SJ WorldNews - шаблон joomla Авто

The Voice Myanmar Season-2 ကို ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကြည့်ရှုနိုင်မည်

Wednesday, 23 January 2019 08:44 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇန်နဝါရီ  ၂၂

The Voice Myanmar Season-2 ကို ဖေဖော်ဝါရီ ၂၄ ရက်မှစ၍  အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီတွင် MRTV-4 ရုပ်သံလိုင်းမှ   ကြည့်ရှုအားပေး နိုင်မည်ဖြစ်ကြောင်း စီမံကိန်း မန်နေဂျာ ကိုရဲမျိုးထက်ထံမှ သိရသည်။

ပြိုင်ပွဲဝင်များကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလမှစ၍  အွန်လိုင်းမှ  ခေါ်ယူရာ လူဦးရေ ထောင်ချီလျှောက်ထားခဲ့ပြီး ပြိုင်ပွဲဝင်များကို တေးရေး စောခူဆဲလ်၊ Big Bag  Band မှ ကိုရဲဇော်မျိုးနှင့် ကိုဖြိုးမင်းနိုင်တို့က လူတွေ့စစ်ဆေးခဲ့သည်။

ထို့ပြင် Blind Audition အဆင့်အတွက် ပြိုင်ပွဲဝင် ၁ဝဝ ဦး ရွေးချယ်ပေးခဲ့ပြီး အသက်  ၁၅ နှစ်နှင့်အထက် မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရကာ  အဆင့်လေးဆင့်ဖြင့်  ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

The Voice Myanmar Season-2 တွင် ဟန်ထူးလွင်(ကျားပေါက်)၊ ရန်ရန်ချမ်းနှင့် နီနီခင်ဇော်တို့က ဒိုင်များအဖြစ်  ပြန်လည် ပါဝင်မည်ဖြစ်ပြီး အဆိုတော်  Rဇာနည်က ဒိုင်အသစ်တစ်ဦးအဖြစ် ပါဝင်လာမည်ဖြစ်သည်။

The Voice Myanmar Season-2 ၏ပထမအဆင့်ဖြစ်သည့် Blind Audition တွင် ဒိုင်များ နှစ်သက်လာအောင်  ပြိုင်ပွဲဝင်များက သီဆိုယှဉ်ပြိုင် ရမည်ဖြစ်သည်။

ယခုနှစ် သီချင်းဆိုပြိုင်ပွဲတွင် စည်းမျဉ်းသစ်အနေဖြင့် Steal ဟုခေါ်သည့် အဆင့်သစ်တစ်ခု ပါဝင်မည်ဖြစ်ပြီး  ဒိုင်များသည် မိမိအဖွဲ့မှ ပြိုင်ပွဲဝင်ခြောက်ဦးအပြင် တခြားအဖွဲ့မှ မိမိကြိုက်နှစ်သက်သော ပြိုင်ပွဲဝင် နှစ်ဦးကို  မိမိအသင်းသို့ ခေါ်ယူခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

Read 385 times Last modified on Wednesday, 23 January 2019 08:45