ကမ္ဘောဒီးယား၌ ကိုဗစ်-၁၉ ရောဂါပိုးကို ရှာဖွေရန် အနံ့ခံခွေးများကို လေ့ကျင့်ပေး

ကမ္ဘောဒီးယား၌ ကိုဗစ်-၁၉ ရောဂါပိုးကို ရှာဖွေရန် အနံ့ခံခွေးများကို လေ့ကျင့်ပေး

ကမ္ဘောဒီးယားနိုင်ငံ၏ မြေမြှုပ်ဗုံးရှင်းလင်းရေး တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါပိုးကို ရှာဖွေရေးတွင် အသုံးပြုမည့် အနံ့ခံခွေးများကို လေ့ကျင့်ပေးလျက် ရှိကာ ဖောက်ခွဲရေး ပစ္စည်းများကို ရှာဖွေဖူးသော ခွေးများအနေဖြင့် ထိုရောဂါပိုးကို ရှာဖွေနိုင်မည်ဟု မျှော်မှန်းထားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေရေးတွင် ဘယ်ဂျီယံမာလီနွိုက်ခွေး ၁၂ ကောင် ပါဝင်မည်ဖြစ်ပြီး   ကမ္ဘောဒီးယား မိုင်း ရှင်းလင်းရေးဌာန အနေဖြင့်   ကိုဗစ်-၁၉ ရောဂါပိုး သယ်ဆောင်လာဖွယ်ရှိသော လူနာများကို အနံ့ခံရှာဖွေရေးအတွက် ထိုခွေးများကို လေ့ကျင့်ပေးနေခြင်းဖြစ်သည်။

 ကျန်းမာရေးသိပ္ပံ တက္ကသိုလ်အနေဖြင့် ထိုလေ့ကျင့်မှု ပြုလုပ်ရန် ကိုဗစ်-၁၉ လူနာများထံမှ အနံ့များ ထုတ်လွှတ်သော သဘာဝ ဓာတုဒြပ်ပေါင်း နမူနာများကို ကမ်ပေါင်ချနန် ပြည်နယ်ရှိ    မိုင်းရှင်းလင်းရေး ဌာနသို့ ထောက်ပံ့ပေးသည်။

၎င်းတို့၏ခွေးများသည် နှစ်လခွဲကြာ လေ့ကျင့်ပြီးနောက် ကိုဗစ်-၁၉ ရောဂါပိုး၏ အနံ့ကိုရှာဖွေနိုင်ရန်   အောင်မြင်မှု၏ အစောဆုံးအဆင့်တွင် ရောက်ရှိနေကြောင်း ခွေးလေ့ကျင့်သူ ခွန်ဆိုကလိက ပြောသည်။

ခွေးများအနက် လေးကောင်သည် အရှည်တစ်မီတာ ရှိသောပြွန်ထဲရှိ     ကိုဗစ်-၁၉ ရောဂါပိုးကို တစ်မိနစ်အတွင်း ရှာဖွေနိုင်ကြောင်းနှင့် အခြားရှစ်ကောင်က မည်သည့် ဟင်းလင်းပြင်နေရာတွင်မဆို ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုး၏ အနံ့များကို   ရှာဖွေရန် လေ့ကျင့်နေကြောင်း သိရသည်။

Ref: CNA