Print this page

ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့၏ အရှေ့မြောက်ဘက် ၁ဝ မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေ

Thursday, 21 May 2020 09:31 Written by  font size decrease font size decrease font size increase font size increase font size

 

ယနေ့ည ၉ နာရီခွဲအချိန်တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဒီဂါမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟတီရာကျွန်းစုတို့ကြားမှ ဖြတ်ကျော်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း    အမ်ဖန်f(AMPHAN)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး    အိန္ဒိယနိုင်ငံ   ကိုးလ်ကတ္တားမြို့၏အရှေ့မြောက်ဘက် ၁ဝ မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေသည်။

 

နောက် ၁၂ နာရီအတွင်းခန့်မှန်းချက်အနေဖြင့်    အဆိုပါအားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)သည် မြောက်-အရှေ့မြောက်ဘက် သို့ ဆက်လက်ရွေ့လျားပြီး နောက် ၁၂ နာရီ အတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်(AMPHAN)အဖြစ်သို့ အားလျော့ သွားမည်ဟု ခန့်မှန်းရသည်။

 

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်အနေဖြင့် အဆိုပါအလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန်(AMPHAN)၏ အရှိန်ကြောင့် ၂ဝ-၅-၂ဝ၂ဝ မှ ၂၁-၅-၂ဝ၂ဝ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် ရှမ်းပြည် နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

 

မြေပြင်လေတိုက်ခတ်နိုင်မှုအခြေအနေ ခန့်မှန်းချက်အနေဖြင့် အဆိုပါအလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN)၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက် ပိုင်းနှင့် နီးကပ်နေခြင်းကြောင့်လည်းကောင်း၊ မုန်တိုင်းကမ်းကိုဖြတ်ကျော်ပြီးနောက် မုန်တိုင်းအကြွင်း အကျန်တိမ်တိုက်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် (မြောက် ပိုင်း)နှင့် ချင်းပြည်နယ် တို့ပေါ်သို့ ရောက်ရှိနိုင်ခြင်းကြောင့်လည်း ကောင်း၊ ၂ဝ-၅-၂ဝ၂ဝ မှ ၂၁-၅-၂ဝ၂ဝ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တစ်နာရီ လျှင် မိုင် ၃ဝ မှ ၃၅ မိုင်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃ဝ  အထိ တိုက်ခတ်နိုင်သည်။

 

Read 71 times
Rate this item
(0 votes)
Last modified on Thursday, 21 May 2020 09:37
ကေတု

Latest from ကေတု