ကသာ၊ လူမှုရေး
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၌ အလှူရှင်မိသားစုမှ ရပ်ကွက်(၉)ရှိ ပတ္တမြားမြို့ဦးကျောင်းတိုက်၌ သီတင်းသုံးနေထိုင် တော်မူကြသည့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ယနေ့ နံနက် ၉ နာရီတွင် ဆွမ်းဆန်များနှင့် စားသောက်ကုန်များ လာရောက် လှူဒါန်းပေးကြောင်း သိရသည်။
ယခုအခါ ကသာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူများပြားလာပြီး ရောဂါပိုးပျံ့နှံလာခြင်းနှင့် ဝါတွင်းကာလတွင် အပြင် ထွက်၍ ဆွမ်းဆန်တော်များအလှူမခံကြရခြင်းတို့ကြောင့် မြို့ပေါ်၌ သီတင်းသုံးနေထိုင်တော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းကွမ်းများ အခက်အခဲမရှိစေရန်အတွက် ကသာမြို့ ရပ်ကွက်(၉)နေ ဒေါက်တာ ဦးထွန်းကြည် (တိ/ကု) ဦးစီးဌာန မိသားစုက ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှစ်အိတ်နှင့် ဆွမ်းဟင်းဖြစ်သော ကြက်ဥအလုံး ၃၀၀ တို့ကို လှူဒါန်းကြကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)