SJ WorldNews - шаблон joomla Авто

လေဖိအားနည်း ရပ်ဝန်း မုန်တိုင်းငယ် အဖြစ်ရောက်ရှိ …..

Thursday, 31 October 2019 09:13 Written by  font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၃၀

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ လက်ရှပ်ဝိ၊ မော်လ်ဒိုက်နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကိုမိုရင်း ဧရိယာ (Comorin area) တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး မော်လ်ဒိုက်- ကိုမိုရင်းဧရိယာတွင် ဆက်လက် တည်ရှိနေ သည်။

အဆိုပါ မုန်တိုင်းငယ်သည် မော်လ်ဒိုက်နိုင်ငံ မာလီမြို့ (Male) ၏ အရှေ့မြောက်ဘက် မိုင် ၂၁၀ခန့်နှင့် မီနီကွိုင် (Minicoy) (လက်ရှပ်ဝိ - Lakshadweep) ကျွန်း၏ အရှေ့- အရှေ့တောင်ဘက် မိုင် ၂၁၀ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ လက်ရှပ်ဝိ ကျွန်းကို ဖြတ်ကျော် ပြီးနောက် အာရေဗျ ပင်လယ်သို့ ရောက်ရှိသွားမည်ဟု ခန့်မှန်းရပါသည်။

(မိုး/ဇလ)

Read 284 times
Rate this item
(0 votes)
Last modified on Thursday, 31 October 2019 09:15