ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် သီပေါမြို့နယ်၌ ရှေးဦးပြုစုခြင်း လက်တွေ့ လေ့ကျင့်

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် သီပေါမြို့နယ်၌ ရှေးဦးပြုစုခြင်း လက်တွေ့ လေ့ကျင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ ခရိုင် သီပေါမြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ   ထိခိုက်ဒဏ်ရာရ  ရှေးဦးပြုစု ခြင်း လက်တွေ့လေ့ကျင့်ခြင်းကို စက်တင်ဘာ ၁၂ ရက်က သီပေါမြို့ ရွှေကျောင်းပဋိပတ္တိ သာသနာ့ရိပ်သာတွင် ပြုလုပ်သည်။

ရှေးဦးပြုစုခြင်းဆိုင်ရာများ လေ့ကျင့်ရာတွင်  လူနာအား  ဆန်းစစ်လေ့လာခြင်း၊ ပတ်တီးစည်းခြင်း၊ ရှေးဦးပြုစုခြင်း၊ ထမ်းစင် ဖြင့်  သယ်ဆောင်ခြင်း၊ လူနာအား အရေးပေါ်လူနာတင် ယာဉ်ပေါ်သို့ ပို့ဆောင်ခြင်း၊ နှလုံးနှိုးဆွခြင်းများ သရုပ်ပြခြင်း၊ လေ့ကျင့် ခြင်း၊ ကိုယ်တိုင်ပါဝင် ဆောင်ရွက်လေ့ကျင့် စေခြင်းကို   မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက ဦးဆောင်၍ တပ်ဖွဲ့ ဝင်  ၃ဝ  ဦးက  လက်တွေ့လေ့ကျင့် ပြသခဲ့သည်။

သီပေါမြို့နယ်    ကြက်ခြေနီအသင်းခွဲသည် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများတွင်   ကူညီဆောင်ရွက်ခြင်း၊ လူနေအိမ်များ၊ ဘာသာရေး ကျောင်းများအား အခမဲ့ပိုးသတ် ဆေးဖျန်းပေးခြင်း၊ Quarantine Center များ ပြင်ဆင်ဆောင်ရွက်ရာတွင်     ကူညီဆောင်ရွက်ပေးခြင်း    စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်း များကို ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။