SJ WorldNews - шаблон joomla Авто

COVID-19 ဗိုင်းရပ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို အောင်မြင်စွာကိုင်တွယ်ခဲ့ပြီး သေဆုံး သူမရှိသေးသည့် ဗီယက်နမ်

Wednesday, 03 June 2020 12:06 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့စူပါ ပါဝါ အမေရိကန်၏ ကျဆုံးခန်းကတော့ ဗိုင်းရပ်ကာလနှင့် တစ်ပြိုင်တည်း ထင်ရှားစွာထွက်ပေါ်လာခဲ့ကာ ယခု အမေရိကန်၏ မြို့ပေါင်း ၅၀ ၌ ကာဖျူးအမိန့်ပင် ထုတ်လိုက်ရပြီဖြစ်သည်။ ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ အိမ်ပြင် မထွက်ရအမိန့် ချက်ချင်း အသက်ဝင်လာသည့်မြို့ ၃၀ ကျော်ဖြစ်လာကာ အိုကလာဟိုးမားဆိုလျှင် ကာဖျူးအမိန့်ကို နံနက် ၆ နာရီအထိ တစ်နာရီ ထပ်တိုးထားရသည်။

နိုင်ငံတစ်ဝန်း ကာဖျူးအမိန့်ထုတ်ထားသည့် မြို့ကြီးများ၌ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်နေပြီး နယူးယောက်နှင့် ဝါရှင်တန် ဒီစီမြို့ကြီးများ၌ပင် မျက်ရည်ယိုဗုံးများနှင့် ငရုတ်ကောင်းရည်များသုံးကာ အကြမ်းဖက် လူစုခွဲနေရပြီဖြစ်သည်။ ရဲများ၏ လူမျိုးရေး ခွဲခြားမှုက ပိုမိုသိသာ ထင်ရှားလာခဲ့ပြီး ရုပ်သံသတင်းထောက် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးရမှုက အမေရိကန်လူထုကို ပိုမိုဒေါသထွက်စေခဲ့ကာ လူတိုင်း နီးပါးကို လမ်းမပေါ် ရောက်လာစေခဲ့သည်။

ယခင်က ဟောင်ကောင်ရဲများက ဆန္ဒပြလူထုအား လက်နက်သုံး အင်အားဖြိုခွင်းမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကြမ်းဖက် လုပ်ရပ်ဟုခေါ်ခဲ့ကာ ယခုတော့ အမေရိကန် နိုင်ငံသားတို့၏ အကြမ်းဖက်သမားက ထရမ့်ကိုယ်တိုင်ဖြစ်နေသည်။ မေ ၃၁ ရက်အထိ ဆန္ဒပြမှုများအတွင်း ရဲများ၏ပစ်ခတ်မှုကြောင့် သေဆုံးသူရှစ်ဦး အထိရှိ လာခဲ့ပြီဖြစ်ကာ အရာအားလုံး ထရမ့်၏ လွဲမှားသည့် ကိုင်တွယ်မှုများကြောင့်ဖြစ်သည်။

ထိုကြားထဲ FBI ထိပ်တန်းအရာရှိများလည်း ရာထူးမှနုတ်ထွက်လာကာ အမေရိကန်က ဒုတိယဘရာဇီးကဲ့သို့ ဖြစ်လာနေသည်။ ထို့ကြောင့် အမေရိကန်အစိုးရ၏ ဗိုင်းရပ်ထိန်း ချုပ်ရေးဆိုသည့် မူလရည်ရွယ်ချက် ပျောက်ကွယ်သွားကာ ဆန္ဒပြလူထုကို ထိန်းချုပ် ရေးက ထရမ့်အတွက် ဦးစားပေးဖြစ်လာသည်။ တစ်ချိန်က ပြည်သူအများစု လေးစား အားကျခဲ့ရသော NYPD နယူးယောက်ရဲတပ်ဖွဲ့ကလည်း စိတ်ပျက်ဖွယ်ရာဖြစ်လာကာ  ယခုအချိန်တွင်တော့ အမေရိကန်သည် တည်ငြိမ်သည့် နိုင်ငံတစ်နိုင်ငံ မဟုတ်တော့ပေ။

ဗိုင်းရပ်ကိုင်တွယ်ပုံ ညံ့ဖျင်းပြီး လွဲမှားသည့် စီမံခန့်ခွဲမှုများကြောင့် အမေရိကန်သည်  ငါးလအတွင်း ဆောက်တည်ရာမရသော နိုင်ငံတစ်နိုင်ငံအဖြစ် ချက်ချင်း ပြောင်းလဲသွား ခဲ့ကာ ယခုတော့ အတည်ငြိမ်ဆုံးက အာရှဒေသ ဖြစ်လာသည်။

အာရှ၌ အမေရိကန်နှင့် အနောက်အုပ်စုတို့ပင် စံထားရလောက်အောင် COVID-19 ဗိုင်းရပ်ကို ကိုင်တွယ်နိုင်ခဲ့သည့်နိုင်ငံများက တောင်ကိုရီးယား၊ တရုတ်တိုင်ပေနှင့်   ဟောင်ကောင်တို့ဖြစ်ကာ နောက်ထပ်စံထားရလောက်သည့် အာဆီယံမှ နိုင်ငံတစ်နိုင်ငံ ကျန်နေသေးသည်။ ကူးစက်သူ ၃၂၈ ဦးတွင် ယခုအချိန်ထိ သေဆုံးသူမရှိစေရန် ထိန်းထားနိုင်သော ဗီယက်နမ်ဖြစ်သည်။

ဗီယက်နမ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် ဝင်ငွေနိမ့်ကျသော နိုင်ငံတစ် နိုင်ငံအဖြစ် ရှိနေသေးကာ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင်လည်း လူဦးရေ တစ် သောင်းတွင် ဆရာဝန်ရှစ်ဦးသာ အချိုးကျရှိသော နိုင်ငံဖြစ်သည်။

ထိုအချက်က ဗီယက်နမ်လူဦးရေနှင့် နှိုင်းယှဉ်လျှင် နည်းပါးလွန်းသည်ဟုဆိုနိုင်ကာ တောင်ကိုရီးယား လူဦးရေနှင့်ဆိုလျှင် သုံးပုံတစ်ပုံသာရှိသော ပမာဏဖြစ်သည်။ ထို့ပြင် ဗီယက်နမ်သည် နိုင်ငံခြားဝင်ငွေကို ခရီးသွားကဏ္ဍမှ အဓိကမှီခိုနေရသည့် နိုင်ငံတစ် နိုင်ငံလည်းဖြစ် နေပြန်သည်။ ဗီယက်နမ်သို့ နှစ်စဉ် ခရီးသွား ၄ ဒသမ ၅ သန်းကျော် လာရောက်သည့် အနက် တရုတ်ခရီးသွား ၁ ဒသမ ၃ သန်း ကျော်အထိရှိသည်။

ထို့ကြောင့် ဗိုင်းရပ်စတင်ဖြစ်ပွားရာ ဝူဟန်နှင့်လည်း နေ့စဉ်တိုက်ရိုက်အဆက် အသွယ် ရှိပြီး ကီလိုမီတာထောင်ချီရှိသော တရုတ်နှင့် နယ်စပ်မျဉ်း အဆက်အစပ်ရှိသည့်  ဗီယက်နမ်အနေဖြင့် ဗိုင်းရပ်ကိုမည်သို့ ထိထိရောက်ရောက် ကိုင်တွယ်ခဲ့သလဲဆိုသော အချက်က  လူတိုင်းစိတ်ဝင် စားစရာဖြစ်လာသည်။

အဓိကအချက်က COVID-19 ဗိုင်းရပ်အတွက် ကြိုတင်ပြင်ဆင်ခဲ့မှု၊ မှန်ကန်သော အစောဆုံး အရေးယူဆောင်ရွက်မှုများနှင့် ပွင့်လင်းမြင်သာမှုရှိသော ဗီယက်နမ်အစိုးရ ကြောင့်ဖြစ်သည်။  ဗီယက်နမ်အစိုးရက တရုတ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့မှ အရေးပေါ်ကြေညာချက်ရောက်သည့် အချိန်ထိမစောင့်ဘဲ ၎င်းတို့ရရှိထားသည့် အချက်အလက်များပေါ် အခြေခံကာ ကြိုတင်ပြင်ဆင်မှုများကို အကောင်းဆုံး ဆောင် ရွက်ခဲ့သည်။

မိုင်ပေါင်းများစွာ ရှည်လျားသော တရုတ်နှင့် နယ်စပ်မျဉ်းတစ်လျှောက် အဝင်အထွက် ဂိတ်အားလုံးကို လူပေါင်းထောင်ချီ Quarantine ဝင်နိုင်သည့်နေရာများအဖြစ် ကြိုတင် ပြင်ဆင်ခဲ့ကာ လေဆိပ်နှင့်ပင်လယ် ကူးဆိပ်ကမ်းများပါမကျန် အဝင်အထွက် ဂိတ်အား လုံးကို အကြပ်မတ်ဆုံး ကိုင်တွယ်ခဲ့သည်။ ဗီယက်နမ်၌ ပထမဆုံးဗိုင်းရပ် စတင် မတွေ့ရှိမီကတည်းကပင် ကျန်းမာရေးဝန်ထမ်းနှင့် Quarantine စင်တာ အားလုံး အဆင်သင့်ဖြစ်နေခဲ့ကာ တရုတ်ပြင်ပ၌ ပထမဆုံး လူအများဆုံး Lockdown ချမှု ဆောင်ရွက်ခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။

ကမ္ဘာပေါ်၌ ယခု ဗိုင်းရပ်ကို ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် နိုင်ငံအားလုံးက ဗိုင်းရပ်ကို အထင်သေးပြီး ကြိုတင်ပြင်ဆင်မှု အားနည်းသည့် နိုင်ငံများဖြစ်သည်။

သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများကတော့ ရှိသလောက်အင်အား၊ အကောင်းဆုံး ကြိုတင်ပြင် ဆင်မှုဖြင့် တိုက်ပွဲဝင်ခဲ့ကြကာ အောင်ပွဲဆင်နိုင်ခဲ့ကြပြီး ဗီယက်နမ်ကတော့ COVID-19 ဗိုင်းရပ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့သည့် စံထားရ လောက်သော နိုင်ငံဖြစ်လာသည်။

ဗိုင်းရပ်ပထမလှိုင်းတွင် လူပေါင်းဆယ်ချီသာ ကူးစက်ခံခဲ့ရပြီး ပထမဆုံးဗိုင်းရပ် ကူးစက် လူနာကို ဇန်နဝါရီ ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ကာ ဗီယက်နမ်၌နေထိုင်ပြီး ဝူဟန်ရှိ ၎င်း၏သားထံသို့ သွားရောက်လည်ပတ်ခဲ့ကြသော တရုတ်လူမျိုး သားအဖနှစ်ဦးက စတင်သယ်ဆောင်လာခြင်းဖြစ်သည်။ ကူးစက်မှုအတည်ပြုပြီး နောက်တစ်ရက် အကြာ တွင် ဝူဟန်နှင့် ဗီယက်နမ်လေကြောင်းလိုင်းကို ချက်ချင်းရပ်တန့်လိုက်ကာ နယ်စပ်ဂိတ် အားလုံးနှင့် အဝင်အထွက်အားလုံးကိုလည်း ပိတ်ဆို့ထားလိုက်သည်။

ထိုအချိန် အဝင်အထွက်ဂိတ်များ၌ ရောဂါလက္ခဏာ သံသယလူနာအဖြစ် Quarantine  ဝင်ရသူပင် သောင်းချီရှိခဲ့ကာ အားလုံးလူပေါင်း ခုနစ်သောင်းအထိ ရှိခဲ့သည်။ ကိုယ်တိုင်  အိမ်တွင် သီးခြားစောင့်ကြည့်သည့် အရေအတွက်က ၁၂၀၀၀၀ အထိရှိခဲ့ကာ   ကျန်းမာရေး စောင့်ကြည့်စင်တာများနှင့် ဆေးစစ်ရန် ဗီယက်နမ်အစိုးရက အခမဲ့စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဗီယက်နမ်အစိုးရက စီရင်စု ၃၆ ခု၌ ခရိုင်အဆင့် ကျန်းမာရေးစင်တာ ၇၀၀ ကျော် နှင့် ၁၁၀၀၀ ကျော်သော စောင့်ရှောက်ရေး စင်တာများ ထားရှိခဲ့သည်။ ပြည်နယ်အလိုက် အရေးပေါ်ဆက်သွယ်ရေးဖုန်းလိုင်းများ ချပေးထားခဲ့ ကာ ဗီယက်နမ်အမျိုးသား ကျန်းမာရေး အရေးပေါ်ဖုန်းလိုင်းတစ်ခုတည်းသို့ ဆက်သွယ် လာသူအရေအတွက်မှာ တစ်ရက်တည်း နှစ်သောင်းကျော်ရှိခဲ့သည်။

ကျန်းမာရေးဌာနပိုင် နေရာအားလုံးအပြင်ဟိုတယ်နှင့် စစ်တပ်စခန်းများကို Quarantine စင်တာအဖြစ် အသုံးပြုခဲ့ကာ ယခုတော့ ဗီယက်နမ်၌ပြည်တွင်း ကူးစက်မှုသုည အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ၂၂ သန်းသော ကျောင်းသားများ ပုံမှန် ကျောင်းပြန်တက်နေပြီး စီးပွားရေးလုပ်ငန်းများလည်း ပုံမှန်လည်ပတ်နေ ပြီဖြစ်ကာ ယခုတော့ ဗီယက်နမ်က ဗိုင်းရပ်ဒုတိယလှိုင်းကို အောင်မြင်စွာကိုင်တွယ်နိုင်သည့်   နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  

ရှိန်းထက်

Ref;CNN

Read 18 times
Rate this item
(0 votes)
Last modified on Wednesday, 03 June 2020 12:08