Print this page

အီရန်အရေးနှင့်စပ်လျဉ်း၍ အမေရိကန်ကိုသတိပေးလိုက်သည့် ဟစ်ဇ်ဘိုလာပြောက်ကျားတပ်ဖွဲ့

Monday, 03 June 2019 13:27 Written by  font size decrease font size decrease font size increase font size increase font size

အီရန်၏ ခြိမ်းခြောက်မှုကိုကာကွယ်ရန်နှင့် အမေရိကန် ပြည်ထောင်စုအပါအဝင် ၏မဟာမိတ်များ၏ အကျိုးစီးပွားအပေါ်သို့ ကျရောက်လာနိုင်သည့် တိုက်ခိုက်မှုများကို တားဆီးရန်ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်က တို့၏စစ်သည်များနှင့် လက်နက်ခဲယမ်းများကို အရှေ့အလယ်ပိုင်း ဒေသသို့ တိုးမြှင့် ဖြန့်ကြက်ခဲ့ခြင်းသည် ယခုအခါ ဒေသတွင်း တင်းမာမှုများကို မြင့်တက်စေခဲ့သည်။

အမေရိကန်က ၏စစ်သည်များအား အရှေ့အလယ်ပိုင်းသို့ ဖြန့်ကြက်ခြင်းသည် အီရန်နှင့် စစ်ရေးတင်းမာမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု အမေရိကန် အထက်လွှတ်တော် အမတ်များက ယူဆနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်က အီရန်နှင့်စစ်မက်ဖြစ်ပွားစေရန် ဖန်တီးနေသည်ဟု ရှုမြင်နေကြသည်။

ထို့ကြောင့် ဗာဂျီးနီးယားပြည်နယ်မှ အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ရစ်ချက်ဘလက်က ထရမ့်ထံသို့ စာတစ်စောင်ရေးသားပြီး ဘော်တန်၏ လုပ်ဆောင်ချက်များကို တားဆီးပေးရန် ထရမ့်ထံ တောင်းဆိုခဲ့သည်။

ဘော်တန်သည် အီရန်ဆန့်ကျင်ရေး အမြင်ကို လက်ကိုင်ထားသူတစ်ဦး ဖြစ်သည်။

သည် အီရန်နှင့် စစ်မက် ဖြစ်ပွားစေရန် အမေရိကန်၏ မဟာမိတ်နိုင်ငံများကို လှုံ့ဆော်လျက်ရှိသည်ဟု မေ ၃၁ ရက်က ပေးပို့ခဲ့သည့် ဘလက်၏စာတွင် ရေးသားဖော်ပြထားသည်။

အမေရိကန် အစိုးရသည် လက်ရှိတွင် တို့၏ စစ်ရေယာဉ်များ၊ စစ်လေယာဉ်များနှင့် ရေငုပ်သင်္ဘော ပါဝင်သည့် တိုက်ရေယာဉ်အုပ်စုအပြင် Patriot အမျိုးအစား ဒုံးကျည်စနစ်များကိုပါ အရှေ့အလယ်ပိုင်းဒေသရှိ ပါရှန်ပင်လယ်ကွေ့ အတွင်း၌ ဖြန့်ကြက်ထားသည်။ ထိုသို့စစ်လက်နက်များ ဖြန့်ကြက်ထားသော်လည်း အမေရိကန်အနေဖြင့် အီရန်နှင့် စစ်မက်ဖြစ်ပွားရန် ဆန္ဒမရှိဟု ဆိုသည်။

သို့ရာတွင် အမေရိကန်၏ ယင်းလုပ်ဆောင်ချက်သည် ဒေသတွင်း တင်းမာမှုများကို မြင့်တက်လာစေပြီး အကယ်၍ အမေရိကန်တပ်ဖွဲ့ များအနေဖြင့် အီရန်ကို တိုက်ခိုက်မည်ဆိုပါက အမေရိကန်၏ လုပ်ဆောင်ချက်သည် အီရန်နိုင်ငံနယ်စပ်များကို ကျော်ဖြတ်ရုံသာမက ဒေသတွင်း ဖြန့်ကြက်ထားသည့် အမေရိကန်တပ်များ အပြီးချေမှုန်းခံရမည် ဖြစ်ကြောင်း လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဟက်ဆန်နာဆရယ်လာက အမေရိကန်ကို ရုပ်သံမှတစ်ဆင့် သတိပေးပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာပြောက်ကျားတပ်ဖွဲ့နှင့် အီရန်တို့၏ ဆက်ဆံရေးကိုကြည့်မည်ဆိုပါက ထူးခြားကောင်းမွန်သည့် ဆက်ဆံရေးကို တည်ထောင်ထားနိုင်ပြီး အီရန်က တို့၏ ဒုံးကျည်အပါအဝင် လက်နက်ခဲယမ်းများအား အဆိုပါ ပြောက်ကျားတပ်ဖွဲ့ကို ထောက်ပံ့ပေးလျက်ရှိသည် ဟူသော သုံးသပ်ချက်များ ထွက်ပေါ်နေသည်။

ဟစ်ဇ်ဘိုလာပြောက်ကျား တပ်ဖွဲ့ကို အမေရိကန် အစိုးရက အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း အီရန်က ယင်းအဖွဲ့ကို ဆက်လက်ထောက်ခံလျက်ရှိသောကြောင့် အီရန်နှင့် အဆိုပါပြောက်ကျားတပ်ဖွဲ့တို့ကြား ဆက်ဆံရေးမှာ မိတ်ဖက်ဆက်ဆံရေးထက် ပိုမိုကျော်လွန်သည့် အခြေအနေ ရှိသည်ဟုဆိုနိုင်သည်။

အီရန်ကို အမေရိကန်တပ်များက တိုက်ခိုက်မည်ဆိုလျှင် ဟစ်ဇ်ဘိုလာပြောက်ကျားတပ်ဖွဲ့က လက်ပိုက် ကြည့်နေမည် မဟုတ်ဘဲ ဖြစ်သည့်နည်းနှင့် အမေရိကန်တို့ကို တုံ့ပြန်တိုက်ခိုက်မည်ဟု နာဆရယ်လာက သွယ်ဝိုက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အမေရိကန်က အီရန်အပေါ် အင်အားအသုံးပြုပါက ဒေသတစ်ခုလုံး၌ စစ်မီးတောက်လောင်သွားမည်ဖြစ်ပြီး ဒေသတွင်းရှိ အမေရိကန်၏ အကျိုးစီးပွားများပါ ပစ်မှတ်ထားခြင်းခံရမည်ဟု ကပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အကယ်၍ အရှေ့အလယ်ပိုင်းဒေသ၌ စစ်မီးတောက်လောင်မည်ဆိုပါက ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံတစ်စည်၏ ဈေးနှုန်းသည် အမေရိကန် ဒေါ်လာ၂ဝဝ သို့မဟုတ် ၃ဝဝ အထိ မြင့်တက်သွားနိုင်သည်ဟု နာဆရယ်လာက ထရမ့်အား သတိပေးထားသည်။

ယင်းအချက်ကို အမေရိကန်အစိုးရအဖွဲ့မှ မူဝါဒချမှတ်သူများက ကောင်းစွာနားလည် သဘောပေါက်ထားခြင်းကြောင့် အမေရိကန်အနေဖြင့် အီရန်နှင့်စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရမည့် အန္တရာယ်ကို ရှောင်ရှားလိုခြင်း ဖြစ်သည်ဟု ယူဆရသည်။ ထို့ကြောင့် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်၏ အီရန်ဆန့်ကျင်ရေးနှင့် စစ်မက်ဖြစ်ပွားစေမည့် လုပ်ဆောင်ချက်များကို ကန့်ကွက်နေခြင်း ဖြစ်သည်။

တစ်ဖက်တွင်ကြည့်ပါက ဒေသတွင်းရှိ ရေနံအဓိကတင်ပို့နေသည့် ဆော်ဒီအာရေဗျ နိုင်ငံအနေဖြင့် အီရန်၏ လွှမ်းမိုးနိုင်စွမ်းမြင့်တက်လာခြင်းနှင့် ပတ်သက်၍ စိုးရိမ်လျက်ရှိပြီး အီရန်အပေါ် စစ်ရေးအရ အရေးယူတိုက်ခိုက်ရန် အမေရိကန်အား တောင်းဆိုလျက်ရှိသည်။

အီရန်၏ခြိမ်းခြောက်မှုကို ရပ်တန့်နိုင်ရေးအတွက် ဆော်ဒီနှင့် မိတ်ဖက်နိုင်ငံများ အနေဖြင့် အရေးတကြီး လုပ်ဆောင်ရမည်ဟု ဆော်ဒီဘုရင် ဆယ်မန်က မေ ၃၁ ရက်တွင် ကျင်းပသည့် အာရပ်ထိပ်သီး ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဆော်ဒီအစိုးရက အီရန်နှင့်ပတ်သက်၍ မည်မျှစိုးရိမ်နေသည်ကို တွေ့မြင်နိုင်သည်။

သို့သော် အီရန်ကိုတန်ပြန်ရန် ဆော်ဒီတစ်နိုင်ငံတည်းက လုပ်ဆောင်နိုင်ခြင်း မရှိဟူသော အချက်ကို ဆော်ဒီအစိုးရက ကောင်းစွာနားလည် သဘောပေါက် ထားဖွယ်ရှိသည်။

ထို့ပြင် အီရန်၏နျူကလီးယား၊ ဒုံးကျည်စွမ်းဆောင်ရည်များနှင့် ကမ္ဘာ့ရေနံကဏ္ဍအပေါ် ကျရောက်နေသည့် ခြိမ်းခြောက်မှု များသည် ဒေသတွင်းနှင့်ကမ္ဘာ့လုံခြုံရေးအပေါ် အန္တရာယ် ကျရောက် စေလျက်ရှိသည် ဟု ဘုရင်ဆယ်မန်က ထိပ်သီးဆွေးနွေးပွဲတွင် ဆက်လက်ပြောကြားခဲ့သည်။

အလားတူပင် အီရန်အစိုးရက မောင်းသူမဲ့ယာဉ်များကို အသုံးပြု၍ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အမိန့်ပေးညွှန်ကြား နေသည်ဟု ဆော်ဒီက စွပ်စွဲထားသည်။

တစ်နည်းအားဖြင့် ဆိုရလျှင် အီရန်အစိုးရသည် ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို ထောက်ခံနေပြီး တိုက်ခိုက်မှု များလုပ်ဆောင်ရန် အဆိုပါသူပုန်အဖွဲ့ကို ညွှန်ကြားထားခြင်း ဖြစ်သည်ဟု ဆော်ဒီအစိုးရက ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

သို့သော် အဆိုပါ စွပ်စွဲချက်များကို အီရန်က ငြင်းဆိုထားသော်လည်း အမေရိကန်နှင့် ဆော်ဒီတို့က လက်ခံခြင်းမရှိဘဲ ဟော်မုဇ်ရေလက်ကြား ပြင်ပတွင် ဖြစ်ပွားခဲ့သည့် ရေယာဉ်လေးစင်းအား တိုက်ခိုက်မှုသည် ကမ္ဘာတစ်ဝန်း၌ ရေနံစိမ်း တန်ဖိုးကို တိုးမြှင့်နိုင်ရေးအတွက် လုပ်ဆောင်သည့် အီရန်၏ ကြိုးပမ်းချက်တစ်ရပ်သာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြီးခဲ့သည့်လအတွင်းက ပြောကြားခဲ့သည်။

အီရန်အနေဖြင့် အမေရိကန်နှင့် စစ်မက်ဖြစ်ပွားခြင်းကို အလိုမရှိသော်လည်း အရှေ့အလယ်ပိုင်းဒေသ၌ တပ်ဖြန့်ထားသည့် အမေရိကန်တပ်များ ခြေတစ်လှမ်း မှားမည်ဆိုပါက လက်တုံ့ပြန်မည်ဟု အီရန်အစိုးရက တုံ့ပြန်ပြောဆိုထားသည်။ ထို့ကြောင့် အမေရိကန်က အီရန်အပေါ် အကြောင်းအမျိုးမျိုးပြ၍ အင်အားသုံးခဲ့ပါက အဆိုပါ လက်နက်ကိုင် ပဋိပက္ခသည် အမေရိကန်နှင့် အီရန်တပ်ဖွဲ့တို့သာမက ဒေသတွင်းရှိ အီရန်၏ မဟာမိတ်လက်နက်ကိုင် အဖွဲ့အစည်းများပါ ပါဝင်တိုက်ခိုက်လာနိုင်သည့် ဒေသတွင်းစစ်ပွဲကြီးတစ်ပွဲ ဖြစ်လာနိုင်သဖြင့် ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့က အမေရိကန်ကို သတိပေးလိုက်ခြင်း ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။ ။

ဇေယျဘုန်း

Ref: Sputnik, Reuters

Read 53 times
Rate this item
(0 votes)
Last modified on Monday, 03 June 2019 13:28
စကားဝါ

Latest from စကားဝါ