SJ WorldNews - шаблон joomla Авто

လူဦးရေ ၁၄၆ သန်းရှိပြီး COVID-19 ရောဂါကူးစက်မှုအနည်းဆုံးနှင့် တည်ငြိမ်နေသည့်ရုရှား

Tuesday, 31 March 2020 10:02 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်နှင့် ဥရောပအပါအဝင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် COVID-19 ရောဂါ  အကြီးအကျယ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ကြိုးစားနေချိန် ရုရှားသမ္မတ ဗလာဒီမာပူတင်က  မတ်လ တတိယပတ်တွင် ဗိုင်းရပ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ရုရှားအစိုးရ၏ တရားဝင်ထုတ်ပြန်ချက် အရ လူဦးရေ ၁၄၆ သန်းရှိသည့် ရုရှား တစ်နိုင်ငံလုံး၌ ကူးစက်သူ ၂၅၃ ဦးသာရှိ သည်ဟုဆိုထားကာ စောင့်ကြည့်အရေ အတွက် ၆၅ဝဝဝ  ကျော် အထိရှိခဲ့သည်။ ထို့ကြောင့် ရုရှားက ကမ္ဘာပေါ်၌ ဗိုင်းရပ် ထိန်းချုပ်နိုင်သည့် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်လာခဲ့ကာ နည်းပညာအားသာချက်ကြောင့် ထိုကဲ့သို့ ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း ဃြ ကဆိုသည်။

လက်ရှိ  ရုရှားတစ်နိုင်ငံလုံး၌  စောင့် ကြည့်ကင်မရာပေါင်း  ၁၇ဝဝဝဝ  အထိ တပ်ဆင်ထားပြီး သတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ ရယူနေကာ COVID-19 ရောဂါလက္ခ ဏာရှိသူများကို ထိန်းချုပ်ရေးစင်တာမှ ခြေရာခံလျက်ရှိသည်။ တရုတ်နိုင်ငံ၌ ၂ဝ၁၉ ခုနှစ်က အသက်သွင်းခဲ့သည့် မျက်နှာစကင်ဖတ်သည့်စနစ်က ရုရှား၌ သုံးနှင့်ပြီးသားစနစ် တစ်ခုဖြစ် ကာ  ထိုဒေတာများကို  ဗိုင်းရပ် ထိန်းချုပ်ရေးအတွက် အသုံးပြုနိုင်ခဲ့သည်။

ထို့ပြင် ရုရှား၏ အကြီးမားဆုံးအားသာချက်တစ်ခုက မိုင်ပေါင်း ၂၆ဝဝ ရှည်သည့် တရုတ်နှင့် ရုရှားနယ်စပ်ကို ဇန်နဝါရီလ ကုန်ကတည်းက ပိတ်ထားကာ ဖေဖော်ဝါရီလတွင် လူပေါင်း  ၁၂ဝဝဝဝ ကျော်ကို ဗိုင်းရပ်စစ်ဆေးနိုင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်၌ ဗိုင်းရပ်အတွက်  ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်မှုများကို မတ်လအစပိုင်းမှသာ စတင်ခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီ ၂ဝ ရက်တွင် ပထမကူးစက်သူတွေ့သော်လည်း အမေရိကန်အစိုးရ၏ လှုပ်ရှားမှုက အားနည်းခဲ့ သည်။

ထိုအားနည်းချက်ကြောင့် ဥရောပ၌ အီတလီနှင့် စပိန်တို့  ဗိုင်းရပ်ပျံ့နှံ့မှုကို အများဆုံးခံရကာ ယခုအီတလီ၌ သေဆုံးသူပေါင်း ၁ဝဝဝဝ ကျော်နှင့် ကူးစက်သူ ပေါင်း ၈ဝဝဝဝ ကျော်ရှိပြီဖြစ် သည်။ အမေရိကန်၌ ကူးစက်သူပေါင်း ၁၃ဝဝဝဝ ကျော် နှင့် ကမ္ဘာ့ပထမဆုံး ဗိုင်းရပ်ကူး စက်ခံထား ရသူနေရာကို ရက်ပေါင်း ၇ဝ အတွင်း ယူထားကာ အမျိုးသားကာကွယ်ရေးဥပဒေ ကို အသက်သွင်း လိုက်ရပြီဖြစ်သည်။

အမေရိကန်၏ ဒုတိယမြို့တော် နယူးယောက်က အဆိုးရွားဆုံးကူးစက်ခံရသည့် နေရာအဖြစ် မှတ်တမ်းဝင်လာကာ ထရမ့်အစိုးရက ဗိုင်းရပ်ပြန့်ပွားမှုကြာချိန်ကို ၁၈ လအဖြစ် သတ်မှတ်ထား လိုက်ပြီဖြစ်သည်။ လက်ရှိအချိန် အမေရိကန်အစိုးရသည် အသွားအလာအားလုံးကို ကန့်သတ် ထားလိုက်ပြီဖြစ်ကာ ထိုအချိန်တွင် ရုရှား၌ မြေအောက်ရထားဘူတာရုံများကို ပုံမှန်အတိုင်း ပြေးဆွဲခွင့် ပေးထားသည်။

ရုရှား၏ ပထမဆုံးလူနာက အီတလီမှ ပြန်လာသူဖြစ်ကာ တရုတ်မှ ထွက်ပြေးလာသည့် အမျိုးသမီးဆီမှ မဟုတ်ခဲ့ပေ။ ယခု ရုရှားက မိုဘိုင်းလ်ဖုန်းနှင့် ငွေပေးချေကတ်များကို ခြေရာခံကာ သံသယရှိသူများကို မြေပုံဆွဲစောင့်ကြည့်နေပြီး သတင်းအချက် အလက်များကို   ထိန်းချုပ်ရေးစင်တာမှ မိုဘိုင်းလ်ဖုန်းများသို့ ပို့ပေးနေသည်။ သံသယ လူနာများကို အိမ်ထဲမှ အိမ်ပြင်မထွက်စေဘဲ ဥပဒေချိုးဖောက်မှုများကို ပြင်းထန်စွာ အရေးယူလျက်ရှိသည်။ ထိုချိုး ဖောက်မှုများကို CCTV ကင်မရာများမှတစ်ဆင့် အချိန်ပြည့်စောင့်ကြည့်နေစေကာ နောက်ထပ် ကင်မရာအလုံးပေါင်း ၉ဝဝဝ ထပ်မံတပ်ဆင်ရန် ရုရှားအစိုးရက အမိန့်ထုတ်ပြန်ထားပြီး ဖြစ် သည်။

ရုရှားတို့ ထိုစောင့်ကြည့်ရေးစနစ်ကို အသက်သွင်းလာသည်မှာ ၂ဝ၁၉ ခုနှစ်က တည်းက ဖြစ်ကာ အကယ်၍ ကမ္ဘာပေါ်၌ အဆိုးရွားဆုံးဖြစ်ရပ်များ ဖြစ်ခဲ့လျှင်ဆိုသည့် ရည်ရွယ်ချက်ဖြင့်  အဆိုပါစနစ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တိုက်ဆိုင်စွာပင် COVID- 19 ရောဂါက ၂ဝ၂ဝ ပြည့်နှစ် ကမ္ဘာ့ကပ်ရောဂါ အဖြစ်ရောက်ရှိလာကာ ရုရှားတို့က ထိုအချိန်တွင် အတိုင်းအတာ တစ်ခုအထိ အဆင်သင့်ဖြစ် နေခဲ့ပြီဖြစ်သည်။

ထို့ကြောင့် လက်ရှိ တစ်ကမ္ဘာလုံးအုတ် အော်သောင်းတင်းဖြစ်နေချိန်တွင် ရုရှားတို့ အနေ အထိုင်မပျက် ဟန်ချက်ညီညီနှင့် နိုင်ငံကိုလည်ပတ်စေကာ ရယူထားသည့် သတင်းအချက် အလက်များကိုလည်း ရက်ပေါင်း ၆ဝ ကြာပြီးလျှင် ပယ်ဖျက်ပေးမည်ဟု ကတိပြုထားသည်။ လက်ရှိရုရှား၏ ဗိုင်းရပ်ကူးစက်သူ ၂၅၃ ဦးဆိုသည့် အတည်ပြု ဗိုင်းရပ်လူနာအရေအတွက်က လူပေါင်း ၆၂၈ဝဝဝ သာရှိသည့် လူဇင်ဘတ်၏ အတည်ပြု လူနာအရေအတွက်ထက် များစွာ နည်းနေသည်။

လူဇင်ဘတ်၌ လက်ရှိအချိန်ထိ အတည်ပြုလူနာ ၆၇ဝ ရှိပြီး ရှစ်ဦးသေဆုံးခဲ့သည်။ ရုရှားတို့  အသုံးပြုခဲ့သည့် နည်းလမ်းကို နောက်ကလိုက်ခဲ့သည့်သူက တောင်ကိုရီးယားဖြစ်သည်။ တောင်ကိုရီးယား၌ ဖေဖော်ဝါရီလကုန်ပိုင်းက ဗိုင်းရပ်ကူးစက်မှု တစ်ရက်လျှင် ရာချီအထိ မြင့်တက်ခဲ့ကာ ထိန်းမနိုင်သိမ်းမရ အခြေအနေတစ်ခုအထိ ဖြစ်ခဲ့သည်။ သို့သော်လည်း ရုရှားနည်းတူ မိုဘိုင်းလ်ဖုန်းများနှင့် ငွေပေးချေကတ်များ နောက်ကြောင်းကို ခြေရာခံလိုက်ခဲ့ သည့်အခါတွင် ကူးစက်မှုက အောက်ဆုံးအထိ ရောက်သွားသည်။

သောင်းနှင့်ချီ စောင့်ကြည့်ခံလူများကိုလည်း အတည်ပြု စစ်ဆေးချက်များနှင့် ပြန်လည်သွား လာခွင့်ပြုခဲ့ပြီဖြစ်ကာ လက်ရှိ ဗိုင်းရပ်အဖြေစောင့်နေဆဲလူနာ ၃ဝဝ ကျော်သာ ရှိသည်။ ထို့ကြောင့် ကူးစက်မှုပေါင်း ၉၆၆၁ ဦးအထိဖြစ်ပြီး သေဆုံးမှု ၁၅၈ ဦးအထိရှိခဲ့သော တောင်ကိုရီးယား၌ အကြီးမားဆုံး အောင်မြင်မှုဟု ဆိုရမည်ဖြစ် သည်။

အမေရိကန်၏ သတင်းစာ ဝါရှင်တန်ပို့စ်က ဗိုင်းရပ်ထိန်းချုပ်ရေးတွင် တောင်ကိုရီးယားကို အမေရိကန်တို့ အတုယူသင့်သည်ဟုဆိုထားကာ တောင်ကိုရီးယားနည်းတူ အောင်မြင်ခဲ့သူ များက ဟောင်ကောင်နှင့် စင်ကာပူတို့ဖြစ်သည်။ ထိုနိုင်ငံများအပြင် ကျန်သည့်နိုင်ငံများက ယခုအချိန်တွင် ထိန်းမနိုင်သိမ်းမရဖြစ်နေသေးကာ ကူးစက်မှုအနည်းဆုံးဟု သတ်မှတ်ထား သည့် ဂျပန်ပင် ယခု တဖြည်းဖြည်းနှင့် ကူးစက်မှုအသစ်များ ပိုမိုတွေ့လာနေရသည်။

ထိုအချိန် လူဦးရေသန်းရာချီရှိသည့် ရုရှားက တရုတ်ပြီးလျှင် ကမ္ဘာပေါ်၌ အတည်ငြိမ်ဆုံး အနေအထားဖြင့် ရပ်တည်နေကာ ဗိုင်းရပ်ကာလပြီးလျှင် တရုတ်နှင့် ရုရှားနှစ်နိုင်ငံ ပေါင်းသြဇာ က အမေရိကန်ထက်ပင် ပိုမိုခေါင်းထောင်လာမည့်ပုံစံဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။

ထိုအချိန် ရုရှားသမ္မတပူတင်ကလည်း ၂ဝ၃၆ ခုနှစ်အထိ အာဏာတည်မြဲမည့် ဥပဒေတစ်ရပ် ကို လက်မှတ်ရေးထိုးထားပြန်ကာ ရေရှည်အာဏာတည်မည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ထိုမဟာမိတ်နှစ်နိုင်ငံက ဗိုင်းရပ်ပြီးကာလတွင် အနောက်အုပ်စုကို ပိုမိုသြဇာလွှမ်းမိုး လာမည့် အရိပ် အယောင်ပိုမိုတွေ့မြင်လာနေရပါကြောင်း တင်ပြလိုက်ရပါသည်။  

ရှိန်းထက်

 Ref;CNN

Read 39 times
Rate this item
(0 votes)
Last modified on Tuesday, 31 March 2020 10:04