SJ WorldNews - шаблон joomla Авто

သံတမန်ဆက်ဆံရေးကွန်ရက် ပီပြင်စွာတည်ဆောက်နိုင်ခဲ့သည့် တရုတ်

Saturday, 30 November 2019 17:02 Written by  font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် သံတမန်ဆက်ဆံရေးတွင် အမေရိကန် ပြည်ထောင်စုကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်၌ သံတမန်ရုံးခန်းအများဆုံး ပိုင်ဆိုင် သည့်နိုင်ငံအဖြစ် တက်လှမ်းလာခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာ အနှံ့အပြား၌ သံရုံး ၁၆၉ ခုနှင့် ကောင်စစ်ဝန်ရုံး   ၉၆ ခု ဖွင့်လှစ်ထားသည့်အပြင် အဆိုပါသံတမန်ရုံးများ၌ ခန့်ထားသော ၀န်ထမ်း အရေ အတွက် ၂၇၆ ဦးရှိသည်။ ယင်းအရေအတွက်မှာ အမေရိကန် ပြည်ထောင်စုက ဖွင့်လှစ် ထားသည့် ကောင်စစ်ဝန်ရုံး အရေအတွက်ထက် သုံးခုပိုမိုများပြားသည်ဟု ဆစ်ဒနီမြို့၌ အခြေ စိုက်သည့် Lowy Institute က ထုတ်ပြန် ခဲ့သည်။

တစ်နည်းအားဖြင့် နိုင်ငံတကာ၌ ဖွင့်လှစ်ထားသည့် တရုတ်နှင့် အမေရိကန်တို့၏ သံရုံး အရေအတွက်မှာ တူညီလျက်ရှိသော်လည်း တရုတ်နိုင်ငံ၏ ကောင်စစ်ဝန်ရုံး အရေ အတွက်သည် အမေရိကန်ထက် ပိုများနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့်ကြီးမားသည့် သံတမန်ဆက်ဆံရေး ကွန်ရက်တစ်ခုကို ယခုကဲ့သို့တည်ဆောက်ထားနိုင်ခြင်းသည် ၎င်းတို့၏ လွှမ်းမိုးနိုင်မှု အား ကမ္ဘာ့နိုင်ငံများအပေါ် တိုးချဲ့နိုင်ရေး ကြိုးပမ်းမှုတွင် ထူးထူးခြားခြားသာလွန်နေ ခြင်းကို  ပြသလျက်ရှိသည်ဟု ဆိုနိုင်သည်။

စင်စစ် တရုတ်နိုင်ငံသည် ယခင်က တရုတ်တိုင်ပေကို သီးခြားလွတ်လပ်သော နိုင်ငံ တစ်နိုင်ငံအဖြစ် အသိအမှတ် ပြုခဲ့သည့် နိုင်ငံများနှင့်လည်း သံတမန် ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံက ကမ္ဘာ့နိုင်ငံ အများအပြားနှင့် သံတမန်ဆက်ဆံရေး ကွန်ရက်တည် ဆောက်နိုင်ရန် ကြိုးပမ်းနေစဉ် အမေရိကန်ပြည်ထောင်စုသည် သမ္မတဒေါ်နယ် ထရမ့် ၏ အသုံးစရိတ်ဖြတ်တောက်ရေးနှင့် သံအမှုထမ်းများအား ဆက်လက်တာဝန် ပေးနိုင် ရေး ကြိုးပမ်းချက်များကြောင့် ၎င်းင်းတို့၏ သံတမန်ဆက်ဆံရေးမှာ ထင်သလောက်    ခရီးပေါက်ခဲ့ခြင်းမရှိဟု ဆိုနိုင်မည်ဖြစ်သည်။

ထို့ပြင် ရုရှားထောက်လှမ်းရေးဟောင်း ဆာဂျီစကရီပယ်ကို ဗြိတိန်နိုင်ငံ၌ အဆိပ်ခတ် လုပ်ကြံခဲ့မှုဖြင့် နိုင်ငံအတွင်းရှိ ရုရှားသံအမှုထမ်းများကို အမေရိကန်အစိုးရက  နှင်ထုတ် ခဲ့ပြီး ရုရှားနိုင်ငံက ပြန်လည်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သံ အမှုထမ်းများကို  ၎င်းင်း၏ နိုင်ငံအတွင်းမှ ထွက်သွားရန် ညွှန်ကြားခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန်အစိုးရ အနေဖြင့် စိန့်ပီတာ စဘာ့ဂ်မြို့ရှိ ၎င်းတို့၏ ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ခဲ့ရသည်။

ရုရှားအစိုးရသည် စိန့်ပီတာစဘာ့ဂ်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန်နှင့် အမေရိကန် သံတမန် ၈၀ ဦးကို နိုင်ငံအတွင်းမှ ထွက်သွားရန်ပြီးခဲ့သည့် နှစ်အတွင်းက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ၎င်းတို့၏ သံတမန်ဆက်ဆံရေးအရ လွှမ်းမိုးမှု ကိုဆက်လက်ချဲ့ထွင်နိုင်ခဲ့ပြီး ဘာကီနာဖာဆို၊ ဒိုမီနီကန်သမ်္မတနိုင်ငံ၊ အယ်ဆာဗေးဒေါ၊    ဂမ်ဘီယာတို့ အပါအ၀င် ယခင်က တရုတ်တိုင်ပေနှင့် သံတမန်ဆက်ဆံရေး တည် ဆောက်ထားသည့် နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်တိုင်ပေနှင့်  သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့သော ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆော်လမွန်ကျွန်းနိုင်ငံနှင့် သံတမန်ဆက်ဆံရေး တစ်ရပ်ကို တရားဝင်တည် ဆောက်နိုင်ခဲ့သည်။

စင်စစ်ဆော်လမွန် ကျွန်းအစိုးရကတရုတ်တိုင်ပေနှင့် သံတမန်ဆက်ဆံရေးဖြတ်တောက် ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံကယင်းနိုင်ငံနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အလားတူပင် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကီရီဘာတီ နိုင်ငံကလည်း သံတမန်ဆက်ဆံရေးတွင် ဘက်ပြောင်းလာခဲ့ပြီး တရုတ်နိုင်ငံနှင့် သံတမန် ဆက်ဆံရေး တည်ဆောက် နိုင်ခဲ့သောကြောင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုသည်  မဟာဗျူဟာအရ အလွန်အရေးပါလှသည့် ပစိဖိတ်ဒေသအတွင်း ထူးကဲစွာ တိုးချဲ့လာ နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

အဆိုပါ ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံများက တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးများ ကို တရားဝင်တည်ဆောက်ခဲ့ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်တစ် နိုင်ငံဖြစ်သည့် တရုတ်တိုင်ပေ၏ သံတမန်ဆက်ဆံရေးအတွက် များစွာအထိနာစေခဲ့ သည်ဟု သုံးသပ်သူများက ပြောသည်။

တရုတ်နိုင်ငံက အဆိုပါကျွန်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ခြင်း သည် အမေရိကန်ပြည်ထောင်စုအား ဒေါသထွက်စေခဲ့သည်။ အကြောင်းမှာ အမေရိ ကန်အစိုးရသည် ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုချဲ့ထွင်ရေး ဆောင်ရွက် ချက်များကို မျက်စိဒေါက်ထောက် ကြည့်ရှုနေသည့်ကြားမှ တရုတ်နိုင်ငံက ဒေသတွင်း နိုင်ငံများနှင့် သံတမန် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။

ဆော်လမွန်ကျွန်းနှင့် ကီရီဘာတီနိုင်ငံတို့က တရုတ်တိုင်ပေနှင့် အဆက်အသွယ် ဖြတ်တောက်ပြီး တရုတ်နိုင်ငံနှင့် တရားဝင် သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့ခြင်း သည် ၎င်းတို့၏ အကျိုးစီးပွားအပေါ် အခြေခံ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက လက်ရှိအကောင်အထည်ဖော်ဆောင်နေသည့် ဒေါ်လာဘီလီယံပေါင်း များစွာတန်ဖိုးရှိ  ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ခု ကနဦးဆောင်ရွက်ချက် (Belt and Road Initiative) အပါအ၀င် တခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုချဲ့ထွင်ရေးတွင် အထောက်အကူပြုလျက် ရှိသည်။

ထို့ပြင် အမေရိကန်သံရုံးများနှင့် တရုတ်သံရုံးများကြား ဖြစ်ပေါ်နေသည့် ကွာခြားချက်ကို  လေ့လာသုံးသပ်သူများက ထောက်ပြထားသည်။ အဆိုပါကွာခြားချက်မှာ သံရုံးများ သည် များသောအားဖြင့် အိမ်ရှင်နိုင်ငံနှင့် သံရုံးကကိုယ်စားပြုထားသည့် နိုင်ငံကြား နိုင်ငံရေး လုပ်ဆောင်ချက်များကိုသာ ကိုင်တွယ်ရလေ့ရှိပြီး ကောင်စစ်ဝန်ရုံးများက  နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းမှုများကို အထောက်အကူပြုစေရန် လုပ်ဆောင်လေ့ ရှိခြင်းပင်ဖြစ်သည်။

ထို့ကြောင့် တရုတ်သံတမန် ဆက်ဆံရေးကွန်ရက်နှင့် ကောင်စစ်ဝန်ရုံးများသည် အစိုးရ ကအကောင်အထည် ဖော်ဆောင်နေသည့် ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ခု ကနဦးဆောင် ရွက်ချက်ကို ပိုမိုပီပြင်လာစေရန် အထောက်အကူပြုလျက်ရှိသည်ဟု သုတေသီ ဘွန်းနီ ဘလေးကပြောသည်။

ယင်းအပြင် တရုတ်နိုင်ငံသည် ၎င်းတို့၏ သံတမန်ဆက်ဆံရေး ကွန်ရက်ကြီးထွား လာစေရန် ၂၀၁၇ ခုနှစ်မှစ၍   ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ပြီး ကြိုးပမ်းလာခဲ့ရာ  ယခုအချိန်ထိ သံရုံးနှင့် ကောင်စစ်ဝန်ရုံးအရေအတွက် ငါးခုထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ သည်။ သို့သော် အမေရိကန် အစိုးရက စိန့်ပီတာစဘာ့ဂ်မြို့ရှိ ကောင်စစ်ဝန်ရုံးကို  ပိတ်ပစ်ပြီးချိန်မှစ၍ သံတမန်ဆက်ဆံမှုများ ထပ်မံတည်ဆောက်နိုင်ခဲ့ခြင်းမရှိပေ။

ယခုကဲ့သို့ သံတမန်ဆက်ဆံရေးတွင် တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ်အဖြစ် ကျော်တက်နိုင်ခဲ့ခြင်းသည် တရုတ်အစိုးရက ၎င်းတို့၏ အမျိုးသား ရည်မှန်းချက်နှင့် ဦးစားပေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင် ရန် စိတ်အားပြင်းပြနေခြင်းကို ထင်ဟပ်ပြသနေခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါမူ တရုတ်နိုင်ငံသည် သံတမန်ဆက်ဆံရေးနှင့် ဆော့ပါဝါကို   ထိရောက်စွာ အသုံးချခြင်းအားဖြင့် ကမ်္ဘာတစ်ဝန်း၌ ၎င်းတို့၏ လွှမ်းမိုးမှုကို  ချဲ့ထွင်နိုင် ရန် ကြိုးပမ်းလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        

Khaing Khaing Su

Ref: PTI, Press TV, CNN

Read 47 times
Rate this item
(0 votes)
Last modified on Saturday, 30 November 2019 17:18