ကမ္ဘာအေးဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံသို့ ၄ဝ လီတာဆံ့ အောက်ဆီဂျင်အိုးများနှင့်  Flow Meter များ ပေးအပ် လှူဒါန်း

ကမ္ဘာအေးဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံသို့ ၄ဝ လီတာဆံ့ အောက်ဆီဂျင်အိုးများနှင့်  Flow Meter များ ပေးအပ် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ ဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံသို့ Supreme Group of Companiesမှ ၄ဝ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံးနှင့် Flow Meter ၁၅ ခုကို သြဂုတ် ၂၁ ရက်က ပေးအပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ   ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်    ခေတ္တပါမောက္ခချုပ်(သင်ကြား) ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာအေး ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံမှ   တာဝန်ကျ ဆရာဝန်များနှင့် Supreme Group ofCompaniesမှ  တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ထို့နောက် လှူဒါန်းပွဲတွင် ၄ဝ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံးနှင့် Flow Meter ၁၅ ခု လှူဒါန်းရခြင်း အကြောင်းနှင့်ပတ်သက်၍   Supreme Group of Companies  မှ  တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး  ပေးအပ်လှူဒါန်းရာ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။