SJ WorldNews - шаблон joomla Авто

ဖိအားများကြားမှ နိုင်ငံ၏အကျိုးစီးပွားကို ဆက်လက်ထိန်းသိမ်းနိုင်ရေး

Wednesday, 25 December 2019 21:40 Written by  font size decrease font size decrease font size increase font size increase font size

လုပ်ဆောင်ရဖွယ်ရှိသည့် တောင်ကိုရီးယား တောင်ကိုရီးယားနိုင်ငံသည် အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် အရှေ့အလယ်ပိုင်း ရေကြောင်း လုံခြုံရေးညွန့်ပေါင်း အဖွဲ့သို့ ပူးပေါင်း ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် အရှေ့အလယ်ပိုင်းဒေသ၏ ရေကြောင်းလုံခြုံရေးအတွက် တောင်ကိုရီး ယားရေတပ်မှ စစ်ရေယာဉ်တစ်စင်းကို လာမည့်နှစ်တွင် အီရန်ထိန်းချုပ်ထားသည့်  ဟော်မုဇ်ရေလက်ကြားသို့ စေလွှတ်မည်ဖြစ်သည်။ 

အမေရိကန်ဦးဆောင်သည့် ရေကြောင်းလုံခြုံရေး ညွန့်ပေါင်းအဖွဲ့သည် အရှေ့အလယ် ပိုင်းဒေသရှိ အဓိကကျသည့် ရေကြောင်းသယ်ယူ ပို့ဆောင်ရေးလမ်းများတွင် အီရန် ၀င်ရောက်နှောင့်ယှက်ခြင်းကို တားဆီးရန် အမေရိကန် အစိုးရက ကြိုးပမ်းခြင်းဖြစ် သည်။ အဆိုပါ ရေလမ်းကြောင်းများသည် ရေနံတင်ပို့ရေးအတွက် မရှိမဖြစ်လိုအပ် သည့် ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည်။ အကယ်၍ အီရန်နှင့်တခြားနိုင်ငံ များ၊ အထူးသဖြင့် အမေရိကန်အပါအ၀င် အနောက်နိုင်ငံများနှင့် စစ်မက်ဖြစ်ပွားပါက အဆိုပါရေကြောင်း ဆက်သွယ်ရေး လမ်းကြောင်းများအား အီရန်က ဖြတ်တောက်ပစ် မည်ကို အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများက စိုးရိမ်နေခြင်းဖြစ်သည်။

အမေရိကန်ဦးဆောင်သည့် ရေကြောင်းလုံခြုံရေး ညွန့်ပေါင်းအဖွဲ့သို့ တောင်ကိုရီးယား ကပါဝင်ပြီးနောက် တောင်ကိုရီးယား အစိုးရအနေဖြင့် ချုန်ဟေးပင်လယ် ဓားပြတိုက် ဖျက်ရေးအဖွဲ့ကို အရှေ့အလယ်ပိုင်း၌ ရေကြောင်းလုံခြုံရေး ဆောင်ရွက်ရန် တာဝန် ပေးမည်ဖြစ်သည်။ ချုန်ဟေးပင်လယ် ဓားပြတိုက်ဖျက်ရေးအဖွဲ့သည် လက်ရှိတွင် နိုင်ငံ စုံပူးပေါင်းစစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသအဖြစ် အာဖရိကဦးချိုဒေသ၏ ကမ်းလွန်ရှိ အိနိ္ဒယ သမုဒ္ဒရာအတွင်း ကင်းလှည့် စစ်ဆေးလျက်ရှိသည်။

သို့ရာတွင် တောင်ကိုရီးယား အစိုးရသည် အရှေ့အလယ်ပိုင်းရှိ ရေကြောင်းလုံခြုံရေး အတွက် ၎င်းင်းတို့၏ တပ်ဖွဲ့တစ်ဖွဲ့ကို ဒေသတွင်း၌ ဖြန့်ကြက်ရန်ငြင်းဆိုခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်း လုံခြုံရေးစစ်ဆင်မှုများ လုပ်ဆောင်နေသည့် ၎င်းတို့ အထူးတပ်ဖွဲ့ ၏စစ်ဆင်ရေး လုပ်ငန်းများကို တိုးချဲ့ရန် ဆုံးဖြတ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် တင်းမာမှုများ မြင့်တက်လျက်ရှိပြီး အချိန်မရွေး ပေါက်ကွဲလာနိုင်သည့် အရှေ့အလယ် ပိုင်းဒေသ၌ သီးခြားတပ်ဖွဲ့တစ်ဖွဲ့ ဖြန့်ကြက်ရန် တောင်ကိုရီးယားက ဆန္ဒမရှိပေ။  ထို့ ကြောင့် တောင်ကိုရီးယားအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် အထူးတပ်ဖွဲ့၏ စစ်ဆင်ရေးကိုသာ တိုးချဲ့သွားမည်ဖြစ်သည်။ အကြောင်းမှာ တောင်ကိုရီးယားနိုင်ငံသည် အရှေ့အလယ်ပိုင်း၌ တပ်ဖွဲ့တစ်ဖွဲ့ဖြန့် ကြက်ခြင်းကြောင့် အီရန်နှင့် ဆက်ဆံရေးတင်းမာလာမည့် အလားအလာကို ရှောင်ရှား နိုင်ရန်ဖြစ်သည်။

အလားတူ မဟာမိတ်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်ပေးနေသည့် အမေရိကန် ပြည် ထောင်စု၏ မျက်နှာကိုလည်း ထောက်နေရသည့် အခြေအနေတွင်  ရှိနေသည်။  ထို့ကြောင့် တောင်ကိုရီးယားက အမေရိကန် ဦးဆောင်သည့် ရေကြောင်းလုံခြုံရေး ညွန့်ပေါင်းအဖွဲ့သို့ ပူးပေါင်းခဲ့ခြင်းသည် နိုင်ငံအပေါ် ကျရောက်နေသည့် အမေရိကန် အစိုးရ၏ ဖိအားပေးမှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။

တောင်ကိုရီးယား၌ အမေရိကန်စစ်သည်များ  ဖြန့်ကြက်ထားခြင်းအတွက် ကုန်ကျစရိတ် ပိုမိုထောက်ပံ့ပေးရန် အမေရိကန်အစိုးရက တောင်ကိုရီးယားနိုင်ငံအား ဖိအားပေး လျက်ရှိသည်။  အမေရိကန် အစိုးရက ၎င်းင်း၏ စစ်သည်များ ဖြန့်ကြက်ထားမှုအတွက် တောင်ကိုရီးယား အစိုးရထံမှ ဒေါ်လာ ဘီလီယံနှင့်ချီ၍ တောင်းဆိုထားသည်။  ထိုငွေ များမှာ များပြားလွန်းသောကြောင့် တောင်ကိုရီးယား အစိုးရကမပေးလိုပေ။ ထို့ပြင် ကုန်ကျစရိတ်ဝေမျှ ကျခံရေးနှင့် စပ်လျဉ်း၍  အမေရိကန်နှင့် တောင်ကိုရီးယားတို့ကြား မကြာသေးမီက ဆွေးနွေးခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့ပေ။ ထို့ကြောင့် လက်ရှိတွင် အမေရိကန် အစိုးရအား မျက်နှာမပျက်စေရေး လုပ်ဆောင်ခြင်းသည် နိုင်ငံ အတွက် အကျိုးစီးပွား ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု တောင်ကိုရီးယားအစိုးရက သဘော ပေါက်ထားသည်။

အမေရိကန်က အရှေ့အလယ်ပိုင်းရှိ ရေကြောင်း ဆက်သွယ်ရေး လမ်းကြောင်းများ   ဘေးအန္တရာယ်ကင်းရှင်းရေးကို တိုးမြှင့်လုပ်ဆောင်လာခြင်းသည် အီရန်၏ လွှမ်းမိုးမှုနှင့်  အင်အားကြီးမားလာခြင်းကို တန်ပြန်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့အတွင်း ကုန်တင်သင်္ဘောများ တိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင် အမေရိကန် အစိုးရ၏ စိုးရိမ်မှုသည်  ပိုမိုကြီးထွားလာခဲ့သည်။  အဆိုပါ ကုန်တင် သင်္ဘောများ တိုက်ခိုက်ခံရမှုသည် အီရန်၏ လက်ချက်ဟု အမေရိကန်က တထစ်ချယုံကြည်လျက်ရှိသည်။ အမေရိကန်၏ စွပ်စွဲချက်များကို အီရန်ကထပ်တလဲ လဲငြင်းဆိုထားသည်။ ယင်းနောက်ပိုင်းတွင် အဆိုပါဒေသအတွင်း စစ်သင်္ဘောများ စေ လွှတ်ရန် အမေရိကန်နှင့် ၎င်း၏ ဥရောပမဟာမိတ်များက စီစဉ်ခဲ့ကြသည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုသည် အီရန်၏ ခြိမ်းခြောက်မှုကိုအကြောင်းပြကာ ရေကြောင်းလုံခြုံရေး ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းတည်ထောင်သည်ဟု ထုတ်ပြန် ကြေညာ ခဲ့ပြီး အာရှနှင့် ဥရောပနိုင်ငံများကို ညွန့်ပေါင်းအဖွဲ့၌ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။သို့ရာတွင်  ယခုအချိန်ထိ အမေရိကန်၏ ဖိတ်ကြားမှုအား နိုင်ငံအနည်းစုသာ တုံ့ပြန်ထားသည်ကို တွေ့ရသည်။ အမေရိကန်ဦးဆောင်မည့် အဆိုပါ ရေကြောင်းညွန့်ပေါင်း အဖွဲ့တွင် ပါဝင်ရန် အဓိကမဟာမိတ် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗြိတိန်က စိတ်ဝင်စားကြောင်းပြသ ခဲ့သော်လည်း ဂျာမနီက ပင်လယ်ကွေ့ဒေသအတွင်း တင်းမာမှုကို ရှောင်ရှားနိုင်ရေး အတွက် သံတမန်နည်းအရသာ လုပ်ဆောင်မည်ဟု ပြောကြား၍ တုံ့ပြန်ခဲ့သည်။

အမေရိကန်အစိုးရသည် ၎င်းင်းတို့၏ ရေကြောင်းလုံခြုံရေး ညွန့်ပေါင်းအဖွဲ့အတွင်းသို့  ပူးပေါင်းပါဝင်ရန်  အာရှမဟာမိတ် နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအား စည်းရုံးခဲ့သည်။ သို့ရာတွင် ဂျပန်အစိုးရက အမေရိကန်၏ ဖျောင်းဖျပြောဆိုမှုကို လျစ်လျူရှုကာရေ ကြောင်းလုံခြုံရေး ညွန့်ပေါင်းအဖွဲ့သို့ ပူးပေါင်းမည့်အစား ဟော်မုဇ်ရေလက်ကြားသို့ ၎င်းင်းတို့၏ စစ်သည်များကို စေလွှတ်မည်ဟု တုံ့ပြန်ခဲ့သည်။ အကယ်၍ ဂျပန်အစိုးရက အဆိုပါ ရေကြောင်းလုံခြုံရေး ညွန့်ပေါင်း အဖွဲ့သို့ ပူးပေါင်းပါဝင်မည်ဆိုပါက ယင်း လုပ်ဆောင်ချက်သည် အီရန်အား အမျက်ဒေါသ ဖြစ်ပေါ်စေမည်ကို ဂျပန်က သဘော ပေါက်ထားသည်။ ဂျပန်အစိုးရသည် အီရန်မှ ရေနံဝယ်ယူတင်သွင်း နေရသည့်အပြင် ယင်းနိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။ ထို့ကြောင့် နှစ် နိုင်ငံဆက်ဆံရေးတွင် စွန်းထင်းမည့် အဖြစ်မျိုးကို ဂျပန်က လိုလားမည်မဟုတ်ပေ။

ဂျပန်နိုင်ငံ၏ အဆိုပါ လုပ်ဆောင်ချက်သည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ခြင်း သာဖြစ်သည်။ အီရန်နိုင်ငံသည် တောင်ကိုရီးယားနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိ သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြားတွင်လည်း သံတမန်ရေးနှင့် စွမ်းအင်ကဏ္ဍ တို့၌ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံကြား ဆက်ဆံရေးသည်၂၀၁၆ ခုနှစ်က တိုးတက်လာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကြောင့် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ဖြစ်ထွန်း စေမည့် ဆက်ဆံရေးတစ်ရပ် ထွက်ပေါ်လာစေနိုင်သည်ဟု တောင်ကိုရီးယားသမ္မတ ဟောင်း ပါ့ခ်ဂွမ်ဟေးက၂၀၁၆ ခုနှစ် မေလအတွင်း ပြောကြားခဲ့ပြီး အီရန်သည် တောင် ကိုရီးယားက အားကိုးအားထား ပြုနေရသည့် လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံဖြစ် သည်ဟု လက်ရှိသမ္မတ မွန်ဂျေးအင်က ပြောကြားထားသည်။ ထို့ကြောင့် တောင်ကိုရီး ယားက အရှေ့အလယ်ပိုင်းရှိ ရေကြောင်း လုံခြုံရေးညွန့်ပေါင်း အဖွဲ့သို့ ပူးပေါင်းပါဝင် ခြင်းသည် အီရန်အား စိုးရိမ်မကင်း ဖြစ်လာစေနိုင်သည်။ ထို့ကြောင့် တောင်ကိုရီးယား အစိုးရအနေဖြင့် အမေရိကန်၏ ဖိအားများကြားမှ နိုင်ငံ၏ အကျိုးစီးပွားကို ဆက်လက် ထိန်းသိမ်းနိုင်ရေး လုပ်ဆောင်ရဖွယ် ရှိသည့်အပြင် ရေကြောင်းလုံခြုံရေး အကြောင်းပြ ချက်ဖြင့် အမေရိကန်က အရှေ့အလယ်ပိုင်း၌ စစ်အင်အားတိုးမြှင့်ဖြန့်ကြက်ခြင်းသည်  တင်းမာမှုကိုသာ   မြင့်တက်လာစေနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ 

Ref: Sputnik, Financial Tribune,Yonhap

Read 23 times
Rate this item
(0 votes)
Last modified on Wednesday, 25 December 2019 21:42