ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲများစည်ကားသိုက်မြိုက်စွာ ပြုလုပ်

နေပြည်တော်၊ မေ - ၂၅
    
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်များကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးနှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြ သည်။

ကဆုန်ညောင်ရေသွန်းပွဲတော်များသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဉက္ကဌများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် တိုင်းမှူးများနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒေသခံပြည်သူများတက်ရောက်ကြ၍ စည်ကားသိုက်မြိုက်စွာ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သတင်း ရရှိသည်။