SJ WorldNews - шаблон joomla Авто

နိုင်ငံရေးပုံရိပ် ကျဆင်းခဲ့ရသည့် ဒေါ်နယ်ထရမ့် ရာထူးမှ ဖယ်ရှားခံရမည်လား

Saturday, 21 December 2019 11:51 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန် အောက်လွှတ်တော်ကသမ္မတ ဒေါ်နယ်ထရမ့်အား အာဏာအလွဲသုံးစားလုပ်ဆောင်မှုနှင့် ကွန်ဂရက်၏ ဆောင်ရွက်မှုများကို အနှောင့်အယှက်ပေးမှုတို့ဖြင့် ဒီဇင်ဘာ ၁၈ ရက်ကတရားဝင်စွပ်စွဲပြီး တရားစွဲရန် ဆုံးဖြတ်အတည်ပြု လိုက်ခြင်းသည် ထရမ့်၏ နိုင်ငံရေးပုံရိပ်ကို များစွာထိခိုက်ပျက်စီးစေမည့် အလားအလာရှိသည်။ အောက်လွှတ်တော်က တရားစွဲဆိုရန် မဲခွဲဆုံးဖြတ်ချိန်တွင် ထရမ့်သည် လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် မစိချီဂန်ပြည်နယ်သို့ ရောက်ရှိနေပြီး ၎င်းအနေဖြင့် အမှားအယွင်း တစ်စုံတစ်ရာလုပ်ဆောင် ခဲ့ခြင်းမရှိဟုဆို ထားသည်။ ထို့ပြင် မိမိအားတရားစွဲဆိုရန် ကြိုးပမ်းနေခြင်းသည် လှည့်ကွက်တစ်ခု မျှသာဖြစ်ပြီး ဒီမိုကရက်တစ်များ၏ အဆိုပါ ကြိုးပမ်းမှုကြောင့်လည်း လာမည့်ရွေးကောက်ပွဲတွင် မိမိပြန်လည်ရွေးကောက်ခံရရေးအတွက်ပင် အထောက်အကူပြုနိုင်သည် ဟုထရမ့်က အာမခံထား သည်။ ယင်းပြင် ထရမ့်အနေဖြင့် ၎င်းတွင် အပြစ်မရှိကြောင်းကို အထက်လွှတ်တော်၌ ပြုလုပ်မည့်ကြား နာစစ်ဆေးမှုတွင် သက်သေပြသနိုင်မည်ဟု ယုံကြည်နေသည်။ ထရမ့်အား တရားစွဲဆိုရန် အောက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင်လည်း လွယ်လွယ်ကူကူနှင့် အတည်ပြုနိုင်ခြင်း မဟုတ်ပေ။ အဓိက နိုင်ငံရေးပါတီနှစ်ခုမှ လွှတ်တော်အမတ်များကြား ခြောက်နာရီကြာ အချေအတင်ငြင်းခုံပြီးမှ မဲခွဲ ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

ထရမ့်အား အာဏာအလွဲသုံးစားမှုနှင့် တရားစွဲဆိုရန် မဲခွဲရာတွင် ထောက်ခံမဲ ၂၃၀ မဲ၊ ၁၉၇ မ၊ဲ ဒုတိယစွဲချက်ဖြင့် တရားစွဲဆိုရန် မဲခွဲရာတွင် ထောက်ခံမဲ ၂၂၉ မဲ၊ ကန့်ကွက်မဲ ၁၉၈ မဲဖြင့် အောက်လွှတ်တော် တရားရေးရာကော်မတီက အတည်ပြုနိုင်ခဲ့သည်။ အောက်လွှတ်တော်ရှိ တရား ရေးရာကော်မတီနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီင်္ပလိုဆီတို့သည် အဓိကအားဖြင့် လာမည့်နှစ်ရွေး ကောက်ပွဲ၌ နိုင်ငံရေးပြိုက်ဘက်ဖြစ်လာမည့် ဒုတိယသမ်္မတဟောင်း ဂျိုးဘိုင်ဒင်အား စုံစမ်းစစ်ဆေးရန် ထရမ့်ကတောင်းဆိုခြင်း၊ ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသည့် စစ်ရေးအကူအညီများအား ဆိုင်းငံ့ ထားခြင်းနှင့် ကွန်ဂရက်၏ လုပ်ငန်းများအပေါ် အနှောင့်အယှက်ပေးခြင်း စသည့်လုပ်ဆောင်ချက် များကြောင့် တရားစွဲဆိုရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထရမ့်အားတရားစွဲဆိုရန် ဒီမိုကရက်တစ်လွှတ်တော်အမတ်များက ထောက်ခံခဲ့သော်လည်း ရီပတ်ဘ လစ်ကန်အမတ်များက ကန့်ကွက်ထားသည်။ ထရမ့်အား တရားစွဲဆိုရေးနှင့် ရာထူးမှဖယ်ရှားခြင်းပြု၊ မပြုဆက်လက်ဆုံးဖြတ် နိုင်ရေးအတွက် တရားစွဲဆိုရေးအချက် အလက်များ အထက်လွှတ်တော်သို့ မည်သည့်အချိန်တွင် ပေးပို့မည်ဟူသောအချက်ကို အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုဆီက ငြင်းဆို ထားသည်။ ထရမ့်အား တရားဝင် တရားစွဲဆိုနိုင်ရေးအတွက် စစ်ဆေးရန် အဆိုပါအချက်အလက် များကို အောက်လွှတ်တော်က အထက်လွှတ်တော်သို့ ပေးပို့ရမည့်ဖြစ်သည်။ သို့မှသာ ကြားနာမှုကို စတင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော် ရီပတ်ဘလစ်ကန်များကြီးစိုးနေသည့် အထက်လွှတ် တော်သည် ထရမ့်၏အမှုနှင့် ပတ်သက်၍ အထက်လွှတ်တော်အနေဖြင့် တရားမျှတစွာ လုပ်ဆောင် မည်၊ မလုပ်ဆောင်မည်ကို နန်စီပီလိုဆီက သံသယရှိနေသည်။ ထိုကြောင့် တရားစွဲဆိုရေး အချက် အလက်များ အထက်လွှတ်တော်သို့ ပေးပို့မည့် အချိန်ကာလအတိအကျကို မထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍လည်းထရမ့်ကို တရားစွဲဆိုရေးအတွက် မဲခွဲအတည်ြပုရာတွင် ပါဝင်ခဲ့သည့် လွှတ်တော်အမတ်များက အသေးစိတ်အစီအစဉ်များ စတင်ရေးဆွဲနေပြီဖြစ်သည်။ တရားစွဲဆို ရေးအချက်အလက်များကို အထက်လွှတ်တော်သို့ ပေးပို့ရန်အချန်ဆွဲထားခြင်းနှင့် စပ်လျဥ်း၍ ထရမ့်က အောက်လွှတ်တော်အား ဝေဖန်ပြစ်တင်ထားသည်။ ထရမ့်အား တရားစွဲဆိုရန် အောက်လွှတ်တော် တရားရေးကော်မတီမဲခွဲ အတည်ပြုခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝေဖန်ပြောကြားမှု အများအပြားထွက်ပေါ်လာခဲ့သည်။ ထရမ့်သည် ကျင့်ဝတ်ပျက်ပြားပြီး စိတ်ရှုပ် ထွေးနေသူတစ်ဦးဖြစ်သောကြောင့် ၎င်းကို ရာထူးမှဖယ်ရှားသင့်သည်ဟူ၍ တချို့က ဝေဖန် ထားသည်။

ထို့ပြင် ထရမ့်သည် နိုင်ငံ၏အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် အဖြစ်ရှိနေသည်ဟု နန်စီပီလိုဆီက အစောပိုင်းတွင် ပြောကြားခဲ့သည်။ သို့သော် ထရမ့်အား သမ္မတအဖြစ်မှ ဖယ်ရှားရန်   လွယ်ကူမည်မဟုတ်ပေ။ အကြောင်းမှာ ၎င်းအားသမ္မတရာထူးမှ ဖယ်ရှားရန် အထက်လွှတ်တော်တွင် ထပ်မံစစ်ဆေးရမည်ဖြစ်သည်။ ယင်းအတွက် အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတတစ်ဦးအား တရားစွဲ၍ ရာထူးမှဖယ်ရှားရေး နည်းဆုံး အထက်လွှတ်တော်အမတ်  သုံးပုံနှစ်ပုံက ထောက်ခံမဲပေးရန်လိုအပ်နေသည်။ သို့သော် အထက်လွှတ်တော်ကို ထရမ့်၏ ပါတီဖြစ်သည့် ရီပတ်ဘလစ်ကန်ပါတီမှ လွှတ်တော်အမတ်အများစုက ထိန်းချုပ်ထားပြီး စစ်ဆေးခြင်း ကို နောက်လအတွင်း စတင်ရန်စီစဉ်ထားသည်။ အောက်လွှတ်တော်အနေဖြင့် ၎င်းတို့၏ တရားစွဲ ဆိုရေး အချက်အလက်များကို အထက်လွှတ်တော်သို့ ဦးစွာပေးပို့ရမည်ဖြစ်သည်။ အထက် လွှတ်တော်တွင် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များက အများစုဖြစ်သောကြောင့် ထရမ့်အနေဖြင့် ရာထူးမှဖယ်ရှားခံရခြင်းကို   ရှောင်ရှားနိုင်မည့် အလားအလာရှိနေသည်။ အကြောင်းမှာ အောက်လွှတ်တော်က ထရမ့်အား အာဏာအလွဲသုံးစားမှု၊ ကွန်ဂရက်၏ဆောင်ရွက်မှုများကို အနှောင့် အယှက်ပြုမှုဟူသော စွဲချက်နှစ်ခုဖြင့် ဒီဇင်ဘာ ၁၈ ရက်ညပိုင်းက မဲခွဲဆုံးဖြတ်ခဲ့ခြင်းအပေါ်  တခြားရီ ပတ်ဘလစ်ကန် လွှတ်တော်အမတ်များက သဘောတူထား ခြင်းမရှိသောကြောင့်ဖြစ်သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု၏ ၂၄၃ နှစ်ရှိ သမိုင်းကြောင်းကို  ပြန်လည်လေ့လာမည်ဆိုပါက   သမ္မတနှစ်ဦးအားတရားစွဲဆိုသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ အန်ဒရူး ဂျွန်ဆင်ဖြစ်ပြီး ၎င်းသည် လွန်ခဲ့သည့် ၁၈၆၈ ခုနှစ်က တရားစွဲဆိုခံခဲ့ရသည်။ နောက်တစ်ဦးမှာ မော်နီကာလူဝင်စကီးဟူသောအမျိုးသမီးနှင့် လိင်မှုကိစ္စအရှုပ်တော်ပုံတွင်ပါဝင်ခဲ့သည့်  သမ္မတဟောင်း ဘီကလင်တန်ပင်ဖြစ်သည်။ မော်နီကာလူဝင်စကီးသည် ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးဖြစ်သူ ကန်းနက်ဘေကွန်၏ လက်ထောက်အဖြစ်နှင့် အိမ်ဖြူတော်၌ အလုပ်သင်အဖြစ်အမှုထမ်းခဲ့ပြီး ကလင်တန်နှင့် ၁၉၉၅ ခုနှစ် နိုဝင်ဘာ လမှ ၁၉၉၇ ခုနှစ် မတ်လအထိ အဆက် အသွယ်ရှိ ခဲ့သူဖြစ်သည်။ အဆိုပါအရှုပ် တော်ပုံတွင်ပါဝင်မှုဖြင့်  ကလင်တန်သည် ၁၉၉၈ ခုနှစ်တွင် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် အဆိုပါသမ္မတဟောင်းနှစ်ဦးစလုံးသည် အထက်လွှတ်တော်တွင် စစ်ဆေးခြင်းခံခဲ့ရသော်လည်း နောက်ဆုံးတွင် ၎င်းတို့အပေါ် စွဲချက်တင်ထားသည့် စွပ်စွဲမှုများမှ တရားသေလွတ်မြောက်ခဲ့သည့် ဥပမာများရှိနေသည်။ ထို့ကြောင့် ထရမ့်အနေဖြင့် အထက်လွှတ် တော်၌ စစ်ဆေးမှုခံယူရာတွင် ရီပတ်ဘလစ်ကန် အမတ်များ၏ မျက်နှာသာပေးခံရဖွယ်ရှိပြီး ရာထူးမှ ဖယ်ရှားခံရခြင်းအား ရှောင်ရှားနိုင်မည်ကို နန်စီပီလိုဆီနှင့် အောက်လွှတ်တော်ရှိ ဒီမိုကရက်တစ် အမတ်များက စိုးရိမ်နေကြသည်။ အချုပ်အားဖြင့်ဆိုရပါမူ ထရမ့်အားအောက်လွှတ်တော် တရားရေးရာ ကော်မတီက တရားစွဲဆိုရန် မဲခွဲအတည်ပြုခဲ့ခြင်းသည်ထရမ့်၏ နိုင်ငံရေးပုံရိပ်ကို ကျဆင်းစေခဲ့သည် ဟုဆိုနိုင်သော်လည်း အမေရိကန်ပြည်ထောင်စုရှိ လေ့လာသုံးသပ်သူ များရှုမြင်နေသည့်အတိုင်းပင် ရီပတ်ဘလစ်ကန်အများစုက အထက်လွှတ်တော်ကို ထိန်းချုပ်ထားခြင်းကြောင့် ထရမ့်အနေဖြင့် ရာထူးမှဖယ်ရှားခံရမည့် အလားအလာ နည်းပါးလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Read 31 times
Rate this item
(0 votes)
Last modified on Saturday, 21 December 2019 11:55