂျပ်မြို့အနီးရှိ ဒေသများသို့ ဒီဇင်ဘာ ၂၃ ရက်က စတင် ဖြန့်ကြက်ခဲ့ခြင်းဖြစ်သည်ဟုဆိုနိုင်သည်။

တူရကီအစိုးရက ဆီးရီးယားနိုင်ငံ အတွင်းသို့ ပို့ဆောင်ဖြန့်ကြက်ခဲ့သည့် စစ်လက်နက်ပစ္စည်းများတွင် ဟောင်ဝစ်ဇာ အမြောက်များ၊ သံချပ်ကာလူသယ်ယာဉ်များ အပါအဝင် စစ်သုံးမော်တော်ယာဉ်အစင်း ၂ဝဝ ခန့်ပါဝင်သည်ဟု မီဒီယာများတွင် ဖော်ပြထားသည်။ ထို့ပြင် စစ်ဆင်ရေး ကာလအတွင်း လိုအပ်ပါက မန်ဂျပ်ဒေသ အနီးရှိ ဒေသများအတွက် စစ်ကူပေးရန် အမြောက်များကိုပါ ပေးပို့ဖြန့်ကြက်ထားပြီး ဖြစ်သည်။ တူရကီအစိုးရသည် မန်ဂျပ်မြို့ မှ ကာ့ဒ်စစ်သွေးကြွ အဖွဲ့များကို ရှင်းလင်းပေး ရန် အမေရိကန်စစ်ဘက်အား လပေါင်းများ စွာကြာတိုက်တွန်းခဲ့သည်။ အဆိုပါမြို့သည် တူရကီနှင့် အမေရိကန်တို့ကြား တင်းမာမှု ဖြစ်ပွားရာ အရင်းအမြစ်တစ်ခုဖြစ်သည် ဟုလည်းဆိုနိုင်သည်။

အမေရိကန်အစိုးရသည် ကာ့ဒ်တပ်များ အား အဆိုပါဒေသမှ ရှင်းလင်းပေးမည် ဟု ဇွန်လက သဘောတူထားခဲ့သော်လည်း အဆိုပါသဘောတူညီချက်ကို ဖြည့်ဆည်း ပေးရန် အချိန်ဆွဲလျက်ရှိသည်ဟု တူရကီ အစိုးရကစွပ်စွဲထားသည်။ တူရကီ၏ အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ အမေ ရိကန်က ရေငုံနှုတ်ပိတ်နေခဲ့သည်။ ယင်း အခြေအနေများအတွင်း တူရကီနိုင်ငံအတွက် နောက်ဆုံးတွင် သတင်းကောင်းတစ်ရပ် ထွက်ပေါ်လာသည်။ အမေရိကန်အစိုးရက ဆီးရီးယားနိုင်ငံရှိ ၄င်းတို့၏တပ်များအား ပြန်လည်ရုပ်သိမ်းမည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခြင်းပင်ဖြစ်သည်။

တပ်များအား ပြန်လည်ရုပ်သိမ်းမည့် အဆိုပါအမိန့်ကို အမေရိကန်သမ္မတထရမ့် နှင့် တူရကီသမ္မတ အာဒိုဂန်တို့ကြား ဖုန်းမှ တစ်ဆင့် ဆီးရီးယားအရေး ဆွေးနွေးပြော ကြားပြီးနောက်ပိုင်းတွင် လက်မှတ်ရေးထိုး ခြင်းဖြစ်သည်။ ထို့ကြောင့် တူရကီနိုင်ငံ သည် ဆီးရီးယားမှ အမေရိကန်တပ်များအား ပြန်လည်ရုပ်သိမ်းမည့် ထရမ့်၏ ဆုံးဖြတ် ချက်ကိုထောက်ခံခဲ့ခြင်းမှာမဆန်းပေ။ အမေ ရိကန်တပ်များ ရုပ်သိမ်းသွားပါက တူရကီ အစိုးရအနေဖြင့် ၄င်းတို့က ကာ့ဒ်တပ်များကို လွတ်လပ်စွာ ထိုးစစ်ဆင်နိုင်မည်ဟု မျှော် လင့်ထားပြီး အဆိုပါတပ်များကို အပြီးအပိုင် ချေမှုန်းပစ်မည်ဟု တူရကီကာကွယ်ရေး ဝန်ကြီး ဟူလူဆီအေကာက ပြောကြားထား သည်။

တူရကီစစ်ဘက်အနေဖြင့် ယူဖရေးတီး မြစ် အရှေ့ဘက်ကမ်းပေါ်ရှိ ကာ့ဒ်တပ်များ အပေါ်တတ်နိုင်သမျှ စောစောထိုးစစ်ဆင် တိုက်ခိုက်မည်ဟု သမ္မတအာဒိုဂန်က ယခု လအတွင်းကတည်းက တရားဝင်ထုတ်ပြန် ထားသည်။ သို့ရာတွင် တူရကီနှင့် အမေရိကန်အစိုးရတို့ကြား လုပ်ဆောင်ခဲ့သည့် ဆွေးနွေးမှုများအရ ဆီးရီးယားရှိ အမေရိကန်တပ်များ ပြန်လည်ဆုတ်ခွာပြီးချိန် အထိ အဆိုပါစစ်ဆင်ရေးကိုရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တူရကီ နိုင်ငံသည် ၄င်းတို့၏တပ်များကို အိုင်ဒလစ် ပြည်နယ်အထိ ဖြန့်ကြက်ရန်စီစဉ်ထားသည်။ 

¤င်းတို့၏အကြောင်းပြချက်မှာ အဆိုပါ ပြည်နယ်၏တည်ငြိမ်အေးချမ်းရေးကို ပြန် လည် တည်ဆောက်ပေးရန်ဟူ၍ ပင်ဖြစ်သည်။ ဆီးရီးယားလက်နက်ကိုင်ပဋိပက္ခ အတွင်း၌ တူရကီနိုင်ငံက ပါဝင်ပတ်သက် နေသည့်အခြေအနေများကို သုံးသပ်ကြည့် မည်ဆိုပါက တူရကီအစိုးရသည် ယင်းနိုင်ငံ အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများ အဆုံး သတ်စေရေးအတွက် နိုင်ငံရေး၊ သံတမန်ရေး အရ ငြိမ်းချမ်းစွာအဖြေရှာရန် ဒေသတွင်း အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အီရန်၊ အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးအရ လွှမ်းမိုးမှုကြီးထွားလာသည့် ရုရှားတို့နှင့် အတူ ကြိုးပမ်းလုပ်ဆောင်နေသည်ကို တွေ့ ရသည်။

ထို့ပြင် တူရကီအစိုးရသည် ဆီးရီးယား နိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်နေ ခြင်းကြောင့် နိုင်ငံအတွင်း အကြမ်းဖက်နှိမ် နင်းရေးလုပ်ဆောင်မည့် တူရကီ၏ အစီအစဉ် ကို ဆီးရီးယားနှင့် ၄င်း၏မဟာမိတ်များ ဖြစ်သည့် အီရန်နှင့် ရုရှားတို့က ဟန့်တား မည်မဟုတ်ဟုဆိုနိုင်သည်။

တစ်ချိန်တည်းမှာပင် တူရကီအနေဖြင့် ဆီးရီးယား၌ ကြွင်းကျန်နေသည့် IS စစ် သွေးကြွအဖွဲ့ကိုလည်း အမြစ်မှချေမှုန်းပစ် မည်ဟု တူရကီသမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ အီဘရာဟင်ကာလင်က အစောပိုင်း ၌ ပြောကြားခဲ့သည်။ တူရကီစစ်ဘက်က ဆီးရီးယားနိုင်ငံအတွင်း စစ်သွေးကြွချေမှုန်း ရေးကိုလုပ်ဆောင်ရာတွင် မည်သည့်နိုင်ငံ ထံမှ ခွင့်ပြုချက်တောင်းခံရန်မလိုဟု ၄င်းက ဆက်လက်ပြောထားသည်ကိုတွေ့ရသည်။

တူရကီအစိုးရ၏ အဆိုပါပြောဆိုချက်ကို ဆီးရီးယား၊ အီရန်တို့၏ပြိုင်ဘက်နိုင်ငံဖြစ် သည့် အစ္စရေးက ကန့်ကွက်ထားသည်။ ထို့ကြောင့် တူရကီအနေဖြင့် ဆီးရီးယားနိုင်ငံ အတွင်းလုပ်ဆောင်မည့် ၄င်းတို့၏စစ်ဆင် ရေး၊ ဆီးရီးယားဝေဟင်ပိုင်နက်ကို အသုံး ပြုရေး စသည့်အကြောင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရုရှားအစိုးရနှင့် ဆွေးနွေးကာ ယင်းနိုင်ငံအစိုးရ၏ ထောက်ခံမှုဖြင့် ဆီးရီး ယား၌ ၄င်းတို့၏စစ်ဆင်ရေးများကို နောက် မဆုတ်ဘဲ ရှေ့တိုးလုပ်ဆောင်မည့်အလား အလာရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါ သည်။

Read 152 times
Rate this item
(0 votes)
Last modified on Saturday, 29 December 2018 12:32

Latest from ကေတု