ထိုင်းသိပ္ပံပညာရှင်များက ကြက်ဥအကာမှ ဆန်များကို အောင်မြင်စွာ ထုတ်လုပ်

 

ထိုင်းသိပ္ပံပညာရှင်များက ကြက်ဥအကာမှ ဆန်များကို အောင်မြင်စွာ ထုတ်လုပ်

 

ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကြက်ဥအကာမှတစ်ဆင့် အမှန်တစ်ကယ်  ချက်ပြုတ်စားသောက် နိုင်သည့်ဆန်များကို အောင်မြင်စွာ ထုတ်လုပ်လိုက်နိုင်ကြောင်း သိရသည်။

ထိုဆန်ကို ထုတ်လုပ်ရခြင်းမှာ ထမင်းအစားများမှုကြောင့်ဖြစ်သည့် ကိုယ်အလေးချိန်တက်မှု၊    သွေးတွင်း သကြားဓာတ်မြင့်တက်မှုတို့ကို လျော့ပါးစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

အထူးသဖြင့်   ခန္ဓာကိုယ်အတွက် ကစီဓာတ်နှင့်  သကြားဓာတ်ပါဝင်မှုကို ထိန်းချုပ်နေရသည့်   ဆီးချိုရောဂါသည်များအတွက်  များစွာအကျိုးရှိစေမည်ဖြစ်သည်။

သုတေသနပညာရှင်များသည် ကြက်ဥအကာတွင်ပါဝင်သည့်  ပရိုတိန်းများနှင့် ၎င်းတို့၏ ဖွဲ့စည်းပုံများကို  ဆန်များအဖြစ် ပြောင်းလဲခြင်းအားဖြင့် ကြက်ဥအကာဆန်ကို ထုတ်လုပ်ခြင်း ဖြစ်သည်။

ထိုဆန်သည် အမြင်အားဖြင့်သော်လည်းကောင်း၊    အရသာအားဖြင့်သော်လည်းကောင်း အားလုံးက သမားရိုးကျဆန် အစစ်အတိုင်းပင် ဖြစ်ကြောင်း၊ ကွာခြားချက်မှာ အာဟာရတန်ဖိုးကို  ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်းနှင့် ကျန်းမာရေးကို ဆိုးဝါးစေသည့် သက်ရောက်မှု လုံးဝမရှိကြောင်း သုတေသန ပညာရှင်များက ပြောသည်။

ထို့ပြင်    ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက် ပရိုတိန်းတန်ဖိုးကို လျော့ကျမသွားအောင်    ဖန်တီးထားခြင်းဖြစ်

ကြောင်း၊   ကယ်လိုရီပမာဏကျဆင်းပြီး ကယ်စီယမ်ဓာတ်မြင့်မားစွာ ပါဝင်ကြောင်း သုတေသနပညာရှင်များက   ဆက်ပြောသည်။

Ref: The Nation