SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အရှေ့အာရှ ဒေသမှာ အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်နေတဲ့အရာ

Monday, 22 April 2019 09:31 Written by  font size decrease font size decrease font size increase font size increase font size

အဏ္ဏဝါ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးမှာ အရှေ့အာရှ ဒေသသည် ဦးစားပေး ဆောင်ရွက်ရမည့် အကြောင်းအရာ ဖြစ်သည်။ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ချက်ချင်းမလုပ်ပါက သမုဒ္ဒရာများ အတွင်း၌ နေထိုင်ကျက်စားလျက်ရှိသော ပင်လယ်သတ္တဝါများထက် စွန့်ပစ်ပလတ်စတစ်ပစ္စည်း အရေအတွက်က ပိုမိုများပြား လာမည်ဟု ၂ဝ၁၆ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖိုရမ်က ခန့်မှန်းထားသည်။

ထို့ကြောင့် ပလတ်စတစ် အမှိုက်များကို ပင်လယ်ပြင် အတွင်းသို့ စွန့်ပစ်မှု လျှော့ချရန် ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်နိုင်ရေး ဆုံးဖြတ်ချက်များကိုလည်း အဆိုပါ ဖိုရမ်က ချမှတ်ခဲ့သည်။

ပင်လယ်ပြင်အတွင်း ပလတ်စတစ်များကြောင့် ညစ်ညမ်းလာမှုက ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ခြိမ်းခြောက်နိုင်သည့်အပြင် ရေနေသတ္တဝါများကို သေဆုံးစေခြင်းနှင့် အဏ္ဏဝါ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်း တို့ဖြင့် အဏ္ဏဝါဂေဟ စနစ်ကိုလည်း ဖျက်ဆီးနိုင်လေသည်။ ပင်လယ်စာများတွင် မိုက်ခရို ပလတ်စတစ်များ ပါဝင်လာမှုသည် အာရှဒေသရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် အစားအစာ ဘေးကင်းစိတ်ချ ရမှုအပေါ်ခြိမ်းခြောက်လာနေသည်။ အဘယ်ကြောင့်ဆိုသော် ဒေသတွင်းရှိ လူအများအပြားသည် ၎င်းတို့အတွက် လိုအပ်သော ပရိုတိန်းဓာတ်များကို ပင်လယ်စာ များအပေါ်တွင် မှီခိုနေရခြင်းကြောင့် ဖြစ်သည်။

ပင်လယ်ရေပြင်နှင့် ဆက်နွှယ်နေသော စီးပွားရေးကဏ္ဍများတွင် ခိုင်မာမှု မရှိသော အလေ့အကျင့်များကို လုပ်ဆောင်နေခြင်းသည် ဒေသတွင်းရှိ ပင်လယ်ပြင်များ၌ စွန့်ပစ် ပလတ်စတစ်အမှိုက်များ ပါဝင်လာမှုကို မြင့်တက်စေသည့်အပြင် ထိုသို့ မြင့်တက်လာမှုကြောင့်လည်း ဒေသတွင်း စီးပွားရေး လုပ်ငန်းများကို ထိခိုက် နစ်နာစေသည်။

ဘာလီကျွန်းနှင့် ဘိုရာကေးကမ်းခြေ တို့သည် ခရီးသွားလာရေး ကဏ္ဍမှ ဝင်ငွေအပေါ် အဓိက မှီခိုနေသည့် နေရာများ ဖြစ်သည်။

ကမ်းရိုးတန်း ဒေသများ၌ ဆိုးရွားလွန်းလှသော စွန့်ပစ်ပလတ်စတစ် အမှိုက်များကြောင့် ညစ်ညမ်းမှုသည် ထိုအပန်းဖြေ နေရာများ၏ ဂုဏ်သတင်းကို ကျဆင်းစေသည်။ ထို့ပြင် အဏ္ဏဝါဂေဟစနစ် ပြိုကွဲပျက်စီးခြင်းသည် နိုင်ငံများကြား အဏ္ဏဝါ အရင်းအမြစ်များအတွက် ယှဉ်ပြိုင်မှုကိုလည်း ပြင်းထန်စေသည်။

ဒေသတွင်းနိုင်ငံများအနက် တရုတ်၊အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က သမုဒ္ဒရာများ အတွင်းရှိ ပလတ်စတစ်အမှိုက် စုစုပေါင်း၏ ၆ဝ ရာခိုင်နှုန်းကို စွန့်ပစ်ကြသည်ဟု သမုဒ္ဒရာထိန်းသိမ်းရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ထိုနိုင်ငံများအနက် နိုင်ငံတချို့က အဆိုပါ စိန်ခေါ်မှုကို ဖြေရှင်းနိုင်မည့် ဆောင်ရွက်ချက်များ လုပ်ဆောင်လာကြ

သည်။ အင်ဒိုနီးရှား နိုင်ငံဆိုလျှင် ၂ဝ၂၅ ခုနှစ်အရောက်တွင် ပင်လယ်ထဲသို့ ပလတ်စတစ် အမှိုက်စွန့်ပစ်မှုကို ၇ဝ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်မှန်းချက်ထား အကောင်အထည်ဖော်နေသည်။ ထိုသို့ အကောင်အထည်ဖော်ရာတွင် တစ်ခါသုံး ပလတ်စတစ်အိတ်များအပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်းလည်း ပါဝင်သည်။

စင်ကာပူနိုင်ငံတွင် အမျိုးသားပန်းခြံများ ဘုတ်အဖွဲ့နှင့် နိုင်ငံတကာ ကမ်းရိုးတန်း ရှင်းလင်းရေး အဖွဲ့က ကမ်းရိုးတန်းဒေသ ကိုးခု၌ နှစ်နှစ်ကြာလေ့လာမှုများ လုပ်ဆောင်ပြီး ပင်လယ်ပြင် အတွင်းသို့ ပလတ်စတစ်အမှိုက်များ စွန့်ပစ်နေမှုကို လျှော့ချရန်နှင့် ထိုသို့ စွန့်ပစ်နေမှုများကို မည်သို့ စောင့်ကြည့်ရမည်ဟူသော အကြံဥာဏ်များ အစိုးရသို့ တင်သွင်းခဲ့သည်။

ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကလည်း မြင့်တက်လာသော စွန့်ပစ်ပလတ်စတစ် အမှိုက်ပြဿနာကို ဖြေရှင်းနိုင်ရန် အမျိုးသားရေး စီမံကိန်းများ ဖော်ဆောင်လျက်ရှိသည်။

ဂျပန်အစိုးရ ဆိုလျှင်လည်း ထိုပြဿနာအတွက် ရည်မှန်းချက်များနှင့် ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အမျိုးသားရေး မဟာဗျူဟာကို ရေးဆွဲရန် ဆွေးနွေးမှုများ လုပ်ဆောင်နေသည်။

အင်ဒိုနီးရှားအစိုးရက Our Ocean Conference ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလတွင် ကျင်းပပြီး ထိုညီလာခံတွင် အင်ဒိုနီးရှား၊ ဂျပန်နှင့် နယူးဇီလန် အစိုးရတို့က ပင်လယ်ပြင်အတွင်း ပလတ်စတစ်အမှိုက် စွန့်ပစ်ခြင်းကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး တောင်းဆိုခဲ့သည်။

ထို့ပြင် ဒေသတွင်း နိုင်ငံများကိုလည်း ထိုပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရန် ၎င်းတို့က ဖိတ်ခေါ်ခဲ့သည်။ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလက ကျင်းပသည့် အရှေ့အာရှထိပ်သီးညီလာခံ၌ ပင်လယ်ပြင်အတွင်း စွန့်ပစ်ပလတ်စတစ်အမှိုက်များ တိုက်ဖျက်ရေး ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်အရ အင်ဒိုနီးရှားအစိုးရက ဒေသတွင်းဆောင်ရွက်မှု အစီအစဉ်ကို အကောင်အထည်ဖော်နေသည်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) ဥက္ကဋ္ဌဖြစ်သော ထိုင်းနိုင်ငံကလည်း ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက် ဆက်ဆံရေး မှတစ်ဆင့် ရေရှည်လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ရန် ဆောင်ရွက်ချက်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ပင်လယ်ပြင်အတွင်း စွန့်ပစ်ပလတ်စတစ် အမှိုက်ပြဿနာကို ကိုင်တွယ်ဖြေရှင်းလျက် ရှိသည်။

ယခုကဲ့သို့ ပလတ်စတစ်အမှိုက် စွန့်ပစ်မှု ပြဿနာနှင့် ပတ်သက်၍ အစိုးရ အဖွဲ့များနှင့် ဒေသတွင်း အဖွဲ့အစည်းများက သိရှိလိုက်နာ ဆောင်ရွက်နေကြသည်မှာ ကောင်းမွန်သော လက္ခဏာ ဖြစ်သော်လည်း လက်တွေ့အောင်မြင်ရန် လိုအပ်ချက်များစွာ ရှိနေသေးသည်။ ပင်လယ်ပြင်အတွင်း ပလတ်စတစ် အမှိုက်များနှင့် မိုက်ခရို ပလတ်စတစ်များကို သိသိသာသာ လျှော့ချနိုင်ရေးတွင် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ အသုံးပြုမှုကို ကန့်သတ်ခြင်း သို့မဟုတ် တားမြစ်ခြင်း၊ အမှိုက်စွန့်ပစ်မှုစနစ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်း၊ တရားဥပဒေ ပြဋ္ဌာန်းခြင်း၊ တရားဥပဒေ စိုးမိုးအောင်ဆောင်ရွက်ခြင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံအသွင်ပြောင်းလဲခြင်း၊ ငွေကြေးရင်းနှီး မြှုပ်နှံခြင်းနှင့် နည်းပညာ အသုံးပြုခြင်းတို့ ပါဝင်သည်။

သို့သော် ဥပမာအားဖြင့် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ အသုံးပြုခြင်းကို ကန့်သတ်လိုက်လျှင် စီးပွားရေးတွင် ကုန်ကျ

စရိတ်များ မြင့်တက်လာပြီး စီးပွားရေး အသိုင်းအဝိုင်း၏ ခုခံတော်လှန်မှုကို ရင်ဆိုင်ရမည် ဖြစ်ကာ အစိုးရ၏ မူဝါဒများအပေါ် လွှမ်းမိုးလာနိုင်သည်။ ဤသည်မှာ ရင်ဆိုင်ရမည့် အခက်အခဲများအနက် တစ်ခုသာ ဖြစ်သည်။

အင်ဒိုနီးရှား အစိုးရသည် ပလတ်စတစ်အိတ်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် ဥပဒေကြမ်းကို ၂ဝ၁၈ ခုနှစ်က တင်သွင်းခဲ့သော်လည်း ဝန်ကြီးဌာနများကြား အငြင်းပွားမှုများ ဖြစ်ပွားပြီး မျှော်မှန်းထားသည် ထက်များစွာ နောက်ကျပြီးမှသာ ပြဋ္ဌာန်းနိုင်ခဲ့သည်။

တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်မှုကို လျှော့ချခြင်းနှင့် ပြန်လည်အသုံးပြုမှု မြင့်တက်လာခြင်းက လူများ၏ စားသုံးမှု အမူအကျင့်ကို တဖြည်းဖြည်းနှင့် ပြောင်းလဲလာစေနိုင်သည်။ ပြည်သူများ၏ နားလည်သဘောပေါက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိစေရေး နားလည်သဘောပေါက်မှု မြင့်တက်စေရန် လုပ်ဆောင်ပေးခြင်းနှင့် မက်လုံးပေးခြင်း တို့ကို ကနဦးအဆင့်တွင် မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။

ပလတ်စတစ်ကို ပတ်ဝန်းကျင်ညစ်ညမ်းမှု အနည်းဆုံးဖြစ်စေရန် အဆင့်လျှော့ချရာတွင် နည်းပညာ အသုံးပြုခြင်းသည် ပြဿနာဖြေရှင်းမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်သည်။ ဂျပန်နိုင်ငံသည် နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုများ ပေးခြင်းဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကနဦး လုပ်ဆောင်ခဲ့သည်။ ပညာတတ် အသိုင်းအဝိုင်းနှင့် ပုဂ္ဂလိကကဏ္ဍတို့သည် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနှင့် ငွေကြေးထောက်ပံ့မှု ကဏ္ဍတို့တွင် အဓိက အရေးပါသော နေရာတွင်ရှိသည်။ ပင်လယ်ပြင်အတွင်း ပလတ်စတစ် အမှိုက်များ စွန့်ပစ်မှုကို လျှော့ချရန်နှင့် ပင်လယ်ပြင် အတွင်းရှိ စွန့်ပစ်ပလတ်စတစ် အမှိုက်များကို ဖယ်ရှားရန် လုပ်ဆောင်ရာတွင် မတူညီသော ရှုထောင့်များမှ ရှုမြင်သုံးသပ်မှုနှင့် ကိုင်တွယ်မှု တို့အပြင် ကဏ္ဍပေါင်းစုံမှ ပါဝင်ဆောင်ရွက်သူများသည် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

မင်းခန့်တင်

Ref: EAF

Read 90 times
Rate this item
(0 votes)
Last modified on Monday, 22 April 2019 10:59

Latest from