SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ချီးမြှင့်မည့် ပထမဆုံးအကြိမှ် Star Awards တွင် ဆု ၁၅ ဆုပါဝင်

Thursday, 10 January 2019 09:46 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇန်နဝါရီ  

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း MJA က ကြီးမှူး၍ ၂ဝ၁၈ ခုနှစ်အတွင်း ရိုက်ကူးပြသခဲ့သည့်  ရုပ်ရှင်ဇာတ်ကားများ အနက်မှ ဆန်ခါတင် ၂၁ ကားကို ရွေးချယ်ထားပြီး ဆု ၁၅ ဆုချီးမြှင့်မည့ှ် Star  Awards ဆုချီးမြှင့်ပွဲကို ပထမအကြိမ်အဖြစ် ရန်ကုန်မြို့၌ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Star  Awards ဆုချီးမြှင့်ပွဲနှင့် ပတ်သက်၍ အကြိုစာနယ်ဇင်း ရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်ရှိ The  Yangon  Gallery၌ ကျင်းပရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလွှာအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သတင်းမီဒီယာများမှ သတင်းသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Star  Awards ဆုချီးမြှင့်ပွဲကို Stellar  Seven Entertainment မှ Organizer အဖြစ် လက်တွဲဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၈၃ ကား အနက်မှ ဆန်ခါတင် ၂၁ ကားကို ဆုရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များ၏ မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။

အဆိုပါ ဆုရွေးချယ်ရေး အတွက် အတိုင်ပင်ခံအဖွဲ့ကို   အဖွဲ့ဝင်ခြောက်ဦးဖြင့် လည်းကောင်း၊ ဆုရွေးချယ်ရေး ကော်မတီကို အဖွဲ့ဝင် ၂၁ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး  ဆုရွေးချယ်ရာတွင်   ဆန်ခါတင်ရုပ်ရှင် ဇာတ်ကားများကို အဖွဲ့ဖြင့် တစ်ကားချင်း ကြည့်ရှုကြကာ ရုပ်ရှင်ပညာရှင်များ၊ မြန်မာနိုင်ငံသတင်းစာဆရာ အသင်းက ဆုရွေးချယ်ရေး ကော်မတီဝင်များ၏ အကဲဖြတ် အမှတ်များဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။ ယင်းဆုများအနက် ရုပ်ရှင်ဝါသနာရှင်များ၊ ရုပ်ရှင်ကြည့်ပရိသတ်များက ပေးသောမဲများဖြင့် ရွေးချယ်ပေးမည့် ဆုအချို့လည်း ပါဝင်မည်ဖြစ်သည်။ ဆုအမျိုးအစားအလိုက်   ဆုကြေးမှာ တစ်ဆုလျှင် ငွေကျပ်သိန်း ၅ဝ ချီးမြှင့်သွားမည်ဖြစ်ရာ ဆုအမျိုးအစား များတွင် Honourable  Award ၊Story  Award ၊ Best  Picture  Award ၊Director Award ၊ Actor in the LeadingRole  Award ၊ Actress in the Leading Role Award ၊ Actor in the Supporting Role Award ၊ Actress in the Supporting Role     Award ၊ Photographer Award ၊  Director of Photography Award ၊ Special Effects Award ၊ Theme Song Award ၊ Special Award ၊Popular Award ၊ People's Choice Awardတို့ ပါဝင်သည်။

ထို့ပြင် Stellar Seven Entertainment က အခမ်းအနား ကျင်းပသည့်နေ့တွင် ပွဲသို့တက်ရောက်လာသည့်    အနုပညာရှင်များ အနက်မှ ခမ်းနားစွာ ဝတ်ဆင်လာသည့် အမျိုးသား အနုပညာရှင်တစ်ဦး၊ အမျိုးသမီး အနုပညာရှင် တစ်ဦးနှင့်  ပရိသတ် တစ်ဦးတို့ကို  Best Dress ဆုအဖြစ် ဆုသုံးဆုတို့ကိုလည်း ထပ်မံချီးမြှင့်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသတင်းစာဆရာ အသင်းအနေဖြင့် မြန်မာ့ရုပ်ရှင်လောက တိုးတက်ရေး၊ ရုပ်ရှင်လောကသားများ၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုများကို အသိအမှတ်ပြု အားပေးသည့် အနေဖြင့်  ချီးမြှင့်မည့် Star   Awards ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၅ ရက်တွင် ရန်ကုန်မြို့ရှိ  သုဝဏ္ဏဘူမိ Event  Park ၌  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Read 304 times Last modified on Thursday, 10 January 2019 09:47